Thursday, August 30, 2012

တောင်ကိုရီးယားနိုင်ငံကို ဗိုလာဘဲန် (BOLAVEN) တိုင်ဖုန်း ၀င်ရောက်

 
ကိုရီးယားသတင်းများမှ
၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၇ ရက် ညနေပိုင်းက ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ၊ တောင်ဘက် လှပတဲ့ ဂျဲဂျူကျွန်းသို့ တိုင်ဖုန်း အမှတ် ၁၅ ဗိုလာဘဲန် ၀င်ရောက်တိုက်ခတ်ခဲ့ပြီး ယနေ့ သြဂုတ် ၂၈ ရက်၊ နေ့လည် ၁ နာရီ ကျော်အချိန်တွင် ဆိုးလ် (ဆောအုလ်) မြို့ဆီကို ၁၂၀ ကီလိုမီတာ အရှိန်ဖြင့် ၀င်ရောက် တိုက်ခတ်နေဆဲ ဖြစ်ပါတယ်။ မုန်တိုင်း တိုက်ခတ်နေစဉ် လေပြင်းဒဏ်ကြောင့် ဂျောန်လာပြည်နယ် ဂွာန်ဂျူမြို့၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ပေါ်ကနေ အသက် ၈၉ နှစ် ရှိ အဖွာအိုတဦး ပြုတ်ကျပြီး သေဆုံးခဲ့ကြောင်း၊ တိုက်ခန်းများ စောင့်နေတဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ လေပြင်းနဲ့အတူ လွင့်ပါပြီး ကုန်သေတ္တာ (ကွန်တိန်နာ - Container) စောင်းနဲ့ ထိပြီး သေဆုံးခဲ့ကြောင်း၊ ဂယောင်ဂီပြည်နယ် အန်ဆန်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၃၈ နှစ်အရွယ်ရှိ အမျိုးသားတဦးလည်း လေပြင်းမုန်တိုင်းနဲ့ ပါသွားပြီး အဆောက်အအုံတိုင်နဲ့ ထိမိပြီး ပေါင်ကျိုးသွားကြောင်း ကိုရီးယား သတင်းဌာနများရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။ အခု သတင်းရေးသားချိန် (ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲအချိန်) တွင် ဂယောင်ဂီပြည်နယ် ပူချွန်း ဒေသတ၀ိုက်ရှိ အိမ်အချို့ရဲ့အပေါ်ထပ် အမိုးအကာအချို့ ပြုတ်ကျနေပြီး လူများ လွင့်ပါသွားတော့မယ့်အလား လေပြင်းများ တိုက်ခတ်နေကြပါတယ်။ အဲဒီဒေသ အနီးအနားမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသား အချင်းချင်းကလည်း သတိထား နေထိုင်ကြဖို့၊ ကူညီကြဖို့ အပြန်အလှန် တယ်လီဖုန်းဆက် ပြောဆိုနေကြပါတယ်။ သေဆုံးသူ၊ ဒဏ်ရာရရှိသူဦးရေ ဆက်လက် တိုးပွားလျက်ရှိပြီး ကားလမ်းများ ပိတ်ဆို့နေကာ ဓာတ်တိုင်များ၊ မီးပွိုင့်များ၊ သစ်ပင်များ ကျိုးကျ ပျက်စီးနေကြပါတယ်။ တိုက်အိမ် အဆောက်အအုံများလည်း ပျက်စီးခဲ့ကြသလို အချို့နေရာများတွင် လျှပ်စစ်မီးများ ပြတ်တောက်လျက် ရှိနေပါတယ်။ ကိုရီးယား ရုပ်မြင်သံကြားဌာနနဲ့ သတင်းဌာနများက မုန်တိုင်းသတင်းများ အဆက်မပြတ် ထုတ်လွှင့် ပြသလျက်ရှိပါတယ်။ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကမ်းခြေတလျောက် ပင်လယ်လှိုင်းလုံကြီးများ ပြင်းထန်စွာ ရိုက်ခတ်လျက် ရှိပါတယ်။ လူ ၃၃ ဦးပါတဲ့ တရုတ်ပိုင် သင်္ဘော နှစ်စီး နှစ်မြုပ်သွားပြီး တရုတ်လူမျိုး ၅ ဦး သေဆုံး၍ ၁၀ ဦး ပျောက်ဆုံးနေပါတယ်။ အာဏာပိုင်များက သင်္ဘောခရီးစဉ် ၁၇၀ နဲ့ လေယာဉ်ခရီးစဉ် ၁၉၄ ခုတို့ကို ပိတ်ထားပါတယ်။ စာသင်ကျောင်းအချို့၊ စက်ရုံ အလုပ်ရုံတချို့ ပိတ်ထားကြပါတယ်။ တိုက်ခန်းများရှီ မှန်များလည်း ကွဲရှ ပြုတ်ကျပြီး အိမ်အများစုမှာလည်း ရေများ ၀င်ရောက်လာပြီး ကားများလည်း ရေထဲမှာ နှစ်မြုပ်၊ မျောပါလျက်ရှိပါတယ်။ ကယ်ဆယ်ရေးအဖွဲ့များနဲ့ ပြည်သူ့ ၀န်ထမ်းတွေကလည်း တတ်နိုင်တဲ့ဘက်က ကူညီ ပေးလျက်ရှိနေပေမယ့် သဘာဝ ဘေးဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိပါတယ်။ သြဂုတ် ၂၈ ရက်နေ့ နေ့လည်ပိုင်းက မိုးလေ၀သ ဦးစီးဌာနသို့ ကိုရီးယားသမ္မတ ယိမြောင်ဘ သွားရောက်ပြီး ပြည်သူအများ ထိခတ်မှု မရရှိရေးအတွက် တတ်နိုင်တဲ့ဘက်က ကြိုစားပြီး ကာကွယ် စောင့်ရှောက်ပေးရန် ပြောဆိုကြောင်း သိရပါတယ်။ ယခု လက်ရှိ သမ္မတ ယိမြောင်ဘဟာ ၅၁ နှစ် အကြာအတွင်းမှာ ပထမဦးဆုံး မိုးလေ၀သ ဦးစီးဌာနသို့ ပထမဆုံးအကြိမ် သွားရောက်တဲ့ သမ္မတ ဖြစ်ပါတယ်။ ရုပ်မြင်သံကြားကနေ ဆက်တိုက် ပြသနေတဲ့ မုန်တိုင်းမြင်ကွင်းတွေကို ကြည့်ရတာ တော်တော်လေးကို စိတ်မကောင်းစရာ၊ စိတ်ထိခိုက်စရာတွေ ဖြစ်နေပါတယ်။ ယခုအချိန်အထိ သိရတာကတော့ သေဆုံးသူ ၈ ဦး၊ ဒဏ်ရာရရှိသူ ၁ ဦး ဖြစ်ပါတယ်။ နောက်ဆုံး သိရတဲ့ သတင်းများအရ ဓာတ်လှေကား ပျက်၍ အပေါ်ဆုံးထပ်သို့ တက်ရောက်ရန် ပြင်နေစဉ် လေပြင်းတိုက်၍ လွှင့်စင် ပြုတ်ကျ သေဆုံး အသက် ၅၂ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦး၊ သစ်ပင် ပိ၍ သေဆုံးသူ အသက် ၅၀ အရွယ်ရှိ ၅ တန် ကုန်တင်ကား မောင်းသူ အမျိုးသား တစ်ဦး၊ မြေညီထပ် တံခါးပေါက်မှ ပြုတ်ကျ သေဆုံးသူ အသက် ၇၅ နှစ် အရွယ်ရှိ အဘိုးအို တစ်ဦး ရှိကြောင်း၊ လေဘေး ဒုက္ခသည် အိမ်ထောင်စုပေါင်း ၂ သိန်းနီးပါး ရှိကြောင်း သိရပါတယ်။ ထိုမုန်တိုင်းဟာ ၂၈ ရက် ညနေ ၆ နာရီမှာ တောင်ကိုရီးယားမှ ထွက်ခွာပြီး မြောက်ကိုရီးယား မြို့တော် ဖြောင်းယန်းမြို့ကို ၀င်ရောက်မှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားမှ ထွက်ခွာပြီးနောက်မှာတော့ တရုတ်နိုင်ငံ ချောန်ဂျင်ဒေသဆီ ၀င်ရောက်မှာ ဖြစ်ပါတယ်။
ကိုရီးယားသတင်းများမှ
ကိုရီးယားသတင်းများမှ
သတင်း - တောင်ကိုရီးယားနိုင်ငံ ဗိုလာဘဲန် (BOLAVEN) တိုင်ဖုန်း ၀င်ရောက် - Aug 28 2012 05:18 AM EST

Wednesday, August 29, 2012

Archive for စီးပွားရေး

၁၃နှစ်ကြာ တရားဝင်တင်သွင်း ခွင့် ပိတ်ထားသော နိုင်ငံခြားဖြစ် စီးကရက်နှင့် အရက်များကို တရားဝင် တင်သွင်းခွင့်ပြုရန် စီစဉ်

၁၃နှစ်ကြာ တရားဝင်တင်သွင်း ခွင့် ပိတ်ထားသော နိုင်ငံခြားဖြစ် စီးကရက်နှင့် အရက်များကို တရားဝင် တင်သွင်းခွင့်ပြုရန် စီစဉ်

Posted On: August 17, 2012
၁၃နှစ်ကြာတရားဝင်တင်သွင်း ခွင့် ပိတ်ထားသောနိုင်ငံခြားဖြစ်စီးက ရက်နှင့် အရက်များကိုတရားဝင် တင်သွင်းနိုင်ရန်စီစဉ်ဆောင်ရွက် လျက်ရှိကြောင်းစီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှသိရသည်။

ပြည်ပ ခရီးစဉ်အတွက် မြန်မာ့လေကြောင်းက လေယာဉ်နှစ်စီး ထပ်မံဝယ်ယူ ပြေးဆွဲမည်

Posted On: August 17, 2012
ပို့ဆောင်ရေးဝန်ကြီးဌာန မြန် မာ့လေကြောင်းမှသက်တမ်းရင့်လေ ယာဉ်များနေရာတွင် လေယာဉ်အ သစ်များအစားထိုးပျံသန်းပြေးဆွဲရန် စီစဉ်လျက်ရှိရာ ယခုလာမည့်ပွင့် လင်းရာသီတွင် ဘရာဇီးနိုင်ငံမှ လေ ယာဉ်နှစ်စီး ၀ယ်ယူ၍အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ပြည်တွင်းခရီးစဉ်များ သို့ပျံသန်းပြေးဆွဲသွားမည်ဖြစ် ကြောင်း မြန်မာ့လေကြောင်းမှသိရ သည်။

Online Application ဖြင့် သွင်းကုန်လိုင်စင်များနှင့် ပါမစ်ကြေး များအား ပေးဆောင်နိုင်

Posted On: August 09, 2012
Online Application ဖြင့် သွင်းကုန်လိုင်စင်များနှင့် ပါမစ်ကြေး များအား အွန်လိုင်းပေါ်မှပင် ပေးချေသွားနိုင်ရန်အတွက် စီစဉ်ဆောင် ရွက်နေလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သိရသည်။
ထိုင်းအဲအေးရှားလေကြောင်း လိုင်းမှ ဘန်ကောက်-မန္တလေးခရီးစဉ် မကြာမီ တိုးချဲ့ပျံသန်းမည်

ထိုင်းအဲအေးရှားလေကြောင်း လိုင်းမှ ဘန်ကောက်-မန္တလေးခရီးစဉ် မကြာမီ တိုးချဲ့ပျံသန်းမည်

Posted On: August 09, 2012
ထိုင်းအဲအေးရှားလေကြောင်း လိုင်းမှ ထိုင်း-မြန်မာ ခရီးစဉ်အသစ် ပြေးဆွဲမှုအဖြစ် မြန်မာနိုင်ငံအလယ် ပိုင်းရှိ မန္တလေးနှင့် ထိုင်းနိုင်ငံ မြို့ တော် ဘန်ကောက်မြို့တို့အကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ကို လာမည့်အောက်တိုဘာ ၄ ရက်မှ စတင်ကာ ပျံသန်းပြေး ဆွဲတော့မည် ဖြစ်ကြောင်း ထိုင်းအဲအေးရှားလေ ကြောင်းလိုင်းမှ အမှုဆောင်အရာရှိ တက်ဆာပွန်က သြဂုတ် ၇ ရက်က ပြောကြားခဲ့ကြောင်းဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ကွန်ဒိုတိုက်ခန်းများ အရောင်းထက် အငှားသွက်နေ

Posted On: August 03, 2012
ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက် အတွင်းကွန်ဒိုတိုက်ခန်းများမှာ အရောင်းထက်အငှားသွက်လျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။
ဒေါ်လာအနွမ်း၊ အစွန်းအပေတွေကို ငွေလဲကောင်တာတွေက လက်ခံပေးနေပြီဆိုခြင်း မှန်ကန်မှုမရှိ

ဒေါ်လာအနွမ်း၊ အစွန်းအပေတွေကို ငွေလဲကောင်တာတွေက လက်ခံပေးနေပြီဆိုခြင်း မှန်ကန်မှုမရှိ

Posted On: August 03, 2012
မီးလောင်စုတ်ပြဲနေတာတွေ မဟုတ်တာကလွဲရင် ဒေါ်လာအနွမ်း၊ အစွန်းအပေတွေကိုပါ ငွေလဲကောင်တာတွေက လက်ခံလဲလှယ်ပေးနေ ပြီဆိုတဲ့သတင်း မှန်ကန်မှုမရှိကြောင်း ကမ္ဘောဇဘဏ်မှ Money Changer တာဝန်ခံ ဒေါ်မိမိခိုင်ရဲ့ ပြော ပြချက်အရ သိရပါတယ်။

ကိုရီးယားနိုင်ငံမှ မြန်မာပို့ကုန် ပစ္စည်းအချို့ကို ပို့ကုန်ဆိုင်ရာ ကောက်ခံမှုများ ထပ်မံလျှော့ပေါ့

Posted On: August 03, 2012
ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံ မှ တင်ပို့သော ကုန်စည်များမှ အချို့ ကို အကောက်ခွန်ကင်းလွတ်ခွင့် (Duty Free) နှင့်အရေအတွက်ကန့် သတ်ကင်းလွတ်ခွင့် Quota Free ပေးသော ကုန်စည်အမည်များ ထပ်မံတိုးမြှင့်သတ်မှတ်ပေးလိုက် ကြောင်း သိရသည်။

အသေးစားမှ အလတ်စားသို့

Posted On: July 27, 2012
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအ တွက် အခြေခံလူမှုဘ၀များတိုးတက် နိုင်ရန် အသေးစားစက်မှုလုပ်ငန်း များနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆိုသောကိစ္စရပ်များ၊ လူတစ်ဦးချင်း ၀င်ငွေနှင့် အိမ်ထောင်စုများဝင်ငွေ တိုးတက်ရေးလူမှုစီးပွားရေးဘ၀မြင့် မားတိုးတက်ရေးအတွက် အလယ် အလတ်စားစီးပွားရေးလုပ်ငန်းများ အောင်မြင်ဖို့လိုအပ်ကြောင်း စီးပွား ရေးလုပ်ငန်းရှင်အချို့က ထောက်ပြ ပြောဆိုလာကြပါပြီ။
တရုတ်နိုင်ငံသို့ မြန်မာဆန်တင်ပို့မှု ရပ်ဆိုင်း

တရုတ်နိုင်ငံသို့ မြန်မာဆန်တင်ပို့မှု ရပ်ဆိုင်း

Posted On: July 27, 2012
တရုတ်နိုင်ငံသို့တင်ပို့သည့် ဆန်အရည်အသွေးမပြည့်မီမှုကြောင့် ဆန်တင်ပို့မှုကိုရပ်ဆိုင်းလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဆန်စပါးအသင်း ညီလာခံ၌ ပြောသည်။

အမေရိကန် ကုန်သွယ်ရေး ပိတ်ဆို့မှုအတွက် အစိုးရက ယခုထက်ပိုမို ပွင့်လင်းရန် ပို့ကုန်လုပ်ငန်းရှင်များ တောင်းဆို

Posted On: July 26, 2012
အမေရိကန်လွှတ်တော်က မြန်မာနိုင်ငံပို့ကုန်များကို တားမြစ် သည့်ဥပဒေအားအထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီက ဆက်လက် သက်တမ်းတိုးလိုက်သည့်ကိစ္စရပ် ကြောင့် ပြည်တွင်းပို့ကုန်လုပ်ငန်းရှင် များက မြန်မာအာဏာပိုင်အစိုးရ အနေဖြင့် ယခုထက်ပိုမိုပွင့်လင်းမှု ရှိရန်လိုအပ်ကြောင်း တောင်းဆိုခဲ့ကြ သည်။

မြန်မာဝန်ကြီးအပြောင်းအလဲအပေါ် တုံ့ပြန်မှု


မြန်မာအစိုးရ အဖွဲ့တွင်း ၀န်ကြီး အပြောင်း အလဲတွေ ဆက်တိုက် လုပ်လာတဲ့ အပေါ် အများစုက အကောင်း မြင်ကြပါတယ်။ သမ္မတဦးသိန်းစိန် အနေနဲ့ သူ့ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို ပို တွန်းအားပေးပြီး လုပ်နိုင်တော့ မယ်လို့ မြင်ကြတာပါ။ ၀န်ကြီးတချို့ကို ဌာနနေရာ ပြောင်းရွှေ့ခန့်ထား လိုက်တာမှာ...

သမ္မတ လွတ်ငြိမ်းသက်သာခွင့်ပြုမှု ကုလကြိုဆို


ရခိုင်ပြည်နယ် အရေး အခင်းမှာ ပါဝင် ပတ်သက် တယ်ဆိုပြီး ထောင်ဒဏ် အပြစ်ပေး ခံရတဲ့ ကုလ သမဂ္ဂနဲ့ ဆက်နွယ်တဲ့ ၀န်ထမ်း သုံးဦးကို သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်း ချမ်းသာ ခွင့် ပေးလိုက်ပါတယ်။ ကုလသမဂ္ဂ ၀န်ထမ်းတွေ အခုလို လွတ်မြောက် လာတဲ့ အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂဘက် ကလည်း တုံ့ပြန်...

အမှန်တရားအပေါ်မှာ ရပ်တည် ရှင်သန်ပြီး ကိုယ်လုပ်တဲ့ အလုပ် အပေါ် လိပ်ပြာ သန့်နိုင်တယ် ဆိုရင် အာဏာ မရှိတဲ့သူတွေ မှာလည်း စွမ်းအား ရှိတယ်။

Photobucket
Design Ko Pho Htaung

26 July 2012

ယခုထွက်ပေါ်လာမည့် ဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ၀န်ကြီးများ၏ပိုင်ဆိုင်မှုများကြေညာရန် ထည့်သွင်းထား

ယခုလွှတ်တော်အစည်းအဝေးအတွင်းအတည်ပြုနိုင်ဖွယ်ရှိသည့်အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွင်ဝန်ကြီးများ၏ပိုင်ဆိုင်မှုများကြေညာရန်ထည့်သွင်းရေးဆွဲထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်
စားလှယ်များ၏ပြောကြားချက်အရသိရသည်။
“အခုပြဌာန်းမယ့် anti-corrruption Law အဂတိလိုက် စားမှုတားမြစ်ရေး ဥပဒေကိုပြည်သူ့ လွှတ်တော်မှာတင်ထားတယ်ပြည်ထောင်စုမှာ တင်တာတော့လာဘ်ပေးလာဘ်ယူဥပဒေပေါ့ ဒီဥပဒေနှစ်ခုမှာပစ္စည်းပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးသက်ဆိုင်ရာကလာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးအတွက်တာ
ဝန်ရှိတဲ့ညွှန်ကြားရေးမူးချုပ်က notic စာပေးနိုင်တယ်ဆိုပြီးပါတယ်။အဲဒီ nitic ပေးတဲ့အပိုင်း ကို ဥပဒေပြဌာန်းပြီးဆောင်ရွက်လိုက်ရင် တစ်လောက ၀န်ကြီးဦးစိုးသိန်းပြောတဲ့ ပိုင်ဆိုင် မှုတွေကြေညာနိုင်ဖို့ကတော့ဖြစ်လာမှာပါ” ဟုအဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကြမ်းတင် သွင်းထားသူပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။
နေပြည်တော်တွင်ပြုလုပ်သော သတင်းမီးဒီယာ တွေ့ဆုံပွဲတစ်ခုတွင် စက်မှုဝန်ကြီး ဦးစိုးသိန်း က မိမိအနေဖြင့်လာဘ်ပေးလာဘ်ယူကိစ္စများတွင်ပါဝင်ပတ်သက်မိပါက ရာထုးမှ နှုတ်ထွက်ပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၏ ပိုင်ဆိုင်မှုများ ဖော်ပြရန်မူ အချိန်ယူဆောင်ရွက်ရမည်ဟု ၄င်းကပြောကြားခဲ့သည်။ ထိုကဲ့သို့ဝန်ကြီးများ၏ပိုင်ဆိုင်မှုစာရင်းဇယား များထုတ်ပြန်လာနိုင်မှုအပေါ်နိုင်ငံရေးလေ့လာသူတစ်ဦးက“လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတစ်ခုပါဒါဟာ နိုင်ငံ
တစ်ကာမှာလည်းရှိပါတယ်။ ကျွန်တော်တို့ဆီမှာ လုပ်နိုင်ရင်တော့ ဘာပဲပြောပြော မရှိတာထက်ရှိတာက
ပိုကောင်းပါတယ်။ အဲဒီရှိတာတွေကို လိုက်နာဖို့လည်းလိုအပ်ပါတယ် ကျွန်တော်သိသလောက်တော့ အဂတိလိုက်စားမှုလို့ဆိုရာမှာ ပေးသူရော ယူသူကိုပါ အရေးယူနိုင်လောက်တဲ့ ခိုင်မာတဲ့ဥပဒေတွေရှိဖို့လိုပါတယ်” ဟုပြောကြားခဲ့သည်။
အဂတိလိုက်စာမှုတိုက်ဖျက်ရေးဥပဒေ၌၀န်ကြီးများ၏ပိုင်ဆိုင်မှု များကြေညာကြရာ တွင် အစိုးရသစ်စတင် တာဝန်ယူသော မတ်လ ၃၁ ရက်နေ့နောက်ပိုင်း ရရှိသောငွေများကို ကိုသာဆို လိုခြင်းဖြစ်ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က“ အရင်ကဟာတွေ ကိုတော့ ပြန်ပြောနေလို့ မရတော့ဘူးပေါ့။ အခုအစိုးရသစ်တက်လာပြီးနောက်ပိုင်း ကိစ္စတွေပဲအကျုံးဝင်မှာပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကိစ္စက တစ်နေရာတည်းကွက်လုပ်နေလို့
ရတဲ့ ကိစ္စမဟုတ်ပါဘူး။ လွှတ်တော်မှာတောင်ဆွေးနွေးနေပြီပဲ။ ၀န်ကြီးတွေ တင်မကပါဘူး။အစိုးရ၀န်ထမ်းတိုင်းနဲ့ဆိုင်တဲ့ကိစ္စ၊တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စပါ” ဟုပြောကြားခဲ့သည်။
စင်္ကာပူနိုင်ငံ သည်အရှေ့တောင်အာရှနိုင်ငံများထဲတွင်အဂတိလိုက်စား မှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အကောင်းဆုံးစံပြနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင်ယခင်ကတည်းကအဆိုပါဥပဒေအားပြဌာန်းထားပြီးသားဖြစ်
ကြောင်းကို ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်ရေးကော်မရှင်အဖွဲ့ဝင် တစ်ဦးက"ကျွန်တော်တို့ ဆီမှာ ဥပဒေလေးရာကျော်ရှိပါတယ်။ ဒီဥပဒေ အပါအ၀င်ဖြစ်ပါတယ်။ ရှိပြီးသားကိုပြန်ဖြည့်စွက်တာပါ။ဒီထဲမှာမှဝန်ကြီးတွေရဲ့ပိုင်ဆိုင်မှု ကိုပါဖော်ပြရမယ်ဆိုရင် ပိုပြီးတော့ပွင့်လင်းမြင်သာမှုရှိတာပေါ့။ တစ်ချို့ကဒီဥပဒေကို အသစ်လို့ထင်ကြတယ်။ ဒါကဟိုးအရင်ကတည်းကရှိပြီးသားပါ”ဟုပြောကြားသည်။ 
သတင်း.... Messenger News Journal

ဇေကမ္ဘာ ဦးခင်ရွှေအား ရွှေနံ့သာ လယ်သမားများက တရားစွဲဆိုမည်

ဇေကမ္ဘာကုမ္ပဏီလီမိတက်ပိုင် ရှင်ဖြစ်သူ အမျိုးသားလွှတ်တော်အ မတ်ဦးခင်ရွှေအား မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စုရှိ လယ်သ မားများက တရားစွဲဆိုတော့မည် ဖြစ်ကြောင်း ရွှေနံ့သာလယ်သမား များ၏အမှုလိုက်ရှေ့နေဖြစ်သူ ရှေ့ နေဦးအေးမြင့်၊ (လမ်းပြကြယ်)ထံမှ စုံစမ်းသိရှိရသည်။
“ဦးခင်ရွှေကို သူနဲ့စက်မှုဇုန် မင်္ဂလာဒုံမှာရှိတဲ့ မြေယာပိုင်ဆိုင်မှုအ တွက်အငြင်းပွားနေတဲ့ လယ်သမား တွေက တရားစွဲဆိုသွားမှာပါ” ဟု ရှေ့နေဦးအေးမြင့်(လမ်းပြကြယ်)က မြန်မာပို့စ်ဂလိုဘယ်သို့ပြောသည်။
ဇေကမ္ဘာကုမ္ပဏီနှင့် မင်္ဂလာဒုံ မြို့နယ်ရွှေနံ့သာကျေးရွာအုပ်စုမှ လယ်သမားများသည် မင်္ဂလာဒုံမြို့ နယ်စက်မှုဇုန်(၄)ရှိ ၈၁၅ ဧက အကျယ်အ၀န်းရှိသော မြေယာပိုင် ဆိုင်မှုအတွက် ကာလအတန်ကြာ အငြင်းပွားနေခဲ့ပြီး လယ်သမားများ ၏ အရေးဆောင်ရွက်သူ မတူကွဲ ပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္က ဋ္ဌဦးနေမျိုးဝေမှလည်း လက်ရှိအချိန် တွင် ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ မန်နေဂျာဦးမြင့်ဇော်၏ တရားစွဲဆို ထားမှုကြောင့် အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်ဟုသိရသည်။
ရွှေနံ့သာလယ်သမားများအနေ ဖြင့် မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် ဖြစ်စေ၊ ရန်ကုန်မြောက်ပိုင်းခရိုင်တ ရားရုံးတွင်ဖြစ်စေ၊ ဇေကမ္ဘာဦးခင်ရွှေ အား တရားစွဲဆိုသွားမည်ဖြစ်သည် ဟုသိရသည်။
“သူက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ဖြစ်ပြီး ဖွဲ့စည်းပုံပါအချက်အလက်တွေကို ချိုးဖောက်တယ် ပြီးတော့ မင်္ဂလာဒုံ စက်မှုဇုန်(၄)မှာရှိတဲ့ မြေတွေကိုရယူ ရာမှာ သူ ကိုယ်တိုင်တရားဝင်ရထား သလို အယောင်ဆောင်ပြီးအာဏာ အလွဲသုံးစားပြီးရယူထားတယ်။ ဟန် ဆောင်ထားတယ် ပြီးတော့ အဲဒီ လယ်မြေတွေဟာ အခြားမြေတွေ အဖြစ် အသုံးပြုမယ်ဆိုရင် ပြည်ထဲ ရေးဝန်ကြီးဌာနကို အရင်တင်ပြရ မယ်။ အခြားမြေအဖြစ်မသုံးပြုခွင့် ကို သူ့ဆီမှာ ဘယ်ဝန်ကြီးဌာနကမှ အဲဒီမြေအတွက် တရားဝင်ပေးထား တဲ့ အချက်လက်တွေမရှိဘူး။ အဲဒီ အချက်လက်တွေပေါ်မှာမူတည်ပြီး ရွှေနံ့သာလယ်သမားတွေအနေနဲ့ စွဲဆိုသွားမှာပါ” ဟု ဦးအေးမြင့်က ပြောသည်။

Share This Article

ဒီလှိုင်းရုံးရှေ့တွင် ဗုံးတွေ့ရှိ

28
စိုင်းထွန်းအောင်လွင်
ဗဟန်းမြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ယာ မြေညီထပ်ရှိ ဒီလှိုင်းစာစောင်ရုံးရှေ့တွင် ဗုံးဟုယူဆရသော အရာတစ်ခုကို သြဂုတ်လ ၂၈ ရက်နေ့ နံနက်က တွေ့ရှိခဲ့ကြောင်း ဒီလှိုင်းစာစောင် တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ဗုံးဟုယူဆရသော အနက်ရောင် ပလပ်စတစ်အိတ်ဖြင့်ထုပ်ထားသည့် အထုပ်ကို နံနက် ၇ နာရီခန့်က ဒီလှိုင်းဂျာနယ် ရုံးရှေ့၊ ထရန်စဖော်မာ အနီးတွင် ရပ်ထားသော Froward ကုမ္ပဏီပိုင် Suzuki Pick Up ကားနောက်ခန်းပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စတွေ့တာက အဲဒီကုမ္ပဏီက ကားသမားက စတွေ့တာပါ (၇)နာရီလောက်ကပေါ့၊ နောက်ခန်းဘယ်ဘက်ထောင့်မှာ ကျွတ်ကျွတ်အိတ်နဲ့ ထမင်းဘူးပုံစံ ထုပ်ထားတယ်။ အဲဒါနဲ့ ကားသမားက ရပ်ကွက်အုပ်ချုပ်ရေးမှုးကို အကြောင်းကြားတယ်၊ ကျွန်တော်ရုံးတံခါးလာဖွင့်တော့ ရပ်ကွက်လူကြီး ရောက်နေပြီ” ဟု ဒီလှိုင်းစာစောင်မှ သတင်းထောက် ကိုကျော်အေးနိုင်က ပြောသည်။
ထို့နောက်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့၊ သတင်းတပ်ဖွဲ့၊ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ရောက်လာပြီး အဆိုပါအထုပ်အား လာရောက်စစ်ဆေးခဲ့ကြောင်း၊ ရေသန့်ဗူးထဲတွင် သံစ သုံးပုံတစ်ပုံခန့်ထည့်ထားပြီး အပေါ်တွင် ဂဏန်းပေါင်းစက်ကို ၀ါယာကြိုးဖြင့် ဗူးနှင့် ဆက်သွယ်ထားသည်ကို  တွေ့ရကြောင်း၊ စနက်တံနှင့် ယမ်းမပါရှိသော်လည်း ဖွဲ့စည်းတည်ဆောက်ပုံအရ  ဗုံးအဖြစ် တည်ဆောက်ထားသည်ဟု တာဝန်ရှိသူများက မှတ်ချက်ပေးကြောင်း၊ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ဆေးမှု ပြီးဆုံးပြီး အဆိုပါ ဗုံးဟု ယူဆရသော အရာကို တာဝန်ရှိသူများက ယူဆောင်သွားခဲ့ကြောင်း ဒီလှိုင်းဂျာနယ် တာဝန်ရှိသူများထံမှ သိရသည်။
“တာဝန်ရှိတဲ့ စစစ၊ SB တို့က ဒီနားဝန်းကျင်မှာရှိတဲ့ ပါတ်ဝန်းကျင် အခန်းတွေကို လိုက်မေးတယ်၊ ဒီလှိုင်းစာစောင်ရုံးခန်းကြောင့် ဒီလိုဖြစ်တယ် ထင်သလားဆိုပြီး၊ ကျွန်တော်တို့ ကိုယ်တိုင်လည်း ရုံးရှေ့မှာလည်းဖြစ်၊ လာတင်တဲ့ကားကလည်း ရုံးကကားနဲ့ ခပ်ဆင်ဆင် ကားပေါ်တင်သွား၊ အနီးမှာ ထရန်စဖော်မာလည်းရှိတော့ သံသယတော့ ဖြစ်မိတယ်” ဟု ဒီလှိုင်းစာစောင်မှ သတင်းထောက် ကိုကျော်အေးနိုင်က ပြောသည်။
အဆိုပါ ဗုံးတင်သွားသော ကားနောက်နေရာတွင် ယခင်ရက်များက ဒီလှိုင်းစာစောင်ရုံးပိုင် တိုယိုတာ လိုက်အေ့ကားမှာ ရပ်ထားလေ့ရှိကြောင်း ပါတ်ဝန်းကျင်နေအိမ်များ၏ ပြောပြချက်အရ သိရသည်။

Share This Article

အေးရှားဝေါလ်မှ Port Terminal တည်ဆောင်ခြင်းကို ဖျက်သိမ်းပေးရန် အလုံမြို့နယ်ရှိ ပြည်သူများက ဆန္ဒပြ တောင်းဆို

အးရှားဝေါလ် ကုမ္ပဏီမှ Port Terminal တည်ဆောက်ခြင်းကြောင့် အလုံမြို့နယ် ရပ်ကွက်အချို့ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေသောကြောင့် ၄င်းရပ်ကွက်မှ ရပ်ကွက်သူ ရပ်ကွက်သားများက ၂၄ ရက်နေ့ ညနေ ၄ နာရီခန့် အချိန်မှ စတင်၍ တည်ဆောက်ခြင်းကို ဖျက်သိမ်းပေးရန် အတွက် ၆ နာရီကျော်ကြာအောင် ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါဆန္ဒပြခြင်းကို အောက်ကြည့်မြင်တိုင်လမ်း သီရိမင်္ဂလာဈေးဟောင်း မြောင်းကြီးထိပ်တွင် ဖြစ်ပွားခဲ့ကာ ၄င်းရပ်ကွက်နေ ပြည်သူ အယောက်တစ်ထောင်ခန့် ဆန္ဒပြ ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး  ညနေ ၄ နာရီမှ ည ၁၀ နာရီခွဲ အချိန်ထိ  ကြာမြင့်ခဲ့ကြောင်းသိရသည်။
“အရင်သီရိမင်္ဂလာဈေးကြီးတာ ၁၀ နှစ်ကျော်ပြီ၊ တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး၊ အေးရှားဝေါလ်က မြေပေါ်မြေအောက်ကနေ စလစ်လောင်းလို့ ရေတွေကြီးလာတာပါဟု ” ၄င်းအနီးတွင် ဈေးရောင်းသူတစ်ဦးကပြောသည်။
အဆိုပါဆန္ဒပြပွဲကြောင့် အောက်ကြည့်မြင်တိုင် လမ်းတစ်လျှောက် ၆ နာရီကျော်ကြာအထိ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကုမ္ပဏီနှင့် ရပ်ကွက်နေ ပြည်သူများကို လာရောက်ညှိနှိုင်း ဖြေရှင်းပေးပြီးသွားချိန်မှ ပြေလည်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ပြည်သူလူထုဘက်က ရပ်တည်ပေးသွားမှာပါ ကုမ္ပဏီနှင့် လည်း ညှိနှိုင်းပြီးသွားပါပြီ၊ ကုမ္ပဏီက တာဝန်ရှိသူ တစ်ဦးကိုလည်း ပြည်သူတွေကို တောင်းပန်ဖို့ ခေါ်ထားပါတယ်၊ သူတို့က တည်ဆောက်နေတဲ့ဟာကို ပြန်ဖျက်ပေးမယ်လို့ ပြောပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသား ကိုမြအေးက ပြောသည်။
အေးရှားဝေါလ် ကုမ္ပဏီမှ ဆိုဒ်တာဝန်ခံ တစ်ဦးကလည်း “ကျွန်တောတို့ အခုဆောက်လုပ်နေတဲ့နေရာကို ဖျက်နေပါပြီ အပြီးဖျက်ပေးမှာပါ” ဟု ဆန္ဒပြပြည်သူများ၏ ရှေ့မှောက်တွင် ပြောကြားသွားခဲ့သည်။
အဆိုပါ အေးရှားဝေါလ် ကုမ္ပဏီ တည်ဆောက်နေသော မြောင်းနေရာမှာ ကြည့်မြင်တိုင် ဈေးဟောင်း ဘေး မြောင်းကြီးထိပ်တွင်  ဖြစ်ပြီး ၄င်းမြောင်းကြီးသည် ကြည့်မြင်တိုင်မြို့နယ် ရပ်ကွက်များမှရေများ စီးဆင်းရန် အဓိက မြောင်းဖြစ်ပြီး ယခင်က မြစ်ဝတွင် မြောင်းကျယ်မှာ ၁၈ ပေကျော်ခန့် ရှိပြီး ယခု ၁၀ ပေလောက်သာ ရှိတော့ကြောင်း သိရသည်။
အဆိုပါ Port Terminal တည်ဆောင်ခြင်းကြောင့် ယခုနှစ်မိုးရာသီတွင် ၄င်းအနီးနား ၀န်းကျင်မှ နေအိမ်များ ရေတက်ခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်များက ယခုလို ရေတက်ခဲ့ခြင်းမရှိကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

Share This Article

ယုံကြည်စိတ်ချရသည့် အဖွဲ့စည်း လူပုဂ္ဂိုလ်များရှေ့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် KIA/KIO တောင်းဆို

ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရာတွင် ယုံကြည်စိတ်ချရသည့် အဖွဲ့စည်း၊ လူပုဂ္ဂိုလ်များ၏ ရှေ့မှောက်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)/(KIO) မှ တောင်းဆိုထားကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ထံ မှ သိရသည်။ ကချင်ငြိမ်းချမ်းရေးကွန်ယက်၊ နာရေးကူညီမှုအသင်း၊ Rain Fall နှင့် အဖြူရောင်တွဲလက်များ အစရှိသည့် အဖွဲ့အစည်းများသည် တိုက်ပွဲများဖြစ်ပွားနေသည့် ကချင်ဒေသသို့ သြဂုတ်လ ၁၂ ရက်မှ ၂၂ ရက်နေ့အထိ သွားရောက်လေ့လာခဲ့ပြီး  (KIA)/(KIO) တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် (KIA)/(KIO)  တာဝန်ရှိသူများက ပြောကြားခဲ့ခြင်းဖြစ်သည်။
ကချင်ငြိမ်းချမ်းရေး ကွန်ယက်နှင့်အတူ ကချင်ဒေသ ခရီးစဉ်တွင် လိုက်ပါသွားခဲ့သည့် မဇင်မာအောင် (Rainfall) က “ကေအိုင်အေ၊   ကေအိုင်အိုတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့နေရာမှာ သူတို့ဘက်က ဒီတစ်ကြိမ် ဆွေးနွေးပွဲလုပ်ရင် ပိုပြီးပွင့်လင်းမြင်သာမှုရှိုဖို့ ယုံကြည်စိတ်ချရတဲ့ အဖွဲ့စည်း၊ လူပုဂ္ဂိလ်တွေရဲ့ရှေ့မှာ ဆွေးနွေးပွဲ ပြုလုပ်ချင်တယ်လို့ ကေအိုင်အေ တာဝန်ရှိသူတွေက ပြောပါတယ်” ဟု မြန်မာပို့စ် ဂလိုဘယ်သို့ပြောသည်။
ထို့ပြင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများဖြစ်စေ၊ ငြိမ်းချမ်းမှုကို အမှန်တကယ်လိုလားသူ သမ္မစိတ္တရှိပြီး မျှတသည့် သဘောထားရှိသည့် လူပုဂ္ဂိုလ်များ၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရာတွင်ပါဝင်လာပါက လက်ကမ်းကြိုဆိုနေမည် ဖြစ်ကြောင်းလည်း သိရသည်။
“ကေအိုင်အေ၊ ကေအိုင်အိုအနေနဲ့ ပြီးခဲ့တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့နဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ သုံးကြိမ်စလုံးဟာ တရားဝင် တွေ့ဆုံဆွေးနွေးတဲ့ ဖြစ်စဉ်လို့မမြင်ဘူး၊ ပွင့်လင်းမြင်သာမှုရှိတယ်လို့လည်း မမြင်ဘူး။ တကယ်လို့ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုတွေမှာ ပိုပြီးပွင်လင်းမြင်သာမှုရှိအောင်၊ အများပြည်သူ သိရှိအောင်တွေ့ဆုံဆွေးနွေးပုံတွေကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ပေးမယ်ဆိုရင် သူတို့အနေနဲ့ တွေ့ဆုံဆွေးနွေးပွဲကို ပွင့်လင်းမြင်သာတဲ့ တွေ့ဆုံဆွေးနွေးမှု အဖြစ် မှတ်ယူမယ်” ဟု မဇင်မာအောင်က ပြောသည်။
(KIA)/(KIO) တို့နှင့် မြန်မာတပ်မတော်အကြား ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် နှစ်ဘက်တာဝန်ရှိသူများ သဘောတူညီခဲ့သော အပစ်ခတ်ရပ်စဲမှု ပျက်ပြယ်ခဲ့ရကာ ယခုသြဂုတ်လတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။
တိုက်ပွဲများကြောင့် ကချင်ဒေသရှိ ဒေသခံလူထု ထောင်ပေါင်းများစွာ အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီးနီးစပ်ရာ ဒုက္ခသည် စခန်းများတွင် ဒုက္ခသည်များဖြစ် ခိုလှုံရောက်ရှိနေခဲ့ကြသည်။
လက်ရှိအခြေနေတွင် (KIA)/(KIO)  တာဝန်ရှိသူများနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့မှ တာဝန်ရှိ  ပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးရန် နေရာညှိနှိုင်းမရ ဖြစ်နေသည်ဟု သိရပြီး ကေအိုင်အေ၊ ကေအိုင်အိုဘက်မှ မိုင်ဂျာယန်နှင့် လွယ်ဂျယ်ကြားက တနေရာတွင် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားသည်ဟု သိရသည်။
ထို့ပြင် (KIA)/(KIO)  တာဝန်ရှိသူများ အနေဖြင့် လွန်ခဲ့သည့် ဇူလိုင်လအတွင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့နှင့် တွေ့ဆုံစဉ်ကလည်း နောက်တစ်ကြိမ် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရာတွင် မျှတပြီး ယုံကြည်လေးစားလောက်သော ပုဂ္ဂိုလ် (သို့မဟုတ် ) အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်လာရန် လိုအပ်ကြောင်း(KIA)/(KIO)  ရှိ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု ၈၈ မျိုးဆက်ကျောင်းသားများထံမှ စုံစမ်းသိရှိရသည်။

Share This Article

အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ မမှန်မကန် ပြုလုပ်ပါက ထောင်ထဲ သွားရမည်ဟု နိုင်ငံတော် သမ္မတ ပြောကြား

2jpg
ဇော်မင်းနိုင်
အစိုးရအဖွဲ့တွင် တာဝန်ထမ်း ဆောင်လျက်ရှိသော အစိုးရအဖွဲ့ဝင် ၀န်ကြီးများအနေဖြင့် မမှန်မကန်ပြု လုပ်ပါက   ထောင်ထဲသွားရမည် ဟု နိုင်ငံတော်သမ္မတကပြောကြားထား ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြော သည်။
သြဂုတ် ၁၁ ရက်ကရန်ကုန်  မြို့ စီးပွားကူးသန်းရုံးခွဲတွင်ကျင်းပ ပြလုပ်ခဲ့သော ဆန်စပါးကဏ္ဍ၊ ပဲမျိုး စုံကဏ္ဍ၊ ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် မြန်မာ့ဆန်စက် လုပ်ငန်းပြပွဲ လုပ်ငန်းညှိနှိုင်းရေး ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန် ကြီးကအထက်ပါအတိုင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
“ဘာပဲလုပ်လုပ် လွတ်လွတ် လပ်လပ်လုပ်ခွင့်ရှိတယ်။ ကိုယ်ဖြစ် ကိုယ်ခံရမယ်။ အပြစ်ဖြစ်လာရင် တော့ ထောင်ထဲအထိနေရမယ်လို့ သမ္မတကပြောထားတယ်” ဟု ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကပြော ကြားသည်။
၂၀၁၀ ရွေးကောက်ပွဲရလဒ် အရတက်ရောက်ခဲ့သော အစိုးရ သစ်မှာ သက်တမ်းအားဖြင့် တစ် နှစ်နှင့်လေးလသက်တမ်းသို့ ၀င် ရောက်ခဲ့ပြီဖြစ်ပြိး ခေတ်နောက်ပြန် ဆွဲသည့်အယူအဆများရှိသည့် သူများအားချန်ထားခဲ့မည်ဖြစ် ကြောင်းနိုင်ငံတော်သမ္မတကပြော ကြားထားသည်။
“ကျွန်တော်ဆိုရင် ၀န်ကြီးဖြစ် တော့ ပိုဆင်းရဲသွားတယ်” ဟု ပြည် ထောင်စုဝန်ကြီးဦးဝင်းမြင့်ကအဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင်ပြောကြား သည်။
မြန်မာနိုင်ငံ၏ ပြောင်းလဲလာ သော နိုင်ငံရေးဖြစ်စဉ်များပေါ်မူ တည်ပြီး ပြည်ပနိုင်ငံများမှ စီးပွား ရေးပိတ်ဆို့မှုရုပ်သိမ်းခြင်းစသည့် အခြေအနေများဖြစ်ပေါ်လာခဲ့သော် လည်း အစိုးရပိုင်းတွင်တာဝန်ယူ ထားသည့် သူများအနေဖြင့် ဒီမိုက ရေစီစနစ်တွင် လိုက်ပါပြောင်းလဲ ရန်လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူများကပြောကြားသည်။
“အဓိကက အစိုးရအဖွဲ့မှာ တာဝန်ယူထားတဲ့သူတွေအနေနဲ့ ကိုယ်တာဝန်ယူထားတဲ့ အပိုင်းကို ကျေကျေပွန်ပွန်လုပ်နိုင်ဖို့လိုတယ်။ ကိုယ်ယူထားတဲ့အပိုင်းကို တာဝန် ကျေအောင်မလုပ်နိုင်ဘူးဆိုရင် မိမိ ဘာသာမိမိနုတ်ထွက်ပိုင်ခွင့်ရှိတယ်”  ဟု ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုပြုံးချိုကပြောသည်။