Wednesday, August 22, 2012

သူတို့ဘ၀မှတ်တမ်း


တက္ကသိုလ်စိန်တင်ရဲ့တက္ကသိုလ်စိန်တင် (၅၆)
(၁)
    အာဇာနည်နေ့၊ ဒို့မမေ့
    အာဇာနည်နေ့၊ ဘယ်သူမေ့
    သမိုင်းဖျောက်ချင်သူတွေမေ့
    ပြည်သူမမေ့တဲ့ အာဇာနည်နေ့
    အာဇာနည်နေ့၊ ဒို့ဘယ်တော့မှ
    မမေ့။
    ဇူလိုင်လ ၁၉ ရက်၊ အာဇာနည် နေ့ဖြစ်သည်။ တက္ကသိုလ်စိန်တင် သည် ထိုနေ့က ခရမ်းမြို့၊ ၆၅ နှစ် မြောက်၊ အာဇာနည်နေ့ စာစီစာကုံး ပြိုင်ပွဲသို့ ရောက်ခဲ့သည်။ ခရမ်းမြို့က လာကြိုသော ကားထဲတွင် အနားယူ မျက်စိမှိတ်လိုက်လာရင်း လွန်ခဲ့သော သုံးလေးငါးနှစ်က ဖတ်ဖူးခဲ့သော အာဇာနည်နေ့ နှိုးဆော်လွှာကလေးကို သတိရနေသည်။ ယခုအခါတွင်ကား အာဇာနည်နေ့ကို ဘယ်သူမှမမေ့ကြ တော့ပြီ။ နိုင်ငံတော်အစိုးရကိုယ်တိုင် ကပင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးစီး၍ ခမ်းနားကြီး ကျယ်စွာ ကျင်းပလျက်ရှိပေပြီ။ ၁၉.၇.၂ဝ၁၂ ထိုနေ့က တက္ကသိုလ် စိန်တင်သည် ခေတ်ဆန်းလူငယ်အဖွဲ့ ၏ ဦးဆောင်မှုဖြင့် ခရမ်းမြို့တွင် ကျင်းပသော အာဇာနည်နေ့ စာစီ စာကုံးပြိုင်ပွဲအကြောင်း ပြောပြချင်နေ သည်။ ၁၉.၇.၂ဝ၁၂ နေ့ အာဇာနည် နေ့က ခရမ်းမြို့ ခေတ်ဆန်းလူငယ် စာကြည့်တိုက်က လူငယ်တွေ နံနက် ၆ နာရီတွင် ကိုစိန်တင်တို့ ဒဂုံမြို့သစ် မြောက်ပိုင်းအိမ်သို့ ကားတစ်စီးဖြင့် ရောက်လာကြသည်။ ကိစ္စက တက္က သိုလ်စိန်တင်ကို ခရမ်းမြို့သို့ လာခေါ် ခြင်းဖြစ်သည်။
ထိုသုံးဦး
    ပြောရဦးမည်။ ခရမ်းမြို့ဆိုတာ က တက္ကသိုလ်စိန်တင်နှင့် ရင်းနှီးပြီး သားပင်။ ပြီးခဲ့သော ဆောင်းရာသီက တက္ကသိုလ်စိန်တင်၊ ဆရာမကြီး ခင်ဆွေဦးနှင့် မစန္ဒာတို့ကို စာပေ ဟောပြောပွဲအတွက် လာရောက်ဖိတ် ကြား၍ နေ့ချင်းပြန်သွားခဲ့ဖူးပြီ။ နေ့ လယ်ပိုင်း လာကြို၊ ညတွင် စာပေဟော ပြောကြပြီး ဧည့်ခံကျွေးမွေး၍ ရန်ကုန် မြို့သို့ ညတွင်းချင်းပြန်ပို့ကြလေသည်။ ထားပါ။
သပြေရိပ်
    မြောက်ဒဂုံ တက္ကသိုလ်စိန်တင် အိမ်က နံနက် ၆ နာရီတွင် ထွက်လာ သောကားကလေးသည် သာကေတ မြို့နယ် သပြေရိပ် စားသောက်ဆိုင်တွင် ဝင်၍ နံနက်စောစော စာစားကြသည်။ တက္ကသိုလ်စိန်တင်နှင့်အတူ စာပေ ဝါသနာရှင် မောင်ကျော်သက်မိုး (ဒိုက်ဦး)လည်းပါလာသည်။ သပြေရိပ်စား သောက်ဆိုင်ကထွက်တော့ နံနက် ၇ နာရီထိုးလုပြီ။ ကားကလေးသည် သန်လျင်မြို့ဆီသို့ ဦးတည်မောင်းလာ သည်။ သန်လျင်တံတားကျော်သည် နှင့်ပင် ကိုစိန်တင်က ဆရာကြီး တက္က သိုလ်ဘုန်းနိုင်ကို သတိရလွမ်းတမိ သည်။ ညီမလေးရယ်စိုးရိမ်မိတယ်၊ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်၊ နွေကန္တာဦး၊ တပြည်သူမရွှေထား အပါအဝင် ထင်ရှားသောမြန်မာဂန္ထ ဝင်ဝတ္ထုရှည်ကြီးများ ရေးသားခဲ့သော ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်သည် ၂ဝဝ၂ ခုနှစ်က ကွယ်လွန်ရှာခဲ့ပြီ။ လူသေသော်လည်း နာမည်မသေ၊ စာမသေသော ဆရာကြီး တက္ကသိုလ် ဘုန်းနိုင် ၁ဝ နှစ်ပြည့် အမှတ်တရပွဲကို မကြာမီလများက ရန်ကုန်မြို့၊ ပြင် သစ်ယဉ်ကျေးမှုသံရုံး၌ ကျင်းပခဲ့၏။ တက္ကသိုလ်စိန်တင်နှင့် စိမ့်(ပညာရေး) တို့ အပြေးအလွှားသွား၍ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရေးသော ကမ္ဘာ ကုန်ကျယ်သရွေ့ဝယ်အပါအဝင် ဂန္ထ ဝင်သီချင်းတွေကို နားဆင်လွမ်းတ အမှတ်ရခဲ့ပါသေးတယ်။ ဆရာတက္က သိုလ်ဘုန်းနိုင်ရယ်။
နတ်သျှင်နောင်
    ဆရာတက္ကသိုလ်ဘုန်းနိုင်ကို လွမ်းတမဆုံးမီမှာပင် ရှေ့နီးနီးတွင် ရွှေရောင်တဝင်းဝင်းဖြင့် သန်လျင် ကျိုက်ခေါက်စေတီတော် ကြီးအား ဖူးမြင်ရသည်။ ၂ဝဝ၄ ခုနှစ်က စိမ့် (ပညာရေး)၏ ရာဇဓာတုကလျာ သမိုင်းနောက်ခံဝတ္ထုတွင် ဖော်ပြရန် ကျိုက်ခေါက်စေတီတော်ခြေရင်းက ရတုဘုရင်နတ်သျှင်နောင် အုတ်ဂူကို ဓာတ်ပုံရိုက်ရန် သွားခဲ့ကြ၏။ စိတ် မကောင်းစရာပြော ရပါလျှင် ရတု ဘုရင်နတ်သျှင်နောင်၏ အုတ်ဂူမှာ ချုံနွယ်ပိတ်ပေါင်းတွေ ဝေဝေဆာဆာ နှင့် ပြုပြင်မွမ်းမံမည့်သူမရှိရှာ။ ဝမ်း နည်းဖွယ် ပါကလားဗျို့။ အလားတူပင် ကာချင်းစာဆို ဝန်ကြီးပဒေသရာဇာ၏ အုတ်ဂူမှာလည်း ပြုပြင်မွမ်းမံမည့်သူ မရှိရှာ၍ မျက်နှာငယ် စွာနှင့် ရေညှိ အထပ်ထပ်၊ အုတ်ကျိုးအုတ်ပဲ့တွေ ဖရိုဖရဲနှင့်။ သို့သော် ယခုလောက်ဆို လျှင်တော့ဖြင့် ရတု ဘုရင်နတ်သျှင် နောင်နှင့် ဆရာကြီး ဝန်ကြီးပဒေသ ရာဇာတို့၏ အုတ်ဂူများ ပြုပြင်မွမ်းမံ သန့်ရှင်းပြီးပြီဟု မျှော်လင့်ရ၏။
ပဒေသရာဇာ
    ဝဿန်ကာလ မိုးကျတည့်လျှင် ပျော်ပျော်ပါးပါး၊ မယားနှင့်ဆွေငယ် လင် အစချီသော ပဒေသရာဇာရေးသီ ဖွဲ့သော လယ်သမား တျာချင်းကလေး ကိုပင် တက္ကသိုလ်စိန်တင် သီဆိုရင်း သန်လျင်မြို့ကို ကျော်ခဲ့ပြီ။ သြော်... သြော် သန်လျင်မြို့လွန်လျင်ပင် ကတ္တရာလမ်းတွေ တော်တော်က လေးပင် ကောင်းနေပါရောလား။ Max Myanmar  ကုမ္ပဏီက တာဝန် ယူ ကန်ထရိုက် ဆွဲပြင်ပေးထားသတဲ့။ ယခင် ဆောင်းကာလ စာပေဟော ပြောပွဲလာစဉ်က ဒုံးဒုံးဒိုင်းဒိုင်း တဂျိုင်း ဂျိုင်းမောင်းလာရသော သန်လျင်-ခရမ်းသွား ကတ္တရာလမ်းမှာ တော် တော်ကလေးပင် ကောင်းနေချောနေ ပါပြီ။ ကတ္တရာနည်းသောနေရာ တွေက လမ်းတွေပေါက် ပြဲကွဲလန်နေ သေးသဗျ။ Max ကုမ္ပဏီက ကိုဇော် ဇော်ခင်ဗျ။ သန်လျင်-ခရမ်းကတ္တရာ လမ်းကို စေတနာ၊ သဒ္ဓါဗရပွဖြင့် လမ်းခင်းပေး ခဲ့တာ ကျေးဇူးပါဗျ။ ဆက်ပြီး ကျေးဇူးထပ်တင်ချင်လို့ဗျာ။ သန်လျင်-ခရမ်းသွားလမ်း သည့် ထက်ကောင်းအောင် ပြုပြင်မွမ်းမံပေး ပါ ညီငယ်လေး ထြေ ကိုဇော်ဇော်ရေ။
ဦးစမြင့်သိန်း
    ထိုနေ့က နံနက် ၈ နာရီခွဲတွင် ခရမ်းမြို့သို့ ရောက်သွားသည်။ စာပေ အဖွဲ့ကို ဦးဆောင်နေသော ဆရာဝန် ကြီး ဒေါက်တာ ဦးစမြင့်သိန်းအိမ်မှာ မုန့်ဟင်းခါးသုပ် အရသာရှိရှိစားပြီး ခေတ်ဆန်းလူငယ်စာကြည့်တိုက်သို့ ချီတက်ရောက်ရှိသွားသည်။
    အို-၁၉.၇.၂ဝ၁၂၊ ၆၅ ကြိမ် မြောက် အာဇာနည်နေ့ဂုဏ်ပြု စာစီ စာကုံးပြိုင်ပွဲ ဖြေဆိုမည့်ပြိုင်ပွဲဝင်တွေ များလှချည်လား။ ၁၂ဝ ဦးရှိပါသတဲ့။ ခရမ်းမြို့၊ ခေတ်ဆန်းလူငယ်စာကြည့် တိုက်အဖွဲ့ဝင်လူငယ်တို့၏ ကြိုးစားမှု အသီးအပွင့်ပင်။ စာစီစာကုံး ပြိုင်ပွဲ မစတင်မီ တက္ကသိုလ်စိန်တင်ကို စကားပြောပေးပါဟု ပန်ကြားသဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ချမှတ်ထားခဲ့ သော လွတ်လပ်ရေး လမ်းစဉ်ကို ဟောပြောခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်း ဆောင်ကြီးများကို ချစ်ကြည်ညိုလျက် ဗိုလ်ချုပ်တို့ချမှတ်ခဲ့သော လမ်းစဉ်အ တိုင်း ချီတက်၍ တိုင်းရင်းသားအချင်း ချင်း ချစ်ကြည်သွေးစည်းရေး၊ အမျိုး သားလွတ်လပ်ရေး၊ ဒီမိုကရေစီထွန်း ကားရေးလမ်းစဉ်အတိုင်း လျှောက် လှမ်းကြစို့။
    နိဂုံးမချုပ်မီ ဆရာကြီး မင်းသု ဝဏ်ရေးဖွဲ့ခဲ့သော သပြေညို ကဗျာ ကလေးကို တက္ကသိုလ်စိန်တင်က သီဆိုပြသရင်း အဓိပ္ပါယ်ကိုလည်း ရှင်းပြခဲ့သေးသည်။
သပြေညို
    သူ့ခေါင်းမှာတဲ့ သပြေညို
    ငါ့ခေါင်းမှာတဲ့ သပြေညို
    တို့ပြေမှာ၊ တို့မေကမ်းပါတဲ့
    သပြေညို ရွှေဘိုပန်းရယ်က
    လန်းလျက်ပါကို။
    ရွှေဘိုပန်းဆိုတာ ညီညွတ်ရေး ပန်း၊ ချစ်ကြည်ရေးပန်း၊ သွေးစည်း ရေးပန်း၊ တို့ရဲ့ကုန်းဘောင်မင်း၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေ ယျရဲ့ ကုန်းဘောင်ရွှေပြည်မှာ ပွင့်လန်း ညွန့်တက် အခက်ဖြာဝေခဲ့တဲ့ တကယ့်တိုင်းရင်းသားတို့ရဲ့ မင်္ဂလာရှိ တဲ့ပန်း။
    ဘာမလျှော့လေနဲ့၊
    လာတော့မကွယ့် ရွှေဗဟိုရ်
    လေချိုကသွေး ...
    သားတို့ သမီးတို့ တိုင်းပြည်ကြီး ပွားတိုးတက်အောင် ဆောင်ရွက်ဖို့ စိတ်ဓာတ်ကို လျှော့ကြမှာလားဟေ့။ (မလျှော့ပါဘူး)။
    အေးကွယ့်။ မလျှော့ကြနဲ့။ မကြာမီ ရွှေဗဟိုရ်စည်တော်သံကြီး တီးတော့မယ်ဟေ့...လာတော့မယ်ကွယ့် ရွှေဗဟိုရ်သံကွယ့်။
    လင်းကြက်ကဆော်
    ကွင်းထက်မှာတူပျော်ပျော်နဲ့
    ပြည်တော်ကို ရည်မျှော်မှန်း
    ကာပ
    ဘာပြည်တော်လဲ။ ညီညွတ် ပေါင်းစည်းပြီး အေးချမ်းသာယာတဲ့ ပြည်တော်ကွယ့်။ ဘာပြည်တော်လဲ။ တရားမျှတ တဲ့ ပြည်တော်ကွယ့်။ ဘာပြည်တော်လဲ။ လူ့အခွင့်အရေးမျှတတဲ့ ပြည်တော်ကွယ့်။ ကြားကြ ရဲ့လား။ ဖြေပါအုံး။ ဘာပြည်တော် ကို ရည်မျှော်ကြမှာလဲ။
ဖြေသံများ - ညီညွတ်ပေါင်းစည်း တဲ့ပြည်တော်၊ အေးချမ်းသာယာတဲ့ ပြည်တော်၊ တရားမျှတတဲ့ပြည် တော်၊ လူ့အခွင့် အရေးမျှတ တဲ့ ပြည်တော်။
    အေးကွယ့်။ အဲ့ဒီပြည်တော်ကို ရည်မျှော်မှန်းပြီးတော့လေ တို့ဘာဆက် လုပ်ကြရမှာလဲသိလား။
    ရောင်နီမှာ အောင်စည်ရွမ်းလို့
ရယ်၊ သပြေညိုရွှေဘိုပန်းရယ်နဲ့ လှမ်းကြစို့လေ။
    ရောင်နီထွက်ပေါ်နေပြီကွယ့်။ သားတို့သမီးတို့ရေ။ ရောင်နီပေါ်ချိန်မှာ အောင်စည်ကြီးကို ညီညီညာညာ တီး ကြပါစို့။ အောင်စည်တီးပြီး သပြေညို ရွှေဘိုပန်းနဲ့ ကမ္ဘာမှာ မြန်မာဟေ့လို့ြေ<ွကးကြော်နိုင်ဖို့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်း လှမ်းကြ ပါစို့လေး။
    ကျယ်လောင်မြည်ဟီးသော လူအုပ်ကြီး၏ လက်ခုပ်သံထွက်ပေါ် လာစဉ် ကိုစိန်တင် စင်မြင့်ပေါ်က ဆင်းလာခဲ့လေ၏။
(၂)
    တက္ကသိုလ်စိန်တင် ၂ဝ.၇.၁၂ သောကြာနေ့တွင် နွှဲဆင်ပါဝင်ခဲ့သော နောက် စာပေဆိုင်ရာပွဲတစ်ပွဲမှာ စာရေး ဆရာ ဆရာဝန်ကြီး ပါမောက္ခ ဦးနေဝင်းရေးသားပြီး အရုဏ်သစ် စာပေမှ ဖြန့်ချိသော ဆိုင်းမဆင့်၊ ဗုံမဆင့်၊ ဝုန်းခနဲ ဒိုင်းခနဲ၊ နှလုံး သွေးကြောပိတ်ခြင်းနှင့် အခြား ကျန်းမာရေးဆောင်းပါးများ စာအုပ် အရောင်းမြှင့်တင်ရေးပွဲဖြစ်သည်။ ကျင်းပမည့်နေရာမှာ ဗိုလ်ချုပ်အောင် ဆန်းလမ်းပေါ်ရှိ စင်ထရယ်ဟိုတယ်၊ ကျောက်စိမ်းခန်းမဆောင်တွင် ဖြစ်၍ မွန်းလွဲ ၂ နာရီတွင် အခမ်းအနား စတင်မည်ဖြစ်ပေသည်။
    ပြောရဦးမည်။ ထိုနေ့ သောကြာ နေ့ဆိုသည်ကား စာရေးဆရာတက္က သိုလ်စိန်တင်အတွက် အလွန်ပင် အလုပ် များသော နေ့ဖြစ်တော့သည်။ ဂျာနယ်တိုက်များသွား၍ ဆောင်း ပါးများပေးရမည့်နေ့။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သို့ သွားရောက်ပြီး သတင်းစာမှတ်တမ်းများ ကူးပေးနေ သော ကျောင်းသူများနှင့်တွေ့၍ စာကူးရမည့် သတင်းစာများ ရှာဖွေပေးရန် ကိစ္စရှိနေသည်။ ထို့ကြောင့် အိမ်က နံနက် ၉ နာရီတွင် ထွက်လာခဲ့သည်။ တက္ကသိုလ်စာကြည့်တိုက်သို့ ရောက် ရှိ၍ ကျောင်းသူ ကလေးများ ကူးရမည့် နိုင်ငံရေးသတင်းမှတ်တမ်း များရှာဖွေပေးပြီးနောက် ကမာရွတ် လှည်းတန်း အမှတ်-၃ နယ်မြေ၊ ယာဉ်ထိန်း တပ်ဖွဲ့မှူး၊ ဒုတိယရဲမှူး ဦးမြင့်အောင်ထံဝင်၍ စာပေမိတ်ဆွေ ကြီး နေလရောင် ဦးတိုးဝင်း လက် ဆောင်ပေးလိုက်သော အားကစားဂျာ နယ်များပေးပို့သည်။ ဒုတိယရဲမှူး ဦးမြင့်အောင်ထံသို့ ဦးတိုးဝင်း ထုတ် ဝေသော အားကစားဂျာနယ် ၇ မျိုးကို တက္ကသိုလ်စိန်တင်က ရက်သတ္တ တစ်ပတ်လျှင်တစ်ကြိမ် အကျိုး ဆောင်၍ ပေးပို့မြဲဖြစ်သည်။
    ထိုနေ့က ဒဂုံမြို့သစ်မြောက်ပိုင်း အိမ်သို့ တို့ကိုစိန်တင် ပြန်ရောက်တော့ မွန်းတည့် ၁၂ နာရီတိတိရှိပြီ။ စိမ့် (ပညာရေး)ကို ကားဖြင့်တင်ခေါ်လာ ၍ ရန်ကုန်မြို့၊ တောင်မြင်းပြိုင်ကွင်းလမ်း အနီးရှိ မြန်မာပို့စ်ဂလိုဘယ်ဂျာနယ် တိုက်သို့ ရောက်သွားသည်။ သည်ဂျာ နယ်မှာ တက္ကသိုလ်စိန်တင်က မြန်မာ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင် ဆန်း အခန်းဆက်ဆောင်းပါးရေးနေ သည်။ အမှတ် ၁၆ သို့ ရောက်နေပြီး ၂ဝ၁၅ ခုနှစ်၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အသက် ၁ဝဝ ပြည့်နှစ်တွင် သည် စာအုပ်ကို ထုတ်ဝေရန် စီစဉ်ထား သည်။ ထိုနေ့က ဂျာနယ်တိုက်တွင် စာမူသစ်ပေး၊ စာမူခထုတ်၊ ဂျာနယ် လက်ဆောင်ယူပြီး အယ်ဒီတာဖြစ်သူ သမီးကလေး မခင်နွယ်ဝင်းကို နှုတ် ဆက်ပြီးထွက်လာတော့ ၁၂ နာရီ ၄၅ မိနစ်။ ကားကို ကမ္ဘာအေးဘုရားလမ်း The Hot News  ဂျာနယ်တိုက်သို့ မောင်း လာရသည်။ အယ်ဒီတာအဖွဲ့၊ အတွင်းရေးမှူး မပွင့်ဖူးဝေထံက ဂျာ နယ်လက်ဆောင်ယူ၊ စာမူသစ်ပေး၊ စာမူခလက်မှတ်ထိုးယူခဲ့ပြီး မြေနီကုန်း ဒဂုန်စင်တာတွင် ဖွင့်လှစ်ထားသော The Hot News  ဂျာနယ်သို့ ကားကို ဆက်မောင်းလာရသည်။ ရန်ကုန်မိုး သည် အငြိုးကြီးကြီးဖြင့် ရွာနေသည်။ ကားမှန်ရှေ့က ရေသုတ်တံကလေး သာ မပါလျှင် သည်ခရီး ဘယ်လို ရောက်တော့မည်နည်း။ွှ့နံသအ နြတျ ဂျာနယ်တိုက်မှ အယ်ဒီတာ ဦးဝင်းဇော်(သုံးဆယ်)ထံသို့ ကားထဲ က ဖုန်းလှန်းဆက်ခေါ်ရသည်။ ဆရာ ဝင်းဇော်မှာ အလွန်ခင်မင်ဖွယ်ကောင်း သော စာပေသမား လူငယ်တစ်ဦး ဖြစ်သည်။ ကိုဝင်းဇော်ထံက ဂျာနယ် လက်ဆောင်ယူ၊ စာမူခယူပြီး စာမူသစ် ပေးပြီးသောအခါ စိမ့်(ပညာရေး)က သတိပေးပြီ။ ''စာရေးဆရာရေ၊ စာအုပ်မိတ်ဆက်ပွဲက နှစ်နာရီစတင်မယ်။ အခု ၁ဝ မိနစ်ပဲလိုတော့တယ်။ မိုးက လည်းသည်းနေတော့ ကားကိုအမြန် မောင်းရင် အန္တရာယ်ဖြစ်မယ်ဗျို့''
    စိမ့်(ပညာရေးက)၏ Warning သတိပေးချက်ကို မပျက်မကွက် ပန်ဆင်သတိပြု၍ စင်ထရယ်ဟိုတယ် သို့ မှန်မှန်ကြီးချီတက်ခဲ့ပြီ။ တော်ပါ သေး၏။ ဗိုလ်ချုပ်အောင်ဆန်းလမ်း ပေါ်သို့ အကွေ့တွင် မိုးစဲသွားလေ တော့သည်။ စိတ်ပူ ရန်မရှိတော့ပြီ။
    ပြောရဦးမည်။ ယခု ယနေ့ စာအုပ် အရောင်းမြှင့်တင်ရေးပွဲ ကျင်းပပြုလုပ်သော နှလုံးရောဂါ စာအုပ်ကို ရေးသားပြုစုသော စာရေး ဆရာ ပါမောက္ခနေဝင်း(ဆေးပညာ) နှင့် တက္ကသိုလ်စိန်တင်တို့မှာ လူစိမ်း၊ သူစိမ်းများမဟုတ်ကြပေ။ ၂ဝ၁ဝ ပြည့်နှစ် က သွေးတိုးရောဂါ စာအုပ်နှင့် ပတ်သက်၍ စာရေးသူ ပါမောက္ခ နေဝင်းနှင့် တက္ကသိုလ်စိန်တင် တစ် ကြိမ်ဆုံတွေ့ခဲ့ပြီးပြီ။
အရုဏ်သစ်
    ထိုစဉ်ကတော့ ရန်ကုန်မြို့၊ ဆူး လေဘုရားလမ်းရှိ Traders Hotel  မှာ ဖြစ်၍ အရုဏ်သစ်စာပေ တိုက်ပိုင်ရှင် ဆရာဦးဝင်းမောင်၊ ဒေါ်သီတာဝင်း တို့ကပင် ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။
    ထိုစဉ်က တက္ကသိုလ်စိန်တင် က တက်ရောက်သူပရိသတ်ထဲမှ မေးခွန်းထုတ်သူအဖြစ် ပြောခဲ့သော ရယ်စရာကလေးမှတ် မိသေး သည်။
    ဆရာဝန်ကြီး ပါမောက္ခနေဝင်း (ဆေးပညာ)က သူ၏ သွေးတိုးရော ဂါနှင့်ပတ်သက်၍ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများ စိတ်ဝင်စားဖွယ် ဟောပြောသွားရာ ပျင်းစရာမရှိ။ ကျန်း မာရေးဗဟုသုတအပြည့်ပင်။
    ဤတွင် အခမ်းအနားလုပ်သူ ဦးအောင်မျိုးမင်းက ကြေညာလေ သည်။ ယခုဆရာကြီး ပါမောက္ခ နေဝင်း(ဆေးပညာ) ရှင်းလင်းပြောပြ သည်များထဲမှ ထပ်မံ၍သိလိုသော အကြောင်းအရာများရှိပါက ပရိသတ် ထဲမှ မေးမြန်းနိုင်ပါသည်။
လူစုစုရှိလျင်
    ဤတွင် လူစုစုရှိလျှင် စကား ပြောချင်သော ရောဂါဝေဒနာ စွဲကပ် နေသော စာရေးဆရာတက္ကသိုလ် စိန်တင်သည် နေရာ ကထ၍ မေးခွန်း ထုတ်ပါလေပြီ။
    ''ဆရာကြီးပါမောက္ခ ဦးနေဝင်း ခင်ဗျား။ ကျွန်တော်က တက္ကသိုလ် စိန်တင်ပါပဲ။ ဆရာကြီး ယခုရှင်းလင်း ပြောပြခဲ့သည်များမှာ အလွန်ပင် ရှင်း လင်းလှပါတယ်။ သို့သော်ငြားလည်း သိလိုသောအချက်ကလေး တစ်ချက် နှစ်ချက်ရှိနေလို့ မေးမြန်းခွင့်ပြုပါ။ အမှန် ကို ဝန်ခံရရင် ယခုဆရာ ကြီး ဒေါက်တာဦးနေဝင်းရှေ့မှာ ရပ်ပြီး မိုက်ခရိုဖုန်းကိုင်စကားပြောနေသူ တက္ကသိုလ်စိန်တင်က ကျန်းမာရေး ဗဟုသုတ အလွန်ခေါင်းပါးသူပါ။ တက္ကသိုလ်စိန်တင်ဟာ ယနေ့ သွေးချို၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အစာအိမ်၊ အဆုပ်၊ ကျောက်ကပ်၊ အသည်းရောဂါဟူ၍ လုံးဝမရှိပါ။ သည်လိုပြောတော့ တက္ကသိုလ်စိန်တင် ဘယ်ဆေးခန်းမှာ ကျန်းမာရေး စမ်းသပ်ခံလို့ ဒီရောဂါတွေ မရှိကြောင်း သိတာလဲလို့မမေးစေချင်ပါ။ ဘယ် ဆေးခန်း၊ ဘယ်ဓာတ်ခွဲခန်းမှာမှ ကိုစိန်တင် ကျန်းမာရေး ဆေးမစစ် ဖူးပါ။ ဒါပေမယ့် ဒီရောဂါဆိုးတွေ လုံးဝ လုံးဝမရှိကြောင်း ကိုယ့်ဘာသာ ကိုယ်သိနေပါတယ်။ (ရယ်မောကြ သည်။) တက္ကသိုလ်စိန်တင်ဟာ ယနေ့ အသက်အရွယ်အထိ ကိုယ့်ကားကို ကိုယ်မောင်းနေဆဲပါ။ ဒါပေမယ့် တက္ကသိုလ်စိန်တင်ဆိုတဲ့ စာရေးဆရာဟာ ဆား အလွန်ကြိုက် ပါတယ်။ ထမင်းစားတဲ့အခါ ထမင်း ပန်းကန်ပေါ်မှာ ဆားပုံထားပြီး စားလေ့ရှိပါတယ်။ အဲဒါ အန္တရာယ်ရှိပါ သလားခင်ဗျာ။ ယနေ့သွေးတိုးရောဂါ မရှိသေးသော်လည်း နောင်အခါ သည်ရောဂါဆိုးဖြစ်လာနိုင်ပါသလား ခင်ဗျား''
မေတ္တာစကား
    ထိုနေ့က ပါမောက္ခနေဝင်း (ဆေးပညာ)က တက္ကသိုလ်စိန်တင် ကို မေတ္တာစကားပြောကြားခဲ့ပါသည်။ ''ဆရာတက္ကသိုလ်စိန်တင် ထမင်း ပန်းကန်ပေါ်မှာ ဆားပုံပြီးမစားစေချင်ပါ။ ပြီးတော့ တစ်နှစ်တစ်ခါ ကျန်းမာ ရေးစစ်စေချင်ပါတယ်။ ကျန်းမာ၊ အသက်ရှည်ပြီး တိုင်းပြည်အတွက် အကျိုးရှိသော စာပေများ ဆက်လက် ရေးနိုင်ပါစေရန် စေတနာကောင်းဖြင့် အကြံပေးပါတယ်''
    ဆရာကြီးပါမောက္ခနေဝင်း (ဆေးပညာ)၏ အမှာစကားကို ကြားပြီး ဆရာကြီးအကြံပေးသည့် အချက်နှစ်ချက်ထဲက တစ်ချက် ကို သေချာစွာလိုက်နာခဲ့သည်။ ထိုနေ့က စ၍ တက္ကသိုလ်စိန်တင် ထမင်းပန်း ကန်နှုတ်ခမ်းပေါ် ဆားပုံ၍မစားတော့ ပါ။ သို့သော် တစ်နှစ်တစ်ကြိမ် ကျန်း မာရေးစစ်ဆေးရန်ကိစ္စအား ယနေ့ အထိပင် ကိုစိန်တင်မလုပ်ဖြစ်သေး။ ကျန်းမာရေးဆေးစစ်ခံရန်ကိစ္စမှာ မဟာအခက်အခဲကြီးပင်။ ဓာတ်ခွဲခန်း တွေ၊ ဆေးခန်းတွေနှင့် အဆက်အဆံ မရှိ။ မျက်စိသူငယ်နှင့်ဖြစ်နေတာ လည်းအမှန်။ သို့သော် တစ်နေ့တွင် ဆရာကြီးပါမောက္ခနေဝင်း(ဆေးပညာ) အကြံပေးသည့်အတိုင်း ကျန်းမာရေး စစ် ဆေးခြင်းအမှုပြုရပေမည်။ ဧကန်။
ဒီကနေ့ပွဲ
    ကဲ-ဒီကနေ့ ၂ဝ.၇.၂ဝ၁၂
သောကြာနေ့တွင် စင်ထရယ်ဟိုတယ်၌ ကျင်းပပြုလုပ်သော ပါမောက္ခနေဝင်း (ဆေးပညာ)၏ နှလုံးသွေးကြောပိတ် ခြင်းစာအုပ် အကြောင်း ပြောပါတော့ မည်။ ဆရာကြီး၏ အတ္ထုပ္ပတ္တိ အကျဉ်းကို အခမ်းအနားမှူး ဦးအောင် မျိုးမင်း(စာကြည့်တိုက်မှူး)ဖတ်ပြတော့ မှ ဆရာကြီးပါမောက္ခနေဝင်းသည် စာရေးဆရာတက္ကသိုလ်စိန်တင်ထက် အသက် ၁၅ နှစ်ခန့်ငယ်နေသည်ဟု သိရလေသည်။ အမှန်ပင် ငယ်ပါလိမ့် မည်။ နုပျိုသွက်လက်နေပေသော ဆရာကြီး ဒေါက်တာနေဝင်း၏ လှုပ်ရှားပြောဆိုနေပုံတို့မှာ တကယ့် လူငယ် ဆရာဝန်တစ်ဦးနှင့် မခြား အတူ မြင်နေရပေသည်။
    ထိုနေ့က ဆရာဝန်ကြီး ပါမောက္ခ နေဝင်းက ဤနှလုံးသွေးကြောပိတ် ရောဂါစာအုပ်ကို အဘယ့်ကြောင့် ရေးသားပြုစုရသလဲ ဆိုသည်ကို အကျယ်တဝင့် စိတ်ဝင်စားဖွယ်ရှင်း လင်းပြောပြပြီး မရှင်းလင်းသော အချက်များမေးနိုင်ပါသည်ဟု အခမ်း အနားမှူး က ပြောစဉ် ကိုစိန်တင် မေးပါပြီ။
လူမိုက်ပါ
    ''ဆရာကြီးခင်ဗျာ။ တက္ကသိုလ် စိန်တင်ဟာလူမိုက်တစ်ဦးပါ။ ဒီကနေ့ အသက် ၇ဝ တန်းကျော်ပြီးလာသည် အထိ မိုက်တုန်းမိုက်ဆဲပါ။ တက္ကသိုလ် စိန်တင် ဘယ်လိုမိုက်သလဲ။ တစ် လောတုန်းက ရေချိုးမှားပြီးဖျားတာ ဆေးခန်းမသွားခဲ့ပါ။ ဆရာဝန်နဲ့ မတွေ့ပါ။ လမ်းထိပ်က ဆေးမျိုးစုံ ဆိုင်က ပင်နယ်စလင်ဆေးပြား ၁၆ ပြားဝယ်ပြီး တစ်နေ့ လေးပြား သောက်လိုက်တာ။ အဖျားရောဂါ ပြေးပါလေရော။ (ပရိသတ်ရယ်ကြ သည်)။ အဲဒီလို ကျန်းမာရေးပညာ အသိနည်းပါးတဲ့ တက္ကသိုလ်စိန်တင် ဟာ ယခုဆရာကြီးဟောပြောသွားခဲ့ တဲ့ ဒုန်းခနဲ ဒိုင်းခနဲ သွေးကြောပိတ် ရောဂါကိုတော့ ကြောက်တတ်တဲ့ အသိရှိပါတယ်။ ဒါကြောင့် နှလုံး သွေးကြောပိတ်ရောဂါနဲ့ ရုတ်တရက် ဒုန်းခနဲ ဒိုင်းခနဲဝင်ပြီး ဒုက္ခမရောက် ရအောင် ဘယ်လိုကာကွယ် ဆင်ခြင် ပြုပြင်နေထိုင်ရပါမလဲခင်ဗျား''
    ထိုနေ့က ဆရာကြီးပါမောက္ခ နေဝင်း ရှင်းလင်းပြောပြသော ဆေး ပညာဗဟုသုတဖြေကြားချက်ကို ယခု တစ်ဆင့် ပြန်မရေးရ ပါစေနှင့်။ ဆေး ပညာဗဟုသုတများကို အပြောအဆို အမှတ်အသား မှားယွင်းမည်စိုးရိမ်၍ ဖြစ်ပါသည်။
    ထိုနေ့က စာရေးဆရာ မောင်မျိုး (ကြောင်နှစ်ကောင်)နှင့် စာဖတ်ပရိ သတ်သုံးလေးဦး မေးခွန်းထုတ်ကြ သဖြင့် ဆရာကြီး ဒေါက် တာနေဝင်း အေးဆေးစွာရှင်းပြသေး၏။ တက္က သိုလ်စိန်တင်က ဒုတိယအကြိမ်မေး ခွန်းထုတ်ခဲ့ပါသေးသည်။
ဈေးနှုန်းသိချင်
    ''ဆရာကြီးခင်ဗျာ နှလုံးသွေး ကြောဘယ်နှချောင်းရှိပါသလဲ။ ပြီး တော့ ပုဂ္ဂိုလ်ကြီးတစ်ဦး နှစ်ဦး နှလုံး သွေးခုန်စက်ရင်ဘတ်မှာ တပ်ဆင်ထား တယ်ကြားသိရဖူးပါတယ်။ အဲဒီ နှလုံးသွေးခုန်စက်ဟာ ကျန်းမာရေး အသက်ရှင်ရေးအတွက် အာမခံချက် ရှိပါသလား။ ဈေးနှုန်းက ဘယ် လောက်ပါလဲခင်ဗျာ''
ဖြေ - ''နှလုံးသွေးကြောကြီး၊ ပင်မအကြီးတစ်ချောင်းနဲ့ ရှေ့နောက် သွေးကြောတစ်ချောင်းစီ ပေါင်း သုံး ချောင်းရှိပါ တယ်။ နှလုံးသွေး ခုန်စက် တွေမှာ ပါတဲ့ဓာတ်ခဲက ဆယ်နှစ်ခံ ဓာတ်ခဲနဲ့ ထည့်ထားတာမို့ အတိုင်း အတာတစ်ခုအထိ အာမခံချက်ရှိပါ တယ်။ ဈေးနှုန်း က ကျပ်သိန်းသုံး ဆယ်ခန့်ဖြစ်ပါတယ်။
တက္ကသိုလ်စိန်တင် - ဒါဆိုရင် ဒီစက်တပ်မှ အသက်ရှင်မယ်ဆိုရင် စာရေးဆရာတစ်ဦးအဖို့ သေဖို့သာပြင် ရမှာပါခင်ဗျာ။ ဟဲ ဟဲ ဟဲ။
    သြော်-မေ့လို့။ အဲဒီနေ့က စင်ထရယ်ဟိုတယ်က ဧည့်ခံတဲ့ ကော်ဖီပူပူလေး၊ မိုးအေးအေးမှာ သောက်ရတာ ဇိမ်ပဲဗျာ။
တက္ကသိုလ်စိန်တင်
တက္ကသိုလ်စိန်တင်
 

No comments:

Post a Comment