Wednesday, August 22, 2012

ဖခင်နှင့်မတူ လူအများမြင်ကွင်းသို့ ထွက်ပြလာတဲ့ မြောက်ကိုရီးယား နိုင်ငံ့ခေါင်းဆောင်သစ် ကင်ဂျုံအန်

ဖခင်နှင့်မတူ လူအများမြင်ကွင်းသို့ ထွက်ပြလာတဲ့ မြောက်ကိုရီးယား နိုင်ငံ့ခေါင်းဆောင်သစ် ကင်ဂျုံအန်

လွန်ခဲ့သည့် ၇ လက ဖခင်ဖြစ်သူ ကင်ဂျုံအီကွယ်လွန်သွား၍ နိုင်ငံခေါင်းဆောင်အဖြစ်နှင့် ၆ လကြာမျှ ပြင်ဆင်ခဲ့သော ကင်ဂျုံအန် သည် နိုင်ငံခေါင်းဆောင်အဖြစ် တရုတ်နိုင်ငံမှ သံတမန်များကို လက်ခံတွေ့ဆုံခဲ့သည်။
    ကင်သည် ယခုအခါ အသက် ၂၉ နှစ်ရှိပြီဖြစ်သော်လည်း မြောက်ကိုရီးယားပြည်သူ ၂၄ သန်း၏ ထောက်ခံမှုကို ရရှိသည်။ သူ၏အာဏာရပါတီဖြစ်သော အလုပ်သမားပါတီနှင့် တပ်ဖွဲ့ဝင်များ၏ ယုံကြည်မှုကိုရရှိထား၏။
    ဖခင်ဖြစ်သူသည် လူအများမြင်ကွင်းသို့ ထွက်လေ့မရှိ။ သီးသန့်နေထိုင်တတ်သည်။ နိုင်ငံတကာသံတမန်များကို လည်း တွေ့လေ့တွေ့ထမရှိ။ သူပြုမူနေထိုင်ပုံကိုလည်း သတင်းမီဒီယာများကမသိ၊ မဖော်ပြနိုင်သည့်အဖြစ်နှင့် နေခဲ့သည်။ ယခု ကင်ဂျုံအန်၏ အပြုအမူသည် ဖခင်ဖြစ်သူနှင့်မတူကြောင်း ပြသလိုက်သည့် ပြကွက်တစ်ခုဆိုရမည်။
    မကြာမီက တပ်ချုပ်ရာထူးကို ရယူသည်။ တပ်အတွင်းထိပ်ပိုင်း ခေါင်းဆောင်များ ရွှေ့ပြောင်းသည်။ ယခုလည်း လူအများ အံ့အားသင့်ဖွယ် အဖြစ်အပျက်တစ်ခု ပြသလိုက်ပြန်သည်။ မကြာမီကမှ လက်ထပ်သူ ဇနီးချောရီဆောဂျူ Ri Sol Ju  နှင့် လူအများမြင်ကွင်းသို့ လက်ချိတ်၍ ထွက်လာခဲ့ခြင်းဖြစ်သည်။ ဇနီးချော Ri နှင့် လူအများမြင်ကွင်း၌သွားရောက်သည့် နေရာကလည်း အမေရိကန်၏ နာမည်ကျော် Walt Disney  ဖန်တီးထားသည့် Mickeys Mouse  ပြကွက်များကို ကြည့်ရှုခြင်းဖြစ်သည်။ ကင်၏ ထူးခြားသောအခြား သတင်းတစ်ပုဒ်ကလည်း ပေါ်ထွက်လာသည်။ သူ၏ဖခင် ကင်ဂျုံအီ၏ လက်စွဲတော် စားဖိုမှူး ဂျပန်နိုင်ငံသား ကန်ဂျီဖူဂျီမိုတိုကလည်း မြောက်ကိုရီးယား နိုင်ငံအတွင်းသို့ ရောက်လာသည်။
    ကင်သည် ကန်ဂျီကိုတွေ့လို၍ ဂျပန်နိုင်ငံက ခေါ်ယူလိုက်ခြင်းဖြစ်ပြီး ဇနီးဖြစ်သူ Ri နှင့်လည်း မိတ်ဆက်ပေးသည်။ ဂျပန်လူမျိုး ကန်ဂျီသည် ကိုရီးယားနိုင်ငံ၌ ၁၉၈၉ မှ ၂ဝဝ၁ ခုနှစ်အထိ ၁၁ နှစ်တိုင်တိုင်နေထိုင်ခဲ့သူဖြစ်သည်။ ယခုလည်း ကန်ဂျီကပြန်မည်ဆို၍ ကင်က ထပ်မံမှာလိုက်သည်။ ''ခင်ဗျားလာချင်တဲ့အချိန် ကျွန်တော်တို့နိုင်ငံကို လာခဲ့ပါ''ဟု ဖိတ်ခေါ်လိုက်သေးသည်။
    ကင်ဂျုံအန်၏ ယင်းသို့သော အပြုအမူများကိုကြည့်၍ သတင်းသမားအတော်များများက မြောက်ကိုရီးယားနိုင်ငံသည် အရွှေ့အပြောင်းဖြစ်လာတော့မည်လောဟု သုံးသပ်နေကြသည်။
Source : Ruuters, BBC. Atmes. com

No comments:

Post a Comment