Tuesday, February 4, 2014

လူကြိုက်အများဆုံး သတင်းများ

Wednesday, December 19, 2012

မုဒိန်းမှုကို Youtube ပေါ်တင်ခဲ့သည့် GTC ကျောင်းသူလေး

Posted by drmyochit Wednesday, December 19, 2012, under | 105 comments
ဒီ အမှုကတော့ ၂၀၁၂ အစောပိုင်းလောက်က ဖြစ်ပါတတယ်။ ဇလွန်မြို့မှ မတရားပြု ကျင့်ခံရတဲ့ GTCကျောင်း ဆင်း မသင်းကြူကြူလှိုင်မှ သူမရဲ့ အဖြစ်အပြက်အား အတုယူနိုင်စေရန်အတွက် Youtube ပေါ်တွင် တင်ခဲ့ခြင်း ဖြစ်နိုင်ပါတယ်။ 

အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဆိုပါ ဦးမင်းသီလဆိုသူဟာ ဇလွန်-ဓနုဖြူ မီးရထားတာဝန်ခံ AE ဆိုပြီး ကျောင်းဆင်း ကျောင်းသားတွေကို အလုပ်ရမယ်ဆိုကာ လိမ်လည် လိုက်ခေါ်တယ်လို့ ဆိုပါတယ်..။ GTC ကျောင်းဆင်း မသင်းကြူကြူလှိုင်နှင့် ကျောင်းသားများ အလုပ်ခွင် ရောက်သွားတဲ့ အခါမှာ လုပ်ငန်းခွင်မှ လူများက နင်တို့ ဘာလာလုပ်တာလဲ အဲဒီAE ကဒီမှာ အင်ဂျင်နီယာ ရိုးရိုးအဆင့်သာ ရှိတယ်ဆိုလို့ GTC ကျောင်းဆင်း ကျောင်းသား ၂ယောက်နှင့် ကျောင်းသူ ၄ယောက်တို့ မိမိတို့ဘာသာ အခန်းငှားပြီး အလုပ်ဆင်း ကြရတယ်လို့ ဆိုပါတယ်..။ ဦးမင်းသီလဆိုသူမှ မသင်းကြူကြူလှိုင်အား အလုပ်ဝင်ပြီး ၂ရက်၊ ၃ရက်အတွင်း ချစ်ကြိုက်ခဲ့တဲ့ သမီးရည်းစား ဖြစ်သည့် ပုံစံထွက်ဆိုသွားပြီး သမီး ရည်းစား အချင်းချင်း ကျူးလွန်ခဲ့သည့် ပုံသဏ္ဍာန် ဖြေဆိုထားပါတယ်..။ 
အပြည့်အစုံဖတ်ရန်- ဒီမှာ ပါ။ 
ဗီဒီယိုဖိုင်ကတော့.

နေတိုးရဲ့ ရည်းစားဟောင်း အသက် ၁၄ နှစ်ကျောင်းသူလေး


ဖေ့စ်ဘွတ်ပေါ်မှာရေးခဲ့တာတွေ အမှန်ပါလို့ ပြောတဲ့ နေတိုးရဲ့ ရည်းစားဟောင်း အသက် ၁၄ နှစ်ကျောင်းသူလေး Patricia ရဲ့ ဖွင့်ဟချက်ကို အိုအေစစ်ဂျာနယ်က ဖော်ပြခဲ့တယ်။ နေတိုးအမည် အတိုကောက်ကို လက်ဖျံမှာ ဓားနဲ့ရေးခြစ်ခဲ့တဲ့ ပုံကိုလည်း ဖော်ပြခဲ့တယ်။

အသက် (၁၃)နှစ် အရွယ် မိန်းကလေးတစ်ဦး မုဒိန်းကျင့်ခံရ

၂၀၁၃ ဇွန်လ ၁၁ ရက်နေ့ က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ အတွင်းရှိ ပန့်ကျန်းကျေးရွာ တုံချမ်းရပ်ကွက် ဒါဒီ ရာဘာခြံတွင် ရာဘာစေး ခြစ်နေသော အလုပ်သမ မစန်းသီတာ အသက်(၁၃)နှစ်အား ယင်းရာဘာခြံ၏ ခြံချင်းကပ်နေ ရာဘာခြံမှ မောင်မင်ဦး(ခ)အချိုင်း အသက် (၃၆)နှစ်သည် သေနတ်ဖြင့် မစန်းသီတာ၏ နားထင်ကိုထောက်ပြီး ရာဘာခြံ တောင်ကုန်းပေါ်သို့ ခေါ်ဆောင်သွားပြီး နံနက် ၃နာရီ ခန့် တွင် တစ်ကြိမ် မွန်းတည် ၁၂ နာရီတွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် သားမယားအဖြင့် ပြုကျင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုနောက် မောင်မင်းဦး(ခ)အချိုင်း သည် မစန်းသီတာအား ခြိမ်းခြောက်ပြီး ရနောင်မြို့ နှင့် တဖက်ကမ်း ကော့သောင်း ခရိုင် ကော့သောင်မြို့ နယ် အေးချမ်းသာယာကျေးရွာသို့ ခေါ်ဆောင်သွားခဲ့ ကြောင်း သိရပါသည်။

အေးချမ်းသာယာရွာနေ ဒေါ်ပျိုမေ မှ မစန်းသီတာ ၏ အဖြစ်အပျက် အလုံးစုံကို သိရှိကာ  သားသမီးချင်း စာနာကာ အေးချမ်းသာ ရဲကင်းသို့ သွားရောက်တိုင်ကြားခဲ့ရာ မောင်မင်းဦး(ခ)အချိုင်းအား ခေါ်ယူစစ်ဆေးပြီး ပြန်လွတ်ပေးခဲပါသည်။

တရားခံအား ပြန်လွှတ်ပေးသဖြင့် မစန်းသီတာနှင့် အုပ်ထိန်းသူတို့သည် မကျေနပ်ဘဲ ကောသောင်းမြို့ မြို့မစခန်းသို့ (၁၁-၆-၂၀၁၃) ည ၇း၃၀ နာရီ အချိန်ခန့်တွင် သွားရောက်တိုင်ကြားရာ ရဲစခန်းမှ ဆေးစာ ရေးသားပြီး ကော့သောင်းမြို့ ပြည်သူ့ဆေးရုံသို့ မစန်းသီတာအား ဆေးစစ်မှု ခံယူစေခဲ့ ကြောင်း သိရပါသည်။

ထိုနောက် ကော့သောင်းရဲစခန်းမှ မာရမ်း ရဲစခန်းသို့ အမှုဖွင့်ဆောင်ရွက် စေခဲ့ပါသည်။

သိုဖြင့် မြန်မာနိုင်ငံသား အရွယ်မရောက်သေးသည့် အသက် (၁၃)နှစ် အရွယ် မွန်တိုင်းရင်းသူကို သားမယား အဖြစ် ပြုကျင့်ခဲ့ခြင်းအပေါ် သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူ ပေးစေလိုကြောင်း
မစန်းသီတာ ၏ အုပ်ထိန်းသူများက Myanmar News Now ကို  ပြောပါသည်။

သစ်ထူးလွင်

က​လေး​လို​ချင်​လွန်း​သ​ဖြင့် အမျိုးသားအယောက် ၂၀ နဲ့အိပ်တဲ့ ဗြိတိန် အမျိုးသမီး


ဗြိတိန်နိုင်ငံမှ အမျိုးသမီး​ တစ်ဦးက သူမသည် ကလေး​ လိုချင်​ လွန်းသဖြင့် အမျိုးသား ၂၀ နှင့်အတူ အိပ်ခဲ့​ ဖူးကြောင်း ထုတ်ဖော်​ ဝန်ခံ​ လိုက်သည်။

အသက် ၂၅ နှစ် ရှိပြီ​ ဖြစ်သော လာရာ​ ကာတာက ပြီးခဲ့သည့် နှစ်များအတွင်း သူမသည် ကျန်းမာရေး​ အရ ကလေး​ ရနိုင်ရန် အလွန်​ ခက်ခဲ​ မည်ဟု​ သိလာ​ ပြီးနောက် ထို​ အဖြေကို​ လက်မခံ​ ​ ချင်ခဲ့ဟု​ ဆိုသည်။ ထို့ကြောင့်လည်း မည်သူမှန်း​ မသိသည့် လူစိမ်းများနှင့် လိင်​ ဆက်ဆံခဲ့ကြောင်း လာရာက​ ဆိုသည်။

တစ်ကြိမ်က​ ဆိုလျင် သူမသည် အရက်မူး​ ဟန်ဆောင်ပြီး အမျိုးသား တစ်ဦးထံ အတင်း​ သွားရောက်ကာ ထိုသူနှင့် လိုက်သွား​ ခဲ့ကြောင်း လာရာက ပြောကြား​ သွားသည်။ ရုံးမန်နေဂျာ တစ်ဦး​ ဖြစ်သည့် လာရာက သူမသည် ကလေး​ ရမည်ဟု မျှော်လင့်ချက်ဖြင့် ထိုသို့ ပြုလုပ်​ ခဲ့သော်လည်း ကွန်ဒုံး​ သုံးချင်သည့် အမျိုးသား​ တစ်ဦးနှင့် ကြုံခဲ့သဖြင့် စိတ်ပျက်​ ရသေးကြေင်း ဝန်ခံ​ ခဲ့သည်။ ထိုစဉ်က လာရာသည် အိတ်ထဲမှ ကွန်ဒုံး​ တစ်ခု ထုတ်ပေး​ လိုက်သော်လည်း ထို​ သူ​ မသိအောင် အပေါက်ဖောက်​ လိုက်ကြောင်း ပြောကြား​ သွားသည်။

သူမသည် အတည်တကျ ချစ်သူ​ မထားဘဲ လူစိမ်းများကိုသာ ချဉ်းကပ်ပြီး ကလေး​ ရအောင် ကြိုးစား​ ခဲ့ခြင်းဟု​ ဆိုသည်။ သူမသည် သုက်ပိုး​ အလှူရှင် အကူအညီဖြင့် ကိုယ်ဝန်​ ရအောင် ဆောင်ရွက်ရန် စဉ်းစား​ ခဲ့သော်လည်း ပေါင်စတာလင် ၂၀၀၀ မျှ ကုန်ကျမည့် အခြေအနေ​ အတွက် ငွေကြေး​ မတတ်နိုင်ခဲ့ဟု ပြောကြားခဲ့သည်။ သို့သော်လည်း သူမ​ အနေနှင့် ယခုထိ ကိုယ်ဝန်​ မရသေးသဖြင့် စိတ်ပျက်လျက်ရှိသည်။

လာရာက သူမသည် ကားထဲနှင့် နိုက်ကလပ်ရှိ အိမ်သာ​ ခန်းထဲတွင်ပင် အမည်မသိ လူစိမ်းများနှင့် လိင်​ ဆက်ဆံခဲ့ဖူးကြောင်း ပြောကြားသွားသည်။ သူမက လူတိုင်းကို ကွန်ဒုံးမသုံးရန် တိုက်တွန်း​ ခဲ့သော်လည်း အချို့က သဘောမတူ​ ခဲ့ကြောင်း၊ နောက်ပိုင်းတွင် သူမ​ အိတ်ထဲကျပ် အပေါက်ဖောက်ထားသည့် ကွန်ဒုံးများ အမြဲဆောင်​ ထားလိုက်ကြောင်း လာရာက ပြောဆို​ သွားသည်။

Sunday, February 2, 2014

ယောက်ျား မိန်းမ ထိုကိစ္စ

By burmamuslim on


ခုတလော ဖတ်မိသော အင်တာနက်သတင်းတို့တွင် မိမိစိတ်ကို ခိုးလိုးခုလုဖြစ်စေခဲ့သော သတင်းတပုဒ် ပါရှိလာ၏ ၊ ထိုသတင်းမှာ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနအောက်ရှိ သန်လျင် GTCကျောင်း၏ စာသင်ခန်းအတွင်း (သံလျှင် GTC ကစုံတွဲ၏လုပ်ရပ်) ၊ ကျောင်းသားနှင့်ကျောင်းသူ ချစ်ရည် လူး နေကြသည့် GTC ကျောင်းသား/သူနှစ်ဦး၏ဗီဒီယိုဖိုင် ကို မသမာသူများက အင်တာ နက်ပေါ်လွှင့်တင်လိုက်ရာ ဂျာနယ်စာမျက်နှာများ ထက်ရောက် လာပြီးနောက် ယခုအခါ ဗွီဒီယို အခွေများ အဖြစ် ရောက် ရှိလာပြီး အင်းလျားမီးပွိုင့်နှင့် ဦးဝိစာရမီးပွိုင့်ကြားတွင် ရောင်းချနေသည် ဆိုသည့်သတင်း ဖြစ်သည် ။

မိမိစိတ်က ပထမဆုံးအကြိမ် ထွက်ရှိသောMelody World တေးစီးရီးတွင်ပါဝင်လျှက် နာမည် ထွက်လာခဲ့သော အဆိုတော်မလေး တစ်ယောက် ကို လည်း တစ်ဆက်တည်း သွားသတိရလိုက်မိသည် ၊ သူမသည် လည်း GTCကျောင်းသား ကျောင်းသူနည်းတူ အင်တာနက်မင်းသမီးဖြစ်ခဲ့ရသည် ၊

သူမအတွက် ပိုဆိုးတာက သူမသည် ပြည်သူသိ အဆိုတော် တစ်ယောက်ဖြစ်နေခြင်းပင် ဖြစ်သည်၊ ထို့ကြောင့် သူမအနုပညာပါ သေ သွားရသည် ၊ ယခု အခါ ဘယ်ရောက်၍ ဘယ်ပျောက်နေမှန်းပင် မသိရတော့၊ သူမအကြောင်းတွေးမိတိုင်း မိမိရင်ထဲ နင့်နင့်သီးသီး သနားစိတ်ဝင်မိသည်၊ ထို့   နောက် နှမျှောစိတ်လည်း ဖြစ်ရသည် ၊ အရွယ်ရောက်ပြီးသော ယောက်ျားမိန်းမတိုင်း မကင်းနိုင်သည့်ကိစ္စ တစ်ခုကြောင့် ဘ၀နှင့်ရင်းထားရသော အနုပညာလမ်းကြောင်းမှ သွေ ဖီသွားရသည့် အဖြစ်၊ ကိုယ်သာ သူတို့လိုအဖြစ်မျိုး ကြုံလိုက်ရမည်ဆိုလျှင် ဘယ်လောက်များအရှက်ရလိုက်မလဲ၊ ပတ်ဝန်းကျင်မှာ ဘယ်လိုများရပ် တည်နေရမလဲ ဟူသော ကိုယ်ချင်းစာနာသောစိတ်နှင့် ခံစားကြည့်မိတိုင်း မိမိအလွန်ရင်နာရသည် ၊

ထို့ပြင် အဆိုတော်တစ်ယောက်ဘ၀မှ နိုင်ငံသိသရုပ်ဆောင်ဖြစ်လာသော မင်းသမီး တစ်ယောက်၏ ဟိုတယ်ခန်းတစ်ခုအတွင်းက အဖြစ်အပျက် ၊ ထိုအဖြစ်အပျက်သည်လည်း အင်တာနက်ပေါ်ပျံ့နှံ့၍ ညစ်ညမ်းဗွီဒီယိုခွေ တို့ဖြင့် လုပ်စားနေကြသူတို့အတွက် အကြိုက် ဖြစ်ခဲ့ရသည် ၊ မြန်မာ့ ယဉ်ကျေး မှုထိန်းသိမ်းရေးကို တတွတ်တွတ်ပြောတတ်ကြသော အနှိပ်ခန်းပျော်လူကြီးလူကောင်းတို့၏ လက်ညှိုးထိုးအပြစ်ဆိုစ ရာ ဖြစ်ခဲ့ရသည် ၊

အထက်ပါကိစ္စတို့ကို မိမိ၏ပုဂ္ဂလိကအမြင်ဖြင့် ရိုးရိုးသားသားပြော ရလျှင် ရိုင်းသည်ဟုလည်း မမြင် ၊ ယဉ်ကျေးမှုမျက်လုံးဖြင့်လည်း ဘယ်သောအခါမှ ကြည့်လေ့မရှိ ၊ အရွယ်ရောက် ပြီးသော မိန်းမယောက်ျားတို့၏ ဖိုမသဘာဝ သာဖြစ်၍ အပြစ်ဆိုစရာမဟုတ်ဟု ယူဆသည်၊ ဘာသာရေးအမြင်အရ ယုတ်ညံ့သောအကျင့် ဖြစ်ကောင်းဖြစ်မည် ၊ သို့ရာတွင် ဖိုမသဘာဝ လိင်ကိစ္စသည် အရွယ်ရောက်ပြီးသောမိန်းမယောက်ျားတိုင်း ကင်းနိုင်သော အရာမဟုတ်ပေ၊ ထင်ရှားခြင်း မထင်ရှားခြင်း သာကွာမည်၊ ဘ၀၏ကန့်လန့် ကာနောက်ကွယ် မှာတော့ ဒီကိစ္စသည် အရွယ်ရောက်ပြီးသော မိန်းမ   ယောက်ျား တိုင်းအတွက် ကြီးမားသော အခန်းကဏ္ဍတစ်ရပ် အနေဖြင့် ရှိနေသည် ၊ မုဒိန်းမှုကဲ့သို့သော မတရား အနိုင်ကျင့်မှုမျိုး မဟုတ်လျှင် ကိုယ်နှင့်နှိုင်း၍ စာနာနားလည်နိုင်ရမည်သာ ဖြစ်သည် ၊

အိပ်-စား-ကာမ ၊ ဤသုံးဝသည် လူနှင့် တိရစ္ဆာန်အတူတူဖြစ်သည်ဟု စာပေတို့တွင် ဆိုသည် ၊ ဤအဆိုသည် ယေဘု ယျမှန်ကန်သော အဆိုဖြစ်သည် ၊ အထူးအားဖြင့် ကာမကိစ္စတွင် လူနှင့်တိရစ္ဆာန် များစွာ ခြားနား ခြင်းမရှိပေ၊ ဆိုလိုသည်မှာ မိန်းမယောက်ျား နှစ်ဦးသား တို့သည် သူတို့၏ စိတ်အလို ဆန္ဒပြည့်ဝရေးအတွက် တိရစ္ဆာန်ကဲ့သို့ နှစ်ဦး သဘောတူ ကျင့်ကောင်း ကျင့်မည် ၊မည်သို့ပင်ကျင့်စေ ဤကိစ္စတို့သည် ယဉ်ကျေးမှုနယ်မြေမှ ကင်း လွတ် သည်သာ ဖြစ်သည် ၊ ဤအဆိုကို တစ်ချို့လူကြီးလူကောင်းများက ခပ်ရှက် ရှက်နှင့် ငြင်းကောင်းငြင်း မည် ဖြစ်သော်လည်း သဘာဝတရားကို အနည်းငယ်စဉ်းစားထောက် ဆကြည့် လျှင်တော့ ငြင်းဆိုဖို့ အလွန်ခဲယဉ်းပါလိမ့်မည်၊ စာဖတ်သူကို တစ်ခုတော့ အသိပေးပန်ကြားလိုပါ၏ ၊

ယခု မိမိ၏အဆိုတို့သည် အပြင်လောကတွင် ဖြစ်ချင်ရာဖြစ်၍ အင်တာနက်ပေါ်ရောက်နေသော မြန်မာအမျိုး သားအမျိုးသမီးတို့၏ ဖိုမသဘာဝ လိင် ကိစ္စတို့ကို အကာအကွယ်ပေးနေခြင်းမဟုတ်၊ ကိုယ့်အဖြစ်ကို မျက်ကွယ်ပြု၍ ယဉ်ကျေးမှုစကားကို တွင်တွင်သုံးလျှက် ပါးစပ်သရမ်းနေ ကြသော လူကြီး လူကောင်းများ စဉ်းစား ဆင်ခြင်ကြစေနိုင်ရန် မိမိ၏ရင်ထဲတွင်ရှိသော စာနာမှု တရားကို ချပြပေးခြင်းမျှသာ ဖြစ်သည် ၊ အဓိကအားဖြင့် ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာမှုတရား ထားရှိရေးပင် ဖြစ်သည် ၊ စာဖတ်သူတို့အနေဖြင့် မိမိ၏ ဦးတည်ရာကို ကောင်းစွာနားလည် နိုင်လိမ့်မည် ဟု မျှော် လင့်မိပါသည် ၊

ယခုခေတ်သည် မိမိတို့ ကြားသမျှ မြင်သမျှတို့ကို ဘယ်လိုမှ ငြင်းကွယ် မရအောင် အလွယ်တကူ ရိုက်ကူး ထားနိုင်သော စက်ပစ္စည်းများ ပေါ များသော ခေတ်ဖြစ်သည် ၊ မိမိနှစ်သက်သော ရှုခင်းရှုကွက်နှင့် ပျော် ပွဲရွှင်ပွဲစသည်တို့ကို မှတ်တမ်းတင်ရိုက်ကူးခြင်းဖြင့် ပြဿနာမရှိနိုင်သော် လည်း မိန်းမယောက်ျားတို့၏ ဖိုမသဘာဝလိင်ဆက်ဆံသည့်ကိစ္စရပ်များ များကို ရိုက်ကူးမှတ်တမ်းတင်မိလျှင်တော့ ကြီးမားသော ပြဿနာ များ ဖြစ်နိုင်စွမ်း ရှိသည် ၊ အထူးအားဖြင့် အမျိုးသမီးများ ပိုသတိထားဖို့ လိုအပ်ပါသည် ၊ ဖိုမ သဘာဝ လိင်ကိစ္စတွင် နာမည်ပျက်စရာဖြစ် လာပြီဆိုလျှင် အမျိုးသားထက် အမျိုးသမီးက ပိုနာမည်ပျက် သည် ၊

ထို့ကြောင့် မိမိ၏ချစ်သူရည်းစားနှင့်ဖြစ်စေ လင်ယောက်ျားနှင့် ဖြစ်စေ ဆက်ဆံဖြစ်လျှင် ကင်မရာ ထောင်ပြီး ရိုက်ကူးမထားမိဖို့ သတိကြီးစွာ ဆင်ခြင် သင့်သည် ၊အမျိုးသားလုပ်သူက “ ပြန်ဖျက်ပါ့ မယ် “ ဟု ပြောတိုင်းလည်း လုံးဝမယုံကြည်သင့်ပေ ၊ အင်တာနက်ပေါ် တွေ့ ရသော   မြန်မာညစ်ညမ်း ဇာတ် ကား အများစုသည် ပြန်ဖျက်ပါ့ မယ်ဟူသော စကားကို ယုံကြည်မှုမှ ပေါက်ထွက် လာခြင်းဖြစ်ကြောင်း လေ့ လာတွေ့ ရှိရသည် ၊

ဤနေရာတွင် ယောက်ျားတို့၏ စိတ်သဘာဝကို အနည်းငယ်ပြောချင် ပါသည် ၊ ယောက်ျားအများ စုသည် ကျန်သောကိစ္စများထက် လိင်ကိစ္စတွင် အချင်း ချင်းကြွားလိုသော စိတ်သဘာဝရှိကြသည် ၊ ထိုစိတ်သဘာဝနှင့်ပင် သူရိုက်ကူးထားသည့်ပုံ(သို့မဟုတ်) ဗွီဒီယိုမှတ်တမ်းတို့ကို သူ့အပေါင်းအ သင်း  တစ်ဦး မဟုတ်တစ်ဦးကိုတော့ အလွယ်တကူ ပြမိတတ်ကြသည်၊ တစ်ချို့ဆိုလျှင် ပြရုံတင်မဟုတ်တော့ပဲ ရက်ရက် ရောရောပင် မျှဝေပေးလိုက် ပါသေးသည် ၊ ဤသို့ဖြစ်လာလျှင် သက်ဆိုင်ရာအမျိုးသမီး ၏ အရှက်နှင့် သိက္ခာအတွက်တော့ တွေးဝံ့စရာ မရှိတော့၊ အယုံ အကြည်လွန်ကဲသော အမျိုးသမီး များ တစ်ခုသတိ ထားဖို့က မိမိနှင့်ဆက်ဆံ သော မိမိ၏ချစ်သူရည်းစား(သို့မဟုတ်) လင်ယောက်ျား သည် မိမိနှင့် အစဉ်ထာဝရ အဆင်   ပြေနေ မည်မဟုတ် ၊ တစ်ချိန်မဟုတ် တစ်ချိန်၌ တစ်ယောက်နှင့်တစ်ယောက် အဆင် မပြေမှုများ သဘောထားကွဲလွဲမှုများ မလွဲမသွေ ကြုံလာရဦး မည် သာ ဖြစ်သည် ၊

ထိုအခါ ယောက်ျား လုပ်သူက စိတ်သဘောထားညံ့ဖျင်းမည် ၊ လိင်ဆက်ဆံမှုကို ရိုက်ကူးထားသော ဗွီဒီယိုမှတ်တမ်း စသည်များ လည်း ကျန်ရှိမည် ဆို လျှင် မိမိ၏အရှက်နှင့် သိက္ခာကတော့ မလွဲမသွေထိပါးခံရပေလိမ့်မည်၊ ထိုကဲ့သို့ မဖြစ်ရအောင် ခပ်ရိုင်းရိုင်းအကြံ ပြုရလျှင် အိပ်ခန်းထဲကကိစ္စသည် အိပ်ခန်းထဲမှာပင် ပြီးပြတ်တာအကောင်း ဆုံး ဖြစ်သည် ၊

ထို့ပြင် ဘယ်သူနှင့်ပဲဆက်ဆံဆက်ဆံ သန်လျင်GTCကျောင်း ၏အဖြစ်အပျက် ကဲ့သို့ မသမာသူများက တိတ်တဆိတ်ရိုက်ကူးခံရခြင်းမှ ကင်းဝေး   အောင် လုံခြုံမှုကို အထူး ဂရုစိုက်ဖို့ လိုအပ်သည် ၊ ကမ္ဘာပေါ်ရှိ အရွယ်ရောက်ပြီးသော ပုထုဇဉ်လူသားတိုင်း ယခုလို လိင်ကိစ္စများ ကို နှစ်နှစ်ခြိုက်ခြိုက် ခံစားနေကြသည်ကား မှန်၏ ၊ သို့ရာတွင် ကမ္ဘာဦးကတည်းက ဖြစ်တည်လာသောလူ့စည်းမျဉ်းဥပဒေက ကွယ်ကွယ်ဝှက်ဝှက်သာ ခံစားခွင့်ပြုသည် ၊ တရားဝင်လင်မ ယားပင် ဖြစ်နေပါစေ ၊ မြန်မာစကားပုံဆိုရိုး အတိုင်း “ သိသာသိစေ ၊ မမြင်စေရ “အောင် ကျင့်သုံးရသည် ၊ မဟုတ်လျှင် အထက်ဖော် ပြပါ Melody World မှ တက်လာသောအဆိုတော်မလေးကဲ့သို့ မိမိတို့၏ အနာဂတ်ဘ၀သည် အလွဲမသွေ ပျောက်ဆုံးပါ လိမ့် မည်၊

ကြုံ၍ တစ်ခု ၀န်ခံလိုက်ရပါဦးမည် ၊ မိမိ ဤဆောင်းပါး လေး ကိုရေးရန် လေ့လာသောအားဖြင့် လိင်ကိစ္စတို့ဖြင့်နာမည်ထွက်သော bloggerဆိုဒ် များသို့ ၀င်ကြည့်ရာ တွေ့ရသည်က အံ့သြစရာကောင်း သလို ရယ်စရာလည်းကောင်းသည်၊ ရယ်လည်း ရယ်လိုက်မိပါသည် ၊ ကြည့်လေ ၊ vzoချက်ဆိုသော ဗွီဒီယိုဖိုင်တို့တွင် တစ်ချို့ကောင်မလေးများက သူတို့၏အမြင်မတော်ရာကို ဖော်ချွတ်ပြကြသည့်အဖြစ်၊ ဒီကောင် မလေးတွေ ဘယ်လိုစိတ်ကူးနဲ့များ ဒီလိုလုပ်ရပါလိမ့်ဟု မိမိစဉ်းစားမရ ၊ ဖော်ချွတ်ပြတတ်သော သဘောသည် မိန်းမတို့၏ ၀ါသနာတစ်ခုပေလား ၊ ဆောရီး ၊ (ဤစကားရပ်တွင် တကယ့်ကို ဣနြေ္ဒသိက္ခာ ကြီးမားသော အမျိုးသမီးများမပါဝင်ပါ၊ မိမိပတ်ဝန်းကျင်တွင် အသက်ထက် အရှက်ကို ပိုတန်ဘိုးထားသော အမျိုးသမီး များစွာ ရှိပါသည် ၊ ဤစကားရပ်သည် vzoချက်ဆိုသော ဗွီဒီယိုဖိုင်များကို လေ့လာကြည့်ပြီး နောက် အမှတ်မထင်သုံးသပ်မိသော အတွေးမျှသာ   ဖြစ်ပါသည်၊ )

vzoချက်ရာတွင် ၀ါသနာကြောင့်ပဲဆိုဆို တစ်ခြားဘာအကြောင့်ကြောင့် ပဲဖြစ်ဖြစ် ဖော်ချွတ် ပြခြင်းသည်ကား ပြဿနာမဟုတ် ၊ ကိုယ့်ကိုယ်ပိုင် အခွင့် အရေး သာ ဖြစ်သည် ၊ ပြဿနာက မိမိပြလိုက်သော တစ်ဖက်ယောက်ျားလေးက ထိုပုံရိပ်ကို ဖမ်းယူ ထားပြီး အင်တာနက်ပေါ် လွှင့်တင်ခြင်း ပင် ဖြစ် သည် ၊ယခုကဲ့သို့ဖြစ်လာလျှင် မိမိ၏အနာဂတ်ဘ၀ကို မထိခိုက်စေဦးတော၊့ မိမိကိုသိသော ပတ်ဝန်းကျင်မှာတော့ အရှက်ရဖို့ရာ များသည် ၊ ထို့ကြောင့် ခပ်လွယ် လွယ်ဖော်ချွတ်ပြတတ်သော ၊ ဖော်ချွတ်ပြချင်သော ကောင်မလေးများ အနေဖြင့် ဘာမဟုတ်သည့် ကိစ္စ လေး တစ်ခုနှင့် မိမိတို့၏ရည်မှန်း ချက်များ ၊ အနာဂတ်ဘ၀များ အဖုအထစ်မဖြစ်စေရန် လေးလေးနက်နက် တွေးတောဆင်ခြင်သင့်ပါသည် ၊

ထို့ပြင် မိမိ၏၀ါသနာဆန္ဒအရ အမှတ်မထင်ပြုမူလိုက်မိသော ကိစ္စရပ်လေး တစ်ခုက မိမိ၏ မိဘဆွေမျိုး မိတ်ဆွေ ညီအကိုမောင်နှမအားလုံးကိုပါ ထိခိုက်နိုင်ကြောင်း သတိပြုသင့်ပါ သည်၊ ဤဆောင်းပါးတွင် မြန်မာ့ လိင်မှုကိစ္စများကို ပညာပေးသဘောမဟုတ်ပဲ မသမာစိတ်ဖြင့် နည်းမျိုး စုံဖြင့် ရယူပြီး အင်တာနက်ပေါ်လွှင့်တင်နေကြသူတို့အား တစ်စုံတစ်ခုပြော ချင်မိ သော်လည်း မိမိ၏ ပြော စကားသည် လုံးဝအရာထင်မည်မဟုတ်ပေ၊ ထိုသူတို့အတွက် ကုရာနတ္ထိ ဆေးမရှိပေ ၊ နှမချင်း ကိုယ်ချင်း စာနာတတ်သောစိတ်ကလေး နည်းနည်းလောက် ထားပေးနိုင်ကြ လျှင်တော့ အထူးဝမ်းမြောက် ဖွယ် ရာ ဖြစ်ပေလိမ့်မည်၊ အထက်ပါစကားရပ် တို့ကို ခြုံငုံပြီး မိမိထပ်ပြောပါဦးမည် ၊ မှုဒိန်းမှုကဲ့သို့သော မတရား အနိုင်ကျင့်စော် ကားခြင်း၊ သူတစ်ပါးမယားကို ကြာခိုခြင်း ၊သူတစ်ပါး လင်ယောက်ျားနှင့် နောက်မီးလင်းခြင်း ကိစ္စမျိုးမဟုတ်လျှင် အရွယ်ရောက်ပြီးသော ယောက်ျား မိန်းမတို့၏ နှစ်ဦးသဘောတူချစ်ရည်လူးသည့် ကိစ္စသည် အပြစ်မဟုတ် ၊ ယဉ်ကျေးမှုနှင့် မဆိုင် ၊ ဒီကိစ္စသည် ဘ၀တစ်ခုအတွက် အရေးပါသော စည်းစိမ်ဖြစ်သည် ၊

ခံစားလိုက ခံစားပိုင်ခွင့်ရှိသည် ၊ ဘာသာရေးပုဂ္ဂိုလ်အနည်းငယ်မှတစ်ပါး အနန္တစကြာ ၀ဠာတစ်ခုလုံး ဒီစည်းစိမ်ကို ခံလည်း ခံစားနေကြသည် ၊သို့ရာ တွင်   တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လက်ခံ ထားသော လူ့စည်းမျဉ်းဥပဒေအရ သိုသိုဝှက်ဝှက် ခံစားဖို့လိုတော့ပါသည်၊ ဒီကိစ္စရပ်ကြောင့် မိမိတို့၏ အနာဂတ်ဘ၀ တိမ်းစောင်းသွားသည်အထိ မဖြစ်စေရပေ၊ ကိုယ့်ဘာသာရိုက်ကူး၍ အင်တာနက်ပေါ်လွှင့် တင်ခြင်းမျိုး မဟုတ်ပဲ မသမာသူများက ရိုက်ကူးလွှင့်တင်လိုက် သောကြောင့် ထင်ထင်ရှားရှားဖြစ်လာသော ချစ်ရည်လူးသည့်ကိစ္စရပ်များကိုလည်း ယဉ်ကျေးမှုအမြင်ဖြင့် အပြစ်ရှုထောင့် ကမကြည့်ပဲ ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာနားလည်ပေးနိုင်ကြစေရေးသည် ဤဆောင်းပါး၏ ပဓာနရည်ရွယ်ရာ ဖြစ်ပါသည် ၊ မြေနိမ့်ရာ လှံမစိုက်ကြဖို့ အထူး ပန်ကြားချင်ပါသည် ၊ အားလုံးကို ကျေးဇူးတင်ပါသည် ……..။

Credit: Myanmar Express
(မြန်မာလူငယ်များနှင့် အမျိုးသမီးငယ်များ ထိုကဲ့သို့သော အန္တရာယ်မှ ရှောင်ရှားစေနိုင်ရန် အခမဲ့ကြော်ငြာပေ့ဂ်ျမှ ပြန် လည်မျှဝေလိုက်ပါသည်)
အခမဲ့ ကြော်ငြာ

မြိုပတ်ရထား အထူးတွဲ ပေါ်မှ စုံတွဲအချို့၏ မဖွယ်မရာ သတင်း

By burmamuslim on

 
မြို့ပတ်ရထား အထူးတွဲများပေါ်၌ စုံတွဲအချို့ မဖွယ်မရာပြုလုပ်မှုကို ကြားသိရသော်လည်း တရားဝင်တိုင် ကြားမှု များမရှိသေးဟု မြန်မာ့မီးရထားမှ ရန်ကုန်တိုင်း လက်ထောက်အထွေထွေမန် နေဂျာ ဦးကျော်ကျော် မျိုးက ပြောသည်။
”ကျွန်တော်တို့အနေနဲ့ကတော့ သူတို့က လက်မှတ်ဝယ်စီး တာဆိုတော့ သွားတားဆီးဖို့ အခက်အခဲရှိနိုင် တယ်။ သိပ်ကြီး လွန်လွန်ကဲကဲ ဖြစ်လာရင် လူမှုရေးအရပဲ ပြောပြမေတ္တာရပ်ခံ ရမှာပေါ့” ဟု ၄င်းက ပြောသည်။
မြို့ပတ်အထူးတွဲများပေါ်၌ ရထားရဲ၊ အထူးတွဲ တွဲစောင့်ဝန်ထမ်းနှင့် လက်မှတ် သိမ်းဝန်ထမ်းများ ပါရှိ ကြောင်း အထူး တွဲတွင် ဈေးသည်များပါရှိမှု နည်းပါး၍ စုံတွဲများ စီးနင်းမှုများပြားကြောင်း သိရ သည်။
”အထူးတွဲမှာရော၊ ရိုးရိုးတွဲမှာရော ဒါမျိုးတွေက ရှိနိုင်တာပဲ”ဟု အထက်ပါ အရာရှိက ဆက်လက်ပြောသည်။
ရန်ကုန်မြို့တွင် မြို့ပတ်ရထား ၂၁ ဆိုင်းရှိပြီး ယင်းတို့၌ အထူးတွဲ ချိတ် ဆက်နိုင်သော အဆိုင်း ၁၄ ဆိုင်းရှိ ကာအထူးတွဲ ချိတ်ဆက်ပြီးစီးမှုမှာ ၁၁ ဆိုင်းရှိပြီ ဟု သိရသည်။
မြို့ပတ်ရထားသည် နံနက် ၄ နာရီ ၄၅ မိနစ်မှ စတင်၍ ထွက်ခွာပြီး ယင်း တွင်လည်း အထူးတွဲပါရှိ ကြောင်းညပိုင်းတွင် နောက်ဆုံးထွက် ရထားမှာ ၉ နာရီ ၄၅ မိနစ်ဖြစ်ပြီး အထူးတွဲပါရှိသည့် နောက်ဆုံးတွဲမှာ ၉ နာရီ မိနစ်၂ဝ တွင် ဘူတာကြီးမှစတင်ထွက်သည်ဟု မြန်မာ မီးရထားမှ သိရသည်။
”မနက်အစောပိုင်း နေ့ခင်းလူနည်းချိန် ညပိုင်းတွေမှာ အဲလိုကိစ္စတွေ ပိုရှိ နိုင်တာပေါ့”ဟု အထက်ပါ အရာရှိက ထပ်လောင်းပြောသည်။

ဂျပန်ကဒေါ်လာ သန်း ၁၀၀ မြန်မာကို ထောက် ပံ့ ကူ ညီ မယ်

By burmamuslim on

မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့နဲ့ ပဋိပက္ခဒဏ် ခံစားနေရတဲ့ တိုင်းရင်းသား လူမျိုးစုတွေကို ကူညီဖို့အတွက် လာမယ့် ငါးနှစ်အတွင်း ဂျပန် ယန်း ၁၀ ဘီလီယံ (ဒေါ်လာ သန်း ၁၀၀) ထောက်ပံ့ ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီးက ဒီကနေ့ ပြောကြား လိုက်ပါတယ်။ အခုလို ကူညီမယ့် ဂျပန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဆာဆာကာဝါနဲ့ ဂျပန် သံ အမတ်ကြီး အီနာမာတာ တို့က ဒီကနေ့ ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေ ကို ပြော ခဲ့တာ ဖြစ်ပါတယ်။ ဒီငွေတွေကို မြန်မာအစိုးရနဲ့ ညှိနှိုင်းပြီး ဂျပန် INGO တွေက တဆင့် ပေးအပ်မှာ ဖြစ်တယ်လို့ ပြောပေမယ့် ဘယ်တော့ စပေးမယ် ဆိုတာကိုတော့ တိတိ ကျကျ ပြောဆိုခြင်း မရှိပါဘူး။ ဒါပေမယ့် ၅ နှစ်အတွင်းမှာ ညှိနှိုင်းပြီး အမြန်ဆုံး ပေးသွားမယ် ဆိုတာကိုတော့ ဂျပန် သံအမတ်ကြီး မစ္စတာ အီနာ မာတာ က ပြောသွားခဲ့ပါတယ်။
ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ ဂျပန်က မြန်မာကို ယန်း ၁၅၀ ဘီလီယံ (ဒေါ်လာသန်း တစ် ထောင် ၄ ရာ ဝန်းကျင်) အကူ အညီ ပေးမယ်လို့ ကတိပေးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ မြန်မာ သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့တဲ့ တိုကျိုမြို့က ဂျပန် မြန်မာ ထိပ်သီး   ဆွေးနွေး ပွဲမှာတော့ အသေးစိတ် ဆွေးနွေးပြီး ဂျပန်အစိုးရက အခုလို ဆုံးဖြတ်ခဲ့တာပါ။
ဒီ အကူညီပေးရေး အစီစဉ်ဟာ မြန်မာနိုင်ငံက တိုင်းရင်းသား ဒေသတွေမှာ ဖွံ့ဖြိုးရေးတွေ လုပ်မှာ ဖြစ်ပေမယ့် မြန်မာအစိုးရနဲ့ ညှိနှိုင်းပြီး လုပ်မှာ   ဖြစ်ကြောင်း၊ အစိုးရနဲ့ တိုင်းရင်းသားတွေကပါ လက်ခံတဲ့ ဂျပန် အန်ဂျီအိုတွေကနေ တစ်ဆင့် ပေးအပ်မှာ ဖြစ်ကြောင်း၊ ဂျပန်အစိုးရဟာ အခု အထောက်အပံ့ကို သုံးပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အားပေး ကူညီဖို့ ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံ အမတ်ကြီး အီနာမာတာက သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
About these ads

အမျိုးသမီးများအတွက် ကျောက်ချဉ်အစွမ်း

By burmamuslim on




အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကျန်မာရေး ကိစ္စမှာ ၀န်ပိုတွေ ရှိကြပါတယ်။ အခု ကျမတင်ပြမယ့် အမျိုးသမီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းမှာ ကျောက်ချဉ်နဲ့ပတ်သက်ပြီး အစွမ်းထက်မြက်မှု တချို့ပါ။
ကျောက်ချဉ်လို့ ပြောလိုက်ရင် မြန်မာစာဖတ် ပရိသတ်တိုင်း သိနား လည် ပြီး ဖြစ်နေပါလိမ့်မယ်။ လူတိုင်း၊ ပစ္စည်းတိုင်းမှာ သူ့ တန်ဘိုး ကိုယ်စီ အသီး သီး ရှိတတ်ကြစမြဲဖြစ်တာမို့ ကျောက်ချဉ်ကလည်း သူ့အစွမ်းက သီးခြားရှိပါ တယ်။


ကျောက်ချဉ်ကို Alum လို့ ခေါ်ပြီး အလူမီနီယမ် ဆာလဖိတ်၊ ပိုတက်ဆီယမ် ဆာလဖိတ်တို့ပါဝင်တဲ့ ဓာတု တွင်းထွက် တမျိုး ဖြစ်ပါတယ်။
ကျောက်ချဉ်ဟာ အမျိုးသမီးတွေအတွက် အသုံးအတည့်ဆုံးတခုလို့ ပြောရင် မမှားပါဘူး။ မိန်းမပျိုက အစ၊ ကိုယ်ဝန်မရနိုင်လို့ ကလေးလိုချင်နေတဲ့ အိမ်ထောင် သည် အလယ်၊ သွေးဆုံးနေတဲ့ အမျိုးသမီးတွေ အဆုံး ကျောက်ချဉ်က အလွန်အသုံးဝင်ပါတယ်။

အမျိုးသမီးကျန်းမာရေးမှာ အမျိုးသမီးတိုင်း မိန်းမကိုယ်သန့်ရှင်းရေးဟာ အလွန်အရေးကြီးပါတယ်။ အမျိုးသမီးတွေ ကိုယ်နံ့ ထွက်တာ၊ စိတ်လက် မလန်းဆန်းပဲ သွက်လက်မှု မရှိဖြစ်နေတာတွေဟာ၊ ယားယံတတ်တာတွေဟာ မိန်းမကိုယ် သန့်ရှင်းရေးကိစ္စနဲ့ တိုက်ရိုက်ပတ်သက်ပြီး အဆိုပါကိစ္စ မှာ ကျောက်ချဉ်က အလွန်အသုံးတည့်ပါတယ်။
ဒီအပြင် ခုခေတ်မှာ နာမည်ကြီးနေပြီး ကာကွယ်ဆေးတွေ ငွေကုန်ခံ ထိုးနေရတဲ့ သားအိမ်ခေါင်း ကင်ဆာ လိုမျိုး မဖြစ်ပွားအောင် ဟန့်တား ကာကွယ်နိုင်မှုမှာ ကျောက်ချဉ်ဟာလည်း အကျိုးအလွန်ရှိပါတယ်။
ကိုယ်ဝန်ကို ကျန်းမာစွာ လွယ်လိုသူ အိမ်ထောင်ရှင် အမျိုးသမီးတွေ အတွက် လည်း ကျောက်ချဉ်က အစွမ်း ထက်ပါတယ်။ ကလေးမရလို့ စိတ် ညစ်နေရ သူများအတွက်လည်း အလွန် အသုံးတည့်ပါတယ်။
ဒီအပြင် ရာသီလာချိန် ခေါင်းကိုက်တာ၊ ကိုယ်လက် အဆစ်အမြစ်ကိုက်ခဲတာ၊ သွေးလန့်တတ်တာ၊ ရာသီ မမှန်ပဲ လာရန် ခက်ခဲတာတွေ အတွက် လည်း ကျောက်ချဉ်က အသုံးဝင်ပါတယ်။

ပြီးတော့ သွေသား သန့်ရှင်းပြီး အသားအရေ စိုပြေမှုတွေကိုလည်း ကျောက်ချဉ်က စွမ်းဆောင်စေပါတယ်။ချွေးပေါက်ကျယ်တာအစ ဒွါရပေါက်တွေ လည်း ကျယ် တာကိုလည်း ကျဉ်းစေ တဲ့ သတ္တိရှိပါတယ်။
ကျောက်ချဉ်ကို အသုံးပြုပုံကတော့ အင်တုံတခု သို့မဟုတ် ပလပ်စတစ် ဇလုံကြီး တခုထဲမှာ ကျောက်ချဉ် ကို သင့်တင့်တဲ့ ပမာဏ ထည့်ပြီး ပျော်ဝင် သည်ထိ စောင့်ပါ။ ပြီးရင် အမျိုးသမီးများအနေနဲ့ မိမိရဲ့ မိန်းမကိုယ်ကို အဆိုပါ ဇလုံတွင်း ကျောက်ချဉ် ရေဖြင့် တနေ့လျှင် ၁၅ မိနစ်လောက် စိမ်ပေးပါ။
လုပ်နည်းလုပ်ဟန်က အင်မတန် ရိုးစင်းပြီးလွယ်ပေမယ့် နေ့စဉ်ပုံမှန် လုပ်ဆောင်ပေးခြင်းဆိုတဲ့အရာကို အမျိုးတော်တော် များများမှာ အခက်အခဲတွေ့ တတ်ကြပါတယ်။ ဒါကိုတော့ သတိပြုစေချင်ပါတယ်။
နေ့စဉ် ၁၅ မိနစ်တာ ကိုယ့်ကျန်းမာရေးအတွက် အချိန်ပေးပြီး ကျောက်ချဉ်ရေ စိမ်ပေးခြင်းကြောင့် ရရှိ လာမယ့် ရလာဒ်က ကြီးမားလှပါတယ်။
ပျိုမေတို့မှသည် သက်ကြီးရွယ်အို အမျိုးသမီးကြီးတွေအထိ အသုံးတည့်ပြီး အကျိုးရှိတဲ့ နည်းလမ်း တခု လည်းဖြစ်ပါတယ်။ ငွေကုန်ကျေးကျလည်း အလွန်နည်းပြီး ခက်ခဲမှုလည်း မရှိပါဘူး။

ကင်ဂျုံအန်မှ ဦးလေးဖြစ်သူအား အမဲလိုက်ခွေး အကောင် (၁၂၀) ကိုက်သတ်စေပြီး ကွပ်မျက်ကြောင်း သတင်းများ ထွက်ပေါ်

By burmamuslim on


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ ဦးလေးဖြစ်သူအား သုတ်သင်ရာတွင် အ၀တ်အစားများကို ချွတ်၍ အမဲလိုက်ခွေးများအား ကျွေးသည့် နည်းလမ်းကို အသုံးပြုခဲ့သည်ဟု ဟောင်ကောင် အခြေစိုက် သတင်းစာ တစ်စောင်က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ ဒုတိယအာဏာ အရှိဆုံးခေါင်းဆောင် ဂျန်ဆွန်ထက်အား နိုင်ငံတော် သစ္စာဖောက်မှု အပါအ၀င် အခြားသော အမှုများဖြင့် တရားစွဲဆိုကာ ပြီးခဲ့သည့်လက ကွပ်မျက်ခဲ့သည်ဟု မြောက်ကိုရီးယား အာဏာပိုင်များက ကြေငြာ ခဲ့သော်လည်း မည်သို့မည်ပုံ ကွပ်မျက်ခဲ့သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
သို့သော်လည်း ဂျန်ဆွန်ထက် အပါအ၀င်း ၎င်းအား ကူညီသူ ၅ လက်ထောက်ငါးဦး စုစုပေါင်း ၆ ဦးအား အ၀တ်အစားများ ချွတ်၍ ဆာာလောင်နေသော အမဲလိုက်ခွေးများထားရှိသည့် လှောင်အိမ်ထဲသို့ ပစ်ထည့်ခဲ့ခြင်းဖြစ်ပြီး ကင်ဂျုံအန်နှင့် ၎င်း၏ အစ်ကို ကင်ဂျုံချိုတို့က အမဲလိုက်ခွေးများ ကုန်အောင် စားသောက်ခဲ့သည့် အထိ စောင့်ကြည့်ခဲ့ကြသည်ဟု Wen Wei Po သတင်းစာက ရေးသားထားသည်။
ကင်ဂျုံအန်ကမူ ဦးလေးဖြစ်သူမှာ တိုင်းပြည်၏ အမှိုက်သရိုက်ဖြစ်ပြီး ၎င်းအား သုတ်သင် ခဲ့ခြင်းကြောင့် ပြည်သူများအကြား စည်းလုံး ညီညွတ်မှု ပိုလာစေသည်ဟု နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ဂျန်ဆွန်ထက်မှာ မြောက်ကိုရီးယား၏ အဓိက မဟာမိတ် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတွင် အဓိက ကျသူ တစ်ဦးဖြစ်ပြီး ၎င်းအား ကွပ်မျက်လိုက်ခြင်းကြောင့် မြောက်ကိုရီယား နိုင်ငံရေး အခြေအနေပေါ် တရုတ်ဘက်ကလည်း စောင့်ကြည့်လျက်ရှိသည်။
Credit to M-Media

ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟု သတင်းထွက်ပေါ်ကြောင်း ရေးသား ဖော်ပြခဲ့သည့် Unity ဂျာနယ် ပြန်တောင်းပန်

By burmamuslim on


အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ဖြစ်သော Unity ဂျာနယ်၏ ဇွန်လ
၂၂ ရက်နေ့ ထုတ်တွင် မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြပါရှိသော ‘ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟု သတင်းများ ထွက်ပေါ်’ဟူသော သတင်းအတွက် အဆိုပါ သတင်းခေါင်းစဉ်နှင့် သတင်းသည် သရုပ်ဆောင် ယွန်းဝတီလွင်မိုးနှင့် သူ၏မိသားစုအား ဂုဏ်သိက္ခာ ညှိုးနွမ်းစေသော စကားလုံး အသုံးအနှုန်းများ သုံးစွဲမိသောကြောင့် သူ၏မိဘဆွေမျိုးများ၊ ပရိသတ်များကို Unity ဂျာနယ် အယ်ဒီတာအဖွဲ့က ပြန်လည် တောင်းပန်
ကြောင်း ယင်းဂျာနယ်၏ တာဝန်ခံအယ်ဒီတာ စရဲမင်းထွန်းက The Voice သို့ပြောကြားသည်။
“အခြေအနေ၊ အကြောင်းကြောင်းတွေကြောင့် ဒီသတင်းရဲ့ မှန်ခြင်း၊ မှားခြင်းကို ကျွန်တော်တို့ ဘာမှ မပြောလိုတော့ပါဘူး။ ဒီသတင်း ထွက်ပေါ်လာမှုအပေါ် ကျွန်တော်တို့ တိုက်က သတင်းထောက်က ကိုလွင်မိုးကို ဆက်သွယ် မေးမြန်းပြီး သတင်းအဖြစ် ဖော်ပြခဲ့တဲ့ နေရာမှာ သုံးနှုန်းခဲ့တဲ့ သတင်း ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ကောလာဟလဆိုတဲ့ စကားလုံး မပါတဲ့အတွက် ပရိသတ်တွေ အထင်အမြင် မှားမှာစိုးတဲ့အတွက် မမေသူကနေ ကျွန်တော်တို့ တိုက်က လူကြီးပိုင်းတွေက တစ်ဆင့်
ပြန်လည် တောင်းပန်ဖို့ တောင်းဆိုတဲ့ အတွက် တောင်းပန်ပေးတာပါ” ဟု သတင်းအတွက် ပြန်လည် တောင်းပန်ရခြင်း အကြောင်းကို ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ သတင်းအတွက် ၎င်းတို့ဘက်က မှားယွင်းသည့် အချက်များမှာ သရုပ်ဆောင် ယွန်းဝတီလွင်မိုးသည် အသက် ၁၄ နှစ်အရွယ်သာ ရှိသေးသည့်အတွက် ကလေးသူငယ် ဥပဒေအရ ယင်းကဲ့သို့ သတင်း
မဖော်ပြသင့်သည့် အချက်နှင့် သတင်းတွင် သုံးစွဲထားသော ဓာတ်ပုံမှာလည်း တရားဝင် ခွင့်ပြုချက် ရယူပြီး မသုံးစွဲခဲ့သည့် အချက်များ ဖြစ်ကြောင်း ဦးစရဲမင်းထွန်းက ဆိုသည်။
သရုပ်ဆောင် ယွန်းဝတီလွင်မိုး ခိုးပြေးခံရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့မှု အပေါ် Unity ဂျာနယ်မှ သတင်းထောက် တစ်ဦးက ယွန်းဝတီလွင်မိုး၏ ဖခင်ဖြစ်သူ သရုပ်ဆောင်လွင်မိုးကို ဆက်သွယ် မေးမြန်းရာတွင် ထိုသတင်း
သည် မိသားစု၏ ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်ဆောင်ခြင်းသာ ဖြစ်ပြီး လုံးဝ မမှန်ကန်ကြောင်းနှင့် ကလေးမှာလည်း ကျောင်းသူ အရွယ်သာ ရှိသေးသည်ဟု ပြန်လည် ဖြေကြား ခဲ့သော်လည်း Unity ဂျာနယ်မှ အဆိုပါ သတင်းကို မျက်နှာဖုံးတွင် ဖော်ပြရာတွင် ကောလာဟလ ဟူသည့် စကားလုံး တစ်လုံးမှ မပါဝင်သည့် အတွက် စာဖတ် ပရိသတ်များက ဂျာနယ် အတွင်းရှိ ကိုလွင်မိုး၏ ဖြေရှင်းချက်ကို မဖတ်မိဘဲ မျက်နှာဖုံးကိုသာ ကြည့်မိပါက နားလည်မှု လွဲမှားနိုင်သည့် အတွက် ပြန်လည် တောင်းပန်ခိုင်း ရခြင်း
ဖြစ်ကြောင်းနှင့်ယင်းသတင်းမှာ လုံးဝမမှန်ကန်ကြောင်း ယွန်းဝတီလွင်မိုး၏ မိခင်ဖြစ်သူ ဒေါ်မေသူက The Voice သို့ပြောကြားသည်။
“အစ်မက ဒီသတင်း ပါလာတဲ့အခါ Unity ဂျာနယ်ကို ဖုန်းဆက်တော့ သတင်း အယ်ဒီတာ နှစ်ယောက်နဲ့ သတင်းထောက်ချုပ် တို့အိမ်လာကြ
တာယ်၊ အယ်ဒီတာ နှစ်ယောက်က တောင်းပန်ကြပေမယ့် သတင်းထောက်
ချုပ်ဆိုတဲ့လူက လုံးဝမတောင်းပန်ဘူး။ သူက အစ်မရယ် အနုပညာရှင်ဆိုရင်
ကောလာဟလ ထွက်လာတဲ့အခါ သတင်းသမားကတော့ ရေးမှာပဲလို့
ပြောတယ်။ အစ်မကတော့ ရှင်တို့ ဒီလိုရေးလို့ မရဘူးလို့။ ကျွန်မသမီးက ကလေးပဲ ရှိသေးတယ်။ ကျွန်မရဲ့အုပ်ထိန်းမှုအောက်မှာ ယဉ်ယဉ်ကျေးကျေး၊ စည်းကမ်းရှိရှိ နေနေတာလို့ ပြောလိုက်တယ်။ အစက အစ်မ တောင်းပန်ရင်
ကျေအေးမလို့၊ မတောင်းပန်တဲ့ အတွက် ရှေ့နေကနေ Notice စာပို့မလို့ လုပ်နေတာ။ အခုလို တောင်းပန်ရင်တော့ အစ်မဘက်က ကျေအေးပါတယ်” ဟု ဒေါ်မေသူ က Unity ဂျာနယ်၏ ပြန်လည် တောင်းပန်မှုအပေါ် သူ၏
သဘောထားကို ဖွင့်ဟသည်။
The Voice Weekly

စတိတ်ရှိုးပွဲတွင် တင်ပါးကိုင်သည့်အတွက် စိုင်းစိုင်းနှင့် သက်မွန်မြင့်၏ ချစ်သူတို့ ပြဿနာ ဖြစ်ပွား

မကြာသေးမီက ကျင်းပခဲ့သော စိုင်းစိုင်း မွေးနေ့ စတိတ်ရှိုးတွင် စိုင်းစိုင်းခမ်းလှိုင်က သက်မွန်မြင့်အား ပွေ့ချီနေသည့်ပုံများ အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်ကို တွေ့ရသည်။
ယင်းပုံနှင့်ပတ်သက်၍ သက်မွန်မြင့်၏ ချစ်သူဖြစ်သူ ကိုမျိုးအောင်သန်းက Fuji House အမည်ရှိ ကော်ဖီဆိုင်တွင် ၁၁.၄.၂၀၁၃ နေ့က စိုင်းစိုင်းနှင့်ဆုံမိစဉ် မကျေမနပ်ပြောကြားရာမှ အချေအတင် စကားများခဲ့ကြကြောင်း သိရသည်။
ထို့နေ့က မျက်မြင်တွေ့သူများက ပြောကြားရာတွင်
ကိုမျိုးအောင်သန်းမှာ အနည်းငယ် မူးယစ်နေခဲ့ကြောင်း စိုင်းစိုင်းအားတွေ့သည်နှင့် အပြေးလျှောက်သွားကာ မကျေမနပ်ပြောခဲ့ကြောင်း ၄င်း၏အသွင်မှာ ရန်ပြုမည့် အသွင်မျိုးဖြစ်နေ၍ ဘေးလူများက ၀ိုင်းဝန်းဆွဲကြရာမှ အနည်းငယ်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရကြောင်း သိရသည်။
ပြဿနာမှ အကျယ်အပြန့်ဖြစ်ပွားခြင်းမရှိသော်လည်း သိရှိလိုက်ရသူများအဖို့ ဟာသသဖွယ် ပြောစရာတစ်ရပ် ဖြစ်သွားခဲ့လေသည်။
Credit to:Myanmar News

တောင်ကိုရီးယား- မြန်မာ ချစ်ကြည်ရေးအတွက် အာဇာနည်ဗိမာန်အတွင်း အထိမ်းအမှတ်ဆောက်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည် သဘောမတူ By burmamuslim on January 14, 2014


နေပြည်တော်၊မဇ္ဈိမ။ ။ ၁၉၈၃ခုနှစ်က တောင်ကိုရီးယား သမ္မတဟောင်း ချန်ဒူးဝမ် အာဇာနည်ဗိမာန်ကို အလေးပြုရန် သွားရောက်သည့် ခရီးစဉ်အတွင်း ဗုံးပေါက်ကွဲသဖြင့် အာဇာနည်ဗိမာန်တွင် အထိမ်းအမှတ် အဆောက်အအုံ တစ်ခု ဆောက်လုပ်ရန် တောင်ကိုရီးယားဘက်က မြန်မာအစိုးရကို ကမ်းလှမ်းထားမှုကို ဗိမာန်ဝင်းအတွင်း ဆောက်မည်ဆိုပါက သဘောမတူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
“ဝန်းထဲမှာထည့်ဆောက်မှာကိုတော့ သဘောမတူဘူး။ နှစ်ဖက်စလုံးအတွက် မျှတမယ့် အဖြေကို ရှာရမှာပေါ့။ သူတို့ဘက်ကလည်း သူတို့ခေါင်ေးဆာင်ကြီးတွေရဲ့ အထိမ်းအမှတ် လုပ်ချင်မှာပဲ။ အဆင်ပြေအောင် ဆွေးနွေးညှိနှိုင်းရရင် အဆင်ပြေသွားမှာပါ”ဟု ပြောသည်။
တောင်ကိုရီးယား သမ္မတဟောင်း ချန်ဒူးဝမ်သည် ၁၉၈၃ခုနှစ်က ရန်ကုန်မြို့ကို လာရောက်စဉ် အာဇာနည်ဗိမာန်သို့ သွားရောက်အလေးပြုခဲ့ရာ မြောက်ကိုရီးယားနိုင်ငံက ထောင်ထားခဲ့သည့် ဗုံး ပေါက်ကွဲခဲ့ပြီး ကြိုတင်ရောက်ရှိနေသော တောင်ကိုရီးယား ဝန်ကြီး အများအပြား နှင့် သတင်းထောက်များ ဒဏ်ရာရ၊ သေဆုံးခဲ့ရသည်။
Aye Chan Mon# Credit To : Mizzima – News in Burmese> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

ကမ္ဘာကျော် မင်းသားကြီး Liam Neeson အစ္စလာမ် ကို လက် ခံ လိုက် ပြီ

By burmamuslim on



Liam Neeson: I may become a Muslim အစ္စလာမ်ကို လက်ခံလိုက်ပြီဖြစ်တဲ့  ကမ္ဘာကျော် မင်းသားကြီး Liam Neeson. ကမ္ဘာပေါ်မှာ အစ္စလာမ်ကို မုန်းတီး ပါတဲ့ ဆိုတဲ့ အထဲမှာ ဥရောပ နဲ့ အမေရိက က အများဆုံးပါ။ ဒါပေမယ့် လက်ရှိမှာတော့ အဲဒီ အမုန်းဆုံးပါတဲ့ အစ္စလာမ်ကို စော်ကားခဲ့ တဲ့  မုန်းနေ တဲ့ သူတွေကပဲ တဖြည်းဖြည်းလက်ခံကုန်ကြပါပြီ။ ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီးဖြစ်တဲ့ Liam Neeson ဟာ ကနေ့ မှာတော့ အစ္စလာမ် သာသနာ ကို လက်ခံခဲ့ပါပြီ။(Allah Hu Akbar) Mashallah. ပြောရရင် သူလည်း အစ္စလာမ် မုန်းတီးတဲ့ သူတယောက်ပါ။ Taken ဇာတ် ကားဖြင့်   အောင်မြင်ကျော်ကြားလူကြိုက်များခဲ့ ပြီး Taken 2 ဇာတ်ကားမှာလည်း မွတ်စလင်မ် တွေကို ဗီလိန် နေရာ သူ့ သမီးနဲ့ ဇနီး ကို ပြန်ပေး ဆွဲတဲ့  နေရာ ပါ တွေ့ ခဲ့ ရပါတယ်။ အဆိုပါ ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတော်တော်များများကိုလည်း တူရကီနိုင်ငံမှာ ရိုက်ကူးခဲ့ ပါတယ်။ အဲဒီ Taken 2 ဇာတ် ကား ဟာလည်း Box Office မှာ နံပါတ် ၁ နေရာမှာချိတ်ခဲ့ ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အမြတ်အစွန်းရခဲ့ ပါတယ်။

အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့  Liam Neesom ဟာအရင်က ကက်သလစ်(ခရစ်ယာန်)ဘာသာဝင်တစ်ဦးဖြစ်ခဲ့ ပြီး တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့ ကို ရုပ်ရှင် ဇာတ် ကားသစ်ရိုက်ကူးဖို့  သွားရောက်ရင်းနဲ့  အစ္စလာမ် ဘာသာကို ကူးပြောင်းခဲ့ တယ်လို့  ကမ္ဘာကျော် website တခုဖြစ်တဲ့  The Sun မှာဖော်ပြ ခဲ့ ပါတယ်။ မူရင်းလင့်ခ်ကတော့ ဒီမှာပါ။

http://www.thesun.co.uk/sol/homepage/news/4083596/Liam-Neeson-news-Liam-Neeson-is-thinking-about-becoming-a-Muslim.html နောက်ထပ် နာမည်ကြီး Web တခုဖြစ်တဲ့ Daily Mail ကလည်း ဖော်ပြခဲ့ ပါတယ်။


ကဲ ကျနော်လည်း တတ်သလောက်မှတ်သလောက်ရှာဖွေ့ပြီး မူရင်းလင့်ခ်နဲ့ တကွ တင်ထားတာနော်။ လွတ်လွတ်လပ်လပ် Share နိုင်ပါကြောင်း။ Salim Khan

အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ် ၏ (၁၁၆)နှစ်မြောက်မွေးနေ့

By burmamuslim on



မနက်ဖြန် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့သည့် အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ် ၏ (၁၁၆)နှစ်မြောက်မွေးနေ့ဖြစ်ပါသည်။ ဆရာကြီးဦးရာဇတ်နေ့ အထိမ်းအမှတ်ဂုဏ်ပြုသောအားဖြင့် ဆရာကြီးဦးရာဇတ်အကြောင်း ပိုစ်များကို M-Media စာဖတ်ပရိတ်အတွက် ပြန်လည်မိတ်ဆက် ပေးလိုက်ပါတယ်။
အမည်မခံလိုသူ စာရေးဆရာကြီး သို့မဟုတ် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် =>http://www.m-mediagroup.com/news/4223
ကျွန်မဖေဖေ=>http://www.m-mediagroup.com/news/4299
ဗမာတွေ ဘယ်မှာ စည်းကမ်း မဲ့လို့လဲ=>http://www.m-mediagroup.com/news/4316
မမေ့နိုင်ရွယ်ရည် ၆၆-နှစ်တိုင်လေပြီ အာဇာနည်မြတ် ဦးရာဇတ်=>http://www.m-mediagroup.com/news/16191
သူ့စကားများက ညွှန်းဆိုနေသည့် ဆရာကြီး ဦးရာဇတ်အကြောင်း=>http://www.m-mediagroup.com/news/4239
အာဇာနည်ခေါင်းဆောင်ဆရာကြီး ဦးရာဇတ် ၏ အတ္ထုပ္ပတ္တိ အကျဉ်း =>http://www.m-mediagroup.com/news/1388
မန္တလေး ၁၃ဝဝ ပြည့်အရေးတော်ပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် =>http://www.m-mediagroup.com/news/1365
သူများတွေပြောတဲ့ ဆရာကြီးဦးရာဇတ်အကြောင်း =>http://www.m-mediagroup.com/news/1334
ဆရာကြီး ဦး(အဗ္ဗဒူလ်) ရာဇတ်၏ လက်ရာ ရတုပိုဒ်စုံ =>http://www.m-mediagroup.com/news/1330
အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် အခြားပိုစ်များ ဖတ်ရန် => http://www.m-mediagroup.com/news/tag/urazak-2/
အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် အကြောင်း ဓါတ်ပုံများ ကြည့်ရန် =>https://www.facebook.com/media/set/?set=a.484313664944442.97896.468226919886450&type=3
ဆရာကြီး ဦးရာဇတ် (၁၁၅) နှစ်မြောက် အခမ်းအနား ဓါတ်ပုံများ =>https://www.facebook.com/media/set/?set=a.488522597856882.98579.468226919886450&type=3

Post title♡ ♕ သတိ♕ ♡ အပျိုစစ်စစ်များအဆုံးထိဖတ်ရန်၊ Living Together Before Marriage

By burmamuslim on

အပျို စစ်စစ် များသာ ဖတ်ရန် ခေါင်းစဉ်ကြည့်ပြီး တမျိုး မထင်ပါနဲ့ နော် အအိုတွေဖတ်မိရင် စိတ်ဓါတ်ကျမှာစိုးလို့ ပါ အပျိုစစ်စစ်ဆိုတာက ခုခေတ်က ၁၆ နှစ်၁၇နှစ် ဆိုရင်ကို ရည်းစားက ရှိနေကြတာ ။ ရည်းစားဖြစ်တာ ၁ ရက်မကြားဘူး living together က နေနေကြပြီလေ တကယ်တော့ လက်မ ထပ် ရသေးပဲနဲ့ အတူတူနေကြတာ မိန်းခလေးတစ်ယောက်အတွက် လုံးဝတန်ဖိုးကျသွားပါပြီ အပျိုစင် ဘဝဆိုတာ ယောင်္ကျားတိုင်းရဲ့  တန်ဖိုး ထားခြင်း ကို ခံထားရသူလို့ တောင် တင်စားထားကြပါတယ် အပျိုစင်ကနေ အအို ဖြစ်ဖို့ က ၅မိနစ်မကြာပါဘူး ။ ဒါပေမယ့် အအိုကနေ အပျို ပြန်ဖြစ် ဖို့ က ရှိသမျှ စည်းစိမ်း ပုံပေးမယ်ဆိုရင်တော့ ဒီ ဘဝအတွက်ပြန်မရနိုင်တော့ပါဘူး ချစ်သူရှိခဲ့ရင်လည်း ဒီအပျိုစင်ဘဝကို ထိန်းသိမ်းပါ။
ချစ်သူကို နားလည်အောင် သူသဘောပေါက်အောင် ပြောပြထားပါ။ ဒါမှ သူဘက်က လက်မခံဘူး ။စိတ်ခုသွားတယ်ဆိုရင်တော့ ရဲရဲကြီးသာ လမ်းခွဲ လိုက် ပါ။ သူ တကယ်ချစ်တာမဟုတ်တာသေချာနေပါပြီ။သေလောက်အောင်ချစ်နေပါစေ အပျိုစင် ဘဝကိုထိန်း သိမ်း ထားပါ။ ဘဝမှာ ရည်းစားဦး နဲ့  လွဲ ကျ တာ ၁၀၀မှာ ၉၀ အထိ ရှိထား တာပါ။ ရည်းစားဦးကတည်းက အပျိုစင်ဘဝကို ပေးထားခဲ့လို့ ။ အကြောင်းတစ်ခုခုကြောင့် သူနဲ့ များ လွဲသွားခဲ့ ရင် နောင်တွင် ကိုယ်နဲ့ တကယ်လက် တွဲရ မယ့်   ယောင်္ကျားနဲ့ တွေ့ မှာ အကြီးကြီးနောင်တရပါလိမ့်မယ် ။
အဲကျမှတော့ နောင်တရ ပါတယ်လို့ သိသွား လည်းနောက်ကျသွားပါပြီ။အခန့် မသင့်ရင် အိမ်ထောင်ရေပြသာနာတွေတောသ်ဖြစ်လာနိုင်ပါတယ်။ ထိုင်ဝမ် မှာ အိမ်ထာင် ကျပြီးလို့ ကလေးတောင် ၃ယောက် ရပြီးမှ အပျိုဘဝတုန်းက ရည်းစားဟောင်း နဲ့ အတူတူနေ ခဲ့တဲ့ video ဖိုင်တွေ laptop ကနေတဆင့်ပြန့် ပြီး အိမ်ထောင်ရေး ကွဲသွားခဲ့တာ တကယ်လက်တွေ့ ပါ။ အတုမယူသင့် တာတော့ အတုမယူပါနဲ့ ညီမတို့ ။ (နောက် တစ်တစ်ခု အွန် လိုင်းမှာ status တင်ရင် လည်း   စောက် ဘာဖြစ်   စောက်ညာဖြစ်တယ် ။ အဲလို စောက်တွေ ထည့်ထည့်ပြီး ရိုင်းတာတွေ မတင် ကျဖို့  လည်း   တောင်း ဆိုပါတယ်။ ကိုယ်ဟာကိုယ် ဘာထင်နေ လဲတော့မသိပါ။
အများအမြင်မှာ အရမ်းရိုင်းတဲ့မိန်းမဆိုတာတော့ လူတိုင်းအထင်သေး သွားတတ်ကြ ပါ တယ်။ ) မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ လှတာ ချမ်းသာ တာ ကို ပြောတာ မဟူတ်ပါဘူး ။ အပျိုစင် ဘဝကိုပြောထားတာပါ ။ သေလောက်အောင် လှနေပါစေ လက်မ ထပ်သေး ပဲ အအိုဖြစ်သွားရင် မိန်းမ တန် ဖိုး က ကျသွားပြီ ဆိုတာ သတိရှိကြပါ ညီမငယ်တို့  living together ( လက်မထပ်သေး ပဲ အတူတူနေခြင်း) ဘဝမှာ ဆင်ချင်နိုင်ကြ ပါစေ ။
လို့ ဆုတောင်းပေးရင် ခင်မင်လျက် Online Chitthu

Living Together Before Marriage

It’s no secret that many couples are cohabiting, that is, living together in a sexual relationship without marriage. Currently, 60% of all marriages are preceded by cohabitation, but fewer than half of cohabiting unions end in marriage.
Many couples believe – mistakenly – that cohabitation will lower their risk of divorce. This is an understandable misconception, since many people are the children of divorce, or have other family members or friends who have divorced. Other reasons for living together include convenience, financial savings, companionship and security, and a desire to move out of their parent’s house.

What social science says about cohabitation?

  • On average, marriage preceded by cohabitation is 46% more likely to end in divorce.
  • The risk is greatest for “serial” cohabitors who have had multiple relationships.
  • Some studies indicate that those who live together with definite plans for marriage are at minimal risk; however, there are no positive effects from cohabiting.
  • Cohabitation puts children at risk. Forty percent of cohabiting households include children. After five years, one-half of these couples will have broken up, compared to 15% of married parents.

Cohabitation and Catholic Church teaching

Every act of sexual intercourse is intended by God to express love, commitment and openness to life in the total gift of the spouses to each other. Sexual intercourse outside of marriage cannot express what God intended. Rather, it says something false–a total commitment that the couple does not yet have. This total commitment is possible only in marriage.
The Catechism of the Catholic Church points out that some couples claim a right to live together if they intend to marry later on. Although the couple may be sincere in their intention, the Catechism stresses that human love is not compatible with “trial marriages.” Rather, “it demands a total and definitive gift of persons to one another.”

Cohabitation and marriage preparation

If you are a cohabiting couple who has chosen to marry, the Catholic Church welcomes your decision to marry. Because cohabitation can have an effect on the marriage, couples are encouraged to explore certain questions with the pastoral minister who is preparing them for marriage. These include:
  • Why did you choose to live together?
  • What did you learn from the experience of living together?
  • Why did you decide to marry?
  • Why do you wish to marry in the Catholic Church?
  • What does marriage as a sacrament mean to you?
Pastoral ministers may encourage cohabiting couples without children to separate for a period before marriage as a sign of their free, loving decision to follow the Church’s vision of marriage and sexuality. Couples are also encouraged to receive the Sacrament of Reconciliation.
People have a right to marry; therefore, cohabiting couples are not denied marriage in the Catholic Church solely because they are cohabiting. However, cohabitation may raise questions, for example, about the couple’s freedom to marry, that need to be explored.
Content on this page has been taken from the US Bishops Conference website For Your Marriage. Used with permission.

In Defense of Marriage

ဘူးသီးတောင်မြို့ နှင့် မောင်တောမြို့ သွားရာလမ်းတွင် ပုပ်ပွနေသော ရုပ်အလောင်းများတွေ့ရှိ

By burmamuslim on

ရခိုင်ပြည်နယ် / ဘူးသီးတောင်မြို့ မှ မောင်တောမြို့သို့ သွားရာလမ်းဘေးရှိ တပ်မင်းချောင်းကျေးရွာအနီး ခလရ ၂၃၄ တပ်ပိုင်တောင်ကုန်းပေါ်တွင် ၂၆ / ၀၁ / ၂၀၁၄ နေ့ ညနေပိုင်းအချိန် ပုပ်ပွနေသော ရိုဟင်ဂျာ တိုင်းရင်းသားများ၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။

တွေ့ရှိပုံမှာ တပ်မင်းချောင်းရွာမှ နွားကျောင်းသားများ နွားကျောင်းရင်း အပုပ်နံ့ထွက်နေ၍ ယင်းနေရာအား တူးဆွကြည့်ကြရာ ပုံစံမျိုးစုံဖြင့် အသတ်ခံထားရသော ရိုဟင်ဂျာ တိုင်းရင်းသားများ၏ ရုပ်အလောင်းများ တွေ့ရှိကြောင်းသိရသည်။
အနီးအနားရှိရွာသားများ ၂၇ / ၀၁ / ၂၀၁၄ နေ့ မနက်ပိုင်းတွင် သွားရောက်ကြည့်ရှု့ကြရာ ခလရ ၂၃၄ မှ ကြည့်ရှု့ခွင့် မပေးပဲ တားဆီးခဲ့ကြောင်းသိရသည်။
၎င်း ပုပ်ပွနေသော ရိုဟင်ဂျာ တိုင်းရင်းသားများ၏ ရုပ်အလောင်းများ တွေ့ရှိရာနေရာသည် တပ်မင်းချောင်းရွာ အနီးတွင်ရှိသော ခလရ ၂၃၄ တပ်ပိုင်တောင်ကုန်း မြေနေရာဖြစ်ကြောင်း သိရသည်။
၂၇ / ၀၁ / ၂၀၁၄ နေ့ မနက်ပိုင်း တွင် စောလျင်စွာကြည့်ရှု့ခွင့်ရသော ရွာသားများမှာ ၎င်း ခလရ ၂၃၄ တပ်ပိုင်တောင်ကုန်းပေါ်တွင် မြှုပ်နှံထားသော ပုပ်ပွ ရိုဟင်ဂျာ ရုပ်အလောင်း များစွာ တွေ့ခဲ့ကြကြောင်း ၎င်း ဒေသခံရွာသားများမှ ပြောပြသည်။
မကြာသေးမီ လများအတွင်းက နည်းမျိုးစုံဖြင့် အသတ်ခံထား ရိုဟင်ဂျာတိုင်းရင်းသားများ၏ ရုပ်အလောင်းများမှာ ပုပ်ပွနေ၍ စိတ်မချမ်းမြေ့ ဖြစ်ရပါကြောင်း ၎င်း ဒေသခံရွာသားများမှ ပြောပြသည်။
Credit – အပုချေ ( မာန်အောင်ကျွန်း )

မွန်းတည့်နေဂျာနယ်ကို မစိုးရိမ်ဆရာတော်များ တရားစွဲမည်

By burmamuslim on

ဇန်နဝါရီလ ၁၉ ရက်နေ့ကထုတ်တဲ့ “မွန်းတည့်နေဂျာနယ်”မှာ ဆရာတော် အရှင်ဥာဏိဿရ မိန့်ကြားတယ်ဆိုပြီး လွဲမှားစွာရေးသားခဲ့တဲ့အတွက် မန္တလေးအခြေစိုက် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့က မွန်းတည့်နေဂျာနယ်ကို တရားစွဲမယ်လို့ မစိုးရိမ်တိုက်သစ် ဆရာတော်တွေက ဒီနေ့ မိန့်ကြားပါတယ်။
မန္တလေး မစိုးရိမ်ကျောင်းတိုက်မှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်ဆရာတော် အရှင်က္ကန္ဒာစက္ကာဘိဝံသက တရားစွဲဆိုမယ့်အကြောင်း အခုလိုမိန့်ကြားပါတယ်။
“ဘာသာအချင်းချင်း စိတ်ဝမ်းကွဲစေနိုင်တဲ့ သတင်းဖော်ပြမှုမျိုး သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ စိတ်ဝမ်းကွဲအောင် တမင်တကာ စေတနာဆိုးနဲ့ လုပ်ဆောင်တဲ့ အလုပ်မျိုးတွေ မလုပ်ကြပါနဲ့၊ မီဒီယာတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဒီအဖွဲ့ကို တောင်းပန်ပါလို့ တောင်းဆိုတယ်၊ သူတို့ကျင့်ဝတ်ဟာ တရားဥပဒေနည်းလမ်းအရ မညီညွှတ်တဲ့အတွက် သူတို့ရဲ့တုန့်ပြန်မှုကို ကြည့်ပြီးတော့ တရားရေးရာကိစ္စကို ဆောင်ရွက်သင့်ရင် ဆောင်ရွက်ပါ့မယ်လို့ ရှေ့နေကြီးတို့က စောစောကဖြေသွားပါတယ်”
ဇန်န၀ါရီလ ၁၉ ရက်နေ့က မွန်းတည့်နေဂျာနယ် မျက်နှာဖုံးမှာ “ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါက အမျိုးဘာသာ၊ သာသနာ မှေးမှိန်စရာရှိသည်ဟုဆို” ဆိုပြီး ဆရာတော် အရှင်ဥာဏိဿရဓါတ်ပုံနဲ့ ဖေါ်ပြခဲ့ပါတယ်။ ဒါ့အပြင် ‘ ဒေါ်စုကို ဘယ်ခေတ် ဘယ်အခါနဲ့မှမတူတဲ့ သူရဲကောင်းအဖြစ် သတ်မှတ်ထားတယ်၊ ဒါပေမဲ့ ဒေါ်စုမှာ အုပ်ချုပ်ရေးအားနည်းတယ်။ ပြီးတော့ ဒေါ်စုက မြန်မာပြည်ရဲ့အထာနဲ့ မြန်မာပြည်ရဲ့အကြောင်းကို သိပ်မသိဘူး’လို့ ဆရာတော်အရှင်ဥာဏိဿရ က မိန့်ကြားကြောင်း ဖေါ်ပြခဲ့ပါတယ်။
အဲဒီလိုရေးသားချက်တွေဟာ ဆရာတော်ရဲ့ မိန့်ကြားချက် မဟုတ်ကြောင်း ၊ ပဋိပက္ခအသွင်ဆောင်တဲ့ အရေးအသားတွေ ဖြစ်နေကြောင်း ဆရာတော်တွေက မိန့်ပါတယ်။
ဆရာတော် ဦးဝီရသူကလည်း အဲဒီလို အရေးအသားတွေဟာ ဘာသာရေးပဋိပက္ခ အသွင်ဖြစ်အောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ မိန့်ကြားပါတယ်။
“ဒီမီဒီယာက အခုလည်း မဟုတ်ဘူးဗျ၊ ဦးဇင်းဆိုရင် ဦးဝီရသူ ဦးဝီရသူဆိုပြီးတော့ စာမျက်နှာတိုင်းမှာ ကော်လံတိုင်းမှာ အပိုဒ်တိုင်းမှာ နာမည်တပ်ပြီးတော့ အကြမ်းဖက်သမားဖြစ်အောင် လူသတ်သမားဖြစ်အောင် ဖန်တီးရှင်အနေနဲ့ ဖြစ်အောင်ပေါ့ ရေးထားတာတွေ့ရပါတယ်၊ တစ်ဖက်သတ်ရပ်တည်ပြီးတော့ သက်သက်ကို မီဒီယာကို လက်နက်အဖြစ် အသုံးချနေတဲ့ မီဒီယာမှန်း တအားသိသာတယ်”
ဇန်န၀ါရီလ ၁၉ ရက်နေ့က ရေးသားချက်နဲ့ပတ်သက်ပြီး မွန်းတည့်နေဂျာနယ်က အဲဒီသတင်းဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ မကိုက်ညီတဲ့သတင်းဖြစ်တာကြောင့် ပြန်လည်ရုတ်သိမ်းကြောင်း၊ ဆရာတော်အရှင်ဥာဏိဿရထံကိုလည်း ကန်တော့တောင်းပန်လျှောက်ထားပြီးဖြစ်ကြောင်း ကြေညာထားပါတယ်။

ကုလငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ မြန် မာ စစ် တပ် ပူး ပေါင်း ဆောင် ရွက် မည်

By burmamuslim on



မြန်မာ့တပ်မတော် အနေနဲ့ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းချက်ကို လက်ခံတဲ့အကြောင်း မြန်မာ့တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေးနမ်ဘီယားနဲ့ နေပြည်တော်မှာ   တွေ့ဆုံ ရာမှာ   မြန်မာ   စစ်တပ်အကြီးအကဲက ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာမှာ တာဝန်သိတဲ့ နိုင်ငံအနေနဲ့ တာဝန်ထမ်းဆောင်လိုတဲ့အကြောင်း ငြိမ်းချမ်းရေးကိုလည်း လိုလားတဲ့အကြောင်းနဲ့   ပြည် သူ လူ ထုရဲ့ လူမှုဘ၀လုံခြုံရေးအတွက် ကုလမသဂ္ဂ အဖွဲ့အစည်းနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်   က ကုလသမဂ္ဂ ကိုယ်စားလှယ်ကို ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်သ တင်းစာတွေမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့မှာ ဘယ်လို ပူးပေါင်းပါဝင်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ကုလသမဂ္ဂအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် နိုင်ငံတကာက စစ်သည်တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေကို ပြည်တွင်းစစ်နဲ့ ပဋိပက္ခဖြစ် ပွားနေ တဲ့ တိုင်းပြည်တွေကို စေလွှတ်ထားတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ


အမျိုးသားညီညွတ်ရေး ကွန် ဂ ရက် ပါ တီ ( မ င်္ဂ လာ ဒုံကြေ ညာ ချက် ) By burmamuslim on January 27, 2014

အမျိုးသားညီညွတ်ရေး ကွန် ဂ ရက် ပါ တီ ( မ င်္ဂ လာ ဒုံကြေ ညာ ချက် )


မောင်တော အကြမ်းဖက်ခံရမှု စုံစမ်းရန် ICG တိုက်တွန်း၊ ICG တွင် ဓါတ်ပုံအထောက်အထားများ တိကျခိုင်မာစွာ ရရှိထားဟုဆို

By burmamuslim on

 ရခိုင်ပြည်နယ်၊ မောင်တောမြို့ ဒုချီးရားတန်းရွာတွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှု နှင်ပတ်သက်ပြီး မြန်မာအစိုးရနှင့် လက်တွဲ ဆောင်ရွက်နေသည့် ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) က ပွင့်လင်းမြင်သာသည့် စုံစမ်းမှုတခု အမြန်ဆုံးလုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။ ဒုချီးရားတန်းရွာ၌ မွတ်စလင် ၄၀ ဦးကျော် သေဆုံးမှုတွင် ရာဇ၀တ်မှု ကျူးလွန်သူ အားလုံးကို မြန်မာအစိုးရအနေဖြင့် ထိထိရောက်ရောက် စုံစမ်းအရေးယူပေးရန် ICG က တိုက်တွန်းခြင်းဖြစ်သည်။ ICG ၏ ယခု သတင်းထုတ်ပြန်ချက်သည် အကြမ်းဖက်မှုဖြစ်ပွားခဲ့ရာ ဒေသသို့ သွားရောက်ခဲ့သူများ အပါအ၀င် ယင်းအဖြစ်အပျက်နှင့်ပတ်သက်ပြီး မျက်မြင် သက်သေများနှင့် မေးမြန်းပြောဆိုမှုပြီးနောက် မှတ်တမ်းဓာတ်ပုံ တချို့ပါ ရရှိခဲ့ သောကြောင့် ဇန်န၀ါရီလ ၉ ရက်က ၁၃ ရက်အတွင်း အကြမ်းဖက်မှုဖြစ်ရပ်တွင် လူပေါင်း ၄၉ ဦး ၀န်းကျင် အသတ်ခံခဲ့သည်ကို ယုံကြည်ရကြောင်းကို ယမန်နေ့ ရက်စွဲဖြင့် ထပ်မံ ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။ ICG ၏ စုံစမ်းမှုများအရ သေဆုံးသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်ပြီး ရဲတပ်ဖွဲ့က အဆိုပါ လူသတ်မှု တချို့ကို ကျူးလွန်ခဲ့ကြောင်း သတင်းထုတ် ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများက အဆိုပါ အကြမ်းဖက်မှုအပေါ် အမှုမှန်ပေါ်လာရေး အမြန်ဆုံးဆောင်ရွက်မှုပြုရန် တိုက်တွန်းထားသော်လည်း မြန်မာအစိုးရက ယင်းဖြစ်ရပ်သည်ဟုတ်မှန်ခြင်း မရှိကြောင်း ငြင်းဆိုဆဲဖြစ်သည်။ မြန်မာအစိုးရ၏ ယင်းကြေညာချက် ထွက်ပေါ်လာပြီး ၂ ရက်အကြာတွင် ICG က ဒုချီးရားတန်းရွာ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယခုကဲ့သို့ ထပ်မံဖော်ပြလာခြင်းဖြစ်သည်။ ICG ၏ သတင်းထုတ်ပြန်ချက်တွင် ပထမဆုံး ပြဿနာဖြစ်ပွားခဲ့သည့် ဇန်န၀ါရီလ ၉ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံဖြတ်ကူးရန် ကြိုးစားနေသည့် မွတ်ဆလင် ၈ ဦး အုပ်စုတစုကို ရခိုင်ဗုဒ္ဓဘာသာ ရွာလူကြီးက ဖမ်းဆီးသတ်ပစ်ပြီး ကျင်းတူး မြှုပ်နှံခဲ့သည်မှာ အထင်အရှားဖြစ်သော်လည်း မည်သည့်အတွက် ယင်းသို့ သတ်ဖြတ်ရသည်ကို ရှင်းလင်းသဲကွဲမှု မရှိ ကြောင်း ICG က ဆိုသည်။ ဒုချီးရားတန်းရွာရှိ မွတ်ဆလင်တဦးက သေဆုံးသူတွေကို မြှုပ်နှံထားသည့် သင်္ချိုင်းကို ဖြတ်သွားစဉ် အလောင်းများကို စမတ်ဖုန်းနှင့် ဓာတ်ပုံရိုက်ခဲ့သည်ဟု ICG က ရေးသား ထားသည်။ အဆိုပါ ဓာတ်ပုံ အထောက်အထားရှိနေသည့်အတွက် ရဲတပ်ဖွဲ့က သတင်းမပေါက်ကြားအောင် ကာကွယ်ကြိုးစားခဲ့သည်ဟု ICG က ဆိုသည်။ ၎င်းကြိုးပမ်းမှုတွင် ရဲတပ်ကြပ်ကြီး တဦးအား မွတ်ဆလင် ရွာသားများက ဖမ်းဆီး သတ်ဖြတ်လိုက်သောကြောင့် ပြဿနာ မီးပွားစတင်ဖြစ်ပွားကာ လူသတ်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ICG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ICG ၏ ထုတ်ပြန်ချက်အရ အဆိုဒေသရှိ ရဲဝန်ထမ်းများသည် ရခိုင်လူမျိုးများ ဖြစ်ပြီးပြီးခဲ့သည့် သတ်ဖြတ်မှုတွင် ပါဝင်ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရသဖြင့် ယင်းဒေသခံ ရခိုင်လူမျိုး ရဲတပ်ဖွဲ့ဝင်များကို ရုပ်သိမ်းသင့်ကြောင်း ထောက်ပြ ထားသည်။ အခင်းဖြစ်ရပ်အပေါ် စုံစမ်းမှုနှင့် နယ်မြေလုံခြုံရေးကိစ္စများအတွက် ရခိုင်ပြည်နယ် ပြင်ပက ရဲတပ်ဖွဲ့များဖြင့်သာ ဖော်ဆောင်သင့်ကြောင်း ဖြစ်နိုင်ပါက စစ်တပ်က အကူအညီပေးသင့်ကြောင်း ICG က ထောက်ပြသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက် ရာဇ၀တ်မှုများကို ကျူးလွန်နေသူများအပေါ် အပြစ်ပေးအရေးယူမှု လုပ်မည်ဆိုပါလျှင် အစွန်းရောက်လှုပ်ရှားမှုများ အဆုံးသတ်သွားနိုင်ကြောင်း ICG က ဆက်လက်ဖော်ပြထားသည်။ ICG က မကြာသေးခင်ကထုတ်ပြန်ခဲ့သည့် The Dark Side of Transition: Violence against Muslims in Myanmar “အသွင်ကူးပြောင်းရေး၏ အမှောင်ဘက်ခြမ်း- မြန်မာနိုင်ငံတွင် မွတ်စလင်များအပေါ် အကြမ်းဖက်မှု” အစီရင်ခံစာတွင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ပွင့်လင်းလာသည့် ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အကြံပြုထားသည်။ ICG ၏ စာမျက်နှာ ၃၆ မျက်နှာရှိပါ ယင်းအစီရင်ခံစာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း အစိုးရ၏ ထိရောက်သော ဖြေရှင်းမှု မရှိခြင်း၊ လူ့အဖွဲ့အစည်း အတွင်း ခံယူချက်သဘောထားများ ပြောင်းလဲမပစ်နိုင်ခြင်းများသည် ဒေသတွင်းနှင့် ပြင်ပကမ္ဘာအထိပါ သက်ရောက်နိုင်ကြောင်း ICG က ထောက်ပြထားသည်။ ယင်းအပြင် ရဲတပ်ဖွဲ့ဝင်များအား တရားဥပဒေ စိုးမိုးရေးကို လေးစားရန်၊ လူစုလူဝေးဖြင့် ဖြစ်ပေါ်လာသည့်ကိစ္စများကို နိုင်ငံတကာ စံချိန်စံနှုန်းမီ ကိုင်တွယ်ဖြေရှင်းရန်နှင့် ပြည်တွင်းလူနည်းစု ဘာသာခြာများကို အကာအကွယ်ပေးနိုင်ရေး စသည့် ကိစ္စရပ်များကို လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း အကြံပြုထားသည်။

မောင်တောမှရိုဟင်ဂျာများအားသတ်ဖြတ်မှုစုံစမ်းစစ် ဆေး ဖို့ မြန် မာ အ စိုး ရ ကို ကမ္ဘာ ဘဏ် ဥက္ကဋ္ဌ တောင်း ဆို

By burmamuslim on


jim-yong-kim-world-bankကမ္ဘာ့ဘဏ် ဥက္ကဋ္ဌက မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်း ကျေးရွာက သတ်ဖြတ်ခံ ရတယ်ဆိုတဲ့ ကိစ္စတွေကို စုံစမ်း စစ်ဆေး သင့်တယ်လို့ ပြောခဲ့ပါတယ်။ ဒီလအတွင်းမှာပဲ ရခိုင်ပြည်နယ်၊ ဒုချီးရားတန်းကျေးရွာမှာ ရိုဟင်ဂျာမွတ်ဆလင် အနည်းဆုံး (၄၀) လောက် သတ်   ဖြတ် ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့အပေါ် မြန်မာအစိုးရ အနေနဲ့ စုံစမ်းစစ်ဆေးရေးလုပ်ဖို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim က တန င်္လာနေ့ မှာ တောင်းဆိုပါတယ်။

“အကြမ်းဖက်မှုတွေကို ကျနော်တို့ လျစ်လျှူရှုထားမှာ မဟုတ်ပါဘူး၊ နောက် အစိုးရအနေနဲ့လည်း ဒီကိစ္စ စုံစမ်းစစ်ဆေးရေးအတွက် အတတ်နိုင်ဆုံး နည်း လမ်းပေါင်းစုံ အသုံးပြုဆောင်ရွက်ပြီး သင့်လျော်တဲ့နည်းလမ်းနဲ့ တုံ့ပြန်ဆောင်ရွက်လိမ့်မယ်လို့ ကျနော်တို့မျှော်လင့်တဲ့အကြောင်း” – ကမ္ဘာ့ ဘဏ် ဥက္ကဋ္ဌ Jim Yong Kim က ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။ ဒီလ အစော ပိုင်းတုန်းကပဲ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာက ဒေသခံ ရိုဟင်ဂျာ မွတ်ဆလင်အနည်းဆုံး (၄၀) လောက် သတ်ဖြတ် ခံရတယ်ဆိုပြီး ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုခဲ့ကြတာပါ။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကမ်ဟာ နေပြည်တော်မှာ ပြုလုပ်သွားတဲ့ ဒုတိယအကြိမ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ဖော်ရမ်မှာလည်း မိန့် ခွန်းပြော ခဲ့ပြီး မနေ့က ညနေပိုင်းမှာတော့ နေပြည်တော် နိုင်ငံတကာ လေဆိပ်က တဆင့် မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။   မြန်မာပြည် ခရီးစဉ် အတွင်းမှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကမ်ဟာ သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့အပြင် အမျိုး သား  ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း ၂၀၃၀ ခုနှစ်မှာ ပြည်သူအားလုံး လျှပ်စစ်မီးရရှိရေးနဲ့ အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးဆိုတဲ့ မြန်မာ အစိုး ရရဲ့ ရည်မှန်းချက်အတွက် ကမ္ဘာ့ဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာ သန်း (၂,၀၀၀) ပမာဏရှိတဲ့ နှစ်ရှည်ဖွံ့ဖြိုးရေး အစီအစဉ် ဆောင်ရွက် သွား မယ် လို့ နေပြည်တော် မှာ ပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာဘဏ် ဥက္ကဋ္ဌ ပြောကြားခဲ့ကြောင်းကို ဗီအိုအေရဲ့ သတင်းမှာ ဖော်ပြထား ပါတယ်။

ဗီအိုအေ မြန်မာပိုင်းတွင်ဖော်ပြထားသည့် သတင်းမှ ကောက်နှုတ်ဖော်ပြပါသည်။

ဒူဘိုင်းတွင်၂၀၁၃ ခုနှစ်တွင်း မြန်မာ အ ပါ အ ဝင် နိုင် ငံ စုံ မှ လူ ၂၀၀၀ ကျော် အစ္စ လာမ် သာ သာ နာ သို့ ကူး ပြောင်း ခဲ့

By burmamuslim on


Dubai-mosque-ritual-washing-demonstration
ယူအေအီးနိုင်ငံ ဒူဘိုင်းတွင်၂၀၁၃ ခုနှစ် အတွင်း ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ကင်မရွန်း၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ အမေရိ ကန်ပြည်   ထောင် စု၊ အီတလီ၊ ဂျာမဏီ၊ ဗြိတိန်၊ သြစတေးလျ၊ မြန်မာ၊ ဆီးရီးယား၊ ဂျော်ဒန် နှင့် လက်တင်အမေရိကတို့မှ လူပေါင်း ၂၀၀၀ ကျော် အစ္စလာမ် သာ သနာ ကို သက်ဝင်ကူးပြောင်းခဲ့ ကြသည့်ဟု UAE အခြေဆိုဒ် မီဒီယာတခု တွင် ဖော်ပြထားသည်။

Bur Dubai မှ December02 လမ်းရှိ Al Ber အဖွဲ့အစည်း၌ ၂၀၁၃ ခုနှစ်တွင် နိုင်ငံအသီးသီးမှ လူပေါင်း ၂၁၁၅ ဦးထက်မနည်း အစ္စလာမ်သာ သနာ သို့   ကူးပြောင်းလက်ခံခဲ့ကြသည်။

အစ္စလာမ်ဘာသာကို သက်ဝင်လက်ခံလာကြသော အာရဗ်နှင့်နိုင်ငံခြားသားတို့မှာ ၂၀၀၉ ခုနှစ်တွင် ၁၀၅၉ ဦး၊ ၂၀၁၀ ခုနှစ်တွင် ၁၅၀၀ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၁၃၈၀ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁၉၀၇ ဦးနှင့်နှိုင်းစာပါက သိသိသာသာမြင့်မားနေသည်ဟု စင်တာ၏ဒါရိုက်တာဖြစ်သူ ရာရှစ် အလ်ဂျူနိုက်ဘီ Rashid Aljunaibi က ဆိုသည်။

ဤစင်တာမှ အကောင်းဆုံး၊ အလွယ်ကူဆုံး၊ အသိမ်မွေ့ဆုံး၊ အဆွဲဆောင်နိုင်ဆုံးနည်းလမ်းဖြင့် မွတ်စလင် မဟုတ်သူများထံ အစ္စလာမ် အကြောင်းကို တတ်နိုင်သမျှ စွမ်းစွမ်းတမံ တင်ပြမိတ်ဆက်ပေးခဲ့ကြောင်း၊ ကိုးကွယ်ရာ၊ လူမျိုးနွယ်၊ ဘာသာစကား၊ အသားအရောင်မရွေး လူသားအားလုံးအပေါ် ကြင်နာမှု၊ တရားမျှတမှု၊ ရိုးသားမှုထားရှိရန် သွန်သင်ထားသော အစ္စလာမ့် အဆုံးအမများ၊ မေတ္တာတရားနှင့်ကြောင်းကျိုး ညီညွတ်သည့် သွန်သင် ချက် များကို လူတို့မှ အထူးစိတ်ဝင်စားခဲ့ကြကြောင်း၊ စင်တာ၏မှတ်တမ်းများအရ  ၁၉၉၃ ခုနှစ်မှစ၍ ယူအေအီးနိုင်ငံတွင် တိုင်းပြည်အသီးသီးမှ အစ္စလာမ် သို့သက်ဝင် လက်ခံလာသူပေါင်း နှစ်သောင်းကျော်ရှိနေပြီကို တွေ့ရကြောင်း အလ်ဂျူနိုက်ဘီက ပြောပြသည်။

“ မွတ်စလင်သစ်လွင်များဟာ ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ကင်မရွန်း၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ အမေရိကန်ပြည်ထောင်စု၊ အီတလီ၊ ဂျာမဏီ၊ ဗြိတိန်၊ သြစတေးလျ၊ မြန်မာ၊ ဆီးရီးယား၊ ဂျော်ဒန် နဲ့လက်တင် အမေရိကဆီက ဖြစ်ကြပါတယ်။ ယခုအခါ ဒီအသင်းအဖွဲ့ကနေ မွတ်စလင် သစ်လွင်ဖြစ်ခြင်းကို ခိုင်မာစေတဲ့ အသိအမှတ်ပြုလက်မှတ်ကို ဒူဘိုင်းမှာရှိတဲ့ အစ္စလာမ့်ရေးရာနဲ့စေတနာ့ဒါနလုပ်ငန်းဌာန (နဲ့) တရားရုံးများကတဆင့် ထုတ်ပေးနေပါတယ် ”။ လို့ အလ်ဂျူနိုက်ဘီက ပြောကြားခဲ့ပါသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင် ဆန့် ကျင်နေ သည့်၁၉၈၂နိုင်ငံသားဥပဒေ

By burmamuslim on


တဖန် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၈(ခ) တွင် နိုင်ငံတော်ကောင်စီသည် နိုင်ငံတော်၏အကျိုးငှာ မွေးရာပါ နိုင်ငံသားမှအပ မည်သူ့ကို မဆို နိုင်ငံသားသို့မဟုတ်ဧည့်နိုင်ငံသားသို့မဟုတ် နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရုပ်သိမ်းနိုင်သည်ဟု ဆိုထားပြန်ပါသည်။

ဒီနေရာမှာ ကျွန်တော်တင်ပြချင်တာကတော့ တည်ဆဲမြန်မာနိုင်ငံသားဥပဒေမှာပါတဲ့ ၁၈၂၃ခုနှစ်ဆိုသော သက္ကရာဇ်မှာ ယနေ့အချိန်မှာဆိုရင် လွန်ခဲ့သောနှစ်ပေါင်း ၁၉၀လောက်ရှိနေပါပြီ။ ရာစုနှစ်၂ခုနီးပါးလောက် အချိန်အခါ အထောက်အထားတင်ပြရန်မှာ မလွယ်ကူသောကြောင့် တိုင်းရင်းသားတစ်ဦးဦးအား ၁၈၂၃မတိုင်မီ မြန်မာနိုင်ငံသို့လာရောက်နေထိုင်ကြောင်း အထောက်အထားတင်ပြနိုင်မှ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရမယ်ဆိုရင် ထိုပုဂ္ဂိုလ်သည်တိုင်းရင်းသားဖြစ်ပါလျက် တိုင်းရင်းသားဖြစ်မှုဆိုသော အခွင့်အရေးကို ဆုံးရှုံးသွားမည်မှာ ဧကန်မုချ။ ထိုပုဂ္ဂိုလ်ဟာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု မခံရသောကြောင့် နိုင်ငံသားဥပဒေပုဒ်မ(၅) အရ မွေးရာပါနိုင်ငံသားဟု အသိအမှတ်ပြုခြင်း မခံရသည့်အပြင် အခန့်မသင့်ရင် ပုဒ်မ ၈(ခ)အရ နိုင်ငံသားအဖြစ်မှတောင် ရုပ်သိမ်းခြင်းခံရနိုင်ပါတယ်။
ဒါကြောင့်မို့လို့ ၁၉၈၂ နိုင်ငံသားဥပဒေသည် တိုင်းရင်းသားလူမျိုးများအားလုံး၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည်ဟု အတိအကျမပြောနိုင် ပါ။ ဒါ့အပြင် ၁၉၈၃ ခု၊ နိုင်ငံသားဥပဒေ လုပ်ထုံးလုပ်နည်းများအရ နိုင်ငံသားစီစစ်ရေး ကတ်ပြားများပေါ်တွင် လူမျိုး၊ ဘာသာနဲ့ အလုပ်အကိုင်များ ကို ဖော်ပြထားခြင်းသည် လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း စသည်တို့ကိုအကြောင်းပြု၍ ခွဲခြားမှုမရှိ စေရဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၈ နဲ့ လိုက်လျောညီထွေမှု ရှိမရှိကိုလည်း စဉ်းစားစရာဖြစ်နေပါတယ်။ မည်သည့် တိုင်းရင်းသားလူမျိုးဖြစ်သည်၊ မည်သည့်ဘာသာကို ကိုးကွယ်သည်ဆိုတာကို နိုင်ငံသားစီစစ်ရေး ကတ်ပြားများပေါ်တွင် မဖော်ပြဘဲ နိုင်ငံတော်ရဲ့လိုအပ်ချက်အရ သိရှိလိုပါက သက်ဆိုင်ရာဌာနမှတ်တမ်းများတွင် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ ဒေတာဘေ့စ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းထားပါက သက်ဆိုင်ရာမှ အလွယ်တကူ ရှာဖွေနိုင်မှာဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ တိုင်းရင်းသားလူမျိုးများ၏ အခြေခံအခွင့်အရေး မဆုံးရှုံးစေရန်အတွက် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ခေတ်သစ်၊ စနစ်သစ်နဲ့ လိုက်လျောညီထွေဖြစ်အောင်၊ ယုတ္တိရှိအောင်၊ လူ့အခွင့်အရေးစံချိန်စံညွှန်းများနဲ့ကိုက်ညီအောင် ပြင်ဆင်ပြီး ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ် စား လှယ် ဦးတီခွန်မြတ်အဆို တင်သွင်းပြသည့်အတိုင်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေတစ်ရပ်   ပြဌာန်းပေးသင့်ပါကြောင်း ဤလွှတ်တော်သို့ အလေးအနက်ထား အကြံပြုတင်ပြအပ်ပါတယ်ခင်ဗျာ။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ကွတ်ခိုင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ် ၏ ၁၉၈၂ နိုင်ငံသား ဥပဒေပြင်ဆင်ရေး အဆိုကို ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ လွှတ်တော်အမတ် ဦးရွှေမောင်၏ ထောက်ခံ ဆွေးနွေးချက်ဖြစ်ပါတယ်။

၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ ၀ှက် ချက် များ အက် ဥပဒေ

By burmamuslim on

ပုဒ်မ ၃ မှ ကောက်နူတ်ချက်
၁။ မည်သူမဆို နိုင်ငံတော်၏ လုံခြုံရေးကို ဖြစ်စေ ၊နိုင်ငံတော်၏ အကျိုးစီးပွားကို ဖြစ်စေ နစ်နာရန် အလို့ ဌာ -
(ကက) ပိတ်ပင်ထားသောနေရာကို ချဉ်းကပ်လျှင်သော်လည်းကောင်း ၊ဖြတ်ကျော်လျှင်သော် လည်းကောင်း ၊ထိုအရပ် အနီးအနားတွင် ရှိနေ လျှင်သော် လည်းကောင်း ၊ထိုအရပ်ကို ၀င်ရောက်လျှင်သော် လည်းကောင်း ။
(ခခ) ရန်သူတစ်ဦးအား တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်၍ ဖြစ်စေ ၊အသုံးကျစေလိုသည့် ၊အသုံးကျစေမည့် ၊ အသုံးကျစေရန် ကြံရွယ်၍ ၊ရုပ်ပုံ ၊ နယ်ပုံ ၊ မှတ်စု တစ်ခုခုကို ပြုလျှင်သော် လည်းကောင်း ။
(ဂဂ) ) ရန်သူတစ်ဦးအား တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်၍ ဖြစ်စေ ၊အသုံးကျစေလိုသည့် ၊အသုံးကျစေမည့် ၊ အသုံးကျစေရန် ကြံရွယ်၍ ၊လျှို့ ဝှက်သော အမှုထမ်းသုံး ၊ အရာထမ်းသုံး စကားကို ဖြစ်စေ ၊စကားဝှက်ကို ဖြစ်စေ ၊ရုပ်ပုံ ၊ နယ်ပုံ ရေးသားချက် ၊မှတ်စု ၊ အခြားစာတမ်း အမှတ်အသား သတင်း တစ်ခုခုကို ဖြစ်စေရယူလျှင်သော် လည်းကောင်း ၊ စုဆောင်းလျှင်သော် လည်းကောင်း ၊ပုံနှိပ် ထုတ်ဝေလျှင်သော် လည်းကောင်း ၊အခြားသူ တစ်ဦးဦး အား သတင်းပေးလျှင်သော် လည်းကောင်း ၊ထိုသူအား ထောင် ၃ နှစ်အထိ ချမှတ်နိုင်သည် ။
ထို့ ပြင် ခုခံတိုက်ခိုက်ရန် ပြုလုပ်ထားသော လက်နက်တိုက် ၊(ကြည်း)(ရေ)(လေ) တပ်တစ်ခုခုကို ထားရာဒေသ ၊၎င်း တပ်တစ်ခုခု၏ တပ်နယ် တစ်ခုခု ၊
မိုင်း၊ မိုင်းများပြုလုပ်ရာဒေသ ၊ စက်ရုံ ၊ သင်္ဘောကျင်း ၊စစ်စခန်းသင်္ဘော ၊ လေယာဉ်ပျံတစ်စီးစီး နှင့် စပ်လျဉ်း ၍ထိုပြစ်မှုကို ကျူးလွန်လျှင်သော် လည်းကောင်း ၊
(ကြည်း)(ရေ)(လေ) တပ် ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း ၍အခြားနည်းဖြင့် ကျူးလွန်လျှင်သော် လည်းကောင်း ၊လျှို့ ဝှက်သော အမှုထမ်းသုံး ၊ အရာ ထမ်း သုံး စကား တစ်ခုခုနှင့် စပ်လျဉ်း ၍ကျူးလွန်လျှင်သော် လည်းကောင်း ၊ထိုသူအား ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည် ။
( နိုင်ငံတော် ၏ လျှို့ ဝှက်ချက် နှင့်အစိုးရ အဖွဲ့ ဝင်များ ၏ လျှို့ ဝှက်ချက် …မကွဲပြားသေးသော မီဒီယာ သမား များသို့  ရည်ညွှန်းပါသည် )
ကိုရဲမိုး