Monday, January 6, 2014

Welcome to Authentic Group of Companies

 Welcome to Authentic Group of Companies
The first foundation of Authentic Group of Companies namely Authentic Construction and Authentic Trading were formed in Yangon, Myanmar in March 2009. For 3 years, Authentic Construction has specialized in the field of Industrial and Commercial sectors such as factories, apartments, hotels and residential buildings.....

Construction

  • Construction
  • Industrial Construction
  • Commercial Construction
  • Construction (2012 ~ 2013) Project

Water & Wastewater

  • Water & Wastewater Engineering
  • Water Treatment System
  • Wastewater Treatment

Trading & Services

  • Water Supply Pipes & Fitting
  • Cormix Construction Chemical
  • Flowcrete Flooring System
  • Treatment Packages for Drinking and Potable Water, ATU






© 2012-2013 Authentic Group of Companies . All right reserved.

Tuesday, April 24, 2012

ဦးတေဇသားများနှင့် ဖိုးလပြည့်အကြောင်း


သူတို့ အဖွဲ့ ပြောနေတဲ့စ ကားတွေက ဘယ်တော့မှ ဒေါ်လာ ငါးသန်းအောက် မရှိဘူး။ သူတို့ ရဲ့ ကားတွေ ကလည်း ဒေါ်လာ လေးငါးသန်းတန် ကားတွေဖြစ်တဲ့ ဖရာရီ (Ferrari) ကားတွေ ဆိုတော့ အင်ဂျင်ပါဝါ အရမ်းကောင်းပါတယ်။ သူတို့ဘေးမှာကလည်း စကတ်တိုတို နဲ့ အရမ်းကို လှတဲ့ ကောင်မလေး သုံးလေးယောက်ကလည်း မှုးယစ်ရီဝေနေတဲ့ မျက်လုံးတွေနဲ့။ အားလုံးလိုလိုက အနောက်တိုင်း စတိုင် မြူးကြွတဲ့ တေးသီးချင်းတွေနဲ့  ပျော်ရွှင် နေကြတဲ့အချိန်။ အချိန်က ညသန်းခေါ်ယံ။ နေရာက မင်္ဂလာဒုံ လေယျာဉ်ကွင်း။ ဒီအချိန်မှာ သူတို့ က ဘာလို့ လေယျာဉ်ကွင်းကို လာတာလဲလို့ မေးစရာရှိတယ်။

သူတို့ရဲ့ကားတွေက နောက်ဆုံးပေါ် အကောင်းဆုံး ကားတွေဖြစ်တော့ အရမ်းမြန်တယ်။ အင်္ဂျင်ပါဝါ ကောင်းတော့ အသံတွေက ဂျက်လေယျာဉ် အလားပဲ။ ဒီတော့ ဒီကားတွေနဲ့ ရန်ကုန်မြို့ ပေါ်က ရှိသမျှ လမ်းတွေပေါ်မှာ တစ်ခုမှ သူတို့ကားတွေနဲ့ မကိုက်ဘူး။ အဆင်မပြေဘူး။ ကားမောင်းပြိုင်ရင် လမ်းကောင်းတာကို ရှာဖွေရတယ်။ သူတို့ ကားတွေအတွက် လမ်းကောင်းတဲ့ နေရာက ရန်ကုန် မင်္ဂလာဒုံ လေယျာဉ်ကွင်း တစ်ခုပဲရှိတယ်။ လေယျာဉ် ပြေးလမ်းပေါ်မှာ ကားမောင်း ပြိုင်တာက အန္တာရယ်လည်း ကင်းတယ်။ ဒ့ါကြောင့် မရွေးချင်ပဲ ရွေးရတဲ့ေ လယျာဉ်ကွင်းဖြစ်တယ်လို့ သူတို့တစ်စုက ကျနော့်ကို ရှင်းပြပါတယ်။

" ခင်ဗျားတို့ ကို လေယျာဉ်ကွင်း ရဖို့ ဘယ်သူက ခွင့်ပြုတာလဲဗျ"
"ဒါများ အဆန်းလုပ်လို့ ။ လေတပ် ဦးစီးချုပ်ဆီကို ဖုန်းဆက်လိုက်ရင် ပြီးတာပဲ"

ညသန်းခေါင်ယံမှာ လေယျာဉ် အတက်အဆင်း မရှိတော့ဘူး ဆိုတော့ သူတို့ တစ်စု ကားမောင်းပြိုင် ကြပါတယ်။ သူတို့ ဆိုတာက သူဌေးကြီး ဦးတေဇသားများနှင့် ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ အချစ်ဆုံး မြေးဖိုးလပြည့်တို့ ပဲဖြစ်ပါတယ်။ သက်တော်စောင့်တွေဖြစ်တဲ့ ဗလကောင်းကောင်း ခပ်မိုက်မိုက် မျက်နှာနဲ့ လူတွေ ကလည်း သူတို့ ဘေးမှာ ရပ်နေကြပါတယ်။ အားလုံးရဲ့ ဂျိုင်းအောက်မှာ သေနတ်ကိုယ်စီနဲ့ ဆိုတော့ ကြည့်ရတာ အင်မတန်ကို အသက်ဝင်တယ်။ အားလုံးက ဘုန်းကြီးကျောင်းမှာ တရား
အားထုတ်နေတာ မဟုတ်တော့ အပြုံးကိုယ်စီ မရှိကြပါဘူး။ မျက်နှာတိုင်းက ခပ်တည်တည်နဲ့ ။

ဒေါ်လာ သုံးသန်းကြေး ကားမောင်းပြိုင်ပွဲတစ်ခုကို ကမ္ဘာပေါ်က အဆင်းရဲဆုံး တိုင်းပြည်မှာ ကျင်းပ နေတာကို စာဖတ်သူများအခုမှ သိကြတာတော့ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်တွေကလည်း မကြာခဏ ဖြစ်တတ်ပါတယ်လို့ ဆိုပြီး သူတို့ ဘေးနားက သက်တော်စောင့်ကြီးက ရှင်းပြပါတယ်။

"ဒေါ်လာ သုံးသန်းကို ဘယ်လိုမျိုးပေးလဲ။ ငွေအိတ်နဲ့ ပေးတာလား။ ချက်လက်မှတ်နဲ့ ပေးတာလားဗျ" ကျနော်က အရပ် ခြောက်ပေလောက်ရှိတဲ့ ဗလကောင်းကောင်း သက်တော်စောင့်ကြီးကို ဆက်မေးတော့....

"ငွေပေးတာ မဟုတ်ဘူးဗျ။ လေနဲ့ပေးတာ။ သူတို့အဖေတွေ အဘိုးတွေ ဆီကိုပြောလိုက်ရင် ဒေါ်လာ သုံးသန်းတန် လုပ်ကွက်ရတယ်။ သုံးသန်းတန် လုပ်ပိုင်ခွင့်ကိုပေးတာ"

ဒီည ကားမောင်းပြိုင်ပွဲပြီးရင် ကျနော်တို့  နိုက်ကလပ်ကို ဆက်သွားမယ်။ အဲဒိမှာ အရက် သောက်ကြမယ်လို့ ဆိုပြီး သက်တော်စောင့်တွေက ရှင်းပြတယ်။ သက်တော်စောင့်က  တစ်ယောက် နှစ်ယောက် မဟုတ်ပါဘူး။ အားလုံးရဲ့ အ၀တ်အစားတွေဟာ ဆင်တူတွေချည်းပဲ ၀တ်ထားတော့ အင်မတန် ကြည့်ကောင်းပါတယ်။

လေယျာဉ်ကွင်းမှာ ပြိုင်တဲ့ပွဲမှာ ဘယ်သူတွေ နိုင်သွားလဲဆိုတာကိုတော့ မသိချင်ပါနဲ့ ။ ဘာ့ကြောင့်လဲ ဆိုတော့ ကျနော် မပြောချင်လို့ ပါ။

ပွဲလည်းပြီးရော သူတို့ လူစု နိုက်ကလပ်ဆီကို ချီတက်ကြပါတယ်။

သြစတျေးလျကနေ ရန်ကုန်ကို အလည်လာတဲ့ ကျနော်လည်း နိုက်ကလပ် တက်ပါတယ်။ ကျနော် သောက်နေတဲ့ စားပွဲဝိုင်းကို VIP ၀ိုင်းလို့ခေါ်တယ်။ ရှေ့ဆုံးတန်းရဲ့ သုံးဝိုင်းမြောက်ပွဲမှာ  ကျနော် တစ်ယောက်တည်း ထိုင်သောက် နေမိတယ်။

ကျနော် တစ်ယောက်တည်း ကြောင်တောင်တောင် ဖြစ်နေတဲ့အချိန်။ ဘာလို့လဲဆိုတော့  ကျနော့်စားပွဲ ကလွဲရင် ဘယ်သူမှ VIP ၀ိုင်းမှာ မထိုင်နိုင်ပဲ ရိုးရိုးစားပွဲတွေမှာသာ သူတို့ထိုင်ပါတယ်။ ဒေါ်လာနဲ့ ရှင်းရတဲ့ နေရာမို့ အင်မတန် ဈေးကြီးပါတယ်။ သြစတျေးလျမှာလည်း ဒေါ်လာသုံးတာဆိုတော့ ကျနော့်အတွက် မထူးဆန်းပါဘူး။ စားပွဲပေါ်မှာ Black Label တစ်လုံးနဲ့  ချိစ်ကိုက်ပြီး ရင်သားလှလှ၊ တင်သားလှလှတွေကို ထိုင်ပြီး ရှု့ စားနေတဲ့ အချိန်မှာ ကျနော့်ရှေ့ က မြင်ကွင်းတွေက ရုတ်တရက် ပျာယာခတ်သွားကြတာကို သတိထားမိတယ်။

ဗလကြီးကြီး၊ အရပ်အမောင်း ကောင်းကောင်းနဲ့ လူသုံးယောက်က ရှေ့ ဆုံးတန်းက VIP စားပွဲခုံ လေးငါးလုံးကို တစ်ခုံတည်းဖြစ်အောင် စုစည်းလိုက်တယ်။
စားပွဲပေါ်မှာ Gold Label သုံးလုံးကို ဒေါင်လိုက်ေ ထာင်လိုက်ပါတယ်။ တစ်လုံးကို ဒေါ်လာ နှစ်ရာလောက်ပဲ တန်တယ်။ ကျနော့် ဘလက်လေဘယ်က ငါးဆယ်ကျော်ပဲ တန်တော့ သူတို့ ထက် ဈေးနည်းတယ်။ သက်တော်စောင့် သုံးယောက်ထဲက နှစ်ယောက်က နိုက်ကလပ်ထဲမှာ အရက်ဝိုင်းကို စောင့်နေပြီး သူတို့ ဆရာအတွက် အသင့်ပြင်ထားပေးရတယ်။ ကျန်တဲ့တစ်ယောက်က အပြင်ကို ထွက်ပြီး ဒေါ်လာလေး ငါးသန်းတန်တဲ့ ဖရာရီကားနားကို သွားပြီး အဆင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းပို့ တယ်။ တံခါး ဖွင့်ပေးတော့ လူငယ်တစ်ယောက် ရုပ်ခပ်ဖြောင့်ဖြောင့်နဲ့ ကားပေါ်က ဆင်းလားတယ်။ သူ့ ဘေးမှာ သက်တော်စောင့် သုံးလေးယောက်။ ဘေးနားမှာက ခပ်ချောချော ကောင်မလေးတစ်စု။ Sexy ခပ်ကျကျ အ၀တ်အစားတွေနဲ့ ။ သူတို့ လူတစ်စု နိုက်ကလပ်ထဲကို ၀င်လာတယ်ပြီး အဆင်သင့်ပြင်ထားတဲ့ Gold label ၀ိုင်းမှာထိုင်ပြီး ပျော်ပါး ကခုန်ကြတာကို သူတို့ အနောက်ကနေ ကြည့်နေမိတယ်။ အားကျလိုက်တာ။ ကံကောင်းလိုက်တဲ့ လူငယ်တွေ။

သက်တော်စောင့် တစ်ယောက်နဲ့ ကျနော် ငယ်ငယ်ကတည်းက သူငယ်ချင်းတွေပါ။ သူက ခရာတေး ကစားတာ အလေးမတာကို ၀ါသနာပါတဲ့လူ။ အရပ်ကလည်းကောင်း ဗလကလည်း ကောင်းတော့ သူ ဒီအလုပ်ကို ရတာထင်တယ်။ သူဒီအလုပ်လုပ်နေမှန်း ကျနော်မသိဘူး။ ကျနော်တွေ့ တွေ့ ချင်း သူ့ နိုက်ကလပ်ထဲမှာ နုတ်ဆက်ပါတယ်။

"ဟေ့...ဘဲကြီး ဘယ်တုန်းက ရန်ကုန်ကို ပြန်ရောက် နေတာလဲဗျ"
"ပြီးခဲ့တဲ့ အပတ်က ရောက်တာ။ မင်းက ဒီမှာ ဘာလုပ်နေတာလဲ"

" ဦးတေဇသားတွေကို သက်တော်စောင့် လုပ်နေတာ။ နောက်မှ စကားပြောမယ်ဗျာ။ အခု အလုပ် မအားသေးလို့ "

သူ အလုပ်များ နေတော့ ကျနော်နဲ့ ကောင်းကောင်း စကားမပြောဖြစ်ပါဘူး။ ကျနော်လည်း သောက်စား ကခုန်ပြီး တွေ့ တဲ့ကောင်မလေးတစ်ယောက်နဲ့ ကျနော် တည်းခိုတဲ့ ဟိုတည်းကို ပြန်လာပြီး အပန်းဖြေ ခဲ့ပါတော့တယ်။

မှတ်ချက်။ ။ ကျနော့်အတွေ့ အကြုံမဟုတ်ပါဘူး။ သူငယ်ချင်းရဲ့ အတွေ့ အကြုံ အဖြစ်မှန်ကို ပြန်လည် ရေးသားထားချင်း ဖြစ်ပါတယ်။facebook ,by: Infinity Power - မှ ကူးယူခဲ့ပါသည်။
 

၂၀၁၄ မြန်မာ့ နိုင်ငံရေးနဲ့ စီးပွားရေး အလားအလာ ခန့်မှန်းချက်

မြန်မာ

၂၀၁၄ မြန်မာ့ နိုင်ငံရေးနဲ့ စီးပွားရေး အလားအလာ ခန့်မှန်းချက်

မြန်မာအလံ
TEXT SIZE
30.12.2013
"မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ အခုအချိန်မှာ လမ်းဆုံလမ်းခွမှာသာ ရှိနေသေးပြီး - ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ လာမယ့် ၂၀၁၄ ခုနှစ်ကျရင် ဖြစ်လာနိုင်တဲ့ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုတွေဟာ သိပ်ပြီး ကွာခြားမယ့် အနေအထားမျိုး မရှိဘူးလို့ ဝါရင့်နိုင်ငံရေးသမားကြီး သုံးသပ်" အပြည့်အစုံ

အသံ ၂၀၁၂ အကယ်ဒမီ ကလေး ဇာတ်ဆောင်ပါ ချီးမြှင့်

အကယ်ဒမီသမိုင်းမှာ ရှားရှားပါးပါး ပေးလေ့ရှိတဲ့ ကလေးသရုပ်ဆောင်ဆုကိုတော့ ၁၃ နှစ် အကြာမှာ ၂၀၁၂ ခုနှစ် ဆုပေးပွဲမှာ ပေးအပ်ချီးမြှင့်ခဲ့ပြီး တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ဇာတ်ကားနဲ့ ကလေးသရုပ်ဆောင်ဆုကို ယွန်းယွန်းက ရရှိခဲ့ပါတယ်။

အသံ ပုဒ်မ ၁၈ ဖျက်သိမ်းရေး ဆန္ဒပြတောင်းဆိုဖို့ ရက်ပြောင်းရွှေ့

"ရေရှည်မှာ တဖက်ကနေပြီးတော့ ဥပဒေအရ ပြဋ္ဌာန်းချက်တွေကို နည်းဥပဒေအရ ပြန်လည် ကန့်သတ်ခြင်းတွေကို နည်းနိုင်သမျ နည်းအောင်၊ နိုင်ငံသားတွေရဲ့ ပါဝင်မှုတွေကို မြှင့် တင်နိုင်အောင် အပြုသဘောဆောင်တဲ့ ချဉ်းကပ်ချက်တွေနဲ့ ကျနော်တို့ ကြိုးပမ်းကြရဖို့ဖြစ်ပါတယ်။"

အသံ မလေးရှားမှာပုန်းခိုနေသူ အလုပ်သမားတွေထံ မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့သွားပြီးအားပေး

မလေးရှားနိုင်ငံမှာ အင်ဒိုနီးရှားအလုပ်သမားတွေနဲ့ အချင်းများရာကနေ အသက်အန္တရာယ်စိုးရိမ်တဲ့အတွက် ပုန်းအောင်းနေကြတဲ့ မြန်မာအလုပ်သမားတွေရှိရာကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အလုပ်သမားရေးရာသံအရာရှိနဲ့ အလုပ်သမားကိုယ်စားလှယ်အဖွဲ့က သွားရောက်အားပေးခဲ့ကြပြီး လိုအပ်တဲ့အကူအညီတွေကို စတင်ဆောင်ရွက်နေပါတယ်။

အသံ အခြေခံဥပဒေပြင်ဆင်ရေး၊ ရွေးကောက်ပွဲနဲ့ NLD

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို မပြင်ဘဲနဲ့ တန်းတူညီမျှတဲ့ အခွင့်အရေးမပေးဘဲနဲ့ ဝင်တဲ့ပုဂ္ဂိုလ်တွေကသာ သိက္ခာပိုင်းအရ ဒီလို မပြင်ပေးရင် မဝင်သင့်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရသူတွေက ပြောပါတယ်။

အသံ မလေးရှားမှာ မြန်မာတချို့ ပုန်းအောင်းနေရဆဲ

မလေးရှားနိုင်ငံ SABAH,SARAWAK ပြည်နယ်မှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေနဲ့ အင်ဒိုနီးရှားလူမျိုးတွေ စကားများ ရန်ဖြစ်ရာကနေ အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် စက်ရုံမှာရှိတဲ့မြန်မာ ၉၇ ယောက်ဟာ ပုန်းရှောင်နေကြရဆဲဖြစ်ပြီး အကူအညီမဲ့နေကြဆဲဖြစ်ပါတယ်။

အသံ မြစ်ဆုံ စီမံကိန်း ပြန်စမည့် ကိစ္စ ဝိုင်းဝန်းကန့်ကွက်

"ဧရာဝတီဟာ ကျမတို့မြန်မာတစ်နိုင်ငံလုံးနဲ့ သက်ဆိုင်မှာဖြစ်တယ်။ ဧရာဝတီကို ထိတယ်ဆိုလို့ရှိရင်တော့ ဒီမြစ်ဆုံကို ထိတယ်ဆိုလို့ရှိရင် ဧရာဝတီကြီးက ရှိတော့မှာ မဟုတ်ဘူးလေ။ အဲတော့ တစ်နိုင်ငံလုံးမှာ ရှိတော့မှာ မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ ဒီဧရာဝတီကြီးနဲ့ သူ့ရဲ့မြစ်ဖျားတွေ အကုန်လုံးကို ကာကွယ်ရမှာဖြစ်တယ်။"

အသံ မလေးရှားမှာ မြန်မာတချို့ အန္တရာယ်ကျရောက်

မလေးရှားနိုင်ငံနယ်စပ်၊ သဘောင်္ကျင်းတခုမှာ တရားဝင် နိုင်ငံကူးလက်မှတ် ကိုင်ဆေင်ပြီး အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေထဲကတဦးနဲ့ အင်ဒိုနီးရှားလူမျိုး ၂ ဦးတို့ အချင်းများရာက အသက်အန္တရာယ်စိုးရိမ်ပြီး အလုပ်မဆင်းဘဲ စက်ရုံဂိုဒေါင်ထဲမှာ ပုန်းအောင်းပြီး မြန်မာပြည်ပြန်ဖို့ ဆုံးဖြတ်ထားကြပါတယ်။

အသံ တက္ကသိုလ်တွေအပေါ် ချုပ်ချယ်မှုကင်းစေလို

ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီက ရေးဆွဲတင်ပြတဲ့ ပညာရေးဆိုင်မူဝါဒများ (မူကြမ်း) ဟာ ဗဟိုဦးစီးစနစ်ကို ပြန်ပြီး အသက်သွင်းလာတဲ့ ပုံစံမျိုးဖြစ်နေတဲ့အတွက် ရန်ကုန်တက္ကသိုလ်ဆရာများအသင်းနဲ့ တက္ကသိုလ်အသီးသီးက ကျောင်းသားသမဂ္ဂတွေက ကန့်ကွက်နေကြပါတယ်။

အသံ ဗြိတိန်စစ်ဘက် ကိုယ်စားလှယ် အဖွဲ့ မြန်မာ စစ်အရာရှိတွေကို သင်တန်းပေးမည်

"မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရဘက်က အရာရှိ ၃၀ လောက်ကို မဟာဗျူဟာဆိုင်ရာ သင်တန်းပေးဖို့အတွက် ဗြိတိန်ကာကွယ်ရေး တက္ကသိုလ်က အရပ်ဖက်နဲ့ စစ်ဖက် ပူးတွဲအဖွဲ့တဖွဲ့ကို ဇန်န၀ါရီလထဲမှာ စေလွှတ်ဖို့ရှိတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို Telegraph က ကိုးကားထားပါတယ်။"

အသံ ရန်ကုန်ခရစ္စမတ် စည်ကား

"အသင်းတော်တိုင်းမှာ ကနေ့ကတော့ ဘုရားမွေးဖွားသန့်စင်သော နှစ်ပေါင်း ၂ ထောင်လောက်ကပေါ့နော် ဘုရားမွေးဖွား သန့်စင်တဲ့နေ့ ဖြစ်တဲ့အတွက် အထူးတရားဓမ္မ ဟောကြားပါတယ်။ တရားဒေသနာများ ဟောကြားတယ်။ နောက် အသင်းသူ၊ အသင်းသားများ အချင်းချင်းလည်း လက်ဆောင်ပေးကြတယ်။"

အသံ ခရစ္စမတ်ပွဲတော် အမေရိကန်ရောက် မြန်မာတွေဆင်နွှဲ

"ငြိမ်းချမ်းခြင်း၊ မျှော်လင့်ခြင်း၊ ၀မ်းမြောက်ခြင်းတွေက ကျမတို့ ဗမာပြည်သူပြည်သား အယောက်ဆီတိုင်းကို ဘုရားရဲ့ဂရုဏာတရားပေါ့နော် အစဉ်တည်မြဲနေပါစေလို့ ကျမ ဒီနေရာကနေပြီးတော့ ကျမတို့ ဗမာပြည်သူပြည်သားအားလုံးအတွက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်"

အသံ အစာငတ်ခံဆန္ဒပြသူ ၃ ဦး ပြန်လည်လွတ်မြောက်

"မနက် ၇ နာရီမှာ အကျဉ်းထောင်ကနေပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်။ အမှုထဲမှာကတော့ စွဲချက်မတင်ဘူး၊ ပြန်လွှတ်ပေးလိုက်ပြီပေါ့နော်။ အမှုကို ဖျက်သိမ်းလိုက်တဲ့သဘော၊ ပလပ် လိုက်တဲ့သဘောပါ။"

အသံ နယ်စပ်ဂိတ်ဆောက်လုပ်ရေး အိန္ဒိယအစီအစဉ် တမူးမြို့ခံတွေ ကန့်ကွက်

"အိန္ဒိယအစိုးရက ဆောက်တာဗျ၊ ဗဟိုကနေ ခိုင်းတယ်ဆိုပြီးတော့မှ ကျနော်တို့ တမူးက ဌာနဆိုင်ရာတွေက တားတဲ့အခါမှာ တားလို့မရဘူးပေါ့ဗျာ။ ဗဟိုကနေခိုင်းတာ ဗဟိုကိုပဲ ပြောပါ ဆိုပြီးတော့မှ သူတို့က ပြောတယ်။ အဲဒီတော့ ကျနော်တို့ ပြည်သူတွေက ဒါကို မကျေနပ်တာပေါ့ဗျာ။ အိန္ဒိယအစိုးရကို ပြရင်းနဲ့ မြန်မာအစိုးရကိုလည်း..."

အသံ နိုင်ငံရေးအကျဉ်းသား အားလုံး ၂၀၁၃ နှစ်ကုန် ပြန်လွှတ်ပေးဖို့ HRW တောင်းဆို

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်အကုန်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်စေမယ်လို့ မြန်မာသမ္မတဦးသိန်းစိန်ရဲ့ ကတိက၀တ်အတိုင်း နိုင်ငံရေးအကျဉ်းသားအားလုံး ဒီနှစ်အကုန် ပြန်လွှတ်ပေးဖို့ နယူးယောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကြီးက မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုပါတယ်။

အသံ အမျိုးသမီး နယ်သတင်းထောက် ထောင်ချခံရမှု RSF နှင့် CPJ ရှုတ်ချ

Eleven Media ဂျာနယ်တိုက်က အမျိုးသမီးသတင်းထောက်ကို ပိုင်နက်ကျူးလွန်မှု၊ အသရေဖျက်မှုတွေနဲ့ လွိုင်ကော်တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် ပြင်သစ်အခြေစိုက် RSF နယ်ခြားမဲ့သတင်းထောက်များအဖွဲ့နဲ့ နယူးယောက်အခြေစိုက် CPJ သတင်းထောက်များကာကွယ်ရေး ကော်မတီတို့က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြပါတယ်။

အသံ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကို ကားပါမစ် အစိုးရထုတ်ပေးမှုအပေါ် ဝေဖန်

ငြိမ်းချမ်းရေးဆွေးနွေးချိန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရတဲ့ ကားပါမစ်တွေထုတ်ပေးတဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေချိန် အစိုးရဘက်က ဒါဟာ လက်နက်ကိုင်အဖွဲ့တွေ တရားဝင်ရပ်တည်ရေးအတွက် ဖြေရှင်းပေးတာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

အသံ  မိတ္ထီလာလူမှုရေးကွန်ယက်က ဒေါ်မြင့်မြင့်အေး ထောင်တွင်း အစာငတ်ခံဆန္ဒပြ

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်အတွင်းက သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်ရရေး အကူအညီပေးနေသူ ၃ ဦးကို ချုပ်နှောင်ထားပြီး ၆ လကြာတဲ့အထိ ဆုံးဖြတ်ချက်မချသေးတဲ့အပေါ်မှာ မကျေနပ်တဲ့အတွက် သူတို့ ၃ ယောက် အစာငတ်ခံ ဆန္ဒပြနေတာ ၁၁ ရက်ကြာလာပြီး လေဖြတ်ထားတဲ့ ဒေါ်မြင့်မြင့်အေးဟာ အခု သတိလစ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အသံ ထိုင်းရောက် တရားမ၀င် မြန်မာ အလုပ်သမားတွေ မဖမ်းဖို့ အဆိုပြု

ထိုင်းနိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့အတွက် ပြည်ဝင်ခွင့် ဗီဇာသက်တမ်းကုန်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး ဆောင်ရွက်ပေးဖို့ နှောင့်နှေးနေတာကြောင့် ရက်ပေါင်း ၁၈၀ သက်တမ်းထပ်တိုးပေးထားဖို့ အထူးအခွင့်အရေးတစ်ရပ်ရအောင် ထိုင်းအစိုးရကို တင်ပြထားတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။

အသံ ၂၀၁၃ မကုန်ခင် နိုင်/ကျဉ်းအားလုံးနီးပါး လွတ်နိုင်

၂၀၁၃ မကုန်ခင် လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီပြုစုနေဆဲ စာရင်းကို စောင့်နေတဲ့အကြောင်းနဲ့ စာရင်းထွက်လာတာနဲ့ သမ္မတဦးသိန်းစိန်က အမြန်ဆုံးဆောင်ရွက်ပေးမှာဖြစ်တဲ့အကြောင်း သမ္မတရဲ့ပြောခွင့်ရသူ ဦးရဲထွဋ်က ပြောပါတယ်။