Thursday, August 23, 2012

E-ပင်စင်စနစ် မြန်မာ့စီးပွားရေးဘဏ်၌ စတင်ဆောင်ရွက်

E-ပင်စင်စနစ် မြန်မာ့စီးပွားရေးဘဏ်၌ စတင်ဆောင်ရွက်

23/Aug/2012

E-Mail this article Printable Version
ရန်ကုန်မြို့ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ(၂) တွင် ပင်စင်စာအုပ်ဖြင့် ငွေထုတ်ပေးခြင်းအစား Smart Card ဖြင့် ပင်စင်လစာ ထုတ်ပေးသည့် e-pension စနစ်ကို သြဂုတ် ၂၁ ရက်မှ စတင်စမ်းသပ် ဆောင်ရွက်နေပြီ ဖြစ်သည်။ e-pension စနစ်ဖြင့် ဆောင်ရွက်ရာတွင် ပင်စင်စားများအနေဖြင့် ပင်စင်စာအုပ်ထပ်ခြင်းနှင့် ပင်စင်လစာ ထုတ်ယူခြင်းတို့အတွက် ဘဏ်သို့ နှစ်ကြိမ်လာရောက်ရန်နှင့် ဘဏ်တွင် ကြာရှည်စွာ စောင့်ဆိုင်းရန် မလိုအပ်တော့ဘဲ ဘဏ်ဖွင့်ရက်တိုင်းတွင် ပင်စင်ကောင်တာ၌ Smart Card တင်ပြပါက ဘဏ်အရာထမ်းမှ ကွန်ပျူတာဖြင့် စိစစ်၍ ပင်စင်လစာကို ချက်ချင်းထုတ်ပေးသွားနိုင်တော့မည် ဖြစ်သည်။ ကျန်ရန်ကုန်ဘဏ်ခွဲကြီးများနှင့် တိုင်းဒေသကြိး၊ ပြည်နယ်၊ ခရိုင်အဆင့် ဘဏ်ခွဲကြီးများတွင် ဒုတိယအဆင့်အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးရှိ ဘဏ်ခွဲများ၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ဓါတ်ပုံ၊ ထိုးမြဲလက်မှတ် နမူနာနှင့် လက်ဗွေနမူနာများ ပေးအပ်ရခြင်း မပြုရသေးသည့် ပင်စင်စားများအနေဖြင့် e-pension စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် မိမိတို့ပင်စင် ထုတ်ယူလျက်ရှိသည့် မြန်မာ့စီးပွားရေးဘဏ်ခွဲနှင့် အမြန်ဆုံး ဆက်သွယ် ဆောင်ရွက်ရန်လိုအပ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment