Wednesday, September 5, 2012

၂၀၁၃ တွင် အင်္ဂါ ဂြိုလ် လေ့လာရေး အစီအစဉ် စတင် မည် ဟု အိန္ဒိယ ဆို


India's PM Singh inspects a guard of honour upon his arrival at the historic Red Fort during Independence Day celebrations in Delhi
 
6
 
1
 
မဲပေးပါ

၂၀၁၃ ကျ ရင် Mars လို့  ခေါ် တဲ့ အင်္ဂါ ဂြိုလ် ကို စုးစမ်း လေ့လာ ဖို့  အတွက် အကာသာ ယာဉ်
စေလွှတ် မယ် လို့  ဗြိတိသျှ ကိုလိုနီ လက်အောက် ကနေ လွတ်မြောက် ခဲ့ တဲ့ အိန္ဒိယ နိုင်ငံ ရဲ့ 
၆၅ နှစ် မြောက်  လွတ် လပ် ရေး နေ့ မှာ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း က ပြောကြား လိုက် ပါတယ်။
အကာသ နည်း ပညာ ကို ခုန် ပျံ ကျော်လွှား ပြီး  အိန္ဒိယ က ရရှိ ခဲ့ တယ် ဆိုတာ အာကာ ပြိုင်ပွဲ
ဆင် နွှဲ နေတဲ့ နိုင်ငံ တွေ အကြား မှာ သိရှိ ထား ပေမယ့် အခု လို ဗြုန်း စား ကြီး ကြေငြာ ခဲ့ တဲ့ အတွက်
သူ့ ထက် အရင် အာကာသ ကို ခြေချ နိုင်ခဲ့ တဲ့ ရုရှား ၊ ဗြိတိန် ၊ ပြင်သစ် လို နိုင်ငံ တွေ တောင်   အံ
သြ ဘနန်း ဖြစ်ရတယ် လို့  နယူးယောက် တိုင်း (မ) က ရေးသား ထား ပါတယ်။
အိန္ဒိယ  နိုင်ငံ ဟာ ၁၉၆၀ ခုနှစ် က တည်း က အာကာသ စူးစမ်း လေ့လာ မှု တွေ အတွက် စတင်ခဲ့ ပြီး
၁၉၇၀ ပြည့် လွန် နှစ် တွေ မှာ ဆက်သွယ်ရေး နဲ့  မိုးလေ၀သ ဂြိုလ် တု တွေ အပါ အ၀င် ဂြိုလ်တု
နှစ်ဒါ ဇင် ကျော် ကို အာကာသ ထဲ ပြစ် လွှတ် နိုင်ခဲ့  ပါတယ်။
ဒေါ်လာ သန်း ၈၀ ကျော် အကုန် အကျခံထား တဲ့ အင်္ဂါ ဂြိုလ် ခရီး စဉ် ကို ၂၀၁၃ နိုဝင်ဘာ လ ထဲ မှာ
စတင် မယ် လို့  ဆိုပါတယ်။
အမေရိကန် နိုင်ငံ က တော့ ပြီး ခဲ့ တဲ့ သီတင်းပတ် က Curiosity လို့  ခေါ်တဲ့ စူးစမ်းလေ့လာရေးယာဉ်
ကို အင်္ဂါ ဂြိုလ် ပေါ် အောင်မြင်စွာ ပစ်လွှတ် နိုင် ခဲ့ ပါတယ်။
ကမ္ဘာ့  အင်အားကြီး နိုင်ငံ တွေ ဟာ သူတို့  ရဲ့  နည်းပညာ အထိတ်အထိပ် ရောက် နေကြောင်း ကို ပြ
တဲ့ အနေနဲ့  အာကာသ နည်း ပညာမှာ သူ့ ထက် ငါ ပြိုင် ဆိုင်မှု တွေ ပြု လုပ် တတ်ကြ ပေမယ့် ဒီနယ်
ပယ် ထဲ ကို နောက် ကျ မှ ၀င်လာ တဲ့ အိန္ဒိယ က တော့ အားလုံး ကို ကျော်ဖြတ် အနိုင် ယူဖို့  ပြင်ဆင်
နေပြီ လို့  ScienceTECH မှာ ရေးသားထား ပါတယ်။
လွတ်လပ်ရေး နေ့ မှာ ၀န်ကြီးချုပ် က ကျဉ်ကာ မှန်တွေ  အပြည့် တပ် ဆင် ထားတဲ့ စင်မြင့် ထက် က
နေ စကား ပြောခဲ့ ပြီး ဗိုလ်ရှု ခံ စဉ် မှာ တော့ ဒုံး လက် နက် သစ် တွေ ကို ပါ စစ်ရေး ပြ အနေနဲ့  ပွဲထုတ်
ခဲ့ ပါတယ်။
မန်မိုဟန်ဆင်း က အိန္ဒိယ နိုင်ငံ ရဲ့  GDP ဟာ မနှစ် က ထက် တိုးတက် လာ တယ် လို့  ထည့် သွင်းပြော
ကြားခဲ့ ပါတယ်။
အိန္ဒိယ နိုင်ငံ ဟာ ဒုံးလက် နက် နည်း ပညာ နယ် ပယ်မှာ လည်း  ကီလိုမီတာ  ၈၀၀၀ နီးပါး ကို ပစ်ခတ် နိုင်တဲ့
အဂ္ဂနီ ဒုံး ပျံ  ၅ ကို တီ ထွင် နိုင်ခဲ့ ပြီး ကီလိုမီတာ ၁၀၀၀၀ အထိ ပစ်လွတ် နိုင်တဲ့ အဂ္ဂနီ ၆ ကို စမ်းသပ် နေဆဲ
ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လက တော့ အိန္ဒိယ နိုင်ငံ မြောက် ပိုင်းမှာ လျှပ် စစ်မီး ပြတ်တောက်မှု ကြောင့် လူ သိန်း ချီ ဒုက္ခ
ရောက် ခဲ့ ကြရပါတယ် ။

တိုက်ချင်း ပစ် အပါအ၀င် မည်သည့် ဒုံးလက် နက် မဆို ဖမ်းယူ နိုင်သည့် ရေဒါ ကို ဂျပန် မှာ တပ် ဆင်

nextgov-medium
10
0

မဲပေးပါ

မြေပြင်မှာ ဝေဟင် ၊ ဝေဟင် မှာ မြေပြင် အပါ အ၀င် မည် သည့် ဒုံးလက် နက် ၏ လှိုင်း
ကို မဆို ဖမ်း ယူ ရရှိ နိုင်သည့် ခောတ် မှီ X Band Radar ကို
အမေရိကန် အမှတ် ၇ ရေ တပ်မတော် တည် ရှိ ရာ ဂျပန် နိုင်ငံ တွင် ချ ထား
မည် ဟု ယနေ့  ပင် တဂွန် က အတည် ပြု သည်။ X Band သည် ဘက်စုံ သုံး
ရေဒါ ဖြစ် ပြီး ယခင် က အမေရိကန် နိုင်ငံ တွင်း နှင့် အရှေ့  ဥရော ပ
ဉ် တပ် ဆင် ခဲ့ သည်။ မည် သည့် တုန် ခါ မှု လှိုင်း ကို မဆို ဖမ်း ယူ ရရှိ နိုင်ပြီး
မော် တော် ကား ၊ သင်္ဘော ၊ လေယာဉ် ပျံ စ သည် တို့  ၏ အမြန်နှုန်း လှိုင်း များ
ကို မဆို ဖမ်း ယူ ရရှိ နိုင်သည့် ရေဒါ ဖြစ်သည်။ ရာသီ
ဥတု နှင့် အမိန့် ပေး စနစ် ကို လည်း ကျင့် သုံး နိုင်သည်။
မြောက် ကို ရီးယား ၏ ဒုံးလက် နက် ခြိမ်းခြောက် မှု နှင့် တရုတ် နိုင်ငံ ၏
ဒုံးလက်နက် ယှဉ်ပြိုင် နေ မှု ကို ကာကွယ် ရန် ဂျပန် တွင် တပ် ဆင် ခြင်း
ဖြစ်သည်။ ထို သို့  တပ် ဆင် မှု သည် အာရှ ဒေ သတွင် အမေရိကန် ၏ ကာ
ကွယ် ရေး စနစ် အဆင့် မြှင့် တင် ခြင်း ၏ အစိတ် အပိုင်း ဖြစ်သည်။
X Band Radar တွင် ပါ ၀င် သော စနစ် တစ် ခု က ရန်သူ ၏ ရေဒီယို လှိုင်း
များ ကို လည်း ကြား ဖြတ် ဖမ်း ယူ နိုင် သည်။
ရန်သူ နိုင်ငံ က ဒုံးလက် နက် ပစ် လွှတ်ခြင်း ကို ရေဒါ က တွေ့ ရှိ ပါက တိုက်
ချင်း ပစ် ဒုံး ပျံ များ ကို ကြား ဖြတ် ဟန့် တား နိုင်သည့် ဒုံးခွင်းဒုံး တပ် ဆင်ထား
သည့် သင်္ဘော သို့  မဟုတ် မြေပြင် တပ် ရင်း များ သို့  တစ်စက္ကန့်  ၏ ၁၀ ပုံ ၁
ပုံ အတွင်း အကြောင်း ကြား နိုင်သည်။
မြောက် ကို ရီးယား နိုင်ငံ သည် ဒုံးလက် နက် စမ်း သပ် မှု များ ကို  ပြု လုပ် ကာ
ဂျပန် နှင့် တောင် ကို ရီးယား နိုင်ငံ များ ကို ခြိမ်းခြောက် သည်။ တရုတ် နိုင်ငံ
က မူ တိုက် ချင်း ပစ် ဒုံး ပျံ များ ကို မကြာ မှီ ပြစ် ချ နိုင် တော့ မည် ဟု ဆိုသည်။

Photo : WSJ

လ ပေါ် ပထမဦးဆုံး ခြေချ နိုင်ခဲံ့ သည့် အကာသ သူ ရဲ ကောင်း အမ်းစထရောင်း ကွယ်လွန်


neil-armstrong-nasa-600
 
9
 
0
 
မဲပေးပါ

လူ့ သမိုင်း တစ်လျှောက် မှာ စွမ်းဆောင် ရည် အမြင့် ဆုံး နဲ့  စွန့် လွှတ် စွန့် စား မှု လုပ် ခဲ့ တဲ့
အာကာသ သူ ရဲ  ကောင်း နီးလ် အမ်းထရောင်း ဟာ အသက် ၈၂ နှစ် အရွယ် သြဂုတ်လ ၂၅
ရက် နေ့ မှာ ကွယ် လွန် ခဲ့ ပါတယ်။
အမ်းစထရောင်း ဟာ ၁၉၆၉ ခုနှစ် ဇူ လိုင်လ ၂၀ ရက်နေ့  မှာ အပိုလို အကာသ ယာဉ် နဲ့ 
ကမ္ဘာ က နေ မိုင်ပေါင်း နှစ် သိန်း လေး သောင်း နီး ပါး ကွာ ဝေး တဲ့ လကမ္ဘာ ပေါ် ကို
ပထမ ဦး ဆုံး ခြေချ နိုင် ခဲ့ တဲ့ လူသား တစ်ဦး လည်း ဖြစ်ပါတယ်။
၁၉၆၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့  ဆိုဗီယက် အာကာသ ယာဉ်မှုး ယူရီဂါဂါ ရင် ပထမ ဆုံး
အကာသယာဉ် နဲ့  ကမ္ဘာ ကို တစ် ပတ် ပတ် ခဲ့ ပြီး နောက် မှာ အမေရိကန် နဲ့  ဆိုဗီယက်
တို့  အာကသာ ပြိုင် ဆိုင် မှု တွေ တိုး မြှင့် လာ ခဲ့ ပါတယ်။
၁၉၆၁ ခုနှစ် မေလ ၂၅ ရက်နေ့ မှာ အဲဒီအချိန် က အမေရိကန် သမ္မတ ဂျွန် အက်(ဖ) ကနေဒီ
က  လ ကမ္ဘာ ပေါ် ကို အမေရိကန် နိုင်ငံ သား တစ်ဦး ပို့ ဆောင် မှာ ဖြစ် ပြီး ကမ္ဘာ ဂြိုလ် ကို
အောင် မြင် စွာ နဲ့  ပြန်လည် ရောက် ရှိ လာ အောင် ဒီ ဆယ် စု နှစ် အကုန် ပိုင်း မှာ လုပ် ပြ
မယ် လို့  ကြေငြာ ခဲ့ ပါတယ်။
သမ္မတ ကနေ ဒီ မိန့်  ခွန်း ရဲ့  အကျိုးဆက် အဖြစ်  ၁၉၆၉ ခုနှစ် မှာ နီးလ်း အမ်းစထရောင်း ၊ အက်ဒွင်
နဲ့  မိုက်ကယ် ကောလင်း တို့  ဟာ အပို လို ၁၁ ယာဉ် နဲ့  အကာ သ ကို ခရီး ကို နှင် ပြီး လကမ္ဘာ
ပေါ် ကို ခြေချမှု ပြု လုပ် ခဲ့ ပါတယ်။
From left are Neil Armstrong, Mission Commander, Michael Collins, Lt. Col. USAF, and Edwin Eugene Aldrin, also known as Buzz Aldrin, USAF Lunar Module pilot.
(AP Photo/NASA)
နီးလ် အမ်း စထရောင်း နဲ့  အာကာသ ယာဉ် မှု ၃ ဦး ဟာ မနှစ် က နိုဝင်ဘာလ က အမေရိကန် ကွန်ဂရက် ကပေး အပ်  တဲ့
အမြင့် ဆုံး နိုင်ငံ သား ဆု ဖြစ် တဲ့ Medal of Congress ကို ပေး အပ် ချီး မြှင့် ခံ ခဲ့ ရ  ပါတယ်။
လကမ္ဘာ ပေါ် ကို ခြေ ချ ပြီး နောက် ကမ္ဘာ ကို ပြန်လည် သတင်း ပို့  ရာ မှာ အမ်းစထရောင်း က လူသား တစ်ယောက် အနေ
နဲ့  သေး ငယ် တဲ့ ခြေလှမ်း ဖြစ် ပေမယ့် လူ သား မျိုး နွယ်စု တစ်ခု လုံး အတွက် က တော့ မဟာ ခြေ လှမ်း ဖြစ် တယ်
လို့  ဆို ပါတယ်။
အမ်းစထရောင်း ဟာ အကာသ ယာဉ်မှုး အက်ဒွင် နဲ့  အတူ လ ပေါ် မှာ ၃ နာ ရီ နီး ပါး ကြာ နေ ထိုင် ခဲ့ ပါတယ်။
NASA ကနေ  အနား ယူ တော့ စင်စင် နာတီ တက္ကသိုလ် မှာ စက် မှု ဘက် ဆိုင် ရာ ပါ မောက္ခ အဖြစ် တာဝန်
ထမ်းဆောင် ခဲ့ ပြီး အာကာသ သိပ္ပံ ပညာ ရပ် သင်ကြား တဲ့ တက္ကသိုလ် တွေ မှာ လည်း လိုက်လံ ဟော ပြော
ပို့  ချ ခဲ့ ပါတယ်။
ကမ္ဘာ ဂြိုလ် ကို ပြန် လည် ရောက် ရှိ လာ တဲ့ အမ်းစထရောင်း ကို CBS သတင်း ဌာန က နေ  လ ကမ္ဘာ အတွေ့ 
အကြုံ နဲ့  ပတ် သက် ပြီး မေး မြန်း တဲ့ အခါ သူက ” ငါတကယ် ပဲ အာမဘန္တေ ပြော ရဲ ပါတယ်။ ဒီ နေ ရာ ဟာ
သိပ် စိတ် ၀င် စား ဖို့  ကောင်း တာ ပဲ ” လို့  ဆိုပါတယ်။
အမ်းစထရောင်း ဟာ လူ့  သမိုင်း နဲ့  ချီ တဲ့ အောင် မြင် မှု ရရှိ ခဲ့ ပေမယ့် ထည်ဝါ ခမ်းနား စွာ နေ ထိုင် ပြီး ကျော်ကြား
မှု ကို မဖန် တီးခဲ့ ဘဲ သေဆုံး သည် ထိ အေးဆေး ရိုး ရှင်း စွာ နဲ့  ဘ၀ ကို ဖြတ် သန်း ခဲ့ ပါတယ်။ သူ့  ရဲ့  လုပ် ဖော်
ကိုင် ဖက် တွေ သမ္မတ ၊ လွှတ် တော် အမတ် စသည် ဖြင့် ၀င် ရောက် အရွေး ခံ ဖို့  တိုက် တွန်း ခဲ့ ပေမယ့် သူ ဟာ
ငြင်း ပယ် ခဲ့ ပါတယ်။
၁၉၆၉ ခုနှစ် မှ ၁၉၇၂ ခုနှစ် အထိ အမေရိကန် အာကာသယာဉ် မှုး ၁၂ ဦး လ ကမ္ဘာ ပေါ် သို့  ခြေ ချ နိုင် ခဲ့ ပြီး ဖြစ်
သည်။
အမ်းစထရောင်း နှင့် အာကာသယာဉ် မှုး အက်ဒွင် တို့  လကမ္ဘာ ပေါ် ခြေချ သည့် သတင်း ကို ထိုစဉ် က မြန်မာ
ရေဒီယို မှ ကြေငြာ ခဲ့ ပြီး တော်လှန်ရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး နေ၀င်း က လည်း ဂုဏ်ယူ ၀မ်းမြောက် ကြောင်း
သ၀ဏ် လွှာ ပို့  ခဲ့ သည်။
လကမ္ဘာ ပေါ် သို့  ခြေ ချ ခါ နီး တွင် အမ်းစထရောင်း ၏ သွေး ခုန် နှုန်း သည် တစ် မိနစ် လျှင် ကြိမ် နှုန်း ရေ ၁၅၀
ရှိ သည် ဟု နာဆာ က သတင်း ထုတ် ပြန် ခဲ့ သည်။
နီးလ် အမ်းစထရောင်း ကို သြဂုတ် လ ၅ ရက်နေ့ တွင် အိုဟိုင်းယိုး ပြည်နယ် ၀ါပါ ကိုနီတား တွင် မွေး ဖွာ ခဲ့ သည်။
လ ပေါ် မှာ ခြေချ ခဲ့ တဲ့ အမ်းစထရောင်း ရဲ့  ခြေရာ
အမေရိကန် အလံ ကို စိုက် ထူ ပြီး နောက် အလေး ပြု နေ စဉ်
အာကာသ သူ ရဲ ကောင်း သုံးဦး ကို အမေရိကန် မြို့  တိုင်း က ခမ်းခမ်းနားနား ကြိုဆို
ဂုဏ်ပြု
ကမ္ဘာ ဂြိုလ် သို့  ပြန် လည် ရောက် ရှိ လာသည့် အာကာသ ယာဉ် မှုး ၃ ဦး ကို သမ္မတ ရစ် ချတ် နစ် ဆင် က ကြို ဆို နှုတ် ဆက် နေ စဉ်
Medal of Congress ဆုယူ ပြီး နောက် သမ္မတ အိုဘားမား နှင့် တွေ့ ဆုံ စဉ်

FBI ကွန်ပျုတာ ထဲ မှာ Apple သုံးစွဲ သူ တို့  ၏ ID သန်း ကျော် ကို ဟက်ကာ တွေ ရရှိ

AntiSec-hackers
 
1
 
0
 
မဲပေးပါ

Anti Sec နှင့် Anonymous အုပ်စု များ မှ FBI ကွန်ပျုတာ များ တွင် မွှေနှောက် ရာ Apple
ထုတ်ကုန် များ ဖြစ်သည့် iPhone ၊ iPad , iPod နှင့် iTunes တို့  ကို အသုံး  ပြု သည့် လှို့ 
ဝှက် စာ ဖြစ်သည့် Apple ID ၁၂ သန်း ကို ရရှိ ခဲ့ ပြီး ပထမ တစ်သန်း ကို ယနေ့  ထုတ် ပြန်သည်။
FBI က ဟက်ကာ များ သည် ၎င်း တို့  ၏ ကွန် ပျုတာ အတွင်း သို့  ၀င်ရောက် ခဲ့ သည့် ခြေရာ
လက် ရာ တစ်စုံ တစ်ရာ မရှိ ဘဲ အခြေ အမြစ် မရှိ လျှောက် ပြောနေသည် ဟု ဆိုသည်။
၎င်း တို့  ၏ ဧဂျင့် လပ်တောပ် ထဲ မှာ ဒေတာ ၁၂ သန်း ကျော် ကို ဟက်ကာတို့  ရရှိ ခဲ့ သည် ဆို
ခြင်း နှင့် ပတ်သက် ပြီး FBI က မည်သည့် Apple ID မျှ  ရယူ ထား ခြင်း မရှိ ဟု ငြင်း ဆို ခဲ့ သည်။
Operation Anti-Security သည် အစိုးရ များ ၏ တရား မ၀င် စုံ စမ်း ထောက် လှမ်း သတင်း
ရယူ မှု များ ကို ၂၀၁၀ ခု နှစ် မှ စတင် ဖော် ထုတ် ခဲ့ သည်။ Anti Sec သည် Anonymous
လှုပ်ရှား မှု ၏ အစိတ် အပိုင်း ဖြစ်သည်။
Apple ကွန်ပျုတာ ကုမ္ပဏီ က မူ ထို သတင်း နှင့် ပတ်သက် ပြီး တစ်စုံ တစ်ရာ မှတ် ချက် ပေး
ပြော ဆို ခြင်း မရှိ သေးချေ။
ဟက်ကာ များ မှ ပထမ အသုတ်  ထုတ်ပြန်ထား သည့် Apple ID စာရင်း တစ်သန်း အနက် အချို့ 
ကို ကြည့် ရှု ရ နိုင်သည့် ဆိုတ် များ အနက်
ကို ကလစ် နှပ်ပါ
ထပ်မံ  ကြည့် ရှု နိုင်သည့် ဆိုတ်များ ကို မကြာခင် ဆက်လက် ဖော်ပြ ပေး ပါမည်။

Tuesday, September 4, 2012

မြန်မာနိုင်ငံ မိုးလေ၀သ နောက်ဆုံးသတင်းများ ၀က်ဘ်ဆိုက်

မိုးလေ၀သနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ လေ့လာ၊ ခန့်မှန်း ထုတ်ပြန်ခြင်း တို့ကို တာဝန်ရှိသူတဦး အနေဖြင့် မဟုတ်သော်လည်း တာဝန်သိသူတဦးအနေဖြင့်
ဆက်လက်လုပ်ကိုင်နေဦးမည်ဟု မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောသည်။



ယနေ့မွန်းလွဲပိုင်း ရန်ကုန်မြို့၌ပြုလုပ်သည့် Myanmar Climate Change Watch ၀က်ဆိုက်လွှင့်တင်ထားခြင်းနှင့် ပတ်သက်ပြီး အသိပေးသည့်ပွဲတွင်
ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ၀က်ဆိုက်ကို လွန်ခဲ့သည့် လပိုင်းကတည်းက
လွှင့်တင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မိုးလေ၀သ
နောက်ဆုံးသတင်းများ ရာသီဥတုဆိုင်ရာ အချက်အလက်များ၊ မိုးလေ၀သ ပညာရပ်နှင့်
သက်ဆိုင်သည့် ပညာပေး ဆောင်းပါးများကို ဖေါ်ပြပေးထားမည့် ၀က်ဆိုက်တခု
ဖြစ်သည်ဟု ရှင်းလင်းပြောဆိုချက်အရ သိရသည်။



မကြာမီ လပိုင်းအတွင်းက စတင်ခဲ့သည့် အဆိုပါ မိုးလေ၀သ သတင်းများကို ပြည်တွင်းနှင့် ပြည်ပမှ မြန်မာနိုင်ငံသား အများအပြား လာရောက်ဖတ်ရှုလျက်ရှိပြီး ဖတ်ရှုသူ
အရေအတွက်အားဖြင့် ၁သောင်းကျော်နှင့် ၀င်ရောက်ကြည့်ရှုသည့် အကြိမ်ရေ
တသန်းကျော်ရှိနေပြီဟုလည်း ဦးထွန်းလွင်ကပြောသည်။



မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်မှာ နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က မြန်မာနိုင်ငံ မိုးလေ၀သနှင့်ဇလဗေဒ ဌာန၏ ညွှန်ကြားရေးမှူးချုပ် အဖြစ်နှင့်
တာဝန်ထမ်းဆောင်ခဲ့ပြီး မုန်တိုင်း မ၀င်ရောက်မီ ရက်ပိုင်းအလိုတွင်
အဆိုပါမုန်တိုင်း၏ ဘေးအန္တရာယ် အလွန်ကြီးမားသည့်အချက်ကို သက်ဆိုင်ရာ
ဒေသအာဏာပိုင်များအား လုံလောက်စွာ အသိပေးခဲ့သော်လည်း
ကြိုတင်ပြင်ဆင်မှုအားနည်းခဲ့သည့် အချက်ကြောင့် ယူကျုံးမရ ဖြစ်ခဲ့ရသည်ဟု
ပြောဆိုသည်။ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းတွင်နေထိုင်သူ ၁သိန်း ၎
သောင်းနီးပါး အသက်ဆုံးရှုံးခဲ့ရသည်။



ဦးထွန်းလွင်က ``မိုးလေ၀သ သတိပေးချက်ဟာ အသုံးပြုသူတွေဆီရောက်ရမယ်၊ နားလဲလည်ရမယ်။ လိုက်နာဆောင်ရွက်ရမယ်။ အဲလိုမဟုတ်ရင် ဘယ်လောက်မှန်ကန်တဲ့
ကြိုတင်သတိပေးချက်ဖြစ်ပါစေ ဘာမှ အသုံးမကျတော့ဘူး´´ဟု နာဂစ်မုန်တိုင်း
အဖြစ်ကိုရည်ညွှန်းပြီးပြောဆိုသွားခဲ့သည်။



ယနေ့ပြုလုပ်သည့်ပွဲတွင် သောကြာနေ့ ညနေက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးမှ မြန်မာနိုင်ငံကို ဖြတ်ကျော်တိုက်ခတ်ခဲ့သည့်
ဂီရိဟုအမည်ပေးထားသည့် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြီးနှင့်
ပတ်သက်သည့် အချက်အလက်များကိုလည်း ရှင်းလင်းပြောပြသွားခဲ့သည်။ ဂီရိ
ဆိုင်ကလုန်းမုန်တိုင်းကြီးသည် ကျောက်ဖြူမြို့ အထက်မှ ကျော်ဖြတ်စဉ် တနာရီ ၉၁
မိုင်နှုန်းဖြင့် ဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု နောက်ဆုံးရရှိသည့်
သတင်းအချက်အလက်များအရ သိရသည်ဟုလည်း ပြောဆိုသည်။



အဆိုပါမုန်တိုင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို နာရီ မိနစ်နဲ့အမျှ အသိပေးသွားနိုင်ဖို့အတွက် မုန်တိုင်းဝင်ရောက်ခါနီး
အချိန်များတွင် နေ့မအိပ်ညမအိပ် အချက်အလက်စုဆောင်းပြီး
ဝက်ဆိုက်ပေါ်ရေးသားတင်ပေးခြင်း၊ မီဒီယာများမှ မေးမြန်းသည်တို့ကို
ဖြေကြားပေးခဲ့သည်ဟု ဆိုသည်။



ထို့ပြင် လာမည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင်လည်း မုန်တိုင်း ထပ်မလာတော့ဟု တပ်အပ်မပြောနိုင်သော်လည်း ယခုနှစ် ရာသီဥတုပုံစံအရ နောက်ထပ် မုန်တိုင်း ၃
လုံးအထိဝင်ရောက်နိုင်ခြေရှိ သေးသည်ဟုလည်း ဦးထွန်းလွင်ကပြောဆိုသည်။



ဦးထွန်းလွင်လွှင့်တင်ထားသည့် ၀က်ဆိုက်လိပ်စာမှာ http://www.tunlwin.com နှင့် http://tunlwinclimatewatch.info တို့ဖြစ်သည်။

Foreca မှ မိုးလေ၀သ ခန့်မှန်းချက်များ

အောက်ဖော်ပြပါ ၀က်ဆိုဒ် မှ မိမိသိလိုသော မြို့ ၏ ခန့်မှန်းချက်များအား မြို့ အမည်ကို ကလစ် နှိပ်ပြီး ဆက်လက် လေ့လာနိုင်ပါသည်။
Create a free website with

ရန်ကုန် ယူနိုက်တက်ပိုင်ကား သုံးစွဲမှု ဘောလုံး အဖွဲ့ချုပ် ဝေဖန်ခံရ

စင်ကာပူ လူငယ် အသင်းနှင့် ခြေစမ်းပွဲများတွင် မြန်မာ အသင်း အကြိုအပို့ လုပ်ရာ၌ ရန်ကုန် ယူနိုက်တက် အသင်းပိုင် ကားကို သုံးစွဲခဲ့သဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို အားကစား ကလောင်ရှင်များက မေးခွန်းထုတ် ဝေဖန်လျက်ရှိကြောင်း သိရသည်။


ရန်ကုန် ယူနိုက်တက် အသင်းပိုင် ကားတစီး (ဓာတ်ပုံ - ygnutd.com)

ရန်ကုန်မြို့ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေး စခန်းတွင် အသက် ၂၃ နှစ်အောက် မြန်မာအသင်းနှင့် မြန်မာ့ လက်ရွေးစင် အသင်းတို့သည် စင်ကာပူလူငယ် အသင်းနှင့် ဇူလိုင်လ ၂ ရက်နှင့် ၄ ရက်နေ့များတွင် ချစ်ကြည်ရေး ခြေစမ်းပွဲကစားခဲ့ကြပြီး ၂ ပွဲစလုံး၌ ဦးတေဇ၏ ရန်ကုန် ယူနိုက်တက် ဘောလုံး အသင်း တံဆိပ်ပါ နံပါတ်တပ်ဆင်ထားခြင်း မရှိသော ဘတ်စ်ကားကို မြန်မာကစားသမားများ စီးနင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ပြန်ကြားရေး အရာရှိ ဦးစိုးမိုးက ယင်းကဲ့သို့ မေးခွန်းထုတ်စရာ ရှိလာမည်ကို ကြိုတင် မှန်းဆမိခဲ့ သော်လည်း မော်တော်ယာဉ် အခက်အခဲကြောင့် အသုံးပြုခဲ့ရကြောင်း စင်ကာပူအသင်းနှင့် ဒုတိယမြောက် ခြေစမ်းပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောသည်။

ဦးစိုးမိုးက “နေရာတကာမှာ စည်းမျဉ်း စည်းဘောင်တွေ သိပ်ပြီးမပြောကြပါနဲ့” ဟု ဆိုသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် မော်တော်ယာဉ် ၀ယ်ယူနိုင်ရန် ငွေကြေးအပြင် တခြား လိုအပ်ချက်များစွာ ရှိကြောင်း ဦးစိုးမိုးက ပြောသော်လည်း အသေးစိပ်ကိုမူ ပြောကြားခြင်းမရှိပေ။

ရန်ကုန် ယူနိုက်တက် အသင်းပိုင်ရှင် ဦးတေဇသည် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ နာယက တဦးလည်းဖြစ်ပြီး ဘောလုံးအဖွဲ့ချုပ် အတွက်အဆင်ပြေသဖြင့် ထိုကဲ့သို့ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဦးစိုးမိုးက ဖြေရှင်းခဲ့သည်။

“ရန်ကုန်အသင်းကို ကြော်ငြာသလို ဖြစ်နေတာ သိပါတယ်။ တခါတလေ လူကြီး တယောက် စီစဉ်တာ ငြင်းရခက်ပါတယ်” ဟု အားကစားဂျာနယ် အယ်ဒီတာ လုပ်ခဲ့ဖူးသူ ဦးစိုးမိုးက ဆိုသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကဲ့သို့သော အသင်းကြီး အနေဖြင့် လက်ရွေးစင် အသင်းသားများအတွက် မော်တော်ယာဉ် ၀ယ်ယူရန် အခက်အခဲမရှိနိုင်ကြောင်း အပတ်စဉ်ထုတ် အားကစားဂျာနယ်မှ အယ်ဒီတာများက သုံးသပ်ကြသည်။

ပြီးခဲ့သော မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲတွင် မန္တလေး ဗထူး အားကစားကွင်းတွင် ကျင်းပခဲ့သော ရန်ကုန်နှင့် ရတနာပုံအသင်းတို့၏ ပြိုင်ပွဲအတွက် စာနယ်ဇင်းသမားများကို ဦးတေဇ က ကမကထပြု ခေါ်ယူစဉ်ကလည်း ထိုကဲ့သို အငြင်းပွားစရာ ဖြစ်ခဲ့ဖူးသည်။

ဦးတေဇက ရန်ကုန် ယူနိုက်တက် အသင်းပိုင်ရှင်အနေဖြင့် ခေါ်ယူခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယက အနေဖြင့် ခေါ်ယူခြင်းသာဖြစ်ကြောင်း ထိုစဉ်က ဖြေရှင်းခဲ့သည်။

စစ်အစိုးရနှင့် နီးစပ်သောသူဌေးများ ပိုင်ဆိုင်သည့် ကလပ်အသင်းများ၏ စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်ပါက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က အမြဲတစေ အကာအကွယ် ပေးလေ့ရှိကြောင်း သိရသည်။

ယမန်နှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သော မြန်မာ နေရှင်နယ် လိဂ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် Max Myanmar ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော် ၏ Delta United နှင့် ရတနာပုံ အသင်း ကစားပွဲတွင် မန္တလေး ပရိသတ်များက ဦးဇော်ဇော်သည် ဒိုင်၏ ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးနေကြောင်း ဝေဖန်မှုကြောင့် Delta United ကို Premier Coffee Company သို့ လွှဲပြောင်းပေးခဲ့ရသည်။