Tuesday, September 27, 2016
Sunday, July 10, 2016
လျှော်ဖြူပင် စီးပွားဖြစ်စိုက်သူများလာ
လျှော်ဖြူစေးထုတ်လုပ်နေမှုကိုတွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)
စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လျှော်ဖြူပင် စီးပွားဖြစ်စိုက်ပျိုးသူ ပိုမိုများပြား လာကြောင်း သတင်းရရှိသည်။
လျှော်ဖြူပင်မှ ထွက်ရှိသည့် လျှော်ဖြူစေးခေါ် ဆေးကုလားမ မှာ ပြည်ပတင်သွင်းမှုအားကောင်း နေသောကြောင့် စီးပွားဖြစ်စိုက် ပျိုးလာကြသည်ဟု စစ်ကိုင်းမြို့ နယ် ခရိုင်ပတ်လမ်းတစ်လျှောက် ကျေးရွာများနှင့် မင်းကွန်းတစ်ဝိုက်ကျေးရွာများမှ သီးနှံစိုက်ပျိုး သူများကပြောသည်။
‘‘လျှော်ဖြူစေးက ထွက်သ လောက်ဝယ်နေတော့ စိုက်တဲ့သူ တော်တော်များလာတယ်။ တ ကယ်ထွက်တဲ့အပင်ဆိုတစ်ပင်ကို တစ်ရက်တစ်ထောင်ကျော်ဖိုး လောက်လျှော်ဖြူစေးထွက် တယ်’’ဟု လျှော်ဖြူပင်စိုက်ပျိုးသူ ဆည်လေးတောကျေးရွာမှ ကိုဖြိုး ဝေကပြောသည်။
လျှော်ဖြူပင်ကို သီးသန့်စိုက် ပျိုးရန်မလိုဘဲ ပဲစင်းငုံ၊ နှမ်း၊ ပဲတီ စိမ်းအစရှိသည့် သီးနှံများနှင့်ရော နှောစိုက်ပျိုးနိုင်သဖြင့် တွက်ခြေ ကိုက်သည်ဟု အုန်းသဇင်ကျေး ရွာမှ ကိုမြင့်သန်းကဆိုသည်။ ယင်း ကျေးရွာများမှထွက်ရှိသည့် လျှော် ဖြူစေးများကို မန္တလေးဈေးချိုရှိ ပရဆေးဆိုင်များက ၀ယ်ယူနေပြီးတစ်ပိဿာလျှင် ၁၁,၅၀၀ကျပ်ဈေး ပေါက်နေသည်ဟု တောင်သူများ ကပြောသည်။
လျှော်ဖြူပင်မှာ နှစ်ရှည်ပင် အပင်ကြီးမျိုးဖြစ်ပြီး မြေအမျိုးအ စားမရွေး စိုက်ပျိုးနိုင်ကာ သက် တမ်းငါးနှစ်ခန့်အကြာတွင် အစေး ခွာယူရောင်းချနိုင်မည်ဖြစ်သည်။ လျှော်ဖြူစေးကို ပြည်တွင်းကုန် သည်များမှတစ်ဆင့် ထိုင်း၊ တရုတ်၊အိန္ဒိယနိုင်ငံများသို့ တင်ပို့လျက် ရှိသည်။
လျှော်ဖြူပင်အား စစ်ကိုင်း တိုင်းဒေသကြီးအပြင် မကွေးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နေရာအချို့တွင် စိုက်ပျိုးကြသည်။

ဆေးကုလားမ ရရှိစေမည့် လျှော်ဖြူပင်စိုက်ပျိုးခြင်းနှင့် အစေးထုတ်ပုံအကြောင်း သိကောင်းစရာများ
အပင်သရုပ်
လျှော်ဖြူပင်ဆိုသည်မှာ ဆေးကုလား မ(ခေါ်) လျှော်ဖြူစေးထုတ်ယူရရှိသည့် သစ်ပင်တစ်မျိုး ဖြစ်ပါသည်။ ရုက္ခဗေဒ အမည်မှာ Sterculia Versicolour Wall ဖြစ်ပါသည်။ မျိုးစဉ် Malvales တွင်ပါဝင် ပြီး မျိုးရင်းသညှ်Sterculiaceae ဖြစ်ပါ သည်။ လျှော်ဖြူပင်သည် သဘာဝအားဖြင့် နှစ်ရှည်ပင် အပင်ကြီးမျိုးဖြစ်ကာ အရွက်မှာ ရွက်ရိုးတံတစ်ခုအပေါ် တည်ရှိနေသော ရွက်မွှာ ၅-၇ ရွက်ရှိ လက်ဝါးပုံ ရွက်ပေါင်းအမျိုးအစားဖြစ်ပါသည်။ ပင်စည်အသား မှာ သစ်ပွမျိုးဖြစ်ပါသည်။ ပင်စည်အခေါက်အတွင်း၌ လျှော်မျှင်များနှင့် အစေးများ ဖွဲ့စည်းတည်ရှိနေ၍ ၎င်းအပိုင်းမှ အစေးများထုတ်ယူရရှိခြင်းဖြစ်ပါသည်။
အသုံးပြုပုံ
လျှော်ဖြူပင်မှ ထုတ်ယူရရှိသော လျှော်ဖြူစေးသည် ဂျယ်လတင်(galactan gelose) ပါဝင်မှုကြောင့် ရေကိုအဆများစွာစုပ်ယူ၍ ပွစေနိုင်ခြင်း၊ ရေနှင့်ပေါင်းစပ်၍ နူးညံ့ပျော့ပြောင်းသော ဂျယ်အဖြစ် ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲစေနိုင်ခြင်း အပြင် စေးပျစ်စေခြင်း၊ ကော်ကပ်နိုင်စွမ်း ရှိခြင်းနှင့် အက်စစ်ပျော့များနှင့် အနုဇီဝပိုး များ၏ ခြေဖျက်တိုက်စားမှုဒဏ် ခံနိုင်ရည်ရှိခြင်းစသည့် ထူးခြားသည့်ရုပ်နှင့် ဓာတ်ဂုဏ်သတ္တိများရှိခြင်းကြောင့် ကမ္ဘာပေါ်ရှိ လူသုံး ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများတွင် ကျယ်ပြန့်စွာအသုံးပြု ကြပါသည်။ အထူးသဖြင့် စားသောက်ကုန် သရေစာနှင့် မုန့်လုပ်ငန်းများ၊ အလှကုန် ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းများ၊ ယက္ကန်းနှင့် အထည်အလိပ်လုပ်ငန်းများ၊ ပုံနှိပ်လုပ်ငန်း များတွင် လျှော်ဖြူစေးကို အမျိုးမျိုးသုံးစွဲကြပါသည်။ မြန်မာနိုင်ငံ တွင်မူ လျှော်ဖြူ စေး(ခေါ်)ဆေးကုလားမအား ရေခဲမုန့်၊ ရွှေ ရင်အေး၊ ဖာလူဒါ စသည့်ရိုးရာစားသောက် ကုန်လုပ်ငန်းများတွင် သုံးစွဲကြပြီး တိုင်းရင်း ဆေးတွင် ဆီးရွှင်ဆေး၊ ၀မ်းနှုတ်ဆေးများ အဖြစ် ဆေးဝါးအသွင် အသုံးပြုကြ ပါသည်။
ပေါက်ရောက်မှု
လျှော်ဖြူပင်သည် မြန်မာနိုင်ငံ၏ မူရင်းဒေသ သဘာဝပေါက်အပင်တစ်ခု ဖြစ်ပြီး အိန္ဒိယနိုင်ငံတွင်လည်း ပေါက်ရောက်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံအနှံ့ အပြား တောင်တန်းများပေါ်တွင် အခြား သစ်ပင်များနှင့် ရောနှောပေါက်ရောက်လေ့ ရှိပြီး မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်း
ဒေသကြီးများတွင် အများဆုံးတွေ့ရှိရပါသည်။ ၎င်းင်းဒေသများမှ နှစ်စဉ်လျှော်ဖြူအစေးအများဆုံး ထွက်ရှိပါသည်။
စိုက်ပျိုးမှု
မြန်မာနိုင်ငံ၌ လျှော်ဖြူစေးခွာယူ ရောင်းချခြင်းလုပ်ငန်းသည် တောတောင် များအနီးရှိ ကျေးလက်ဒေသခံများ၏ စား ၀တ်နေရေးအတွက်လည်းကောင်း၊ အပိုဝင် ငွေရရှိရေးအတွက်လည်းကောင်း လွန်ခဲ့ သောဆယ်စုနှစ်များမှစတင်၍ ယနေ့အချိန်ထိ နေ့စဉ်လုပ်ကိုင်နေကြသော လုပ်ငန်း တစ်ခုဖြစ်ပါသည်။ သို့သော်လည်း ယခု အခါ သစ်တောများပြုန်းတီးခြင်းနှင့်အတူ သဘာဝလျှော်ဖြူပင်များလည်း တဖြည်း ဖြည်း မျိုးတုန်းရှားပါးလာသဖြင့် အစေး ထုတ်ယူရရှိနိုင်မှုလျော့နည်းလာရာ အချို့ ဒေသခံများသည် နေအိမ်ခြံစည်းရိုးများတွင် လည်းကောင်း၊ ယာခင်းစည်းရိုးများတွင် လည်းကောင်း စမ်းသပ်စိုက်ပျိုးကြည့်ရာ တွင် အောင်မြင်ဖြစ်ထွန်းပြီး အစေးရရှိမှု ကောင်းမွန်သဖြင့် စိုက်ပျိုးလျှင် အကျိုး ရရှိကြောင်း လက်တွေ့သိမြင်လာကြသည်။ မြန်မာလျှော်ဖြူစေး၏ ပြည်တွင်းပြည်ပ ဈေးကွက်နှင့် ၀ယ်လိုအားသည် နှစ်စဉ် ပုံမှန်ရှိနေသဖြင့် ယခုအခါ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများနှင့် အချို့လုပ်ငန်းရှင်များ သည် စီးပွားဖြစ်လျှော်ဖြူပင် စိုက်ခင်းများ ကို စတင်တည်ထောင်စိုက်ပျိုးလျှက်ရှိပါ သည်။
စိုက်ပျိုးပုံ
လျှော်ဖြူပင်ကို ရေ၀ပ်သည့်မြေမှလွဲ ၍ မြေမရွေး၊ နေရာမရွေး စိုက်ပျိုးနိုင်သည်။ သဘာဝတွင် ကျောက်တုံး၊ ကျောက်ဆောင် ပေါများသော တောင်တန်းများပေါ်တွင်ပင် ကောင်းစွာပေါက်ရောက် ရှင်သန်ပါသည်။ သဘာဝအားဖြင့် လျှော်ဖြူပင်သည် အပူ ပိုင်းဒေသကြိုက်အပင်မျိုးဖြစ်ပြီး မိုးရေချိန် ၁၀၀ လက်မပတ်ဝန်းကျင်နှင့် ၎င်းင်းအောက် မိုးရေချိန်ရရှိသည့် မြန်မာနိုင်ငံမြေလတ်ပိုင်း အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် စိုက်ပျိုးလျှင် ပိုမိုသင့်လျော်ပါသည်။ မိုး များသည့်ဒေသများ၌ တောင်စောင်း ဆင်ခြေလျှောနေရာများတွင် ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။ လျှော်ဖြူပင်သည် စိုက်ပျိုးရလွယ်ကူ ၍ အပင်ကြီးထွားမှုလည်း မြန်ဆန်ပါသည်။ စိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစွာရရှိ ချိန် မိုးရာသီတွင် ပျိုးသက် ၃-၄ လသား ရှိ ပျိုးပင်များကို စိုက်ကျင်းများတူးဆွ စိုက်ပျိုးရပါသည်။ စိုက်ခင်းတွင် အစိုဓာတ် ထိန်းသိမ်းရေးအတွက် ကြားထယ်ကြား ထွန်များဝင်ပေးခြင်း၊ ကောက်ရိုးမြက် ခြောက်များ ပင်ခြေတန်းကြား ဖုံးအုပ်ပေး ခြင်း၊ ပေါင်းမြက်ရှင်းပေးခြင်းတို့ကို ပြုလုပ်ပေးလျှင် အပင်ကြီးထွားမှု ပိုမိုကောင်းမွန် ပါသည်။ တစ်ဧကလျှင် အပင် ၂၀၀ မှ ၃၀၀ ခန့်ထားရှိ စိုက်ပျိုးနိုင်ပြီး အပင်ငယ်စဉ် ၂-၃ နှစ်သားအထိ ကြားသီးနှံ ရာသီပင်များ ထည့်သွင်းစိုက်ပျိုးနိုင်ပါသည်။
အစေးထုတ်လုပ်ပုံ
လျှော်ဖြူပင်မှ အစေးထုတ်ယူရာတွင် စိုက်ပျိုးပြီး ၃-၄ နှစ်သား၊ ပင်စည်လုံးပတ် ၂၅-၂၇ လက်မခန့်အရွယ်မှစတင် အစေး ထုတ်ယူနိုင်ပါသည်။ အပင်မှ အစေးထုတ် ယူပုံမှာ ပင်စည်အား ဓားထစ်နည်းဖြင့် လည်းကောင်း၊ ဆောက်ဖြင့် အပေါက် ဖောက်နည်းဖြင့်လည်းကောင်း ဒေသ အလိုက် လုပ်ကိုင်ကြပါသည်။ အစေး ထုတ်ရန် ဓားထစ်ပြင်ဆင်ပုံမှာ မိုးဦးကျ အရွက်စုံချိန်တွင် ပင်စည်၏ ဒူး၊ ပေါင် အမြင့်ခန့်နေရာ၌ ဓားထက်ထက်ဖြင့် ပင် စည်အသားအနည်းငယ်ပြတ်ရုံ ၃-၄ လက်မ အကျယ်ခန့် လခြမ်းပုံဘန်ထစ်ငယ် ပုံဖော် ခုတ်ထစ်ပေးရသည်။ စတင်လုပ်ကိုင်ချိန် တွင် ဘန်ထစ်အရေအတွက်ကို ၂-၃ နေရာသာ ပြုလုပ်ရသည်။ ၎င်းနောက် ၁-၂ ပတ်ခန့်အကြာ အသားနုကျီးပေါင်း ဖြစ်ပေါ်လာသည့်အခါ ဓားထက်ထက်ဖြင့် ပါးပါးလှီးပေးရသည်။ ထိုကဲ့သို့ ဓားလှီးပေး ခြင်းကို တစ်ပတ်ခြား တစ်ကြိမ်၊ နှစ်ကြိမ် ခန့် ပြုလုပ်ပေးရသည်။ ထိုသို့ပြုလုပ်ပေး ခြင်းသည် အပင်မှအစေးမပြတ်ထွက်လာ ရန် အစေးကြောဖွင့်ပေးခြင်း (၀ါ) လေ့ကျင့်ပေးခြင်းဖြစ်ပြီး ၎င်းကို “မန်းပြင်ခြင်း”ဟု ခေါ်ကြသည်။ အချို့က “မျက်နှာသစ်ပေး ခြင်း”ဟု ခေါ်ကြသည်။ မန်းပြင်ပေးသူသည် အစေးထွက်ရာ နေရာ (မန်းရာ)သည် ခြောက်သွေ့မသွား ရန်(၀ါ) မန်းနပ်နေရန် အခြေအနေကြည့်၍ ၂-၇ ရက်ခြား မန်းပြင်ပေးရပါသည်။ ထို ကဲ့သို့ လိုအပ်သလို မန်းပြင်ပေးခြင်းဖြင့် မန်းရာမှ အစေးများတစ်စိမ့်စိမ့်နေ့စဉ်ထွက် လာကာ အစေးများသည် ပြင်ပလေအပူချိန်နှင့် ထိတွေ့ကာ နာရီပိုင်းအကြာတွင် ပျစ်ခဲသွားသည်။ လေထုစိုထိုင်းဆများလျှင် အစေးခဲမှုကြန့်ကြာသည်။ အပင်မှအစေးခဲ များကို ရာသီဥတု(မိုး)အခြေအနေကြည့်၍ နေ့စဉ်ဖြစ်စေ၊ ရက်ခြားဖြစ်စေ၊ တစ်ပတ် တစ်ခါဖြစ်စေ ခွာယူ၍ တစ်နေ၊ နှစ်နေခန့် အခြောက်လှန်းပြီး ရောင်းချသိမ်းဆည်းကြ ပါသည်။
ပင်စည်မှ အစေးထုတ်ယူရာတွင် အချို့ဒေသများ၌ ဓားထစ်နည်းမသုံးဘဲ ပင် စည်အား အပေါက်များဖောက်သည့်နည်း ကို အသုံးပြုကြပါသည်။ ပင်စည်ပေါ်တွင် ငါးမူးဝိုင်းခန့် အ၀ိုင်းပေါက်များကို ဆောက်ခုံးငယ်ဖြင့်လည်းကောင်း၊ လယ် သမားသုံး “လွန်” ကိရိယာဖြင့်လည်း ကောင်း၊ အသားထိရုံဖောက်ပြီး ကျီးပေါင်း တက်လာချိန်တွင် ဓားငယ်ဦးချွန် သို့မဟုတ် ဆောက်ငယ်ဖြင့် ပါးပါးလှီးခြစ်ပေး၍ ဓား ထစ်နည်းကဲ့သို့ ဆက်လက်မန်းပြင်ပေးရ ပါသည်။ အစေးများသည် အပေါက်အတွင်း မှ စိမ့်ထွက်လာပြီး ခဲသွားချိန် ခွာယူကြခြင်းဖြစ်ပါသည်။
အထက်ဖော်ပြပါ သမရိုးကျ အစေး ထုတ်နည်းများသည် လွန်ကျူးစွာပြုလုပ် လျှင် အပင်သက်တမ်းကြာရှည်မခံဘဲ ပင်စည်နှင့် အကိုင်းများ ကျိုးပြတ်ခြင်း၊ ပင်စည်ထိုးပိုးဝင်အပင်သေဆုံးခြင်း စသည့် အန္တရာယ်များ ဖြစ်ပေါ်တတ်ပါသည်။ သို့ဖြစ်ရာ ပင်စည်အား ဒဏ်ရာအနည်းဆုံး ဖြင့် အစေးထွက်အများဆုံးရရှိရန် အိန္ဒိယ နိုင်ငံ အင်ဒရာပရာဒဏ်ပြည်နယ် သစ်တောဌာနမှ မြန်မာလျှော်ဖြူပင်နှင့် မျိုးနွယ်တူ လျှော်ပင်(S.urens) နှင့် လျှော်နီပင် (S.villosa) များအား ပင်စည်ပေါ် မတ်ဝိုင်းအရွယ်ပေါက်ငယ်များကို ဖောက်တန်ဖြင့် ဖောက်ပေးပြီး (ethephon) ခေါ် အစေး အထွက်နှင့် အစေးအရည်အသွေး ပိုမိုကောင်းမွန်စွာရရှိကြောင်း စမ်းသပ်လေ့လာ တွေ့ရှိရပါသည်။ သို့ဖြစ်ရာ မြန်မာလျှော်ဖြူပင်များကိုလည်း အစေးထွက်ကောင်းရန် ရော်ဘာတွင်သုံးစွဲသည့် VITAX ကဲ့သို့ အားဆေးများ သုံးစွဲနိုင်ပါသည်။
အစေးအထွက်နှုန်း
မြန်မာနိုင်ငံ၏ တောင်တန်းများပေါ် ရှိ သဘာဝလျှော်ဖြူပင်များနှင့် ခြံစည်းရိုး စိုက်ခင်းများ၏ တစ်ပင်ပျမ်းမျှ အစေး အထွက်နှုန်းသည် တစ်ရက်လျှင် တစ်ကျပ် သားမှ နှစ်ကျပ်သားခန့်ဖြစ်ပြီး တစ်ရာသီ ၌ တစ်ပင်လျှင် နှစ်ပိဿာမှ ငါးပိဿာခန့် ရရှိကြပါသည်။ အထွက်များသော အချို့
အပင်များသည် နေ့စဉ် ၁၀ ကျပ်သားမှ ၃၀ ကျပ်သားအထိ ရရှိကြသော်လည်း အပင် များ၏ အစေးရရှိမှုနှုန်း ညီညာမှုမရှိပါ။ လျှော်ပင်များ၏ အစေးထွက်နှုန်း အနည်းအများသည် မျိုးနှင့်မြေအခြေအနေ အပြင် အပင်သက်တမ်းနှင့် လုံးပတ်အရွယ် အစားပေါ်မူတည်နေပါသည်။ ယေဘုယျအားဖြင့် အပင်သက်တမ်းနှင့် လုံးပတ်အရွယ်အစား ကြီးမားပါက အစေးပိုမိုရရှိ လာသော်လည်း အပင်သက်တမ်း ရှစ်နှစ်မှ ၂၀ နှစ်ခန့်အတွင်း အစေးထွက်အများဆုံး ရရှိပါသည်။ ၎င်းပြင် စိုက်ခင်းပြုစုထိန်းသိမ်းမှုစနစ် ကောင်းမွန်ပါက သာမန်နှုန်းထက် အစေးထွက်ပိုမိုရရှိလာမည် ဖြစ်ပါသည်။
ဈေးကွက်
မြန်မာနိုင်ငံ လျှော်ဖြူစေးရောင်းဝယ် မှုလုပ်ငန်းသည် လွန်ခဲ့သော ဆယ်စုနှစ် များစွာကပင် ယနေ့အချိန်အထိရှိနေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ အများအား ဖြင့် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများရှိ မြို့နယ်အချို့တွင် ဒေသအလိုက်
နေ့စဉ်လုပ်ကိုင်လျက်ရှိကြသည်။ လျှော်ဖြူစေး ခွာယူစုဆောင်းသူများသည် ဒေသခံပွဲစားများထံ ပေးသွင်းရောင်းချကြပြီး လက်ရှိဒေသပေါက်ဈေးမှာ ပစ္စည်းအရည်အသွေးပေါ်တည်၍ တစ်ပိဿာလျှင် ကျပ် ၇,၀၀၀ မှ ကျပ် ၁၂,၀၀၀ အထိ ရှိပါသည်။
ဒေသခံများက မန္တလေး၊ မိတ္ထီလာ၊ သာစည်၊ ရန်ကုန်မြို့များရှိ ပွဲရုံကုန်သည် များထံ သွားရောက်ရောင်းချကာ ကုန်သည် များက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း များမှတဆင့် ထိုင်း၊ တရုတ်၊ အိန္ဒိယစသည့်နိုင်ငံများသို့ တင်ပို့ရောင်းချကြပါသည်။ မြန်မာ့လျှော်ဖြူစေးသည် နှစ်စဉ်နိုင်ငံခြား ၀ယ်လိုအားကောင်းနေသော ကုန်ပစ္စည်း ဖြစ်ရာ သီးခြားစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အကျိုးရှိပြီး အလားအလာကောင်းသည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ဖြစ်လာပါ သည်။
စိုက်ပျိုးသင့်ပုံ
လျှော်ဖြူပင်ကို အိမ်ခြံစည်းရိုးများ၊ ယာခင်းစည်းရိုးများ၊ ဥယျာဉ်ခြံစည်းရိုးများ တွင် အရိပ်ပင်၊ လေကာပင်၊ ခြံစည်းရိုးပင် များအဖြစ် စိုက်ပျိုးထားလျှင် ငွေပဒေသာ ပင်စိုက်ထူထားသကဲ့သို့ နေ့စဉ်ဝင်ငွေရရှိ လာမည် ဖြစ်ပါသည်။ လျှော်ဖြူပင်စိုက်ပျိုးမှုသည် လုပ်ငန်း ကုန်ကျစရိတ်လည်းနည်းပါးပြီး စီးပွားရေး တွက်ခြေကိုက်ခြင်းအပြင် ကာလတို အတွင်း ၀င်ငွေရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကြောင့် တစ်ပိုင်တစ်နိုင် စိုက်ခင်းများနှင့် စီးပွားဖြစ်စိုက်ခင်းများ တည်ထောင်လုပ်ကိုင်သင့်သော စိုက်ပျိုးရေးလုပ်ငန်း တစ်ခု ဖြစ်ပါသည်။
အထူးသဖြင့် နိုင်ငံအနှံ့အပြားရှိ မြေ ယာအသုံးချနိုင်မှုမရှိသေးဘဲ ကျန်ရှိနေ သည့် မြေလွတ်မြေလပ်များတွင် ငွေကြေး အရင်းအနှီးအနည်းငယ်ဖြင့် စိုက်ပျိုးလုပ် ကိုင်နိုင်၍ နိုင်ငံ၏မြေယာအသုံးချမှု ကဏ္ဍတိုးတက်လာမည်ဖြစ်ပြီး ကျေးလက်ဒေသဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်များတွင် များစွာအထောက်အကူပြုစေမည် ဖြစ်ပါသည်။
သို့ဖြစ်ရာ လျှော်ဖြူပင် စိုက်ပျိုးမှုအား နိုင်ငံဝန်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလုပ်ကိုင်လာကြခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကိုပါ များစွာအထောက်အကူပြုစေမည်ဖြစ်သည့်အပြင် လျှော်ဖြူစေးထွက်ကုန်ကြောင့် နိုင်ငံ၏ စက်မှုကုန်ကြမ်း ပို့ကုန်အမယ်သစ် တစ်မျိုး တိုးပွားလာမည်ဖြစ်၍ စိုက်ပျိုး လုပ်ကိုင်သင့်သည့် အပင်ဖြစ်ပါကြောင်း သတင်းကောင်းပါး တိုက်တွန်းရေးသား လိုက်ရပါသည်။
-

လျှော်ဖြူစေး ခွာယူစုဆောင်းနေပုံ
Tuesday, May 31, 2016
Online အပြည့်အဝအသုံးပြုနိုင်သည့် ပို့ကုန်သွင်းကုန် လိုင်စင်စနစ်ကို ၂၀၁၆ခုနှစ်ဇွန်လအတွင်း ပို့ကုန်သွင်းကုန် ကုန်ပစ္စည်းအမယ်တချို့နဲ့ စတင်အသုံးပြုနိုင်တော့မည်ဖြစ်..
ထို့နောက် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဌဒေါက်တာမျိုးသက်မှလည်း အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာန သတင်းအချက်အလက်နည်းပညာဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဝင်းမှ online အသုံးပြု လျှောက်ထားနိုင်သည့် ပို့ကုန်သွင်းကုန် လိုင်စင်စနစ်အား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ မေးမြန်းဆွေးနွေးမှုများအပြီးတွင် စီးပွားကူးသန်းဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး မွန်းလွဲ ၁၁:၃၀ တွင် အလုပ်ရုံဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။
Fully Online Licensing System အသုံးပြု၍ လိုင်စင်လျှောက်ထားခြင်း လုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်ကို သိရှိစေရန် Fully Online Licensing System Guide Book အောက်တွင် Download ရယူ၍ လေ့လာနိုင်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်
အားလုံးသတိထားရမည့် ကော်ဖီခွက်ထဲက အဆိပ်
ကိုယ်သောက်မည့် ကော်ဖီခွက်ထဲကိုအဆိပ်ခတ်၍ မသောက်မိကြပါစေနဲ့Coffee Mix ဖျော်ဖို့ ဇွန်းမရှိရင်
ဒါမျိုး လွယ်လွယ် မလုပ်လိုက်ပါနဲ့တစ်ချို့သော ပစ္စည်းတွေကအပူနဲ့တွေ့ဆုံဓါတ်ပြုလိုက်တဲ့အခါ
ကင်ဆာ ဖြစ်စေတတ်တဲ့ Chemical တွေဖြစ်လာတတ်ပါတယ်။
Coffee Mix သောက်တဲ့ အခါ Coffee mix ကိုထည့်ပြီးရင် ရေနွေးထည့်...မွှေဖျော်လိုက်ရုံပါဘဲ..
တကယ့် လွယ်လွယ်လေးပါ.ခက်တာက မွှေစရာဇွန်းက အဆင်သင့် မရှိချိန်.
ဒီ အခါမျိုးဆို Coffee mix အိတ်လေးကိုသေးသေးလေးခေါက်ပြီးတုတ်တံလေးအဖြစ် အသုံးပြု ပြီးမွှေတတ်ပါတယ်..ဒါကိုသတိထားရမှာပါ.။
အဲဒီလို ready made စားသောက်စရာတွေကိုထုပ်ပိုးဖို့လုပ်ထားတဲ့ အိတ်တွေမှာ
formaldehyde(ဖေါမယ်လ်ဒီဟိုက် ) လို့ခေါ်တဲ့organic compound ပါဝင်နေပါတယ်။
အဲဒီ formaldehyde ကကင်ဆာကိုဖြစ်စေတတ်ပါတယ်။အဲဒီဓါတ်ပါဝင်တဲ့ အိတ်လေးကိုခေါက်ပြီး
ကော်ဖီ ပူပူ ထဲထည့်ပြီး မွှေလိုက်တာဟာ ။
ကိုယ်သောက်မဲ့ ကော်ဖီကိုကိုယ့်ဘာသာကိုယ် ပြန်ပြီးအဆိပ်ခတ်လိုက်တာနဲ့ အတူတူပါဘဲ
တစ်ခါနှစ်ခါ က ကိစ္စမရှိပေမယ့် အဲဒီလိုမျိုးမကြာခဏ လုပ်မိနေရင် ဘာဖြစ်လာနိုင်လည်းဆိုတာ
တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။
ကိုယ်သောက်မယ့် ကော်ဖီခွက်ထဲကိုအဆိပ်ထည့်ပြီးသောက်လိုက်ဖို့ကိုယ်တိုင်ကိုယ်ကျ ဖန်တီးထားတဲ့
ကော်ဖီတစ်ခွက် အဖြစ်တော့မှားယွင်းစီမံ မဖန်တီးမိပါစေနဲ့ ။အားလုံး ကော်ဖီသောက်ရင်း
အလွယ်မလုပ်မိကြပါစေနဲ့..ဒါ သင့်ကျန်းမာရေးအတွက်မို့ပါ။
ဖိုးသူတော်
Credit : မိုးမင်း(ကောင်းကင်)
ဝန်ထမ်းများ လစာငွေအရစ်ကျစုဆောင်း၍ အိမ်ရာဝယ်ယူနိုင်မည့်အစီအစဉ် စတင်မည်
ဝန်ထမ်းများရရှိသည့် လစာဝင်ငွေကို အရစ်ကျစနစ်ဖြင့် စုဆောင်းပြီးအိမ်ဝယ်ယူနိုင်သည့် စနစ် မကြာမီစတင်နိုင်တော့မည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောသည်။
ယင်းစနစ်တွင် အစိုးရနှင့် ပုဂ္ဂလိက၀န်ထမ်းများ အကျုံးဝင် မည်ဖြစ်ပြီး နိုင်ငံတကာ၌ ၀န်ထမ်းများလစာကို လစဉ်စုဆောင်းကာ အိမ်ရာဝယ်နိုင်မည့် စနစ်များရှိပြီး မြန်မာနိုင်ငံတွင်လည်း အကောင်အထည်ဖော်ရန် ဆောင်ရွက်နေကြောင်း အဆိုပါညွှန်ကြားရေးမှူးက ဆိုသည်။
‘‘ဒီစနစ်ပေါ်လာရင် အစိုးရ က လက်ရှိဆောက်လုပ်နေတဲ့ အိမ်ရာစီမံကိန်းတွေကို လက်လှမ်းမီသွားလိမ့်မယ်’’ဟု ၎င်းက ဆိုသည်။
အဆိုပါစနစ် အကောင်အထည်ဖော်ရန် လက်ရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်က နိုင်ငံခြားဘဏ်များနှင့် ချိတ်ပြီး ချေးငွေများရရှိရန် စီစဉ် ထားကြောင်း သိရသည်။ ထို့ ကြောင့် အဆိုပါချေးငွေများ ရရှိ နိုင်ပါက ယင်းစနစ်ကို စတင်နိုင် မည်ဖြစ်ကြောင်း သိရသည်။
‘‘စင်ကာပူတို့ ကိုရီးယားတို့ မှာ အဲဒီစနစ်က အရမ်းအောင် မြင်ခဲ့တယ်။ ဒါပေမဲ့ လူတွေလက် ထဲမှာ အရစ်ကျတွေဝယ်တာများ ကုန်တော့ လကုန်ရင်သုံးစရာမရှိ တာက များတယ်’’ဟု Moving Myanmar စီးပွားရေးပညာရှင် ဦးလှဖေကသုံးသပ်သည်။
ယခုစနစ်သည် ပြည်သူများ အတွက် မရင်းနှီးသောကြောင့် အကောင်အထည်ဖော်ရာတွင် အ ခက်အခဲရှိနိုင်ပြီး အစိုးရ၀န်ထမ်း များ၏ လစာသည်စားဝတ်နေရေး အတွက် လုံလောက်မှုမရှိ၍ စု ဆောင်းရန်ဆိုသည်မှာ မဖြစ်နိုင် ကြောင်း အစိုးရ၀န်ထမ်းတစ်ဦးက ၎င်း၏အမြင်ကိုပြောသည်။
လက်ရှိတွင် မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက အစိုးရ ၀န်ထမ်းနှင့် ၀င်ငွေနည်းလူတန်း စားများအတွက် ရည်ရွယ်ကာ တစ်နိုင်ငံလုံးတွင် အိမ်ရာစီမံကိန်းများ ဆောင်ရွက်နေပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အခန်းရေ လေး သောင်းကျော် ထွက်ပေါ်လာနိုင် ကြောင်း ဌာနက ခန့်မှန်းထား သည်။
နိုင်ငံတော်သမ္မတကလည်း ၂၀၁၄ ဒီဇင်ဘာ ၂၇ရက် ရခိုင်ခရီးစဉ်တွင် ၀န်ထမ်းများအတွက် တစ်ဦးချင်းဝင်ငွေ စုဆောင်းသည့် စနစ်ကို အကောင်အထည်ဖော် ဆောင်ပြီး ကိုယ်ပိုင်အိမ်ရာဖြင့် နေထိုင်နိုင်ရန် အိမ်ရာများ အ ကောင်အထည် ဖော်ပေးမည်ဟု ပြောကြားခဲ့သည်။ ၀န်ထမ်းများ အခမဲ့ဆေးကုသရေး၊ ကျန်းမာရေးနှင့် ပတ်သက်သည့် အရေးပေါ်ကိစ္စများတွင် အထောက်အပံ့ရရန် ဆောင်ရွက်ပေးမည်ဟု ၎င်းက ဆက်လက်ပြောသည်။
7daydaily
ထိုင်းတပ်ခ်ပြည်နယ်ရှိလူများ သားစိမ်းစားသူ မြန်မာတစ်ဦးကို ကြောက်လန့်နေ

ထိုင်းဘုန်းတော်ကြီးတစ်ပါးနှင့် တပ်ခ်ပြည်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်( Assawin Pinitwong) တိရစ္ဆာန်များအားသတ်ဖြတ်ပြီး အစိမ်းလိုက်စားခြင်းကို တမ်းတမ်းစွဲဖြစ်နေသော မြန်မာလူမျိုးတစ်ဦးကျေးရွာသို့ ပြန်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောကြားခဲ့ပြီးနောက် တပ်ခ်ပြည်နယ်၊ မယ်ရာမတ်ခရိုင်၊ ဘန်ကောက်ပါဟာ ကျေးရွာတွင် လုံခြုံရေးအဖွဲ့များ ချထားလိုက်ကြောင်း သိရသည်။ မြန်မာအမျိုးသားမိုခါလိုင်း (၂၅) နှစ် ၎င်းတို့ဒေသသို့ပြန်လာမည်ကိုကြောက်နေကြောင်း ဒေသခံများနှင့် ဘုန်းကြီးများကပြောကြားသည်။ တပ်ခ်ပြည်နယ်အုပ်ချုပ်ရေးမှူးဆွန်ချိုင်းဟာ ဿယာကန်သီက ယင်းကျေးရွာသို့ စစ်သားများ၊ပြည်သူ့စစ်များပို့လွှတ်ခဲ့သည်။ ဒေသခံဘုန်းကြီးကျောင်း တစ်ခုရှိ သန့်စင်ခန်းအတွင်း ခွေး များနှင့် ကြက်များအား ခုတ်ထစ် သတ်ဖြတ် အစိမ်းလိုက်စား သောက်နေခဲ့ခြင်းအတွက် အဆိုပါ ကရင်အမျိုးသားကို မကြာသေးမီက ဖမ်းဆီးခဲ့သည်။ မစ္စတာ မိုခါလိုင်းပြန်လာမည်ကို စိုးရိမ်၍ ရွာသားများမှာ ညဘက်အပြင်သို့ မထွက်ရဲဟု ဒေသခံကျောင်းထိုင်ဆရာတော်က စစ်သားများနှင့် ပြည်သူ့စစ်များကို မိန့်ကြားခဲ့သည်။ ရွာသားများကလည်း ကလေးများတိုက်ခိုက်ခံရမည်ကို စိုးရိမ်သည်ဟု ပြောကြားကြသည်။ မယ်ရာမက်ခရိုင် ဒုတိယ အကြီးအကဲ ပန်တစ်ကမူ မစ္စတာ မိုခါလိုင်းမှာ မည်သည့်အစားအစာကိုမဆို စားသောက်ရှင်သန်ရန် လေ့ကျင့်မှုရရှိထားသည့် စစ်သားဟောင်းတစ်ဦးဖြစ်ပုံရသည် ဟု ပြောကြားသည်။ —Ref: Bangkok Post 7daydaily
Subscribe to:
Posts (Atom)
.jpg)