Thursday, August 23, 2012

စတန်းဒက်လီဂီကို ၂နှစ်စာချုပ်နဲ့ ပြောင်းရွေ့သွားတဲ့ ဖရိုင်ယာ

စတန်းဒက်လီဂီကို ၂နှစ်စာချုပ်နဲ့ ပြောင်းရွေ့သွားတဲ့

ဖရိုင်ယာ

မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး သက်တမ်းတိုးဖို့ ငြင်းဆန်ထားသူ ဖရိုင်ယာသည် ယခုအခါတွင် ဘယ်လ်ဂျီယံ ကလပ်ဖြစ်သော စတန်းဒက်လီဂီ ပသင်းသို့ ၂နှစ်သက် တမ်းရှိတဲ့ စာချုပ်တစ် ရပ်နဲ့ ပြောင်းရွေ့သွားကြောင်း သိရှိရပါတယ်။ ယနေ့အစောပိုင်း တွင်လဲ အဆိုပါ ကစားသမား စတန်းဒက် လီဂီနဲ့ ညှိနှိုင်းနေဆဲ သတင်းကို ဖော်ပြထား ခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကမှ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံး ခဲ့သာ ဖရိုင်ယာသည် ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်း အတွက် ပွဲထွက်ခွင့် ၆ ပွဲသာ ၀င်ရောက် ကစားခဲ့အပြီး မှာတော့ ရာသီအကုန်မှာ ယူနိုက်တက်မှ  စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။ ဖရိုင်ယာ ကိုခေါ်နိုင်ခဲ့ တာတွေနဲ့ ပတ်သက်ပြီး စတန်းဒက်လီဂီကို အားကစား ဒါရိုက်တာ ဖြစ်သူ Jean-Francois de Sart က..
ကျွန်တော်တို့ သူ(ဖရိုင်ယာ) ကိုလွန်ခဲ့သော ၂နှစ်elite ပြိုင်ပွဲမှာ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံ တို့ပွဲက တည်းက စောင့်ကြည့်ခဲ့ ပါတယ်။ အဲကတည်းက သူ့နောက်ကို ကျွန်တော်တို့ လိုက်ခဲ့ကျ ပါတယ်။ အခုချိန်မှာ ယူနိုက်တက်နဲ့ သူရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွား ခဲ့ပြီး  သူ့ကို ခေါ်ယူနိုင် ခဲ့တာ ကြီးကျယ်တဲ့ ခေါ်ယူမှု တစ်ခုပါပဲလို့..
ပြောသွားခဲ့ ပါတယ်။ အပြောင်း အရွေ့ ရာသီ အစပိုင်းမှာ စပါး အသင်းကို ပြောင်းရွေ့ ဖို့ အတွက် သဘောတူညီလု နီးပါး ဖြစ်ခဲ့ပြီး စပါး အသင်းနဲ့ ရာသီကြို လေ့ကျင့်ရေး အစီအစဉ် တွေမှာ သွားရောက် ပူးပေါင်းခဲ့တဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မန်ယူ အသင်းက တောင်းဆိုခဲ့တဲ့ ပြောင်းရွေ့ကြေး ပေါင် ၆ သန်းကို စပါး အသင်း မှ ပေးချေလိုခြင်း မရှိတဲ့အတွက် ဖရိုင်ယာ နဲ့ စပါး အသင်းတို့ အပြောင်း အရွေ့ဟာ ပျက်ပြယ်ခဲ့ရပါတယ်။

No comments:

Post a Comment