Thursday, September 27, 2012

ခရစ်ယာန်မိန်းကလေးအား လိမ်လည်၍ အမှုဆင်သောမွတ်စလင်ဗလီဆရာအား ဖမ်းဆီး တရားစွဲဆို


by FNG on September 23, 2012

KhalidChisti
DK ၊    ၊ပါကစ္စတန်နိုင်ငံတွင်လောလောလတ်လတ်ဖြစ်ပွားခဲ့သောကိစ္စတခုဖြစ်သည့် အသက် (၁၁)
နှစ်အရွယ် ခရစ်ယာန်ဘာသာဝင်မိန်းကလေးငယ်တဦးမှ ကိုရန်ကျမ်းစာရွက်များအားမီးမွှေး
ရာတွင်သုံးသည်ဆိုကာ တရားစွဲဆိုထားသောအမှုနှင့်ပတ်သက်၍ အဆိုပါခရစ်ယာန်မိန်း
ကလေးအား လိမ်လည်လုပ်ကြံပြီးအမှုဆင်ခဲ့သည်ဟုသတင်းထွက်လာသော မွတ်စလင်
ဗလီဆရာအား ဘာသာရေးအကြည်ညိုပျက်စေမှုနှင့် တရားစွဲဆိုရန်အမှုခိုင်လုံခြင်းရှိမရှိအား
ပါကစ္စတန်ရဲမှစုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် ပါကစ္စတန်ရဲမှ ဗလီဆရာဟာဖစ်ခါလစ်ခစ္စတီး
အား ဘာသာရေးအကြည်ညိုပျက်စေမှု (Blasphemy Law) နှင့် တရားစွဲဆိုရန်မှတ်
ပုံတင်ခဲ့သည်ဟု ပါကစ္စတန်ရဲအရာရှိတဦးဖြစ်သူ မူနီယာဂျက်ဖရီမှဆိုသည်။
ကိုရန်ကျမ်းစာအုပ်အားမီးရှို့သည်ဟုအစွပ်စွဲခံရသည့်ခရစ်ယာန်မိန်းကလေး၏အိတ်ထဲသို့
မွတ်စလင်ဗလီဆရာခါလစ်မှ ကိုရန်ကျမ်းစာတအုပ်အားထည့်၍ မိန်းကလေးမှမီးရှို့သည်
ဟုထင်ရစေရန် လိမ်လည်အမှုဆင်ခဲ့ခြင်းအား ဗလီဆရာခါလစ်ဦးစီးဦးဆောင်ပြုသောဗလီ၌
ဝတ်ပြုသူတဦးမှ ဖွင့်ချလာခဲ့အပြီး၌ ခါလစ်အား ယခုလဆန်းပိုင်းတွင် ပါကစ္စတန်ရဲမှဖမ်းဆီးခဲ့
သည်။ ခါလစ်မှလည်းဘူးခံငြင်းခဲ့သည်။
မတရားအမှုဆင်ခံရသောခရစ်ယာန်မိန်းကလေး
အသက် (၁၁) နှစ်သာရှိသေးသော မိန်းကလေးငယ်အား ဘာသာမတူသဖြင့်ဘ၀ပျက်စေရန်
မတရားသဖြင့်လိမ်လည်အမှုဆင်ခဲ့သူ ဗလီဆရာခါလစ်အနေနှင့် ကိုရမ်ကျမ်းစာအုပ်အား
ဖျက်ဆီးမှုသာပြစ်မှုထင်ရှားခဲ့ပါက ကိုယ်ရှူးကိုယ်ပတ်၍ထောင်တသက်ကျမည်ဖြစ်သည်။
ပါကစ္စတန်နိုင်ငံတွင် ကိုရန်ကျမ်းစာအုပ်ကိုဖျက်ဆီးလျှင် ဘာသာရေးအကြည်ညိုပျက်စေ
မှုဥပဒေအရ ထောင်တသက်ကျခံရမည်ဖြစ်သည်။
စွပ်စွဲခံရသူမိန်းကလေးအားခံဝန်နှင့်ပြန်လွှတ်ပေးရန်အတွက် ကြားနာမှုနှင့်ပတ်သက်၍
တရားရုံးမှရုံးချိန်း ရွှေ့ဆိုင်းခဲ့ပြီးနောက် မိန်းကလေး၏ရှေ့နေဖြစ်သူ တာဟီယာနာဗိဒ်ချော်ဒရီမှ
ဒုတိယအကြိမ်မြောက်ထပ်မံကြိုးပမ်းခဲ့ပြီးနောက် မိန်းကလေးပြန်လွတ်လာမည်ဟုယူဆရသည်။

နေရူး အမှတ်တရ ဟောပြောပွဲတက်ရန် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ သွားမည်

by FNG on September 24, 2012

PM-in-Myanmar-600
 
11
 
1
 
မဲပေးပါ

အောင်ပန်၊        ၊နိုဝင်ဘာလတတိယပါတ်တွင် ကျင်းပမည့် နေရူးအမှတ်တရဟောပြောပွဲ
တက်ရောက်ရန်အတွက်အိန္ဒိယအစိုးရအားဖိတ်ကြားကို ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံ
လိုက်ကြောင်း The Time of India သတင်းစာတွင်ရေးသားထားသည်။
အိန္ဒိယဝန်ကြီးချုပ်မက်မိုဟန်ဆင်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့်
တွေ့ဆုံပြီး နေရူးအမှတ်တရဟောပြောပွဲတွင် တက်ရောက်ဟောပြောပေးရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းကြည်အား ၁၉၉၂ခုနှစ်က ဂျဝါဟလာနေရူးဆု ချီမြင့်ခဲ့သည်။ ဂျဝါဟလာနေရူးသည် အိန္ဒိယနိုင်ငံ၏
ပထမဆုံးဝန်ကြီးချုပ်တဦးဖြစ်ပြီး လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့် ခင်မင်ရင်းနှီးသူတဦးဖြစ်သည့်အပြင်
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မှလည်း ” ကျမပေါ်မှာ ငြိမ်းချမ်းရေဖခင် မဟတ္တမဂန္ဒီနှင့် ဂျဝါဟနေရူးတို့ရဲ့ အတွေး
အခေါ်အယူအဆတွေလွှမ်းမှုရှိကြောင်းကိုထုတ်ဖေါ်ပြောဆိုခဲ့သည်။ နေရူးအမှတ်တရ ဂေါပကအဖွဲ့ကို ၁၉၆၄ခုနှစ်တွင်
စတင်တည်ထောင်ခဲ့ပြီး နေရူးနှင့်ခင်မင်ရင်းနှီးသူ လော့မောင်ဘက်တန်ပါဝင်ခဲ့သည်။နေရူးအမှတ်တရ ဂေါပက
အဖွဲ့တည်ထောင်ပြီး နှစ်စဉ် လူဘောင်တိုးတက်ရေး၊သိပ္ပံနည်းပညာ၊စက်မှုနည်းပညာတို့တိုးတက်ရေးအတွက်
ပညာသင်ဆုများချီးမြှင့်ခဲ့သည်။
၁၉၆၆ ခုနှစ်တွင် နေရူးအမှတ်တရဟောပြောပွဲတွင် ပထမဆုံး Lord Butler of Saffron Walden မှ ” နေရူး၏
အိန္ဒိယလွတ်လပ်ရေးအတွက်လှုပ်ရှားမှု” အကြောင်းကို ဟောပြခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် မောင့်ဘက်တန် က
“အာဏာပြောင်းလဲမှုနှင့် ဂျဝါဟလာနေရူးအပေါ်ရောင်ပြန်ထင်ဟပ်မှုများ”အကြောင်း ကိုဟောပြောခဲ့သည်။
ဂျဝါဟလာနေရူးအမှတ်တရ ဟောပြောပွဲတွင် ၂၀၁၁ ခုနှစ်အထိ အိန္ဒိယနိုင်ငံရေးခေါင်းဆောင်များ၊ပါမောက္ခ
များစုစုပေါင်း (၃၂)ဦးဟောပြောခဲ့ကြပြီးဖြစ်သည်။

မူးယစ် နယ်စားနော်ခမ်း က သတ်ဖြတ်ခဲ့မိသည့် တရုပ်လူမျိုး တို့အတွက် လျော်ကြေးပေးလို။


by FNG on September 24, 2012

res01_attpic_brief
အောင်ပန် ၊     ၊ရွှေကြိဂံနယ်မြေတွင် အပိုင်စိုးသော မူးယစ်နယ်စားနော်ခမ်းသည် မဲခေါင်မြစ်ကြောင်းတလျောက်ေ
ပြေးဆွဲနေသော ကုန်စည်သဘောင်္များကိုပြန်ပေးဆွဲခြင်း၊ဆက်ကြေးကောင်ခြင်းနှင့် အဓိကစီးပွား
ရေးလုပ်ငန်းမှာ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန်ချီခြင်းလုပ်ငန်းများလုပ်ကိုင်ခဲ့သည်။ ကမ္ဘာတလွှားတွင် အက်ဖက်တမင်းမူးယစ်ဆေးဝါးများကို ရွှေတြိဂံဒေသမြန်မာဖက်ခြမ်းတွင်ထုတ်လုပ်ပြီး အများစုမှာ
ထိုင်းနိုင်ငံကိုဖြတ်ကျော်၍ ကမ္ဘာဈေးကွက်သို့တင်ပို့ခဲ့သည်။
ထိုင်းနိုင်ငံအတွင်းအက်ဖက်တမင်းမူးယစ် ဆေးဝါးအန္တရာယ်ကြီးမြှင့်လာမှုကြောင့် မူးယစ်နယ်စားနော်ခမ်းကို
ဆုငွေထုတ်ခဲ့ပြီးနောက်မကြာခင် လာအိုနိုင်တွင်ဖမ်းဆီးရမိပြီး တရုပ်နိုင်ငံသို့လွဲပြောင်းပေးအပ်ခဲ့သည်။
၂၀၁၁ခုနှစ် အောက်တိုဘာလတွင် မဲခေါင်မြစ်အတွင်းခုတ်မောင်းနေသော တရုပ်သဘောင်္ ၂စီးအား
တိုက်ခိုက်ပြီး တရုပ်သဘောင်္သား ၁၃ဦးသတ်ဖြတ်ခဲ့မှုဖြင့် နော်ခမ်းအပါအဝင် (၅)ဦးအား ယူနန်ပြည်နယ်မြို့တော်ကူမင်းတရားရုံးတွင်တရားစွဲဆိုခဲ့သည်။အဆိုပါတိုက်ခိုက်မှုတွင်
နော်ခမ်းအဖွဲ့အပြင် ထိုင်းစစ်သားအချို့ပူးပေါင်းပါဝင်ကြောင်းလည်းစွဲချက်တင်ထားသည်။
နော်ခမ်းနှင့်အဖွဲ့အား အရေးယူအပြစ်ပေးရန်အတွက် ကူမင်းတရားရုံးတွင် အမှုစစ်ဆေးနေစဉ်
အတွင်း တရားသူကြီးနှင့်အဖွဲ့အား မူးယစ်နယ်စားနော်ခမ်းက ” မိမိမှာငွေသားပိုင်ဆိုင်မှု ဒေါ်လာ
၁သန်းလျောလျော့ရှိပါတယ်။ မိမိသတ်ဖြတ်ခဲ့မိတဲ့သူတွေအတွက်ဝမ်းနည်းရပြီး ကျန်ရစ်သူ
မိသားစုဝင်တွေအား မိမိ အနေဖြင့် နစ်နာလျော်ကြေးပေးလိုကြောင်း” အား defendant
တင်ပြတောင်းဆိုခဲ့ကြောင်း တရုပ်မီဒီယာသတင်းများကိုကိုးကားပြီး UPI သတင်းတွင်ဖေါ်ပြထား

ဂျိမ်း(စ)ဘွန်း မင်းသား ရော်ဂျာမိုး ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံရန် မြန်မာပြည်လာမည်


by FNG on September 25, 2012

roger-moore-the-spy-who-loved-me-james-bond.png
 
19
 
1
 
မဲပေးပါ

အောင်ပန်၊       ၊တတိယ မြောက် ဂျိမ်းဘွန်း သရုပ်ဆောင် ဖြစ်သူ အသက် ၈၄ နှစ် အရွယ် ရှိ မင်းသား ကြီး ဆာ
ရော်ဂျာ မိုးသည် သူ၏ အပန်း ဖြေ အားလပ် ရက် ခရီးစဉ် အတွက် မြန်မာ နိုင်ငံ ကို ရွေးချယ် ထား
ပြီး သူ လေးစား အားကျ သည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း
တွေ့ ဆုံ မည် ဟု တယ်လီဂရဖ် သတင်း စာကို ယနေ့   ပြောကြားလိုက်သည်။
ဆာဘွဲ့ရ ကမ္ဘာကျော်ဂျိမ်းစ်ဘွန်းကြီးရော်ဂျာမိုးသည် မကြာမှီကာလအတွင်းက ကမ္ဘာလှည့်ခရီးသွား
လာရောက်လည်ပါရန်တံခါးဖွင့်ခဲ့သော မြန်မာပြည်ကို သွားရန်စီမံကိန်းရှိကြောင်းကို Nick McGrath
ရဲ့ တယ်လီဂရပ်သတင်းဌာနရဲ့ ခရီးသွားဏ္ဍ တွေ့ဆုံမေးမြန်းခန်း တွင် ပြောကြားခဲ့ ခြင်း ဖြစ်သည်။
ရော်ဂျာမိုးသည် အသက် ၄၅ နှစ် မှ အသက် ၅၈ နှစ် အထိ ၁၂ နှစ် တိုင် အီယန် ဖလဲမင်း ၏ ၀တ္ထု ဖြစ်
သည့် ဂျိမ်း(စ)ဘွန်း ဇာတ်ကား များ တွင် သရုပ်ဆောင်ခဲ့ သည်။
Nick McGrath က မင်းသားကြီးအား အားလပ်ရက်မှာ ဘယ်နိုင်ငံကို သွားလည်ဖို့ဆန္ဒရှိပါသလည်း
ဟုမေးမြန်းခဲ့ရာ……………ဆာဘွဲ့ရမင်းသားကြီးက…………… ကျနော်ပြီးခဲ့တဲ့ ဇွန်လ က
အင်္ဂလန်နိုင်ငံကို ရက်တိုခရီးတခုသွားခဲ့ပါတယ်။ ခရီးစဉ်အတွင်းမှာဘဲ အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့ကိုရောက်ရှိ
လာတဲ့ မြန်မာဒီမိုကရေစီဒေါ်အောင်ဆန်းစုကြည်အားသွားရောက်တွေ့ဆုံခဲ့ရတာဟာလွန်စွာဝမ်းသာ
အားရဂုဏ်ယူမိပြီး မြန်မာနိုင်ငံကိုလည်းသွားရောက်လည်ပါစူးစမ်းဖို့ ရည်ရွယ်ထားပါတယ် ဟုဖြေကြားခဲ့သည်။
ရော်ဂျာမိုးသည် ကုလ သမဂ္ဂ ကလေးများ ရံပုံငွေ နှင့် အခြား လူသား အကျိုး ပြု လုပ်ငန်း များ တွင် လည်း
ပါဝင်ဆောင်ရွက် ခဲ့ သည်။
Live and Let Die, The Man With Golden Gun,The Spy Who loved Me, For Your Eyes Only,
Octopussy, A View to A Kill ဇာတ်ကား များ တွင် ရော်ဂျာ မိုး သရုပ်ဆောင်ခဲ့ သည်။
This Story is written by Aung Pan additional contributed and edited by FNG
Roger Moore  Aung San Suu Kyi.

ဆားရောဂါကဲ့သို့ ပဟေဠိဆန်သောဗိုင်းရပ်စ်ပိုး အသစ်တမျိုးကြောင့် ဖျားနာ၍ (၂)ဦးသေဆုံး


by FNG on September 25, 2012

2900668056922_high
 
3
 
0
 
မဲပေးပါ

အောင်ပန်၊     ၊အသက် (၄၉) နှစ်အရွယ်ရှိ အမျိုးသားတဦးသည် ရက်သတ္တပါအနည်းငယ်က
ဆော်ဒီအာရေဗီးယားနိုင်ငံ၊Riyadh ပြည်နယ်အတွင်းသို့အလည်အပါတ်သွား ခဲ့ရမှာ  ဗိုင်းရပ်(စ)
တမျိုးကူးစက်ခဲ့ပြီး အသက်ရူခက်ခဲစေသောဖျားနာမှုကြောင့် ကာတာနိုင်ငံမှတဆင့် အထူးဆေး
ကုသလေယာဉ်ဖြင့် လန်ဒန်ရှိဆေးရုံသို့ ဆေးကုသခံရန်ရောက်ရှိလာခဲ့သည်။အသက်ရှုရန်ခက်ခဲပြီး
ဖျားနာနေသောဝေဒနာရှင်အားစစ်ဆေးရာတွင်အမျိုးအမည် မသိရသောဗိုင်းရပ်စ်ရောဂါ
ပိုးကြောင့်ဝေဒနာခံစားနေရမှုကို ကြိုးစားကုသနေရသည်။
တချိန်တည်းမှာပင် အဆိုပါ ပဟေဠိဆန်သောဗိုင်းရပ်စ်ပိုးကြောင့်ဆော်ဒီအာရေဗီယားနိုင်ငံတွင်
လူ (၂)ဦးသေဆုံးခဲ့သည်။
ကျမ္မာရေးကာကွယ်ရေးအေဂျင်စီ(HPA) အဆိုပါ  ပဟေဠိဆန်သောဗိုင်းရပ်စ်သည် လူသားမျိုးနွယ်များ
တွင် ဖြစ်ပွားခဲ့ဘူးသော မည်သည့်ဗိုင်းရပ်စ်ရောဂါပိုးမျိုးများနှင့်တူညီမှုမရှိဘဲ အသစ်တွေ့ရှိသော
ဗိုင်းရပ်စ်ရောဂါပိုးအသစ်တခုဖြစ်နေကြောင်းကြေညာလိုက်သည်။
HPA မှပရော်ဖက်ဆာ John Watson က ပဟေဠိဆန်သောဗိုင်းရပ်စ်ပိုးကြောင့် အရှေ့အလယ်ပိုင်း
တွင် လူ(၂)ဦးသေဆုံးသွားခဲ့သည်မှာ မှန်ကန်ကြောင်းအတည်ပြုပြောဆိုခဲ့ပြီး လန်ဒန်တွင်ဆေး
ကုသခံနေသူနှင့်ဆက်နွယ်သူများကိုစစ်ဆေးခဲ့ပြီးကြောင်း ပြောဆိုခဲ့သည်။
HPA ဌာနမှ ကမ္ဘာကျမ္မာရေးအဖွဲ့(WHO) သို့ အဆိုပါ ဗိုင်းရပ်စ်အားကမ္ဘာ့သို့ပျံနှံမှုမဖြစ်ပွားစေရန်
WHO နှင့် ဥရောပနိုင်ငံမှ ထိမ်းချုပ်နိုင်ရေးအတွက် တပ်လှန်ကထားခဲ့သည်။
ပဟေဠိဆန်သောဗိုင်းရပ်စ်ပိုးကို ၂၀၀၂ ခုနှစ်၊ဂျူလိုင်လကဖြစ်ပွား ဆားရောဂါကဲ့သို့ အခြားနိုင်ငံများ
သို့ ကူးစက်မသွားစေရန်အတွက် အထူးထိမ်းချုပ်မှုလိုအပ်ကြောင်းပြောဆိုလိုက်သည်။ ဆားရောကို
အာရှတိုက်ရှိ ဟောင်ကောင်မှ စတင်ဖြစ်ပွားခဲ့သည်ဟု ယူဆရကာ နိုင်ငံပေါင်း (၄၂)နိုင်ငံသို့ကူး
စက်ပြန့့် နှံခဲ့သည်။
ဆားရောဂါကို လူနာပေါင်း (၈၄၂၂) ယောက်ရောဂါဝေဒနာခံစားခဲ့ရပြီး (၉၁၆)ဦးသေဆုံးခဲ့ရသည်။
SARS

ကင်တက်ကီပြည်နယ်မှာ ကရင် တကျပ် မြန်မာကွန်မြူနတီ တပဲသားတောင်မရပါလား by FNG on September 26, 2012


assk106
 
8
 
2
 
မဲပေးပါ

ဗုဒ္ဓေါဝါဒဆရာတော် (ကင်တက်ကီ)
စက်တင်ဘာ ၂၅၊ ၂၀၁၂
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လူဝိ၀္စဘေးမြို့ရောက်လာတာကို မြန်မာပြည်သားအာလုံးက ၀မ်းပမ်းတသာ ကြိုဆိုကြပါတယ်။ ကင်တက်ကီပြည်နယ်နှင့် ထိစပ်နေသည့် ဟိုရိုင်းရိုး၊ အင်ဓိ ယားနား၊ ထင်နက်စီနှင့် ကာရိုလိုင်းန တက်ဆတ်စ်ပြည်နယ်တွေ ကပါ လာရောက်ကြိုဆိုတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာ လက်မှတ်နှင့် နေရာအခက်ခဲပြဿနာ နေရာတိုင်းမှာ ရှိကြပေမဲ့ ကင်တက်ကီခရီးစဉ်ကတော့ မထင်မှတ်လောက်အောင် ဖြစ်ခဲ့ရတယ်။ အမေရိကန်နိုင်ငံကို မြန်မာပြည်သား တိုင်းရင်းသားပေါင်းစုံ လာရောက်နေထိုင်တာမှန်ပေမဲ့ ကင်တက်ကီပြည်နယ်ကတော့ လူဖြူကြီးဆိုတဲ့ နေရာဖြစ်သလို ရေပက်ဖလင်ကန်ပါတီ အများစုနေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို. လူဝိ၀္စဘေးမြို့ မက်စ်မက်ကောနားရုံးကနေ ကရင်ဒုက္ခသည်တွက် ခရစ်စမ်ဟဲစ်ချပ်ကျောင်းကို ၀င်ခွင့် လက်မှတ် (၁၄၀) ပေးခဲ့တယ်။ ချပ်ကျောင်းမတက်တဲ့ မြန်မာပြည်သားများ မွန် ရခိုင် ရှမ်း ကရင် ချင်း မြန်မာ စတဲ့သူတွေအဖို့ လက်မှတ်မရရှိခဲ့ပါဘူး၊၊
  
ဒေသခံ မက်စ်မက်ကောနားရုံး တာဝန်ရှိသူအနေနဲ့ ဒီမိုကရေစီရဲ့အခြေခံဖြစ်တဲ့ မြန်မာပြည်သားအားလုံး တန်းတူအခွင့်ရေးမျိုး ဆက်ဆံ သင့်ပါတယ်။ ကင်တက်ကီပြည်နယ်မှာအတူနေပြီး လက်စက်တန်၊ ဟိုဝင်ဘိုရို မြန်မာမိသားစုများအား ဆီနှိပ်တာရုံးက ထည့်မစဉ်စား လက် မှတ်မပေးခဲ့ပါဘူး။ ခရစ်ယမ်ဖြစ်တဲ့ကရင်များကို ဦးစီးချုပ်ကိုင်ထားတဲ့ Crescent Hill Baptist church အား လက်မှတ်အများစုပေးလိုက် ခြင်းသည် မတရားပါဘူးဆိုတာ ချပ်ကျောင်းကိုလိုက်သွားပြီး ဘုန်းကြီးကိုယ်တိုင်ပြောတော့မှ လက်မှတ် (၃၀) ခွဲပေးမယ်ပြောတယ်။ ချိန်း ထားတဲ့နေ့ လက်မှတ်သွားယူတော့ (၃၀) ကနေ (၁၀) ဆောင်ပဲရခဲ့တယ်။ ကျန်တဲ့လက်မှတ်များကို ချပ်ကျောင်းကပဲ အားလုံးယူထားလို့ မြန်မာကွန်မြူနတီတခုလုံး လက်မှတ်အတွက် အခက်ခဲဖြစ်ခဲ့ရတယ်။
ဘယ်လိုပင်ဖြစ်စေ ကိုယ်တိုင်းပြည်ရဲ့ ခေါင်းဆောင်တယောက်လာမည့်မို့ စိတ်ရှည်သည်းခံပြီး လက်မှတ်မရတဲ့ မြန်မာပြည်သားများအားလုံး ဒေါ်အောင်ဆန်းစုကြည်ပြောသည့် ဟောခန်းရှေ့မှာ တန်းစီနေကြပါတယ်။ ၈ နာရီ ၄၅ မှာ လွတ်နေတဲ့ အခန်းပိတ်မယ်ဆိုတာ သိနေတဲ့ အတွက် ချပ်ကျောင်းက တရားဟောဆရာလက်ထဲက လက်မှတ်များကို အခုစောင့်နေတဲ့လူများကိုပေးဖို့ အတိုက်ခံပြောမှ လက်မှတ်များ ရ ပါတယ်။ နောက်ဆုံး စောင့်နေတဲ့မြန်မာမျာအားလုံး ဒေါ်အောင်ဆန်းစုကြည်ဟောပြောမည့်အခန်းထဲကို ၀င်ခွင့်ရတော့မှ စိတ်ထဲ ဖြေသိမ်လို့ ရပါတယ်၊၊
မြန်မာပြည်က တိုင်းရင်းသားအားလုံး ကိုယ့်အချင်းချင်းမညီညွတ်ရင် သူတပါးတို့ရဲ့ ချယ်လှယ်ချုပ်ကိုင်မူမှာ နစ်မျောရသလို ကိုယ့်တိုင်းပြည် ကိုယ်လူမျိုး ဘာသာ သာသနာ ယဉ်ကျေးမူအတွက် နစ်နာဆုံးရှုံးပါတယ်။ ဘယ်လိုပဲဖြစ်စေ တိုင်းရင်းသားအားလုံးစုပေါင်းပြီး ဒေါ်အောင် ဆန်းစုကြည်ကို ကြိုဆိုဖို့ မြန်မာပြည်ဖွားအားလုံးကရှိကြပေမဲ့ အခြေအနေတခုအရ ကြားကနေ ဆိနိပ်တာရုံးနှင့် ခရစ်ယမ်ပါစတာတို့ ပေါင်း ပြီး မြန်မာပြည်သူ ပြည်သားအားလုံးကိုကိုယ်စားပြုစေတဲ့အနေထားမဟုတ်ပဲ လူမျိုးစုတခုကိုသာ အလေးထားပြီးလုပ်သွားတာမို့ ဒီကိစ္စမှာ မြန်မာပြည်တခုလုံးအတွက် နစ်နာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အခမ်းအနားမှာ ကရင်မကြီးတယောက်က မေးခွန်းမေးရာမှာ ကရင် တမတ် ဗမာတမတ်ဆိုတာရှင်းပြဖို့ပြောတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က အဲဒီစကားကို သူ့ဖေဖေက ကချင်မှာပြောခဲ့တာလို့ မှတ်သားဖူး ကြောင်း တကယ်ကတော့ ကရင်ဖြစ်စေ ကချင် ချင်း တိုင်းရင်းသားအာလုံး အညီအမျှ ဒီမိုကရေစီလမ်းကြောင်းကို သူအနေနဲ့ လုပ်ကိုင်နေ ပါပြီလို့ ပြောလိုက်ပါတယ်။ မြန်မာ့သမိုင်းကိုလေ့လာရင် အင်္ဂလိပ်တွေက သွေးထိုးမူကြောင့် မြန်မာပြည် တိုင်းရင်းသားဒေသမှာ ညီညွတ်မူ တွေ မရခဲ့ဘူး။ အခု ကင်တက်ကီပြည်နယ်မှာ ကရင်တမတ် ဗမာတမတ် ပေါ်လစီမဟုတ်ပဲ ကရင်တခုကိုပဲ ရေပက်ပလင်ကန်အမတ်ရုံးက ပေးခဲ့တာပါ။ မြန်မာကွန်မြူနတီတခုလုံးကို မျက်ကွယ်ပြုသွားတဲ့အတွက် မြန်မာပြည်သားအားလုံးရဲ့ညီသွတ်မှုကို ပျက်ပြားအောင် ဒုတိယ အကြိမ် ကင်တက်ကီရေပက်ပလက်ကန်ရုံးက လုပ်နေပြီလားလို. စဉ်းစာမိပါတယ်၊၊
ဘယ်လို အခြေအနေဆိုးတွေ ရှိနေပေမဲ့ ကိုယ်ရဲ့ မြန်မာပြည်သားအားလုံးကို ကျောသား ရင်သားမခွဲခြားပဲ လူမျိုးဘာသာကို ရှေးရှူခြင်းမရှိပဲ သဘောထားကြီးစွာနဲ့ ချပ်ကျောင်းထဲက စတိတ်ခုံပေါ်မှာတက်ပြီး အားလုံးညီညွတ်ရေးအတွက် အမြှော်အမြင်ရှိကြဖို့နှင့် ကိုယ်တိုင်းပြည်က တိုင်းရင်းသားအားလုံး ကိုယ်တိုင်းပြည် ပြန်ခွင့်နေခွင့်စတဲ့ အနေထားရှိတာမို့ သူက ဘာလူမျိုးဆိုတဲ့ အတွေးပြီးမဟုတ်ပဲ မြန်မာပြည်သား ငါ တို့တတွေဟာ သွေးသားအရေင်းတွေဖြစ်တယ်ဆိုတဲ့ အသိတရားနဲ့ အမေရိကန်နိုင်ငံမှာနေကြဖို့ ပြောခဲ့ပါတယ်၊၊
ဒေါ်အောင်ဆန်းစုကြည်လည်း ရောက်တဲ့နေရာမှာ မြန်မာတွေ ညီညွတ်ဖို့ အထူးပြောတာကို တွေ့ရပါတယ်။ ကင်တက်ကီမှာ ညီညွတ်နေတဲ့ မြန်မာကွန်မြူနတီဟာ မက်စ်မက်ကောနားရုံးက ခွဲခြားဆက်ဆံပြီး လက်မှတ်များကို တန်းတူညီမျှမူမရှိတာကြောင့် စိတ်မကောင်းစရာဖြစ်ခဲ့ တာမှန်ပေမဲ့ အမှန်တရားတခုပေါ်ပေါက်ဖို့ဆိုတာ ညီညွတ်မူက အခြေခံလိုအပ်တာမို့ အတွေးအခေါ်မြင့်မားဖို့နှင့် ကိုယ်ရဲ့ ကွန်မြူနတီ ပူး ပေါင်းဆောင်ရွက်တဲ့အလေ့အကျင့်မျိုး လူတိုင်းမှာရှိလာအောင် ပြုစုပျိုးထောင်ပေးရဦးမယ်ဆိုတာ ဒီတပွဲမှာ သိလိုက်ရပါတယ်၊၊
မြန်မာစကာပုံတိုင်း နွားကွဲရင် ကျားဆွဲဆိုသလို မြန်မာပြည်သား တိုင်းရင်းသား ညီကိုမောင်နှများအားလုံး မညီညွတ်ရင်တော့ အင်ဂျီအိုလိုလို မက်စ်ရှင်နယ်ရီ သာသနာပြုလိုလိုနဲ့ အမေရိကန်တွေက မသိမသာ ၀င်ရောက်စွတ်ဖက်ပြီး နောက်ဆုံးတော့ ကိုယ်တိုင်းပြည် ကိုယ်လူမျိုးသာ နစ်နာမည်သာ ဖြစ်တယ်။ အကောင်းဆိုးဆိုတာ နေရာတိုင်းမှာရှိသည့်မို့ မြန်မာပြည်မှာ အင်ဂျီအိုအများစုဟာ အမေရိကန်နှင့် ဥရောပဖက်က ဖြစ်တာကြောင့် ခရစ်ယမ်ဖြစ်တဲ့ သူတွေသာ ဦးစားပေးရွေးခြယ်သလို ပြည်ပရောက်တဲ့ မြန်မာပြည်သားတွေထဲမှာလဲ ခရစ်ယမ်ဘာသာဝင် နေတာ ဦးစားပေးလုပ်တယ်ဆိုတာ လက်တွေ့ သိနိုင်မြင်နိုင်တဲ့ အရာပါ။ ဒီလို ခွဲခြားမူမျိုးဟာ စစ်မှန်တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီဖြစ်ရေးအတွက် အဟန့်အတား တခုဖြစ်တယ်၊ဒါကြောင့် ကရင် တကျပ် ဗမာတပဲသားတောင် ထည့်မတွက်ထားတဲ့ အခုလို ခွဲခြားဆက်ဆံတဲ့ ဆိနိပ်တာရုံး လုပ်ရပ် သည် မြန်မာပြည်အတွက် ဆုတ်ယုတ်စေပါတယ်၊၊
မိုးမခ သတင်းမီဒီယာ တွင် ဖော်ပြ ထားသည့် ဆောင်းပါး ကို ကူးယူ ဖော်ပြ ခြင်း ဖြစ်သည်။

တရုပ်နိုင်ငံ၏ အင်တာနက်ထိမ်းချုပ် ကန့်သတ်မှုသည် မြန်မာ ထက် ပိုမိုဆိုးဝါး

လွပ်လပ်စွာ အင်တာနက်အသုံးပြုမှုထိမ်းချုပ်
ကန့်သတ်ပိတ်ပင်မှုများသည် မြန်မာနိုင်ငံအခြေအနေထက်ပိုမို၍ဆိုးဝါးကြောင်းကို
Freedom House ရဲ့ အင်တာနက်ပိတ်ပင်မှုလေ့လာစောင့်ကြည့်ရေးအဖွဲ့၏ နှစ်ပါတ်အစီရင်ခံစာတွင်ဖေါ်ပြထားသည်။
အစိုးရအဖွဲ့မဟုတ်သည် Freedom House မှ နိုင်ငံတကာအင်တာနက်အသုံးပြုသူများအား
သက်ဆိုင်ရာအစိုးရများမှ သတင်းဝက်ဆိုဒ်၊ဘလော့ဂ်အသုံးပြုမှုတွေကို ကန့်သတ်ပိတ်မှုများအား
စောင့်ကြည့်လေ့လာခဲ့ကြသည်။ လေ့လာစောင့်ကြည့်ရေးအဖွဲ့ သည် နိုင်ငံပေါင်း ၄၇နိုင်ငံကို
လေ့လာစောင့်ကြည့်ခဲ့ကြပြီး သက်ဆိုင်ရာနိုင်ငံများမှ အင်တာနက်သုံးစွဲသူများနှင့် တိုက်ရိုက်
အင်တာဗျူးများလည်းပြုလုပ်ခဲ့ပြီး ၂၀၁၁ ဇန္ဒဝါရီမှ ၂၀၁၂ မေလအထိ လေ့လာစမ်းစစ်ချက်များ
ကိုအစီရင်ခံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လေ့လာစောင်ကြည့်ရေးအဖွဲ့ဝင်များသည် အင်တာနက်ဝက်ဆိုဒ်ဝင်ရောက်ကြည့်ရှုမှုပိတ်ပင်ထားခြင်း၊
အများအသုံးပြုနိုင်သည့်လူမှုရေးဝက်ဆိုဒ်များကန့်သတ်ပိတ်ခြင်း၊ ကိုယ်ပိုင်ဝက်ဆိုဒ်စာမျက်နှာ
တည်ထောင်ဆောက်သူများကို အစိုးရမှစောင့်ကြည့်ပြီး အင်တာနက် တိုက်ခိုက်မှုပြုလုပ်ခြင်း
တို့ကိုအခြေခံရ၍ လေ့လာအစီရင်ခံခြင်းဖြစ်သည်။
တရုပ်နိုင်ငံသည် အစိုးရမှ အင်တာနက်ကိုထိမ်းချုပ်သည့်အပြင် အင်တာနက်အသုံးပြုသူများကို
အရေးယူအပြစ်ပေးခြင်းတို့ဖြင့် ကမ္ဘာ့အဆိုးရွားအင်တာနက်ထိမ်းချုပ်မှနိုင်ငံအဖြစ် ရမှတ် (၈၅)မှတ်ဖြင့်
ထိပ်ဆုံးမှာရှိနေခဲ့သည်။ တရုပ်နိုင်ငံနှင့် အမှတ်တူ အဆင့်အဆိုးရွားသတ်မှတ်ခံရသော နိုင်ငံများမှာ
ကျူးဘားနှင့် အီရန်နိုင်ငံတို့ဖြစ်ကြသည်။တရုပ်နိုင်ငံသည် Twitter အသုံးပြုမှုအားယနေ့တိုင်
အထိပိတ်ပင်ထားပြီး အများပြည်သူအတွက် အင်တာနက်ဆင်ဆာဖြတ်တောက်မှုအများဆုံးပြု
လုပ်သောနိုင်ငံတခုဖြစ်သည်။
မြန်မာနိုင်ငံသည်လည်း ၂၀၁၁ ခုနှစ်မတိုင်ခင်က အဆိုးရွားနိုင်ငံတခုဖြစ်ခဲ့ပြီး ရမှတ် (၈၅)မှတ်မှ (၇၅)
မှတ်သို့လျော့ကျသွားခဲ့သည်။ အိန္ဒိယနိုင်ငံသည် အဆိုးရွားဆုံးရမှတ် (၃၆)မှတ်မှ (၃၉)မှတ်၊
ပါကစ္စတန်နိုင်ငံသည် (၅၅)မှတ်မှ (၆၃)မှတ်သို့တိုးလာခဲ့သည်။ ဗီယက်နမ်နိုင်ငံသည်လည်း
အင်တာနက်ပိတ်ပင်မှု အဆိုးရွားနိုင်ငံအဖြစ်သတ်မှတ်ခံရပြီး (၇၃)မှတ်ဖြင့်ဆက်လျက်ရှိနေသေးသည်။