Wednesday, August 29, 2012

အေးရှားဝေါလ်မှ Port Terminal တည်ဆောင်ခြင်းကို ဖျက်သိမ်းပေးရန် အလုံမြို့နယ်ရှိ ပြည်သူများက ဆန္ဒပြ တောင်းဆို

အးရှားဝေါလ် ကုမ္ပဏီမှ Port Terminal တည်ဆောက်ခြင်းကြောင့် အလုံမြို့နယ် ရပ်ကွက်အချို့ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေသောကြောင့် ၄င်းရပ်ကွက်မှ ရပ်ကွက်သူ ရပ်ကွက်သားများက ၂၄ ရက်နေ့ ညနေ ၄ နာရီခန့် အချိန်မှ စတင်၍ တည်ဆောက်ခြင်းကို ဖျက်သိမ်းပေးရန် အတွက် ၆ နာရီကျော်ကြာအောင် ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါဆန္ဒပြခြင်းကို အောက်ကြည့်မြင်တိုင်လမ်း သီရိမင်္ဂလာဈေးဟောင်း မြောင်းကြီးထိပ်တွင် ဖြစ်ပွားခဲ့ကာ ၄င်းရပ်ကွက်နေ ပြည်သူ အယောက်တစ်ထောင်ခန့် ဆန္ဒပြ ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး  ညနေ ၄ နာရီမှ ည ၁၀ နာရီခွဲ အချိန်ထိ  ကြာမြင့်ခဲ့ကြောင်းသိရသည်။
“အရင်သီရိမင်္ဂလာဈေးကြီးတာ ၁၀ နှစ်ကျော်ပြီ၊ တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး၊ အေးရှားဝေါလ်က မြေပေါ်မြေအောက်ကနေ စလစ်လောင်းလို့ ရေတွေကြီးလာတာပါဟု ” ၄င်းအနီးတွင် ဈေးရောင်းသူတစ်ဦးကပြောသည်။
အဆိုပါဆန္ဒပြပွဲကြောင့် အောက်ကြည့်မြင်တိုင် လမ်းတစ်လျှောက် ၆ နာရီကျော်ကြာအထိ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကုမ္ပဏီနှင့် ရပ်ကွက်နေ ပြည်သူများကို လာရောက်ညှိနှိုင်း ဖြေရှင်းပေးပြီးသွားချိန်မှ ပြေလည်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ပြည်သူလူထုဘက်က ရပ်တည်ပေးသွားမှာပါ ကုမ္ပဏီနှင့် လည်း ညှိနှိုင်းပြီးသွားပါပြီ၊ ကုမ္ပဏီက တာဝန်ရှိသူ တစ်ဦးကိုလည်း ပြည်သူတွေကို တောင်းပန်ဖို့ ခေါ်ထားပါတယ်၊ သူတို့က တည်ဆောက်နေတဲ့ဟာကို ပြန်ဖျက်ပေးမယ်လို့ ပြောပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသား ကိုမြအေးက ပြောသည်။
အေးရှားဝေါလ် ကုမ္ပဏီမှ ဆိုဒ်တာဝန်ခံ တစ်ဦးကလည်း “ကျွန်တောတို့ အခုဆောက်လုပ်နေတဲ့နေရာကို ဖျက်နေပါပြီ အပြီးဖျက်ပေးမှာပါ” ဟု ဆန္ဒပြပြည်သူများ၏ ရှေ့မှောက်တွင် ပြောကြားသွားခဲ့သည်။
အဆိုပါ အေးရှားဝေါလ် ကုမ္ပဏီ တည်ဆောက်နေသော မြောင်းနေရာမှာ ကြည့်မြင်တိုင် ဈေးဟောင်း ဘေး မြောင်းကြီးထိပ်တွင်  ဖြစ်ပြီး ၄င်းမြောင်းကြီးသည် ကြည့်မြင်တိုင်မြို့နယ် ရပ်ကွက်များမှရေများ စီးဆင်းရန် အဓိက မြောင်းဖြစ်ပြီး ယခင်က မြစ်ဝတွင် မြောင်းကျယ်မှာ ၁၈ ပေကျော်ခန့် ရှိပြီး ယခု ၁၀ ပေလောက်သာ ရှိတော့ကြောင်း သိရသည်။
အဆိုပါ Port Terminal တည်ဆောင်ခြင်းကြောင့် ယခုနှစ်မိုးရာသီတွင် ၄င်းအနီးနား ၀န်းကျင်မှ နေအိမ်များ ရေတက်ခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်များက ယခုလို ရေတက်ခဲ့ခြင်းမရှိကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

Share This Article

No comments:

Post a Comment