26 July 2012
ယခုထွက်ပေါ်လာမည့် ဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ၀န်ကြီးများ၏ပိုင်ဆိုင်မှုများကြေညာရန် ထည့်သွင်းထား
ယခုလွှတ်တော်အစည်းအဝေးအတွင်းအတည်ပြုနိုင်ဖွယ်ရှိသည့်အဂတိလိုက်စားမှုတိုက်ဖျက်ရေး
ဥပဒေတွင်ဝန်ကြီးများ၏ပိုင်ဆိုင်မှုများကြေညာရန်ထည့်သွင်းရေးဆွဲထားကြောင်း
ပြည်သူ့လွှတ်တော်ကိုယ်
စားလှယ်များ၏ပြောကြားချက်အရသိရသည်။
“အခုပြဌာန်းမယ့် anti-corrruption Law အဂတိလိုက် စားမှုတားမြစ်ရေး
ဥပဒေကိုပြည်သူ့ လွှတ်တော်မှာတင်ထားတယ်ပြည်ထောင်စုမှာ
တင်တာတော့လာဘ်ပေးလာဘ်ယူဥပဒေပေါ့
ဒီဥပဒေနှစ်ခုမှာပစ္စည်းပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးသက်ဆိုင်ရာကလာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးအတွက်တာ
ဝန်ရှိတဲ့ညွှန်ကြားရေးမူးချုပ်က notic စာပေးနိုင်တယ်ဆိုပြီးပါတယ်။အဲဒီ
nitic ပေးတဲ့အပိုင်း ကို ဥပဒေပြဌာန်းပြီးဆောင်ရွက်လိုက်ရင် တစ်လောက
ဝန်ကြီးဦးစိုးသိန်းပြောတဲ့
ပိုင်ဆိုင် မှုတွေကြေညာနိုင်ဖို့ကတော့ဖြစ်လာမှာပါ” ဟုအဂတိလိုက်စားမှု
တိုက်ဖျက်ရေးဥပဒေကြမ်းတင် သွင်းထားသူပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးသိန်းညွန့်က ပြောသည်။
နေပြည်တော်တွင်ပြုလုပ်သော သတင်းမီးဒီယာ တွေ့ဆုံပွဲတစ်ခုတွင် စက်မှုဝန်ကြီး
ဦးစိုးသိန်း က မိမိအနေဖြင့်လာဘ်ပေးလာဘ်ယူကိစ္စများတွင်ပါဝင်ပတ်သက်မိပါက
ရာထုးမှ နှုတ်ထွက်ပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးပြည်ထောင်စုအစိုးရ
အဖွဲ့ဝင် ၀န်ကြီးများ၏ ပိုင်ဆိုင်မှုများ ဖော်ပြရန်မူ
အချိန်ယူဆောင်ရွက်ရမည်ဟု ၄င်းကပြောကြားခဲ့သည်။
ထိုကဲ့သို့ဝန်ကြီးများ၏ပိုင်ဆိုင်မှုစာရင်းဇယား
များထုတ်ပြန်လာနိုင်မှုအပေါ်နိုင်ငံရေးလေ့လာသူတစ်ဦးက“လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတစ်ခုပါဒါဟာ
နိုင်ငံ
တစ်ကာမှာလည်းရှိပါတယ်။
ကျွန်တော်တို့ဆီမှာ လုပ်နိုင်ရင်တော့ ဘာပဲပြောပြော မရှိတာထက်ရှိတာက
ပိုကောင်းပါတယ်။ အဲဒီရှိတာတွေကို လိုက်နာဖို့လည်းလိုအပ်ပါတယ်
ကျွန်တော်သိသလောက်တော့ အဂတိလိုက်စားမှုလို့ဆိုရာမှာ ပေးသူရော ယူသူကိုပါ
အရေးယူနိုင်လောက်တဲ့ ခိုင်မာတဲ့ဥပဒေတွေရှိဖို့လိုပါတယ်” ဟုပြောကြားခဲ့သည်။
အဂတိလိုက်စာမှုတိုက်ဖျက်ရေးဥပဒေ၌၀န်ကြီးများ၏ပိုင်ဆိုင်မှု များကြေညာကြရာ
တွင် အစိုးရသစ်စတင် တာဝန်ယူသော မတ်လ ၃၁ ရက်နေ့နောက်ပိုင်း
ရရှိသောငွေများကို ကိုသာဆို
လိုခြင်းဖြစ်ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က“
အရင်ကဟာတွေ ကိုတော့ ပြန်ပြောနေလို့ မရတော့ဘူးပေါ့။
အခုအစိုးရသစ်တက်လာပြီးနောက်ပိုင်း ကိစ္စတွေပဲအကျုံးဝင်မှာပါ
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကိစ္စက တစ်နေရာတည်းကွက်လုပ်နေလို့
ရတဲ့ ကိစ္စမဟုတ်ပါဘူး။ လွှတ်တော်မှာတောင်ဆွေးနွေးနေပြီပဲ။
ဝန်ကြီးတွေ တင်မကပါဘူး။အစိုးရ၀န်ထမ်းတိုင်းနဲ့ဆိုင်တဲ့ကိစ္စ၊တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စပါ”
ဟုပြောကြားခဲ့သည်။
စင်္ကာပူနိုင်ငံ သည်အရှေ့တောင်အာရှနိုင်ငံများထဲတွင်အဂတိလိုက်စား
မှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အကောင်းဆုံးစံပြနိုင်ငံဖြစ်ပြီး
မြန်မာနိုင်ငံတွင်ယခင်ကတည်းကအဆိုပါဥပဒေအားပြဌာန်းထားပြီးသားဖြစ်
ကြောင်းကို ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်ရေးကော်မရှင်အဖွဲ့ဝင်
တစ်ဦးက"ကျွန်တော်တို့ ဆီမှာ ဥပဒေလေးရာကျော်ရှိပါတယ်။ ဒီဥပဒေ
အပါအ၀င်ဖြစ်ပါတယ်။
ရှိပြီးသားကိုပြန်ဖြည့်စွက်တာပါ။ဒီထဲမှာမှဝန်ကြီးတွေရဲ့ပိုင်ဆိုင်မှု
ကိုပါဖော်ပြရမယ်ဆိုရင် ပိုပြီးတော့ပွင့်လင်းမြင်သာမှုရှိတာပေါ့။
တစ်ချို့ကဒီဥပဒေကို အသစ်လို့ထင်ကြတယ်။
ဒါကဟိုးအရင်ကတည်းကရှိပြီးသားပါ”ဟုပြောကြားသည်။
No comments:
Post a Comment