Monday, August 27, 2012

ကနောင်မင်းသားကြီး ကံတော်ကုန်သည့်နေရာ

12:50 PM    No comments

ရတနာပုံမြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး၏ ညီတော် ကနောင်မင်းသားကြီး လုပ်ကြံခံရသောနေရာကို ရှေးဟောင်းသုတေသန ဦးစီးဌာနက နှောင်းခေတ်လူငယ်လူရွယ်များ သိရှိနိုင်ရန်အတွက် စန္ဒာမုနိစေတီတော်နှင့် စန္ဒာမုနိရုပ်ရှင်တော်မြတ် အကြားတွင် အောက်ဖော်ပြပါအတိုင်း ကမ္ပည်းကျောက်စာ မှတ်တမ်းတင်ထားရှိသည်ကို စာရေးသူတွေ့မြင်၍ မှတ်တမ်းယူဓာတ်ပုံရိုက်ကူးခဲ့သည်။ ''ကနောင်မင်းသားကြီးသည် မြန်မာသက္ကရာဇ် ၁၂၂၈ခုနှစ် ၀ါဆိုလပြည့်ကျော်၇ရက် (၂-၈-၁၈၆၆) တွင် မြင်ကွန်း-မြင်းခုန်တိုင် အရေးတော်ပုံကြီး တွင် လုပ်ကြံခံရသည်။ အထက်ပါ ကမ္ပည်းကျောက်စာမှတ်တမ်းအရ ကနောင်မင်းသားကြီး လုပ်ကြံခံခဲ့ရ၍ ကံတော်ကုန်ခဲ့သဖြင့် ယခု၂၀၁၂ ခုနှစ် သြဂုတ်လ၁ရက်တွင် နှစ်ပေါင်း၁၄၆ နှစ်ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။
ကနောင်မင်းသားကြီးကို သာယာဝတီမင်းနှင့် ကျောက်မော်မိဖုရားတို့မှ မြန်မာသက္ကရာဇ် ၁၁၈၁ ခုနှစ်တော်သလင်း လပြည့်ကျော်၁ရက် (၂၇-၉-၁၈၁၉)တွင် ဖွားမြင်သည်။ သူသည်ရတနာပုံ မန္တလေးမြို့နန်း တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။ မြန်မာ့စီးပွားရေးကို ခေတ်မီစေရေးအတွက် ပထမဦးဆုံးရှေ့ဆောင် လမ်းပြကာ လုံးပန်းအားထုတ်ခဲ့သူ ဖြစ်သကဲ့သို့ မြန်မာ့တပ်မတော်ကို ခေတ်မီလက်နက်များ တပ်ဆင်ရန် ပထမဆုံး ရှေ့ဆောင်ရှေ့ရွက်ပြုခဲ့သူလည်း ဖြစ်ကြောင်း သိရသည်။swesonemedia

No comments:

Post a Comment