Monday, May 23, 2016

အလုပ်လုပ်နိုင်သောအရွယ်ကောင်းများ သေဆုံးမှု၏ ၁၀ ရာခိုင်နှုန်းမှာ အရက်အလွန်အကျွံသောက်သုံးမှုကြောင့်ဖြစ်


အလုပ်လုပ်နိုင်သောအရွယ်ရောက်ပြီးသူ ၁၀ ဦးသေဆုံးမှုတွင် တစ်ဦးမှာ အရက်အလွန်အကျွံသောက်သုံးမှုကြောင့်ဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC)၏ လေ့လာမှုတစ်ရပ်အရ သိရသည်။


၂၀၀၆ နှင့် ၂၀၁၀ ပြည့်နှစ်ကြား သေဆုံးသူ ၈၈,၀၀၀ ခန့်မှာ အရက်အလွန်အကျွံသောက်သုံးမှုကြောင့်ဖြစ်ကြောင်း CDC ကလေ့လာတွေ့ရှိခဲ့သည်။ ယင်းသေဆုံးသူ ၈၈,၀၀၀ မှာ ပျမ်းမျှအသက်အရွယ် ၃၀ နှစ်တွင် သေဆုံးကြခြင်းဖြစ်သည်။ အရက်နှင့်  ဆက်နွှယ်သော သေဆုံးမှုများကြောင့် အမေရိကန်နိုင်ငံသားများသည် တစ်နှစ်လျှင် စုစုပေါင်း သက်တမ်းနှစ်ပေါင်း ၂ ဒသမ ၅၆ သန်းဆုံးရှုံးမှုရှိကြောင်း ယင်း လေ့လာမှုအရ သိရသည်။ လူတစ်ဦးစီဆိုပါက တစ်နှစ်လျှင် သုံးရက်ခန့် သက်တမ်းလျော့ကျမှုရှိသည်။

အရက်နှင့် ဆက်နွှယ်သောသေဆုံးမှုအများစုမှာ ယာဉ်မတော်တဆဖြစ်မှုနှင့် အသည်းရောဂါတို့ကြောင့်ဖြစ်သော်လည်း အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် သရက်ရွက်ရောဂါ၊ စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ လည်ချောင်းကင်ဆာရောဂါ၊ ရင်သားကင်ဆာ၊ ခံတွင်းကင်ဆာ၊ လဲကျဒဏ်ရာရခြင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနှင့် ရေနစ်သေဆုံးခြင်း စသော ပြင်းထန်သည့်အကျိုးဆက်များ ဖြစ်လာနိုင်သည်။

၎င်းသေဆုံးသူအများစုမှာ ဝင်ငွေအလယ်အလတ်ရရှိသူများ ဖြစ်သည်ဟု CDC ကပြောပြီး စီးပွားရေးအတွက် အဓိကထိခိုက်မှုတစ် ခုဖြစ်သည်ဟုပြောသည်။ ယင်းကဲ့သို့ အလုပ်လုပ်နိုင်သော အရွယ်ကောင်းများသေဆုံးခြင်းကြောင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးအတွက် တစ်နှစ်လျှင် ကန်ဒေါ်လာ၂၂၄ ဘီလီယံထိခိုက်သည် ဟုလည်း CDC က ပြောသည်။

အသက်(၂၀)မှ (၆၄)နှစ်ကြားရှိသည့် အမေရိကန်နိုင်ငံသားများအရက်နှင့် ဆက်စပ်၍သေဆုံးမှုမှာ ၂၀၀၆ နှင့် ၂၀၁၀ ခုနှစ်ကြားအများဆုံးဖြစ်ကြောင်း သိရသည်။ အရက်နှင့် ဆက်စပ်သေဆုံးမှုအများဆုံးဒေသများမှာ အမေရိကန်အနောက်ပိုင်းဒေသများဖြစ်ပြီးနယူးမက္ကဆီကို ပြည်နယ်တွင် အလုပ်လုပ်နိုင်သောအရွယ်ရောက်ပြီးသူ သေဆုံးမှု၏ ၁၆ ရာခိုင်နှုန်းမှာ အရက်ကြောင့်ဖြစ်သည်။ အလက်စကာ၊ ကိုလိုရာ ဒို၊ ဝိုင်ယိုမင်၊ အရီဇိုးနား၊ မွန်တာနာ၊ ကယ်လီဖိုးနီးယား၊ နီဗားဒါးအော်ရီဂွန်နှင့် အီဒါဟိုပြည်နယ်တို့သည်လည်း အရက်ကြောင့် သေဆုံးသူ အများဆုံးပြည်နယ်များဖြစ်သည်။

—Ref: Internet
7day daily

ဒေသအချို့တွင် ရေကြီး၊ မြေပြိုနိုင်၍ ကြိုတင်ပြင်ဆင်ရန် ဒေါက်တာထွန်းလွင်သတိပေး





နာဆာဂြိုဟ်တုများ၏ တိုင်းတာ ချက်များအရ မြန်မာနိုင်ငံရှိ ဒေသ  ခြောက်ခုတွင် ရေဖုံးလွှမ်းရန်အ လားအလာများနေပြီး ဒေသနှစ်ခု တွင် မြေပြိုကျရန်အလားအလာ များနေသည့်အတွက် ကြိုတင်ပြင် ဆင်မှုများပြုလုပ်ရန် မိုးလေ၀သ ပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးပြောကြားလိုက်သည်။

ရေဖုံးလွှမ်းရန်အလားအ လာများနေသော ဒေသခြောက်ခု မှာ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်၊ ရခိုင်တောင်ပိုင်း၊ ရှမ်းတောင်ပိုင်းတို့ဖြစ်သည်။
မြေပြိုကျရန်အလားအလာ များနေသော ဒေသများမှာ ကချင် ပြည်နယ်မြောက်ပိုင်းနှင့် ရခိုင် ပြည်နယ်တောင်ပိုင်းတို့ဖြစ်ပြီးသ တိထားကြရန်၊ လိုအပ်သောကြို တင်ပြင်ဆင်မှုများပြုလုပ်ရန်လို အပ်ကြောင်းဒေါက်တာထွန်းလွင် က ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ဇူလိုင် ၂၀ည ၁၁နာရီခွဲဝန်းကျင်တွင်ရေး သားသတိပေးထားသည်။

နာဆာဂြိုဟ်တုများ၏ ဇူလိုင် ၂၀တိုင်းတာချက်များအရ ပြည် နယ်နှင့်တိုင်းဒေသကြီးဆယ်ခု တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ သည်။

7day daily

ရေကူးဝတ်စုံ ပြိုင်ပွဲဝင်မိလို့ အရှက်ခွဲခံရတဲ့ မော်ဒယ်လ်မလေး


တရုတ်နိုင်ငံက ရေကူးဝတ်စုံပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း မော်ဒယ်လ် အမျိုးသမီးရဲ့  ချစ်သူကောင်လေးမှ လာရောက် သောင်းကျန်းခဲ့တဲ့ အတွက် အတော်လေးကို ပွဲပျက်ခဲ့ရပါတယ်။ အဆိုပါ ရေကူးဝတ်စုံ ပြိုင်ပွဲကတော့ တရုတ်နိုင်ငံမှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အစီအစဉ် ဖြစ်တာကြောင့် မော်ဒယ်လ်ရဲ့ ရည်စား ပွဲဆူခဲ့တဲ့ အဖြစ်အပျက်က ရုပ်သံရိုက်ကူးရေးကို အနှောင့်အယှက် ဖြစ်စေရုံသာမက အဲဒီ အကျည်းတန်တဲ့ အဖြစ်အပျက်အလုံးစုံကို တစ်ပြည်လုံး သိသွားစေခဲ့ပါတယ်။


ပိုပြီး ဆိုးရွားစေတာက အဆိုပါ အမျိုးသားက မော်ဒယ်လ် အမျိုးသမီးရဲ့ ဘီကနီ အပေါ်ပိုင်းကို ဆွဲဆောင့်တာကြောင့် အမျိုးသမီးရဲ့ လျှို့ဝှက်အပ်တဲ့ ကိုယ်ခန္ဓာအတွင်းပိုင်းဖြစ်တဲ့ ရင်သားကို အများသူငါ မြင်တွေ့ခဲ့ရပါတယ်။

အမျိုးသားက မော်ဒယ်လ် အမျိုးသမီးကို “နင်ဘာတွေ လုပ်နေတယ်ဆိုတာကော သိရဲ့လား။ နောက်ပြီ အခုလို ၀င်ပြိုင်ဖို့ရော ဘယ်သူက ခွင့်ပြုပြီး ဘယ်သူက အကြံပေးတာလဲ ” စသဖြင့် အော်ဟစ် ပြောဆိုပြီး သူမ လက်ကိုဆွဲကာ ပြိုင်ပွဲကနေ ထွက်ဖို့ အတင်းအကျပ် ဆွဲခေါ်သွားခဲ့ပါတယ်။

သူမနဲ့အတူ ပြိုင်ပွဲဝင် အမျိုးသားတစ်ဦးကတော့  သောင်းကျန်းနေတဲ့  မော်ဒယ်လ်ရဲ့ ရည်းစားကို ရပ်တန့်စေဖို့ ၀င်ရောက်ဆွဲခဲ့ပေမယ့် အချည်းနှီးပါပဲ။  အခြား အမျိုးသမီး ပြိုင်ပွဲဝင်တွေကလည်း စိတ်ထိန်းဖို့ ၀င်ရောက် ဖျန်ဖြေကြခဲ့ပါတယ်။

ဒါပေမယ့် သူကတော့ ဒေါသကို မထိန်းနိုင်ဘဲ သူမကို နင်တော်တော်  ပြချင်နေလား စတဲ့ ရင့်သီးတဲ့ မေးခွန်းတွေကို တရစပ်မေးပြီးနောက် အဲဒီလောက် ပြချင်နေဦး ဆိုပြီး မိန်းကလေးရဲ့  ဘီကနီ အပေါ်ပိုင်းကို ဆွဲဆောင့်ပြီး သူမရဲ့ ရင်သားကို လူတကာ တွေ့မြင်စေခဲ့ပါတယ်။



အင်တာနက် သတင်းများအရ အဆိုပါ မော်ဒယ်လ် အမျိုးသမီးဟာ တရုတ် dating show တစ်ခုမှ နာမည်ကြီး Bai Jing ဖြစ်ပြီး ယခုအဖြစ်အပျက်ကတော့ သူမအတွက် အွန်လိုင်းမှာ တော်တော် အဖွခံရမယ့် ထွင်လုံးတစ်ခု  ဖြစ်သွားစေခဲ့ပါတယ်။
World Myanmar (world-myanmar.com)

sgstomp

အင်တာနက်သုံးတဲ့ ပြည်တွင်း/ပြည်ပ မြန်မာပြည်သားတွေ အများဆုံးရောက်တဲ့ မြန်မာဝက်ဆိုက်က သစ်ထူးလွင် website ဖြစ်ဖွယ်ရှိပါတယ်။
လားရှိုး၊ ရန်ကုန်၊ မိုးကုတ်၊ မြစ်ကြီးနား ဘယ်သွားသွား သစ်ထူးလွင်ပရိသတ်တွေနဲ့ တွေ့ရမှာပါ။

အင်တာနက်ဆိုင်ပိုင်ရှင်၊ မဂ္ဂဇင်းအယ်ဒီတာ၊
ကုန်သည်၊ နိုင်ငံရေးသမား စသဖြင့် သူ့ပရိသတ်က အလွှာအသီးသီးကပုဂ္ဂိုလ်တွေ၊ သတင်းဖတ်လိုသူတွေ ပါပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့တဲ့ ကိုဒီ၊ သိပ်မကြာသေးခင်ကာလအထိ မီဒီယာဌာနတွေမှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုဒီ၊ လတ်တလော အထင်ကရ ဘလော်ဂါတဦးဖြစ်သူ သစ်ထူးလွင်နဲ့ ဧရာဝတီ ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ပါတယ်။

ဧရာဝတီ  - သစ်ထူးလွင် ဝက်ဆိုက်ကို ဘယ်တုန်းက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာလဲ။
Thit Htoo Lwin - ပထမဆုံး ရှင်းပြချင်တာကတော့ သစ်ထူးလွင် ဝက်ဆိုက် ဆိုတာနဲ့ပတ်သက်လို့ ပါ။ သစ်ထူးလွင် ဟာ ဝက်ဆိုက် မဟုတ်ပါဘူး၊
Blogger သို့မဟုတ်  blogspot သာဖြစ်ပါတယ်။ blog ကနေ .com ကို ပြောင်းထားတာပါ။
မူရင်းကတော့ လူမူကွန်ယက်အက်တာနက် စာမျက်နှာ အုပ်စုမှာပါတဲ့ Blogger သာ ဖြစ်ပါတယ်။
သစ်ထူးလွင် ဘလော့ဂ်ကို ၂ဝ၁၁ အောက်တိုဘာလ ၁၅ ရက်နေ့ မှာ စတင်ပြီး ပုံမှန် သတင်းတွေ တင်ဖြစ်ခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ မြန်မာ အစိုးရရဲ့မျက်နှာကို ထောက်ထားနေရတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာ ဆင်ဆာဖြတ်ခံထားရပြီး တိမ်မြုပ်ပျောက်ကွယ် သွားတက်တဲ့  သတင်းတွေကို ဖော်ထုတ်တင်ပြဖို့ နဲ့
ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုမဲ့ သတင်းတွေကို တစုတဝေးတည်း ဖတ်ရှုနိုင်အောင် ကောက်နှုတ်ဖော်ပြ ပေးဖို့ ၊
ပြည်သူပြည်သားတွေက တိုက်ရိုက်ပေးပို့ လာတဲ့ သတင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိစေဖို့  ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

 ဧရာဝတီ  - ကိုသစ်ထူးလွင်အကြောင်းလည်း နည်းနည်း ပြောပြပါဦး။
သစ်ထူးလွင် - ကျနော် အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် ၊ အော်ဘာနီမြို့ မှာ နေပါတယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေက ကိုဒီ လို့ ခေါ်ပြီ၊ မီဒီယာလုပ်ငန်းနဲ့ပတ်သက်သူတွေကတော့ သစ်ထူးလွင် လို့ ပဲ ခေါ်ပါတယ်။ သစ်ထူးလွင် ဆိုတာ ထိုင်းအခြေစိုက် RFA သတင်းထောက် လုပ်ခဲ့စဉ်က နာမည်ပဲ ဖြစ်ပါတယ်။

အင်တာနက်ကနေ သတင်းတွေ ဖြန်တော့ ကိုယ်တိုင်ရေးတာတွေရော ရှိသလား၊ ကလောင်နာမည် ဘယ်လို ပေးထားသလဲ။

ပြည်သူပြည်သားတွေက သစ်ထူးလွင် ဘလော့ဂ်ကို တိုက်ရိုက်ပေးပို့လာတဲ့ သတင်းတွေကိုတော့ ကိုယ်တိုင်ပြန်ရေးပြီး သစ်ထူးလွင် ဒါမှမဟုတ် Myanmar News Now ဆိုတဲ့ ကလောင်နာမည်တွေနဲ့ပဲ ပြန်ရေးဖြစ်ပါတယ်။

သတင်းသမားဘဝမှာ သစ်ထူးလွင် ဆက်သွယ် လုပ်ကိုင်ခဲ့တဲ့ သတင်းဌာနများ
၂ဝဝ၅ -၂ဝဝ၆ BBC မြန်မာဌာန
၂ဝဝ၃ -၂ဝဝ၄ RFA မြန်မာဌာန
၂ဝဝဝ - ၂ဝဝ၂ ဧရာဝတီသတင်းဌာန
၂ဝဝ၁ - ၂ဝဝ၃ အမြင်သစ်၊ ခေတ်ပြိုင် လစဉ်ထုတ် စာစောင်များ
၁၉၉၈ - ၂ဝဝ၃ DVB အသံလွှင့်ဌာန

ဧရာဝတီ  - ဟက်ကာတွေ နှောက်ယှက်တာနဲ့ ကြုံရဖူးတယ်လို့ သိရပါတယ်၊ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ခံရသလဲ။
သစ်ထူးလွင် - ဟက်ကာတွေရဲ့ နှောက်ယက်မှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
အဆိုးရွားဆုံးကတော့ Facebook စာမျက်နှာ ဟက်ကာတွေလက်ထဲကို တရက်ကြာရောက်ရှိသူသွားပြီး Facebook အကောင့် log ကျသွားခြင်းပဲ ဖြစ်ပါတယ်။

ဧရာဝတီ  -  သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေတာလား။ ကူညီတဲ့သူ ရှိသလား။
သစ်ထူးလွင် - သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေပါတယ်။  ကူညီတဲ့သူတွေကတော့ ပြည်သူပြည်သား သတင်းသမားတွေပါပဲ။

ဧရာဝတီ  -  သစ်ထူးလွင်က ဘာလဲ။ အစိုးရဆန့်ကျင်ရေး လုပ်တဲ့သူလား။
သစ်ထူးလွင် - အစိုးရကို ဆန့်ကျင်တဲ့သူ မဟုတ်ဘူးလို့ ငြင်းဆိုပါရစေ။
ဒါပေမယ့် အစိုးရရဲ့လုပ်ရပ်မှားရင် မှားတဲ့အကြောင်း ဝေဖန်ထောက်ပြမှာ ဖြစ်သလို အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အလျဉ်းသင့်သလို ဖော်ပြပေးနေပါတယ်။
အစိုးရ၊ စစ်တပ်၊ နိုင်ငံရေးပါတီတွေနဲ့လူမှုအဖွဲ့ အစည်းတွေ၊ စီးပွားရေးသမားတွေ စတဲ့ အုပ်ချုပ်ရေး ယန္တယားမှာ အဓိက တာဝန်ရှိသူတွေ အနေနဲ့ ပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့် လုပ်ရပ်မှန်သမျှ ဆက်လက် ဖော်ထုတ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

သစ်ထူးလွင်ဟာ ကိုယ်တတ်တဲ့ သတင်း နည်းပညာနဲ့ မြန်မာပြည်သူ ပြည်သားတွေဘက်ကနေ အခိုင်အမာ ရပ်တည်ဖို့ ဆုံးဖြတ်ထားသူပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင် စနစ်ရဲ့အရိပ်အာဝါသအောက်မှာ နည်းမျိုးစုံနဲ့ဖုံးဖိခံထားရတဲ့ အမှန်တရားတွေကို ပြည်သူလူထုနဲ့ ပူးပေါင်းဖော်ထုတ်သွားမှာဖြစ်ပါတယ်။
ဘယ်လို တိုက်ခိုက်ဝေဖန်မှုတွေ ရှိနေပါစေ - ပြည်သူလူထု အကျိုးဖြစ်ထွန်းမယ့် သတင်းတွေကို ကြိုးစားပြီးတော့ ပြည်သူတွေဆီကို အရောက်ပို့ ပေးသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံး အနေနဲ့ကျနော် ပြောချင်တာကတော့ သစ်ထူးလွင် ဘလော့ဂ်မှာ သတင်းတွေ ကူးယူဖော်ပြရာမှာ နားလည်မှုပေးထားကြတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာများနဲ့အင်တာနက် လူမှုကွန်ယက် စာမျက်နှာမှာ သတင်းတွေ တင်ပေးကြသူများ၊
သစ်ထူးလွင်ကို သတင်းတွေ တိုက်ရိုက်ပေးပို့လာတဲ့ ပြည်သူ/ပြည်သားတွေကို သစ်ထူးလွင်က အထူး ကျေးဇူးတင်ရှိကြောင်းပါ။

ဧရာဝတီ

Tuesday, February 4, 2014

လူကြိုက်အများဆုံး သတင်းများ

Wednesday, December 19, 2012

မုဒိန်းမှုကို Youtube ပေါ်တင်ခဲ့သည့် GTC ကျောင်းသူလေး

Posted by drmyochit Wednesday, December 19, 2012, under | 105 comments
ဒီ အမှုကတော့ ၂၀၁၂ အစောပိုင်းလောက်က ဖြစ်ပါတတယ်။ ဇလွန်မြို့မှ မတရားပြု ကျင့်ခံရတဲ့ GTCကျောင်း ဆင်း မသင်းကြူကြူလှိုင်မှ သူမရဲ့ အဖြစ်အပြက်အား အတုယူနိုင်စေရန်အတွက် Youtube ပေါ်တွင် တင်ခဲ့ခြင်း ဖြစ်နိုင်ပါတယ်။ 

အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဆိုပါ ဦးမင်းသီလဆိုသူဟာ ဇလွန်-ဓနုဖြူ မီးရထားတာဝန်ခံ AE ဆိုပြီး ကျောင်းဆင်း ကျောင်းသားတွေကို အလုပ်ရမယ်ဆိုကာ လိမ်လည် လိုက်ခေါ်တယ်လို့ ဆိုပါတယ်..။ GTC ကျောင်းဆင်း မသင်းကြူကြူလှိုင်နှင့် ကျောင်းသားများ အလုပ်ခွင် ရောက်သွားတဲ့ အခါမှာ လုပ်ငန်းခွင်မှ လူများက နင်တို့ ဘာလာလုပ်တာလဲ အဲဒီAE ကဒီမှာ အင်ဂျင်နီယာ ရိုးရိုးအဆင့်သာ ရှိတယ်ဆိုလို့ GTC ကျောင်းဆင်း ကျောင်းသား ၂ယောက်နှင့် ကျောင်းသူ ၄ယောက်တို့ မိမိတို့ဘာသာ အခန်းငှားပြီး အလုပ်ဆင်း ကြရတယ်လို့ ဆိုပါတယ်..။ ဦးမင်းသီလဆိုသူမှ မသင်းကြူကြူလှိုင်အား အလုပ်ဝင်ပြီး ၂ရက်၊ ၃ရက်အတွင်း ချစ်ကြိုက်ခဲ့တဲ့ သမီးရည်းစား ဖြစ်သည့် ပုံစံထွက်ဆိုသွားပြီး သမီး ရည်းစား အချင်းချင်း ကျူးလွန်ခဲ့သည့် ပုံသဏ္ဍာန် ဖြေဆိုထားပါတယ်..။ 
အပြည့်အစုံဖတ်ရန်- ဒီမှာ ပါ။ 
ဗီဒီယိုဖိုင်ကတော့.

နေတိုးရဲ့ ရည်းစားဟောင်း အသက် ၁၄ နှစ်ကျောင်းသူလေး


ဖေ့စ်ဘွတ်ပေါ်မှာရေးခဲ့တာတွေ အမှန်ပါလို့ ပြောတဲ့ နေတိုးရဲ့ ရည်းစားဟောင်း အသက် ၁၄ နှစ်ကျောင်းသူလေး Patricia ရဲ့ ဖွင့်ဟချက်ကို အိုအေစစ်ဂျာနယ်က ဖော်ပြခဲ့တယ်။ နေတိုးအမည် အတိုကောက်ကို လက်ဖျံမှာ ဓားနဲ့ရေးခြစ်ခဲ့တဲ့ ပုံကိုလည်း ဖော်ပြခဲ့တယ်။

အသက် (၁၃)နှစ် အရွယ် မိန်းကလေးတစ်ဦး မုဒိန်းကျင့်ခံရ

၂၀၁၃ ဇွန်လ ၁၁ ရက်နေ့ က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ အတွင်းရှိ ပန့်ကျန်းကျေးရွာ တုံချမ်းရပ်ကွက် ဒါဒီ ရာဘာခြံတွင် ရာဘာစေး ခြစ်နေသော အလုပ်သမ မစန်းသီတာ အသက်(၁၃)နှစ်အား ယင်းရာဘာခြံ၏ ခြံချင်းကပ်နေ ရာဘာခြံမှ မောင်မင်ဦး(ခ)အချိုင်း အသက် (၃၆)နှစ်သည် သေနတ်ဖြင့် မစန်းသီတာ၏ နားထင်ကိုထောက်ပြီး ရာဘာခြံ တောင်ကုန်းပေါ်သို့ ခေါ်ဆောင်သွားပြီး နံနက် ၃နာရီ ခန့် တွင် တစ်ကြိမ် မွန်းတည် ၁၂ နာရီတွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် သားမယားအဖြင့် ပြုကျင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုနောက် မောင်မင်းဦး(ခ)အချိုင်း သည် မစန်းသီတာအား ခြိမ်းခြောက်ပြီး ရနောင်မြို့ နှင့် တဖက်ကမ်း ကော့သောင်း ခရိုင် ကော့သောင်မြို့ နယ် အေးချမ်းသာယာကျေးရွာသို့ ခေါ်ဆောင်သွားခဲ့ ကြောင်း သိရပါသည်။

အေးချမ်းသာယာရွာနေ ဒေါ်ပျိုမေ မှ မစန်းသီတာ ၏ အဖြစ်အပျက် အလုံးစုံကို သိရှိကာ  သားသမီးချင်း စာနာကာ အေးချမ်းသာ ရဲကင်းသို့ သွားရောက်တိုင်ကြားခဲ့ရာ မောင်မင်းဦး(ခ)အချိုင်းအား ခေါ်ယူစစ်ဆေးပြီး ပြန်လွတ်ပေးခဲပါသည်။

တရားခံအား ပြန်လွှတ်ပေးသဖြင့် မစန်းသီတာနှင့် အုပ်ထိန်းသူတို့သည် မကျေနပ်ဘဲ ကောသောင်းမြို့ မြို့မစခန်းသို့ (၁၁-၆-၂၀၁၃) ည ၇း၃၀ နာရီ အချိန်ခန့်တွင် သွားရောက်တိုင်ကြားရာ ရဲစခန်းမှ ဆေးစာ ရေးသားပြီး ကော့သောင်းမြို့ ပြည်သူ့ဆေးရုံသို့ မစန်းသီတာအား ဆေးစစ်မှု ခံယူစေခဲ့ ကြောင်း သိရပါသည်။

ထိုနောက် ကော့သောင်းရဲစခန်းမှ မာရမ်း ရဲစခန်းသို့ အမှုဖွင့်ဆောင်ရွက် စေခဲ့ပါသည်။

သိုဖြင့် မြန်မာနိုင်ငံသား အရွယ်မရောက်သေးသည့် အသက် (၁၃)နှစ် အရွယ် မွန်တိုင်းရင်းသူကို သားမယား အဖြစ် ပြုကျင့်ခဲ့ခြင်းအပေါ် သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူ ပေးစေလိုကြောင်း
မစန်းသီတာ ၏ အုပ်ထိန်းသူများက Myanmar News Now ကို  ပြောပါသည်။

သစ်ထူးလွင်