Wednesday, August 22, 2012

Authentic Apple iPad2 (16GB) အနက်ရောင် iOS 5 Tablet

Authentic Apple iPad2 (16GB) အနက်ရောင် iOS 5 Tablet
Apple ၏ iPad Series rS Tablet  အမျိုးအစား အသေးစား ကွန်ပျူတာဖြစ်သည်။ စခရင်အရွယ် အစားမှာ ၉.၇ လက်မရှိသည်။
Resolution 1024x768  ဖြစ်သည်။ အရွယ်အစားမှာ အကျယ် ၇.၃ လက်မ၊ အရှည် ၉.၅ လက်မ၊ အထူ ဝ.၄ လက်မဖြစ်ပြီး အလေးချိန် ၂၁.၂ အောင်စ ဖြစ်သည်။ အသုံးပြုသော OS အမျိုးအစားမှာ iOS5 ဖြစ်သည်။ Apple A5 Processor  အမျိုးအစား Dual-Core နည်းပညာဖြစ်သည်။ Wireless နှင့် Bluetooth ပါဝင်သည်။ ကင်မရာမှာနှစ်ဖက်ကင်မရာဖြစ်ပြီး Zoom 5  ထိဆွဲနိုင်သည်။ ဗီဒီယို Recording လည်း ပြုလုပ်နိုင်သည်။ ebook များလည်း အလွယ်တကူဖတ်ရှုနိုင်မည် ဖြစ်သည်။ PC နှင့် တွဲဖက်အသုံးပြုရန်လိုအပ်သော OS များမှာ Window7, Window Vista, Window XP, Apple MacOS X 10.5.8  နှင့် နောက်ဆုံးထွက် OS များဖြစ်ကြသည်။ လစ်သီယမ်ပိုလီမာဘတ္ထရီကို အသုံးပြုထား၍ Battery Life  တာရှည်ခံ သည်။ ၁ဝ နာရီခန့် ဆက်တိုက်အသုံးပြုနိုင်မည်ဖြစ်သည်။ အရောင်မှာ အနက်တစ်မျိုး တည်းထုတ်လုပ်ထားသေးသည်။ နည်းပညာ
အထောက်အပံ့ ၁ နှစ်ပေးမည်ဖြစ်ပြီး ရက်ပေါင်းကိုးဆယ် ဖုန်းနှင့်တိုက်ရိုက် မေးမြန်းနိုင်သည်။ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၅၅ဝ ခန့်ဖြစ်သည်။

No comments:

Post a Comment