Wednesday, August 29, 2012

အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ မမှန်မကန် ပြုလုပ်ပါက ထောင်ထဲ သွားရမည်ဟု နိုင်ငံတော် သမ္မတ ပြောကြား

2jpg
ဇော်မင်းနိုင်
အစိုးရအဖွဲ့တွင် တာဝန်ထမ်း ဆောင်လျက်ရှိသော အစိုးရအဖွဲ့ဝင် ၀န်ကြီးများအနေဖြင့် မမှန်မကန်ပြု လုပ်ပါက   ထောင်ထဲသွားရမည် ဟု နိုင်ငံတော်သမ္မတကပြောကြားထား ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြော သည်။
သြဂုတ် ၁၁ ရက်ကရန်ကုန်  မြို့ စီးပွားကူးသန်းရုံးခွဲတွင်ကျင်းပ ပြလုပ်ခဲ့သော ဆန်စပါးကဏ္ဍ၊ ပဲမျိုး စုံကဏ္ဍ၊ ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် မြန်မာ့ဆန်စက် လုပ်ငန်းပြပွဲ လုပ်ငန်းညှိနှိုင်းရေး ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန် ကြီးကအထက်ပါအတိုင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
“ဘာပဲလုပ်လုပ် လွတ်လွတ် လပ်လပ်လုပ်ခွင့်ရှိတယ်။ ကိုယ်ဖြစ် ကိုယ်ခံရမယ်။ အပြစ်ဖြစ်လာရင် တော့ ထောင်ထဲအထိနေရမယ်လို့ သမ္မတကပြောထားတယ်” ဟု ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကပြော ကြားသည်။
၂၀၁၀ ရွေးကောက်ပွဲရလဒ် အရတက်ရောက်ခဲ့သော အစိုးရ သစ်မှာ သက်တမ်းအားဖြင့် တစ် နှစ်နှင့်လေးလသက်တမ်းသို့ ၀င် ရောက်ခဲ့ပြီဖြစ်ပြိး ခေတ်နောက်ပြန် ဆွဲသည့်အယူအဆများရှိသည့် သူများအားချန်ထားခဲ့မည်ဖြစ် ကြောင်းနိုင်ငံတော်သမ္မတကပြော ကြားထားသည်။
“ကျွန်တော်ဆိုရင် ၀န်ကြီးဖြစ် တော့ ပိုဆင်းရဲသွားတယ်” ဟု ပြည် ထောင်စုဝန်ကြီးဦးဝင်းမြင့်ကအဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင်ပြောကြား သည်။
မြန်မာနိုင်ငံ၏ ပြောင်းလဲလာ သော နိုင်ငံရေးဖြစ်စဉ်များပေါ်မူ တည်ပြီး ပြည်ပနိုင်ငံများမှ စီးပွား ရေးပိတ်ဆို့မှုရုပ်သိမ်းခြင်းစသည့် အခြေအနေများဖြစ်ပေါ်လာခဲ့သော် လည်း အစိုးရပိုင်းတွင်တာဝန်ယူ ထားသည့် သူများအနေဖြင့် ဒီမိုက ရေစီစနစ်တွင် လိုက်ပါပြောင်းလဲ ရန်လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူများကပြောကြားသည်။
“အဓိကက အစိုးရအဖွဲ့မှာ တာဝန်ယူထားတဲ့သူတွေအနေနဲ့ ကိုယ်တာဝန်ယူထားတဲ့ အပိုင်းကို ကျေကျေပွန်ပွန်လုပ်နိုင်ဖို့လိုတယ်။ ကိုယ်ယူထားတဲ့အပိုင်းကို တာဝန် ကျေအောင်မလုပ်နိုင်ဘူးဆိုရင် မိမိ ဘာသာမိမိနုတ်ထွက်ပိုင်ခွင့်ရှိတယ်”  ဟု ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုပြုံးချိုကပြောသည်။

No comments:

Post a Comment