Wednesday, August 22, 2012

မြန်မာ နိုင်ငံ လွတ်လပ်ရေးဖခင်ကြီး ၏ မွေးနေ့ အမှတ်တရ


Feb 12, '11 11:36 PM
for everyone
မဟာဗန္ဓုလ ပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တွင်
ကမ္ပည်းတင်ထားသော ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းကောက်နုတ်ချက်များ

ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနှင့် ဆီလျော်တယ်။ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ် ။
အဲဒါကြောင့် ဒီဝါဒကိုသာ ကျွန်တော်တို့ ရည်ရွယ်တယ် ။
( ၁၉၄၅ - ခုနှစ် ၊ သြဂုတ်လ ၊ နိုင်ငံခေါင်းဆောင်များ အစည်းအဝေး )

ဗမာက တစ်မျိုး ၊ ကရင်ကတစ်ဖုံ ၊ ရှမ်း ၊ ကချင် ၊ ချင်း ၊ ကရင်နီတို့က တခြား အကွဲကွဲအပြားပြား
လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး ။ စုပေါင်းလုပ်ကြမှ
အကျိုးရှိနိုင်မယ် ။

( ၁၉၄၇ - ခု ၊ဖေဖေါ်ဝါရီလ( ၁၁ ) ရက် နေ့ည ၊ ပင်လုံမြို့ စော်ဘွားများ ထမင်းစားပွဲ )

နိဗ္ဗာန်ကို ရောက်ချင်လျှင် နိဗ္ဗာန်ရောက်ကြောင်းတရားကိုကျင့် ၊ လွတ်လပ်ရေးလိုချင်လျှင် လွတ်လပ်ရေး ရရာရကြောင်း တရားကိုကျင့်

( ၁၉၄၇ - ခု ၊ မတ်လ ၊ တောင်တွင်းကြီး ၊ ရွှေအင်တော ဘုရားအတွင်း )

လူငယ်နိုင်ငံရေးသမားတွေဟာ လွတ်လပ်ပြီးတဲ့ ဗမာပြည်မှာ သိတ်မမိုက်ကြဘဲ တဦးနှင့်တဦး
ညီညီ ညွတ်ညွတ် လုပ်ကြဖို့တော့လိုတယ် ။
ဒီလိုမှ မဟုတ်လျှင် လွတ်လပ်တဲ့ ဗမာပြည်ဟာ
လွတ်လပ်ရေးအရသာကို
ကျပ်ပြည့် ဒင်ပြည့် ခံစားရမှာ မဟုတ်ဘူး ။

( ၁၉၄၇ - ခု ၊မတ်လအတွင် ရွေးကောက်ပွဲ ၊ သတိပေး အသံလွှင့်ချက် )

ရဲရဲရင့်ရင့် သစ္စာ သမာဓိနှင့် လုပ်လျှင် အောင်မြင်မှာဘဲ။ ခေါင်းဆောင်ပီပီ ရှေ့က

ခေါင်းဆောင်ဟာ မခိုမကပ်ဘဲ လုပ်မယ်ဆိုရင် အောင်မှာဘဲ ။ ကိုယ့်တပ်လုံလျှင်
တခြားက လာမတိုက်နိုင်ဘူး ၊
( ၁၉၄၇ - ခု ၊ ဧပြီလ ၊နတ်မောက်မြို့ မိန့်ခွန်း )

ဘယ်နေရာမှာမဆို စည်းကမ်းသေ၀ပ်မှုကို အဓိက သတိပြုဘို့ အရေးကြီးတယ် ။

(၁၈ - ၄ - ၄၇ ၊ နှစ်သစ်ကူးမိန့်ခွန်း )

မူရင်းအတိုင်းဖော်ပြပါသည် ။

YATI  magazine
January 2011

ယမင်းစာပေက နိုင်ငံရေး စာပေ ခွင့်ပြုချက် အမှတ် (၂၈၂) နဲ့ ပုံနှိပ် ဖြန့်ချိလိုက်တဲ့၊ မောင်မြဦး မြန်မာပြန်ခဲ့တဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့တဲ့ "မြန်မာ့ စိန်ခေါ်သံ" (Burma's Challenge by Aung San) စာအုပ်
ကိုလည်းဖတ်ရှုနိုင်ကြဖို့ ညွှန်းပါတယ် ။
ငြိမ်းစိုးဦး
( 14 - 2 - 2011 )
Prev: ( Feb ; 12 ; 2011 ) multiply မှာ တစ်နှစ် နေခဲ့ပြီးပြီ ...
Next: ရက် စွဲ ( 2011 ) ၃၄ ဟာ 96 ဖြစ်ချင်ဖြစ်မယ်

No comments:

Post a Comment