Wednesday, August 22, 2012

ဆေးဝါးမိတ်ဆက်


ဆေးဝါးမိတ်ဆက်
Tomatec
            Tomatec ကို ဆေးတောင့်ပုံစံဖြင့် ထုတ်လုပ်ထားပါသည်။ ၄င်းသည် ခရမ်း ချဉ်သီးဆေးဖြစ်ပါသည်။ ၄င်းသည် Anticancer Antioxidant ဖြစ်ပါသည်။ နိုင်ငံတကာ သုတေသနစာတမ်းများတွင် တင်ပြချက်များအရ ခရမ်းချဉ်သီး စားသုံးမှု သို့မဟုတ် သွေးအတွင်း Lycopene ရှိမှုနှင့် မြစ်ပွားနာ ရောဂါတို့ ဆက်နွယ်မှု ပြောင်းပြန်အချိုးရှိကြောင်း ခိုင်လုံစွာ သိရှိခဲ့ကြပါသည်။ ခရမ်းချဉ် သီးတွင်ပါဝင်သော Lycopene ၏ ဓာတ်တိုးဆန့်ကျင်အာနိသင်နှင့် ကလပ်စည်းပွားမှုကို ဟန့်တားနိုင်သည့် အာနိသင်ကြောင့် ဆီးကျိတ်မြစ်ပွားနာရောဂါ ဖြစ်ပေါ်ခြင်းကို လျော့နည်းစေပါသည်။ အရေပြား အပိမ့်ထွက်ခြင်း၊ နေလောင်ခြင်း၊ အရေပြား အရောင်ပြောင်းလဲခြင်းနှင့် အရေပြား မြစ်ပွားနာဖြစ်ခြင်းတို့မှ  ကာကွယ်နိုင်သော အစွမ်းထက်သည့် Antioxidant တစ်မျိုးဖြစ်ပါသည်။ ၄င်းကို မြန်မာနိုင်ငံအခြေစိုက် FAME Pharmaceuticals ကုမ္ပဏီက ထုတ်လုပ်ပါသည်။ မြန်မာနိုင်ငံအတွက် ရွှေစံကားကုမ္ပဏီက ဖြန့်ချိပါသည်။

No comments:

Post a Comment