ဘာဘာတော့ဗ်ကို ခေါ်ယူရန် ကြိုးပမ်းနေသည့် ဖီအိုရင်တီးနား |
![]() |
![]() |
![]() |
Written by Admin Team |
Wednesday, 22 August 2012 15:55 |
![]() အီတလီ စီးရီးအေ ကလပ်သည် အသက်(၃၁)နှစ်ရှိ အတွေ့အကြုံရင့် တိုက်စစ်မှူးအား ခေါ်ယူရန် စီစဉ်နေပြီး ပေါင်စတာလင် (၃)သန်းမျှဖြင့် ကမ်းလှမ်းဖွယ် ရှိနေကြောင်း အီတလီ သတင်းများက ဆိုသည်။ ထိုဈေးနှုန်းသည် (၂၀၀၈)ခုနှစ်က ဘာဘာတော့ဗ်ကို မန်ယူ ဝယ်ယူစဉ်က ပေးချေခဲ့ရသည့် ငွေပမာဏ၏ (၁၀)ပုံ၊ (၁)ပုံသာ ရှိသည်။ မန်ယူသည် ဘာဘာတော့ဗ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၅)သန်း အထက်မျှ တောင်းဆိုဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ ![]() လက်ရှိတွင် ဆန်းဒါးလန်း အသင်းသည်လည်း (၂၀၁၁)ခုနှစ်၊ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ကို စိတ်ဝင်စားလျှက် ရှိနေသည်။ ဘာဘာတော့ဗ်သည် မန်ယူ တိုက်စစ်တွင် ဝိန်းရွန်နီ၊ ဒန်နီဝဲလ်ဘက်နှင့် ဂျာဗီးယား ဟာနန်ဒက်ဇ်တို့နောက် အရန်အဖြစ်သာ ကစားနေရပြီး ယခုအခါ ရော်ဘင်ဗန်ပါစီပါ ထပ်မံရောက်ရှိလာသည့် အတွက် အသင်း၌ အနာဂတ် ပြီးဆုံးသွားပြီ ဖြစ်သည်။ မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် ကိုယ်တိုင်ကလည်း ဘာဘာတော့ဗ်အား အသင်းမှ ထွက်ခွာခွင့် ပေးမည်ဟု ပြောကြားထားသည်။ ဖီအိုရင်တီးနားသည် ယခု နွေရာသီတွင် လီဗာပူးလ်မှ အယ်လ်ဘာတို အကွီလာနီအား ခေါ်ယူထားပြီး ဒုတိယမြောက် ပရီးမီးယားလိဂ် ပစ်မှတ် တစ်ခုအား ချိန်ရွယ်လာခြင်းဖြစ်သည်။ အီတလီ စီးရီးအေ ကလပ်သည် အသက်(၃၁)နှစ်ရှိ အတွေ့အကြုံရင့် တိုက်စစ်မှူးအား ခေါ်ယူရန် စီစဉ်နေပြီး ပေါင်စတာလင် (၃)သန်းမျှဖြင့် ကမ်းလှမ်းဖွယ် ရှိနေ... Ref: A Different League |
No comments:
Post a Comment