နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထိန်းညှိပေးမည့် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းသင့်
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်ရှိ
ရင်ဆိုင်နေရသော အခက်အခဲများကို ညှိနှိုင်း ဖြေရှင်းရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဦးဆောင်မှုပေးရန်။
ဌာနဆိုင်ရာများမှ ဘာသာရပ်နှင့် လုပ်ထုံးလုပ်နည်း ကျွမ်းကျင်
သူများ၊ ပြင်ပမှ ပညာရှင်များ လက်တွေ့စီးပွားရေး ဆောင်ရွက်
နသောလုပ်ငန်းရှင်များ ပါဝင်စုဖွဲ့လျှက်လေ့လာ သုံးသပ်မှုများ
ပြုလုပ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း မြန်မာ့အရေး စိတ်ဝင်
စားသူ ပြည်တွင်း၊ ပြည်ပ အသံများ ပေါ်ထွက်လျှက်ရှိပါသည်။ အထူးသဖြင့်
- ကုန်သွယ်မှု မြှင့်တင်နိုင်ရေးအတွက် ဈေးကွက်ရှာဖွေရေးလုပ်ငန်းများ၊
- မှောင်ခိုတားဆီးရေးကိစ္စရပ်များ
- မြန်မာ့ပို့ကုန်များအပေါ် ပိတ်ပင်တားဆီးထားသော စီးပွားရေးပိတ်ဆို့မှု အပါအ၀င် အဟန့်အတားများ၊ အတားအဆီးများကို ညှိနှိုင်းဆွေးနွေးတောင်းဆိုရန်ကိစ္စရပ်များ၊
- အသေးစား အလတ်စား စက်မှုလုပ်ငန်းများ အမှန်တကယ် ထိရောက်စွာ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊
- ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကိစ္စရပ်များ၊
- ကုန်သွယ်မှု လျှင်မြန်ချောမွေစေရေးကိစ္စရပ်များ
ပြုလုပ်ပြီးရရှိလာသောရလာဒ်များကိုတင်ပြလျှက်အမြန်ပြုပြင်ရမည့်လုပ်ငန်းစဉ်များကိုပြုပြင်ခြင်း၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် ကဏ္ဍအလိုက်၊ ဌာနအလိုက် တာဝန်ယူ စီမံဆောင်ရွက်ခြင်းများ ပြုလုပ်ရန် လိုအပ်နေကြောင်း အပြုသဘော ဆွေးနွေးဝေဖန်မှုများ
ပြုလုပ်လျှက်ရှိကြပါသည်။ ထို့ကြောင့် ၄င်းလုပ်ငန်းစဉ်များကို နိုင်ငံတော်အဆင့် ထိန်းညှိပေး
မည့် ဆောင်ရွက်မှုတစ်ရပ် လိုအပ်နေကြောင်း သုံးသပ်ချက်ကို ထပ်ဆင့် ဖော်ပြအပ်ပါသည်။
No comments:
Post a Comment