IT News Update


ထိပ်တန်းအီလက်ထရောနစ်ကုမ္ပဏီတစ်ခုဖြစ်သည့်
Apple ၏ ၂၇ လက်မ LED အမျိုးအစားမော်နီတာဖြစ်သည်။ Resolution မှာ ၂၅၆ဝx၁၄၄ဝ
ဖြစ်သည်။ Ratio 16:9 ဖြစ်သည်။ယင်းမော်နီတာနှင့် ချိတ်ဆက်လိုက်ခြင်းအား
ဖြင့် မိမိ၏ Macbook များကို ကျယ်ပြန့်စွာ မြင်တွေ့ရသော Desktop များအဖြစ်
အသွင်ပြောင်းနိုင်မည်ဖြစ်သည်။ ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်း
များအတွက် ရုပ်သံကြည်လင်ပြတ်သားစွာ အသုံးပြုနိုင်မည့် မော်နီတာဖြစ် သည်။
မိုက်ခရိုဖုန်း၊ ကင်မရာနှင့် USB hub တို့ပါဝင်သည်။ အလျား ၂၅.၆ လက်မ၊ အနံ
၁၉.၃ လက်မရှိပြီး အလေးချိန် ၂၃.၆ ပေါင်ခန့်ရှိသည်။ Subwoofer
စပီကာတပ်ဆင်ပေးထားပြီး အသုံးပြုသောပါဝါ ပမာဏ ၂၅ဝ ဝပ်ဖြစ်သည်။ လိုအပ်သော OS
မှာ Apple ၏ MacOS X ၁ဝ.၆.၄ နှင့် ဆက်လက်လာဦးမည့် Apple OS များဖြစ်သည်။
အာမခံကာလ ၁ နှစ်ဖြစ် သည်။ အနိမ့်ဆုံးအပူချိန် ၅ဝ ဒီဂရီဖာရင်ဟိုက်မှ ၉၅
ဒီဂရီဖာရင် ဟိုက်ကြားတွင် အသုံးပြုနိုင်မည့် မော်နီတာဖြစ်သည်။ တန်ဖိုးမှာ
အမေရိကန်ဒေါ်လာ ၉ဝဝ ခန့်ဖြစ် သည်။
No comments:
Post a Comment