![]() |
![]() |
Sunday, 26 August 2012 14:47 |
![]()
ရန်ကုန်မြို့လမ်းမတော်မြို့နယ် အတွင်းရှိ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံ တစ်ခုကို သြဂုတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်
အဆောက်အဦများ သဘာဝ ဘေးဒဏ်ခံနိုင်ရေးအတွက် ရေးဆွဲလျက်ရှိသည့် အဆောက်အဦဆိုင်ရာ စည်းမျဉ်း (Building Code)မူကြမ်း အား လတ်တလောအခြေအနေ၌ ၀န်ကြီးဌာနများ၊ ဌာနဆိုင်ရာရုံးများ သို့ ပေးပို့ထားကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ သိရှိရသည်။ ထို့ပြင် အဆောက်အဦဆိုင်ရာ စည်းမျဉ်းမူကြမ်းအား INGO၊ NGO နှင့် ကန်ထရိုက်တာများသို့ လည်း သြဂုတ်လ ၂၄ ရက်နေ့တွင် ဖြန့်ဝေ သွားမည် ဖြစ်ကာ ဝေဖန်အကြံ ပြုချက်များ တောင်းခံ သွားမည် ဖြစ်ကြောင်း လည်း သိရှိရသည်။ “Building Code ကို ၀န်ကြီးဌာနတွေ၊ စည်ပင်လိုမျိုးဌာန ဆိုင်ရာတွေကို ဖြန့်ဝေထားပြီးပါပြီ။ INGO တွေ၊ NGO တွေနဲ့ဆောက် လုပ်ရေး လုပ်ငန်းရှင်တွေကိုလည်း ဖြန့်ဝေမယ်။ သူတို့ရဲ့ဝေဖန် အကြံပြုချက်တွေကိုလည်း ကျွန်တော်တို့ ဆီပေးပို့ဖို့ပါ။ Building Code ကို လာမယ့် ဒီဇင်ဘာမှာ စတင်စမ်းသပ်အသုံးပြုနိုင်ပါပြီ”ဟုလည်း Building Code ရေးဆွဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ အဆောက်အအုံများသဘာဝ ဘေးဒဏ်ခံနိုင်ရေးအတွက် အဆောက်အအုံဆိုင်ရာ စည်းမျဉ်းတွင် ပြဋ္ဌာန်းထားချက်များ အတိုင်း လိုက်နာကျင့် သုံးသင့်သော်လည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ အဆောက်အအုံ ပိုင်ရှင်များအနေဖြင့် မဖြစ်မနေလိုက်နာကျင့်သုံးရန် အတွက်မူ ဥပဒေပြ ဋ္ဌာန်းကာ ဆောင်ရွက်သင့်ကြောင်းလည်း သုံးသပ်မှုများရှိနေသည်။ “ဒီစည်းမျဉ်းတွေအတိုင်း လိုက်နာခြင်း ရှိမရှိဆိုတာကိုတော့ ဥပဒေ ပြဋ္ဌာန်းပြီး ဥပဒေနဲ့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်သင့်ပါတယ်”ဟု မြို့ပြ အင်ဂျင်နီယာတစ်ဦးက သုံးသပ်ခဲ့သည်။ |
No comments:
Post a Comment