Wednesday, August 29, 2012

ဇေကမ္ဘာ ဦးခင်ရွှေအား ရွှေနံ့သာ လယ်သမားများက တရားစွဲဆိုမည်

ဇေကမ္ဘာကုမ္ပဏီလီမိတက်ပိုင် ရှင်ဖြစ်သူ အမျိုးသားလွှတ်တော်အ မတ်ဦးခင်ရွှေအား မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စုရှိ လယ်သ မားများက တရားစွဲဆိုတော့မည် ဖြစ်ကြောင်း ရွှေနံ့သာလယ်သမား များ၏အမှုလိုက်ရှေ့နေဖြစ်သူ ရှေ့ နေဦးအေးမြင့်၊ (လမ်းပြကြယ်)ထံမှ စုံစမ်းသိရှိရသည်။
“ဦးခင်ရွှေကို သူနဲ့စက်မှုဇုန် မင်္ဂလာဒုံမှာရှိတဲ့ မြေယာပိုင်ဆိုင်မှုအ တွက်အငြင်းပွားနေတဲ့ လယ်သမား တွေက တရားစွဲဆိုသွားမှာပါ” ဟု ရှေ့နေဦးအေးမြင့်(လမ်းပြကြယ်)က မြန်မာပို့စ်ဂလိုဘယ်သို့ပြောသည်။
ဇေကမ္ဘာကုမ္ပဏီနှင့် မင်္ဂလာဒုံ မြို့နယ်ရွှေနံ့သာကျေးရွာအုပ်စုမှ လယ်သမားများသည် မင်္ဂလာဒုံမြို့ နယ်စက်မှုဇုန်(၄)ရှိ ၈၁၅ ဧက အကျယ်အ၀န်းရှိသော မြေယာပိုင် ဆိုင်မှုအတွက် ကာလအတန်ကြာ အငြင်းပွားနေခဲ့ပြီး လယ်သမားများ ၏ အရေးဆောင်ရွက်သူ မတူကွဲ ပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္က ဋ္ဌဦးနေမျိုးဝေမှလည်း လက်ရှိအချိန် တွင် ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ မန်နေဂျာဦးမြင့်ဇော်၏ တရားစွဲဆို ထားမှုကြောင့် အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်ဟုသိရသည်။
ရွှေနံ့သာလယ်သမားများအနေ ဖြင့် မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် ဖြစ်စေ၊ ရန်ကုန်မြောက်ပိုင်းခရိုင်တ ရားရုံးတွင်ဖြစ်စေ၊ ဇေကမ္ဘာဦးခင်ရွှေ အား တရားစွဲဆိုသွားမည်ဖြစ်သည် ဟုသိရသည်။
“သူက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ဖြစ်ပြီး ဖွဲ့စည်းပုံပါအချက်အလက်တွေကို ချိုးဖောက်တယ် ပြီးတော့ မင်္ဂလာဒုံ စက်မှုဇုန်(၄)မှာရှိတဲ့ မြေတွေကိုရယူ ရာမှာ သူ ကိုယ်တိုင်တရားဝင်ရထား သလို အယောင်ဆောင်ပြီးအာဏာ အလွဲသုံးစားပြီးရယူထားတယ်။ ဟန် ဆောင်ထားတယ် ပြီးတော့ အဲဒီ လယ်မြေတွေဟာ အခြားမြေတွေ အဖြစ် အသုံးပြုမယ်ဆိုရင် ပြည်ထဲ ရေးဝန်ကြီးဌာနကို အရင်တင်ပြရ မယ်။ အခြားမြေအဖြစ်မသုံးပြုခွင့် ကို သူ့ဆီမှာ ဘယ်ဝန်ကြီးဌာနကမှ အဲဒီမြေအတွက် တရားဝင်ပေးထား တဲ့ အချက်လက်တွေမရှိဘူး။ အဲဒီ အချက်လက်တွေပေါ်မှာမူတည်ပြီး ရွှေနံ့သာလယ်သမားတွေအနေနဲ့ စွဲဆိုသွားမှာပါ” ဟု ဦးအေးမြင့်က ပြောသည်။

Share This Article

No comments:

Post a Comment