Monday, May 23, 2016
ကိုယ်ဝန်ဆောင်စဉ် စိတ်ဖိစီးမှုများခြင်းက ကလေးအား ဘယ်သန်ဖြစ်စေနိုင်ရန် အလားအလာပိုများ
Durham နှင့် Lancaster့ တက္ကသိုလ်တို့မှ လေ့လာတွေ့ရှိချက်အရ မိခင်လောင်း၏ စိတ်ဖိစီးမှုက သန္ဓေသားအပေါ်တွင် သက်ရောက်မှုများရှိစေကြောင်း သိရသည်။ လေ့လာသူများက ယခုတွေ့ ရှိချက်မှာ လုံးဝအတိအကျကြီး မဟုတ်သေးသော်လည်း မိခင်တွင် စိတ်ဖိစီးမှုများခြင်းက ကလေးအား ဘယ်သန် ဖြစ်စေကြောင်း တွေ့ခဲ့ရသည်။ အချို့သူများ၌ ဘယ်သန်(သို့) ညာသန်ဖြစ်ရခြင်းမှာ မျိုးရိုးဗီဇက ပိုမိုသက်ရောက်မှုရှိစေပြီး လူတစ်ယောက်လုံး၏ ဘ၀ကိုပြောင်းလဲသွားစေနိုင်သည်။ လေ့လာမှုတွင် လေးဖက်မြင်အာတရာဆောင်း အသုံးပြု၍ မိခင်လောင်းများအား ကိုယ်ဝန် ၂၄ ပတ်နှင့် ၃၆ ပတ်ကြားတွင် စစ်ဆေးခဲ့သည်။ ထို့နောက် မိခင်အားလည်း ကလေးကိုယ်ဝန်လွယ်ထားရစဉ် မည်မျှစိတ်ပင်ပန်းရသည်၊ စိတ်ဖိစီးရသည်ကို မေးခွန်းများမေးခဲ့သည်။ ထိုအခါ အာထရာဆောင်း ရလဒ်များအရ စိတ်ဖိစီးမှုများသော မိခင်၏ သန္ဓေသားသည် ဘယ်ဖက်လက်အား အသုံးပြု၍ ၎င်းတို့၏ မျက်နှာအား အကြိမ်များစွာ ပွတ် သတ်ပြီး၊ ညာလက်အသုံးပြုမှု သိသာစွာ ပိုနည်းကြောင်း တွေ့ခဲ့ရသည်။ ယင်းအခြေအနေမှာ ကလေးငယ်မှာ ဘယ်သန်ဖြစ်လာနိုင်သည့် အလား အလာ ဖြစ်ကြောင်းသိရသည်။ ထို့ ကြောင့် လေ့လာသူများက ကိုယ်ဝန်ဆောင်စဉ်၌ စိတ်ဖိစီးမှုနည်းနိုင်သမျှနည်းရန် လုပ်ဆောင်သင့်သည် ဟု အကြံပြုခဲ့သည်။
အပိန်လေး
Health Updates Journal
သက်ဆိုင်သော အကြောင်းအရာများ ပိုမိုဖတ်ရှုရန် ===> woman-health
အမျိုးသမီးလစဉ်သုံးပစ္စည်းများနဲ့ ကင်ဆာရောဂါအန္တရာယ်
(အမျိုး သမီးထု တကိုယ်ရေးသန်ရှင်းကျမ္မာရေးအတွက် လွန်စွာအရေးကြီးလို့  ရှက်စရာလို့ မယူဆဘဲ၊ဒီသတင်းကို မိမိရဲ့  မိတ်ဆွေ၊ အပေါင်းအသင်းများအား ကျယ်ကျယ်ပြန့် ပြန်မျှဝေအသိပေးကြပါ)
အိန္ဒိယနိုင်ငံ၊ ကာလကတ္တားရှိ Tata Cancer Hospital(ခေါ်)ကင်ဆာဆေးရုံ မှ အမျိုးသမီးများအတွက် ကျမ္မာရေးအသိပေးနှိုး ဆော်ထားချက်ကို မျှဝေလိုက်ပါရစေ။
အဲဒီဆေးရုံမှာ သားအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာတို့ ဖြင့်
လာရောက်ကုသမှုခံနေကြတဲ့ အမျိုးသမီးဝေဒနာရှင်များကို ဆေးမှတ်တမ်းပြုစု၍
ရောဂါရာဇ၀င်ကိုလေ့လာစမ်းစစ်တဲ့အခါမှာ၊ ထိုကင်ဆာဝေဒနာသည်အများစု ဟာ ဓမ္မတာရာသီလာတဲ့အခါ pad(ခေါ်)လစဉ်သုံးပစ္စည်းကို အတွင်းခံဘောင်းဘီမှာ အချိန်ကြာမြင့်စွာထားပြီး၊ တော်တော်နဲ့  အသစ်လဲလေ့မရှိခဲ့ကြတာကို အဖြေရှာတွေ့ ခဲ့ပါတယ်။
ရာသီသွေးဆင်းတဲ့အခါ အတွင်းခံဘောင်းဘီမှာ ကပ်ထားတဲ့
pad(ခေါ်)လစဉ်သုံးပစ္စည်း က အပြင်အ၀တ်အထည်တွေကို မစွန်း ထင်းစေဖို့စုပ်ယူထိန်းထားပေးလေ့ရှိပါတယ်။
pad တွေကို ဓာတုပစ္စည်းတွေနဲ့ဖန်တီးပြုလုပ်ထားခြင်းကြောင့်သာ၊အခုလို ရာသီသွေးရည်များနဲ့အစိုဓာတ်ကို အချိန်ကြာကြာ စုပ်ယူုထိန်းထားနိုင်တာပါ။ဒါပေမယ့်အချိန်တော်တော်ကြာ စုပ်ယူပြီးနောက် မှာတော့ pad မှာပါတဲ့ဓာတုပစ္စည်းများပျက်ပြယ်ကာ အထဲမှာစုပ်ယူထိန်းပေးထားတဲ့သွေးပုပ်များကို
ဓာတ်ပြောင်းလဲစေပြီး၊ အနီရောင်မှ အစိမ်းရောင်မှိုဖြစ်သွားပါတော့တယ်။
ထိုမှိုများက ယောနိလမ်းကြောင်းမှတဆင့် သားအိမ်လမ်းကြောင်းနဲ့  ဆီးလမ်း
ကြောင်းတလျှောက် ပျံ့  နှံ့ သွားကာ၊ နောက်ဆုံးမှာတော့ ဆီးအိမ်နဲ့ 
သားအိမ်တို့  ကို ကင်ဆာဖြစ်လာစေပါတယ်။ ဒါ့ကြောင့် pad ကို
အတွင်းခံမှာအကြာကြီးမထားဘဲ ၅-နာရီကြာတိုင်း အသစ်လဲပေးပါလို့  Tata
Cancer Hospital ကအကြံပြုထားပါတယ်။ ၄င်း လစဉ်သုံးပစ္စည်းများသာမက၊ daily use(ခေါ်)နေ့ စဉ်သုံး ကပ်ခွာပစ္စည်း တွေကိုလည်း ၅-နာရီကြာသုံးပြီးတိုင်း
အသစ်လဲလှယ် ပေးသင့်ပါတယ်တဲ့။
၂၀၁၃ခုနှစ်၊ Tata Cancer Hospital ရဲ့  မှတ်တမ်းအရ၊ pad တစ်ခုတည်းကို
အချိန်ကြာကြာသုံးစွဲခဲ့ခြင်းကြောင့် ဖော်ပြပါ ကင် ဆာရောဂါများနဲ့ 
ကွယ်လွန်သူအမျိုးသမီးဦးရေမှာ ၂၀၁၃ခုနှစ်၊ စက်တင်ဘာလလယ်အထိ ၅၆ ဦးရှိနေပါပြီတဲ့။
ဒါကြောင့် အမျိုး သမီးထု တကိုယ်ရေးသန့်ရှင်းကျမ္မာရေးအတွက် လွန်စွာအရေးကြီးလို့  ရှက်စရာလို့ မယူဆဘဲ၊
ဒီသတင်းကို မိမိရဲ့  မိတ်ဆွေ၊ အပေါင်းအသင်းများအား ကျယ်ကျယ်ပြန့် ပြန့်မျှဝေ အသိပေးပါလို့ ကင်ဆာဆေးရုံမှ ထပ်လောင်းအကြံပြုထားပါတယ်။
ပေါက်ပေါက်…မျှဝေသည်
သက်ဆိုင်သော အကြောင်းအရာများ ပိုမိုဖတ်ရှုရန် ===> woman-health
အမျိုးသားတို့ကို နုပျိုကျန်းမာစေမည့် အချက်များ
အိုမင်းမှုဖြစ်စေတဲ့ ၇၀ ရာခိုင်နှုန်းနီးပါးကို ကာကွယ် ထိန်းချုပ်လို့ ရပါတယ်။ လူတစ်ယောက်က အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် နုပျိုတယ်လို့ ယူဆနေရင် ကြည့်ကောင်း နေတတ်ပါတယ်။ ဒါကြောင့် အမျိုးသားတိုင်း သိထားသင့်တဲ့ နုပျိုကျန်းမာရေး နည်းလမ်းတွေကို ရေးသား လိုက်ရပါတယ်။
နုပျိုစေမည့် နေထိုင်နည်း
အမျိုးသားတွေက မကြာခဏ မျက်မှောင်ကြုတ်လေ့ ရှိတာကြောင့် မျက်ခုံးနှစ်ခုကြား အရေးကြောင်းက ပိုသိသာတတ်ပါတယ်။ လတ်တလော လေ့လာမှုတစ်ခုအရ လူငယ် ၄၇ ဦးကို မျက်မှောင်ကြုတ်ပြီး ဓာတ်ပုံရိုက်တဲ့အခါ ပိုရင့်ရော်တဲ့ အသွင် ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ ဒါကြောင့် မျက်မှောင် မကြုတ်မိအောင် အထူးသတိထားပါ။ ဒါ့အပြင် နေရောင်အောက် သွားတဲ့အခါ မျက်မှောင် မကြုတ်မိစေဖို့ နေကာနိုင်စွမ်း SPF အဆ ၃၀ ပါဝင်တဲ့ နေကာခရင်မ်ကို လိမ်းသင့်ပါတယ်။
အသက်ကြီးလာလျှင် ပိုဂရုစိုက်နည်း
အသက်ကြီးလာတဲ့အခါ ဆဲလ်အသစ် ဖြစ်ပေါ်နှုန်းက နှေးလာပါတယ်။ အသက် ၂၀ အရွယ်မှာ နှစ်ပတ်ကြာတိုင်း အရေပြား အပေါ်ယံလွှာက ကွာကျလေ့ရှိပြီး အသက် ၅၀ အရွယ်မှာ နှစ်ဆလောက် အချိန်ကြာတတ်ပါတယ်။ အရေပြားက ကော်လာဂျင် ဓာတ်ဆုံးရှုံးမှုလည်း ဖြစ်လာတာကြောင့် အရေးကြောင်း၊ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက်မှာ ဖြစ်ပေါ်လာတတ်ပါတယ်။ အရေးကြောင်း ထင်တဲ့အခါ သင့်ကို ပိုမိုအိုမင်း ရင့်ရော်စေပါတယ်။ ဒါကြောင့် အိုမင်းမှု တားပေးတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို မှန်မှန် လိမ်းသင့်ပါတယ်။
အမွေးမှန်မှန် ရိတ်ပြီး နုပျိုစေသော နည်း
နံနက်တိုင်း အမွေးရိတ်ပါ။ အမွေး ရိတ်တာကြောင့် ပွတ်သပ်မှုဟာ ကော်လာဂျင် ထွက်နှုန်းကို လှုံ့ဆော်ပေးပြီး အသားအရေ ချောမွေ့စေပါတယ်။ အမျိုးသားတွေက ပုံမှန်အမွေးရိတ်လေ့ ရှိတဲ့အတွက် အမျိုးသမီးတွေထက် အရေးကြောင်း လျော့ပါးနေတာ ဖြစ်ပါတယ်။
ဆံပင်ပုံမှန် ညှပ်ပြီး နုပျိုစေသည့်နည်း
နုပျိုချင်ရင် ဆံသဆရာနဲ့ မိတ်ဆွေ ဖွဲ့ထားပါ။ ဆံပင်စကျွတ်တဲ့ အရွယ်မှာ ဆံပင်တိုတို ညှပ်တာကြောင့် ခေါင်းမှာ ဆံပင်အပြည့်ရှိသလို ထင်ရစေပါတယ်။ ဆံပင်တိုတိုကို ထောင်ထားတဲ့ ပုံစံက ထူထဲတယ်လို့ ထင်ရစေပါတယ်။
နုပျိုစေမည့် အိပ်စက်နည်း
အိပ်ရေးပျက်တာ ကြာလာရင် မျက်နှာက ရင့်ရော်လာပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေချိန်မှာ မျက်စိပြင်ပ ကြွက်သားတွေ အလုပ်လုပ်ပြီး တင်းရင်း စေပါတယ်။ အိပ်ရေးပျက်တဲ့အခါ မျက်ကွင်း ညိုတတ်ပါတယ်။ အိပ်မပျော်ရင် ညဘက်မှာ ကာဗိုဟိုက်ဒရိတ်များတဲ့ ညစာ စားပါ။ အိပ်ရာမဝင်ခင် ကာဗိုဟိုက်ဒရိတ် များများစားတဲ့ အမျိုးသားတွေက နှစ်နှစ်ခြိုက်ခြိုက် ကြာရှည် အိပ်ပျော်စေတယ်လို့ လေ့လာမှုအရ သိရပါတယ်။
ကယ်လိုရီ လျှော့စားခြင်းဖြင့် နုပျိုစေသောနည်း
ဂျာမန် လေ့လာမှုတစ်ခုအရ အစာကို နည်းနည်းပဲ စားတာက ကိုယ်တွင်း ရောင်ရမ်းမှုကို လျော့ကျစေပြီး အသက်ကြီးတဲ့အထိ တွေးခေါ် မြော်မြင်နိုင်စွမ်းကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။
အူလှိုက်သည်းလှိုက် ရယ်မောခြင်းဖြင့် နုပျိုစေသောနည်း
ကလေးတွေနဲ့ လူကြီးတွေအကြား သိသာတဲ့ ခြားနားချက်တစ်ခုက ကလေးတွေက အပူအပင်ကင်းတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု များနေချိန်မှာ ရယ်မောတဲ့နည်းနဲ့ နုပျိုမှုကို အရယူလိုက်ပါ။ အူလှိုက်သည်းလှိုက် ရယ်မောတာကြောင့် စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်တီစော ဟော်မုန်းကို ၃၉-၇၀ ရာခိုင်နှုန်း အထိ လျော့ကျစေတယ်လို့ လိုမာလင်ဒါတက္ကသိုလ် လေ့လာသူတွေက ဆိုပါတယ်။ ရယ်မောတာက နှလုံးကိုလည်း ကျန်းမာစေပါတယ်။
ဆန့်ကျင်ဘက် ပြုလုပ်ခြင်းဖြင့် နုပျိုစေသောနည်း
ဦးနှောက်စွမ်းအားဟာ အသက်ကြီးလာချိန်မှာ တဖြည်းဖြည်း ကျဆင်း လာတတ်ပါတယ်။ ဒါကို တွန်းလှန်ချင်ရင် ဆန့်ကျင်ဘက် ပြောင်းလုပ်ပါ။ ဥပမာ- ဥယျာဉ်ခြံမြေထဲမှာ နောက်ပြန် လမ်းလျှောက်တာမျိုး၊ သွားကို မသန်တဲ့လက်နဲ့ တိုက်တာမျိုးတွေကို လုပ်ဆောင်ပေးပါ။ ဒီနည်းလမ်းတွေက ဦးနှောက်ထဲမှာ သွေးစီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး ဦးနှောက်အာရုံကြော ဆက်သွယ်မှုကို အားဖြည့်ပေးနိုင်ပါတယ်။
လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် နုပျိုစေသောနည်း
အသက်ကြီးလာချိန်မှာ သွေးခဲဖတ် ပိတ်ဆို့မှုကြောင့် အမျိုးသား လိင်တံရှိ သွေးကြောငယ်တွေထဲမှာ သွေးစီးဆင်းမှုကို ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် အသက် ၄၅ နှစ် အရွယ်မှာ အမျိုးသားတွေရဲ့ စွမ်းဆောင်နိုင်စွမ်းက လျော့ကျ လာပါတယ်။ ဒီလို မဖြစ်စေဖို့ ငယ်စဉ်ကတည်းက လေ့ကျင့်ခန်း မှန်မှန် လုပ်ဆောင်ပေးသင့်ပါတယ်။
အရက် လျှော့သောက်ခြင်းဖြင့် နုပျိုစေသောနည်း
သင့်အသက် ၈၅ နှစ်ပြည့် မွေးနေ့ကို ဆင်နွှဲချင်တယ်ဆိုရင် တစ်နေ့ အယ်လ်ကိုဟော နှစ်ပက်ထက် ပိုမသောက်ပါနဲ့။ အရက်မသောက်တတ်ရင် အကောင်းဆုံးပါ။ တကယ်လို့ သောက်တတ်ရင် ဝိုင်နီကို ရွေးချယ်သင့်ပါတယ်။ ဝိုင်နီမှာ ပါတဲ့ ရက်စ်ဗာရထရောဟာ နာတာရှည်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
နံနက်စာစားပြီး ဝမ်းဗိုက် ချပ်ရပ်စေသောနည်း
ဗိုက်ပူတာက ကြည့်ရဆိုးစေရုံ သာမက အမျိုးသား ပီသမှုကိုလည်း ထိခိုက်စေပါတယ်။ ဟော်မုန်းဗေဒ လေ့လာမှုတစ်ခုအရ အမျိုးသားတွေ ကိုယ်အလေးချိန် ပေါင် ၃၀ ခန့် ပိုများရင် ပုံမှန် ကိုယ်အလေးချိန် ရှိသူတွေထက် တက်စတိုစတီရုန်းအဆင့် သိသိသာသာ လျော့နည်းကြောင်း သိရပါတယ်။ နံနက်စာကို ပရိုတင်း များများရရှိအောင် စားပြီး နေ့လယ်စာနဲ့ ညစာကို လျှော့စားတာကြောင့် ဝမ်းဗိုက် ချပ်ရပ်စေပါတယ်။
ကြွက်သား သန်စွမ်းစေခြင်းဖြင့် နုပျိုစေသောနည်း
ကြွက်သားတွေကို မသုံးရင် ဆုံးရှုံးရပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သား တည်ဆောက်မှု မလုပ်ရင် အဆီနဲ့ အစားထိုးပြီး ကြာလာတဲ့အခါ ခါးနဲ့ဗိုက်က ပူဖောင်းတစ်လုံးလို ဖြစ်လာပါလိမ့်မယ်။ ကြွက်သား သန်စွမ်းစေဖို့ အလေးမတာအပြင် ဟင်းနုနယ်ရွက်ကို များများစားပါ။ ဟင်းနုနယ်ရွက်မှာ ဗီတာမင်ကေ၊ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ်တွေ ပါဝင်တာကြောင့် အရိုးပါးရောဂါ မဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။
နှလုံးကျန်းမာစေရန် လှုပ်ရှားခြင်းဖြင့် နုပျိုစေသောနည်း
နုပျိုချင်ရင် နှလုံးကို သန်စွမ်းအောင် ပြေးတာ၊ စက်ဘီးစီးတာ တို့လို လေ့ကျင့်ခန်းတွေကို လုပ်သင့်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကြောင့် နှလုံးက ပုံမှန် အလုပ်လုပ်နိုင်ပြီး ခန္ဓာကိုယ်က အောက်ဆီဂျင်ကို ကောင်းကောင်း ရယူပြီး အသုံးပြုနိုင်ပါလိမ့်မယ်။
.
Good Health
သက်ဆိုင်သော အကြောင်းအရာများ ပိုမိုဖတ်ရှုရန် ===> health-news man-health
အလုပ်လုပ်နိုင်သောအရွယ်ကောင်းများ သေဆုံးမှု၏ ၁၀ ရာခိုင်နှုန်းမှာ အရက်အလွန်အကျွံသောက်သုံးမှုကြောင့်ဖြစ်
အလုပ်လုပ်နိုင်သောအရွယ်ရောက်ပြီးသူ ၁၀ ဦးသေဆုံးမှုတွင် တစ်ဦးမှာ အရက်အလွန်အကျွံသောက်သုံးမှုကြောင့်ဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC)၏ လေ့လာမှုတစ်ရပ်အရ သိရသည်။
၂၀၀၆ နှင့် ၂၀၁၀ ပြည့်နှစ်ကြား သေဆုံးသူ ၈၈,၀၀၀ ခန့်မှာ အရက်အလွန်အကျွံသောက်သုံးမှုကြောင့်ဖြစ်ကြောင်း CDC ကလေ့လာတွေ့ရှိခဲ့သည်။ ယင်းသေဆုံးသူ ၈၈,၀၀၀ မှာ ပျမ်းမျှအသက်အရွယ် ၃၀ နှစ်တွင် သေဆုံးကြခြင်းဖြစ်သည်။ အရက်နှင့် ဆက်နွှယ်သော သေဆုံးမှုများကြောင့် အမေရိကန်နိုင်ငံသားများသည် တစ်နှစ်လျှင် စုစုပေါင်း သက်တမ်းနှစ်ပေါင်း ၂ ဒသမ ၅၆ သန်းဆုံးရှုံးမှုရှိကြောင်း ယင်း လေ့လာမှုအရ သိရသည်။ လူတစ်ဦးစီဆိုပါက တစ်နှစ်လျှင် သုံးရက်ခန့် သက်တမ်းလျော့ကျမှုရှိသည်။
အရက်နှင့် ဆက်နွှယ်သောသေဆုံးမှုအများစုမှာ ယာဉ်မတော်တဆဖြစ်မှုနှင့် အသည်းရောဂါတို့ကြောင့်ဖြစ်သော်လည်း အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် သရက်ရွက်ရောဂါ၊ စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ လည်ချောင်းကင်ဆာရောဂါ၊ ရင်သားကင်ဆာ၊ ခံတွင်းကင်ဆာ၊ လဲကျဒဏ်ရာရခြင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနှင့် ရေနစ်သေဆုံးခြင်း စသော ပြင်းထန်သည့်အကျိုးဆက်များ ဖြစ်လာနိုင်သည်။
၎င်းသေဆုံးသူအများစုမှာ ဝင်ငွေအလယ်အလတ်ရရှိသူများ ဖြစ်သည်ဟု CDC ကပြောပြီး စီးပွားရေးအတွက် အဓိကထိခိုက်မှုတစ် ခုဖြစ်သည်ဟုပြောသည်။ ယင်းကဲ့သို့ အလုပ်လုပ်နိုင်သော အရွယ်ကောင်းများသေဆုံးခြင်းကြောင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးအတွက် တစ်နှစ်လျှင် ကန်ဒေါ်လာ၂၂၄ ဘီလီယံထိခိုက်သည် ဟုလည်း CDC က ပြောသည်။
အသက်(၂၀)မှ (၆၄)နှစ်ကြားရှိသည့် အမေရိကန်နိုင်ငံသားများအရက်နှင့် ဆက်စပ်၍သေဆုံးမှုမှာ ၂၀၀၆ နှင့် ၂၀၁၀ ခုနှစ်ကြားအများဆုံးဖြစ်ကြောင်း သိရသည်။ အရက်နှင့် ဆက်စပ်သေဆုံးမှုအများဆုံးဒေသများမှာ အမေရိကန်အနောက်ပိုင်းဒေသများဖြစ်ပြီးနယူးမက္ကဆီကို ပြည်နယ်တွင် အလုပ်လုပ်နိုင်သောအရွယ်ရောက်ပြီးသူ သေဆုံးမှု၏ ၁၆ ရာခိုင်နှုန်းမှာ အရက်ကြောင့်ဖြစ်သည်။ အလက်စကာ၊ ကိုလိုရာ ဒို၊ ဝိုင်ယိုမင်၊ အရီဇိုးနား၊ မွန်တာနာ၊ ကယ်လီဖိုးနီးယား၊ နီဗားဒါးအော်ရီဂွန်နှင့် အီဒါဟိုပြည်နယ်တို့သည်လည်း အရက်ကြောင့် သေဆုံးသူ အများဆုံးပြည်နယ်များဖြစ်သည်။
—Ref: Internet
7day daily
သက်ဆိုင်သော အကြောင်းအရာများ ပိုမိုဖတ်ရှုရန် ===> health-news man-health
ဒေသအချို့တွင် ရေကြီး၊ မြေပြိုနိုင်၍ ကြိုတင်ပြင်ဆင်ရန် ဒေါက်တာထွန်းလွင်သတိပေး
နာဆာဂြိုဟ်တုများ၏ တိုင်းတာ ချက်များအရ မြန်မာနိုင်ငံရှိ ဒေသ ခြောက်ခုတွင် ရေဖုံးလွှမ်းရန်အ လားအလာများနေပြီး ဒေသနှစ်ခု တွင် မြေပြိုကျရန်အလားအလာ များနေသည့်အတွက် ကြိုတင်ပြင် ဆင်မှုများပြုလုပ်ရန် မိုးလေ၀သ ပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးပြောကြားလိုက်သည်။
ရေဖုံးလွှမ်းရန်အလားအ လာများနေသော ဒေသခြောက်ခု မှာ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်၊ ရခိုင်တောင်ပိုင်း၊ ရှမ်းတောင်ပိုင်းတို့ဖြစ်သည်။
မြေပြိုကျရန်အလားအလာ များနေသော ဒေသများမှာ ကချင် ပြည်နယ်မြောက်ပိုင်းနှင့် ရခိုင် ပြည်နယ်တောင်ပိုင်းတို့ဖြစ်ပြီးသ တိထားကြရန်၊ လိုအပ်သောကြို တင်ပြင်ဆင်မှုများပြုလုပ်ရန်လို အပ်ကြောင်းဒေါက်တာထွန်းလွင် က ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ဇူလိုင် ၂၀ည ၁၁နာရီခွဲဝန်းကျင်တွင်ရေး သားသတိပေးထားသည်။
နာဆာဂြိုဟ်တုများ၏ ဇူလိုင် ၂၀တိုင်းတာချက်များအရ ပြည် နယ်နှင့်တိုင်းဒေသကြီးဆယ်ခု တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ သည်။
7day daily
သက်ဆိုင်သော အကြောင်းအရာများ ပိုမိုဖတ်ရှုရန် ===> weather-news
ရေကူးဝတ်စုံ ပြိုင်ပွဲဝင်မိလို့ အရှက်ခွဲခံရတဲ့ မော်ဒယ်လ်မလေး
တရုတ်နိုင်ငံက ရေကူးဝတ်စုံပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း မော်ဒယ်လ် အမျိုးသမီးရဲ့ ချစ်သူကောင်လေးမှ လာရောက် သောင်းကျန်းခဲ့တဲ့ အတွက် အတော်လေးကို ပွဲပျက်ခဲ့ရပါတယ်။ အဆိုပါ ရေကူးဝတ်စုံ ပြိုင်ပွဲကတော့ တရုတ်နိုင်ငံမှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အစီအစဉ် ဖြစ်တာကြောင့် မော်ဒယ်လ်ရဲ့ ရည်စား ပွဲဆူခဲ့တဲ့ အဖြစ်အပျက်က ရုပ်သံရိုက်ကူးရေးကို အနှောင့်အယှက် ဖြစ်စေရုံသာမက အဲဒီ အကျည်းတန်တဲ့ အဖြစ်အပျက်အလုံးစုံကို တစ်ပြည်လုံး သိသွားစေခဲ့ပါတယ်။
ပိုပြီး ဆိုးရွားစေတာက အဆိုပါ အမျိုးသားက မော်ဒယ်လ် အမျိုးသမီးရဲ့ ဘီကနီ အပေါ်ပိုင်းကို ဆွဲဆောင့်တာကြောင့် အမျိုးသမီးရဲ့ လျှို့ဝှက်အပ်တဲ့ ကိုယ်ခန္ဓာအတွင်းပိုင်းဖြစ်တဲ့ ရင်သားကို အများသူငါ မြင်တွေ့ခဲ့ရပါတယ်။
အမျိုးသားက မော်ဒယ်လ် အမျိုးသမီးကို “နင်ဘာတွေ လုပ်နေတယ်ဆိုတာကော သိရဲ့လား။ နောက်ပြီ အခုလို ၀င်ပြိုင်ဖို့ရော ဘယ်သူက ခွင့်ပြုပြီး ဘယ်သူက အကြံပေးတာလဲ ” စသဖြင့် အော်ဟစ် ပြောဆိုပြီး သူမ လက်ကိုဆွဲကာ ပြိုင်ပွဲကနေ ထွက်ဖို့ အတင်းအကျပ် ဆွဲခေါ်သွားခဲ့ပါတယ်။
သူမနဲ့အတူ ပြိုင်ပွဲဝင် အမျိုးသားတစ်ဦးကတော့ သောင်းကျန်းနေတဲ့ မော်ဒယ်လ်ရဲ့ ရည်းစားကို ရပ်တန့်စေဖို့ ၀င်ရောက်ဆွဲခဲ့ပေမယ့် အချည်းနှီးပါပဲ။ အခြား အမျိုးသမီး ပြိုင်ပွဲဝင်တွေကလည်း စိတ်ထိန်းဖို့ ၀င်ရောက် ဖျန်ဖြေကြခဲ့ပါတယ်။
ဒါပေမယ့် သူကတော့ ဒေါသကို မထိန်းနိုင်ဘဲ သူမကို နင်တော်တော် ပြချင်နေလား စတဲ့ ရင့်သီးတဲ့ မေးခွန်းတွေကို တရစပ်မေးပြီးနောက် အဲဒီလောက် ပြချင်နေဦး ဆိုပြီး မိန်းကလေးရဲ့ ဘီကနီ အပေါ်ပိုင်းကို ဆွဲဆောင့်ပြီး သူမရဲ့ ရင်သားကို လူတကာ တွေ့မြင်စေခဲ့ပါတယ်။
အင်တာနက် သတင်းများအရ အဆိုပါ မော်ဒယ်လ် အမျိုးသမီးဟာ တရုတ် dating show တစ်ခုမှ နာမည်ကြီး Bai Jing ဖြစ်ပြီး ယခုအဖြစ်အပျက်ကတော့ သူမအတွက် အွန်လိုင်းမှာ တော်တော် အဖွခံရမယ့် ထွင်လုံးတစ်ခု ဖြစ်သွားစေခဲ့ပါတယ်။
World Myanmar (world-myanmar.com)
sgstomp
သက်ဆိုင်သော အကြောင်းအရာများ ပိုမိုဖတ်ရှုရန် ===> world-news
အင်တာနက်သုံးတဲ့ ပြည်တွင်း/ပြည်ပ မြန်မာပြည်သားတွေ အများဆုံးရောက်တဲ့ မြန်မာဝက်ဆိုက်က သစ်ထူးလွင် website ဖြစ်ဖွယ်ရှိပါတယ်။
လားရှိုး၊ ရန်ကုန်၊ မိုးကုတ်၊ မြစ်ကြီးနား ဘယ်သွားသွား သစ်ထူးလွင်ပရိသတ်တွေနဲ့ တွေ့ရမှာပါ။
အင်တာနက်ဆိုင်ပိုင်ရှင်၊ မဂ္ဂဇင်းအယ်ဒီတာ၊
ကုန်သည်၊ နိုင်ငံရေးသမား စသဖြင့် သူ့ပရိသတ်က အလွှာအသီးသီးကပုဂ္ဂိုလ်တွေ၊ သတင်းဖတ်လိုသူတွေ ပါပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့တဲ့ ကိုဒီ၊ သိပ်မကြာသေးခင်ကာလအထိ မီဒီယာဌာနတွေမှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုဒီ၊ လတ်တလော အထင်ကရ ဘလော်ဂါတဦးဖြစ်သူ သစ်ထူးလွင်နဲ့ ဧရာဝတီ ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ပါတယ်။
ဧရာဝတီ - သစ်ထူးလွင် ဝက်ဆိုက်ကို ဘယ်တုန်းက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာလဲ။
Thit Htoo Lwin - ပထမဆုံး ရှင်းပြချင်တာကတော့ သစ်ထူးလွင် ဝက်ဆိုက် ဆိုတာနဲ့ပတ်သက်လို့ ပါ။ သစ်ထူးလွင် ဟာ ဝက်ဆိုက် မဟုတ်ပါဘူး၊
Blogger သို့မဟုတ် blogspot သာဖြစ်ပါတယ်။ blog ကနေ .com ကို ပြောင်းထားတာပါ။
မူရင်းကတော့ လူမူကွန်ယက်အက်တာနက် စာမျက်နှာ အုပ်စုမှာပါတဲ့ Blogger သာ ဖြစ်ပါတယ်။
သစ်ထူးလွင် ဘလော့ဂ်ကို ၂ဝ၁၁ အောက်တိုဘာလ ၁၅ ရက်နေ့ မှာ စတင်ပြီး ပုံမှန် သတင်းတွေ တင်ဖြစ်ခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ မြန်မာ အစိုးရရဲ့မျက်နှာကို ထောက်ထားနေရတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာ ဆင်ဆာဖြတ်ခံထားရပြီး တိမ်မြုပ်ပျောက်ကွယ် သွားတက်တဲ့ သတင်းတွေကို ဖော်ထုတ်တင်ပြဖို့ နဲ့
ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုမဲ့ သတင်းတွေကို တစုတဝေးတည်း ဖတ်ရှုနိုင်အောင် ကောက်နှုတ်ဖော်ပြ ပေးဖို့ ၊
ပြည်သူပြည်သားတွေက တိုက်ရိုက်ပေးပို့ လာတဲ့ သတင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိစေဖို့  ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
ဧရာဝတီ - ကိုသစ်ထူးလွင်အကြောင်းလည်း နည်းနည်း ပြောပြပါဦး။
သစ်ထူးလွင် - ကျနော် အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် ၊ အော်ဘာနီမြို့ မှာ နေပါတယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေက ကိုဒီ လို့ ခေါ်ပြီ၊ မီဒီယာလုပ်ငန်းနဲ့ပတ်သက်သူတွေကတော့ သစ်ထူးလွင် လို့ ပဲ ခေါ်ပါတယ်။ သစ်ထူးလွင် ဆိုတာ ထိုင်းအခြေစိုက် RFA သတင်းထောက် လုပ်ခဲ့စဉ်က နာမည်ပဲ ဖြစ်ပါတယ်။
အင်တာနက်ကနေ သတင်းတွေ ဖြန်တော့ ကိုယ်တိုင်ရေးတာတွေရော ရှိသလား၊ ကလောင်နာမည် ဘယ်လို ပေးထားသလဲ။
ပြည်သူပြည်သားတွေက သစ်ထူးလွင် ဘလော့ဂ်ကို တိုက်ရိုက်ပေးပို့လာတဲ့ သတင်းတွေကိုတော့ ကိုယ်တိုင်ပြန်ရေးပြီး သစ်ထူးလွင် ဒါမှမဟုတ် Myanmar News Now ဆိုတဲ့ ကလောင်နာမည်တွေနဲ့ပဲ ပြန်ရေးဖြစ်ပါတယ်။
သတင်းသမားဘဝမှာ သစ်ထူးလွင် ဆက်သွယ် လုပ်ကိုင်ခဲ့တဲ့ သတင်းဌာနများ
၂ဝဝ၅ -၂ဝဝ၆ BBC မြန်မာဌာန
၂ဝဝ၃ -၂ဝဝ၄ RFA မြန်မာဌာန
၂ဝဝဝ - ၂ဝဝ၂ ဧရာဝတီသတင်းဌာန
၂ဝဝ၁ - ၂ဝဝ၃ အမြင်သစ်၊ ခေတ်ပြိုင် လစဉ်ထုတ် စာစောင်များ
၁၉၉၈ - ၂ဝဝ၃ DVB အသံလွှင့်ဌာန
ဧရာဝတီ - ဟက်ကာတွေ နှောက်ယှက်တာနဲ့ ကြုံရဖူးတယ်လို့ သိရပါတယ်၊ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ခံရသလဲ။
သစ်ထူးလွင် - ဟက်ကာတွေရဲ့ နှောက်ယက်မှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
အဆိုးရွားဆုံးကတော့ Facebook စာမျက်နှာ ဟက်ကာတွေလက်ထဲကို တရက်ကြာရောက်ရှိသူသွားပြီး Facebook အကောင့် log ကျသွားခြင်းပဲ ဖြစ်ပါတယ်။
ဧရာဝတီ - သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေတာလား။ ကူညီတဲ့သူ ရှိသလား။
သစ်ထူးလွင် - သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေပါတယ်။ ကူညီတဲ့သူတွေကတော့ ပြည်သူပြည်သား သတင်းသမားတွေပါပဲ။
ဧရာဝတီ - သစ်ထူးလွင်က ဘာလဲ။ အစိုးရဆန့်ကျင်ရေး လုပ်တဲ့သူလား။
သစ်ထူးလွင် - အစိုးရကို ဆန့်ကျင်တဲ့သူ မဟုတ်ဘူးလို့ ငြင်းဆိုပါရစေ။
ဒါပေမယ့် အစိုးရရဲ့လုပ်ရပ်မှားရင် မှားတဲ့အကြောင်း ဝေဖန်ထောက်ပြမှာ ဖြစ်သလို အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အလျဉ်းသင့်သလို ဖော်ပြပေးနေပါတယ်။
အစိုးရ၊ စစ်တပ်၊ နိုင်ငံရေးပါတီတွေနဲ့လူမှုအဖွဲ့ အစည်းတွေ၊ စီးပွားရေးသမားတွေ စတဲ့ အုပ်ချုပ်ရေး ယန္တယားမှာ အဓိက တာဝန်ရှိသူတွေ အနေနဲ့ ပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့် လုပ်ရပ်မှန်သမျှ ဆက်လက် ဖော်ထုတ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
သစ်ထူးလွင်ဟာ ကိုယ်တတ်တဲ့ သတင်း နည်းပညာနဲ့ မြန်မာပြည်သူ ပြည်သားတွေဘက်ကနေ အခိုင်အမာ ရပ်တည်ဖို့ ဆုံးဖြတ်ထားသူပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင် စနစ်ရဲ့အရိပ်အာဝါသအောက်မှာ နည်းမျိုးစုံနဲ့ဖုံးဖိခံထားရတဲ့ အမှန်တရားတွေကို ပြည်သူလူထုနဲ့ ပူးပေါင်းဖော်ထုတ်သွားမှာဖြစ်ပါတယ်။
ဘယ်လို တိုက်ခိုက်ဝေဖန်မှုတွေ ရှိနေပါစေ - ပြည်သူလူထု အကျိုးဖြစ်ထွန်းမယ့် သတင်းတွေကို ကြိုးစားပြီးတော့ ပြည်သူတွေဆီကို အရောက်ပို့ ပေးသွားမှာ ဖြစ်ပါတယ်။
နောက်ဆုံး အနေနဲ့ကျနော် ပြောချင်တာကတော့ သစ်ထူးလွင် ဘလော့ဂ်မှာ သတင်းတွေ ကူးယူဖော်ပြရာမှာ နားလည်မှုပေးထားကြတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာများနဲ့အင်တာနက် လူမှုကွန်ယက် စာမျက်နှာမှာ သတင်းတွေ တင်ပေးကြသူများ၊
သစ်ထူးလွင်ကို သတင်းတွေ တိုက်ရိုက်ပေးပို့လာတဲ့ ပြည်သူ/ပြည်သားတွေကို သစ်ထူးလွင်က အထူး ကျေးဇူးတင်ရှိကြောင်းပါ။
ဧရာဝတီ
သက်ဆိုင်သော အကြောင်းအရာများ ပိုမိုဖတ်ရှုရန် ===> Myanmar-news
Subscribe to:
Posts (Atom)





.jpg)
