Thursday, August 23, 2012

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် သုံးလအတွင်း နိုင်ငံတကာ အဖွဲ့ ၂၆ ဖွဲ့ လာရောက်ဆွေးနွေး

မန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် သုံးလအတွင်း နိုင်ငံတကာ အဖွဲ့ ၂၆ ဖွဲ့ လာရောက်ဆွေးနွေး

22/Nov/2011

E-Mail this article Printable Version

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အစိုးရသစ်တက်လာပြီးနောက် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန်အတွက် ဇူလိုင်မှ စက်တင်ဘာ သုံးလအတွင်း နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၂၆ ခုက လာရောက်ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ အမှတ်(၁) နှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက ထုတ်ဖော်ပြောာ့ားသည်။ အဆိုပါ ၂၆ ဖွဲ့၏ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင် မည့်လုပ်ငန်းကဏ္ဍနှင့် ပမာဏတို့နှင့်စပ်လျဉ်း၍ “ယခုပြောကြားရန် စောလွန်းပါသည်”ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ အဆိုပါ ၂၆ ဖွဲ့တွင် ဂျပန်၊ ကိုရီးယား၊ တရုတ်၊ စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယားတို့ အပြင် သြစတြေးလျပါ ပါဝင်ပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အပူတပြင်း လိုအပ်နေသည့် စက်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများကို လာရောက်ဆွေးနွေးကြသည့် သူများအနက် ကမ္ဘာ့ထိပ်သီး ဂျပန်၊ သြစတြေးလျအပါအဝင် ခေတ်သစ်စီးပွားရေး အင်အားကြီး တရုတ်၊ အာရှရှိထိပ်သီး တောင်ကိုရီးယားနှင့် အာရှကျားများ ဖြစ်နေပြီဖြစ်သော မလေးရှား၊ ထိုင်း၊ ဗီယက်နမ်တို့ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI)များ ပိုမိုဝင်ရောက်လာရေးအတွက် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို နှစ်ပတ်အတွင်း အပြီးဆောင်ရွက်ပေးမည်ဟု ကတိပြုခြင်း၊ မြေငှားရမ်းမှုအား ယခင်က အစိုးရထံမှသာ တစ်နှစ် ချင်းငှားရမ်းနေရရာမှ ယခု ပုဂ္ဂလိကထံမှပါ နှစ်ရှည် ၄၅ နှစ်၊ နှစ် ၆၀ အထိ ခွင့်ပြုပေးထားခြင်း၊ ငွေကြေးနှင့်စပ်လျဉ်း၍ Account Transfer ကို ခွင့်ပြုပေးခြင်း စသည့် ဖြင့်ပြောင်းလဲဖြေလျှော့မှုများကို ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၄ ရက်တွင် ကုန်သည်ကြီးများဟိုတယ်၌ ကျင်းပခဲ့သော မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်၏ စီးပွားရေးဟောပြောပွဲတွင် မလေးရှားနိုင်ငံအနေဖြင့် တိုင်းပြည်စီးပွားရေးကို ရေရှည်အထောက်အကူပြုမည့် ရင်းနှီးမြှုပ်နှံမှုများကိုသာ ရွေးချယ်ခွင့်ပြုခဲ့သကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်ဖွံ့ဖြိုးရေးကို ပုံဖော်သင့်ကြောင်း အကြံပြုပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် ရန်ကုန်(မ်) တိုင်း ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment