Wednesday, August 22, 2012

မြန်မာ - အိန္ဒိယ နယ်စပ်တွင် ဈေးများ ဖွင့်လှစ်ရန် အစီအစဉ်ရှိ

မြန်မာ - အိန္ဒိယ နယ်စပ်တွင် ဈေးများ ဖွင့်လှစ်ရန် အစီအစဉ်ရှိ

မြန်မာနိုင်ငံနှင့်   အိန္ဒိယနိုင်ငံ  တို့၏  နယ်စပ် မျဉ်းတလျှောက်တွင်  နှစ်နိုင်ငံ နယ်စပ်နေ ပြည်သူ များ၏ လူနေမှုဘ၀ မြင့်မားတိုးတက်စေရေးအတွက် နယ်စပ်ဈေးများ ဖွင့်လှစ်သွားရန် စီစဉ်လျှက်ရှိကြောင်း သိရှိရပါသည်။ နယ်စပ်ဈေးများကို နယ်စပ်မျဉ်းပေါ်တွင် သင့်တော်သည့်ဒေသများ၌   နေရာသတ်မှတ်ပြီး  ၄င်းဒေသရှိ နေထိုင်သူများ၏  ထွက်ကုန်များကို   အဆိုပါ နယ်စပ်ဈေးတွင် ရောင်းချခွင့် ပြုမည်ဖြစ်ပြီး   ရောင်းချသော ကုန်ပစ္စည်းများအား  အခွင့်အခ  ပေးဆောင်ရခြင်းမှကင်းလွှတ်ခွင့် ပေးမည်ဖြစ်ကြောင်း     နယ်စပ်ဈေးစီမံခန့်ခွဲမှုကော်မတီကို  နှစ်နိုင်ငံ   ညှိနှိုင်း၍  ခန့်အပ်ကာ ကြီးကြပ်စေမည်ဖြစ်ကြောင်း သတ်မှတ်ထားသည့် နယ်စပ်ဈေးဧရိယာအတွင်းဈေးရောင်းချခွင့်ကို ညှိနှိုင်းချက်ဖြင့်ခွင့်ပြု ပေးမည်
ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံမှ    အတည်ပြုသည့်  သက်သေခံ  အထောက်အထား ကိုင်ဆောင်ထားသည့် ပျံကျ ဈေးသည်များနှင့်   ၀ယ်ယူသူများသာ   နယ်စပ်ဈေးနယ်ပယ်   အတွင်းသို့    ၀င်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ နယ်စပ်ဈေးများအတွင်း   ပြဿနာ  တစ်စုံတစ်ရာ   ဖြစ်ပေါ်လာပါက  ညှိနှိုင်းပေါင်းစပ်၍ သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် အတူဖြေရှင်းရမည်ဖြစ်ကြောင်း ကုန်ပစ္စည်းများကို အရောင်းအ၀ယ်ပြုလုပ်ရာ၌ နှစ်နိုင်ငံသုံး ငွေကြေး ဖြစ်စေ ကုန်ပစ္စည်း ဖလှယ်သည့် စနစ်ဖြစ်စေ သုံးစွဲ နိုင်ကြောင်း စသည့် အချက်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးရန် ဖြစ်ကြောင်း သိရှိရပါသည်။ယခုကဲ့သို့  နယ်စပ်ဈေးများဖွင့်လှစ်ခြင်းသည်နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ခြင်း
မဟုတ်သည့်အတွက်    ၄င်းနယ်စပ်ဈေးများမှ  တဆင့်ကုန်သွယ်မှုပမာဏ  တိုးမြှင့်နိုင်ခြင်း   မရှိစေကာမူ နယ်စပ်နေ နှစ်နိုင်ငံ ပြည်သူများအတွက် အပြန်အလှန် ကုန်သွယ်မှု အခြေခံကိုမူဖွံ့ဖြိုးတိုးတက်လာစေမည်
ဖြစ်ပါသည်။

No comments:

Post a Comment