Friday, August 24, 2012

ပညာရေးအထောက်အကူပြု အိုင်တီနည်းပညာ

ပညာရေးအထောက်အကူပြု အိုင်တီနည်းပညာ

အင်တာနက်၏ World Wide Web သည် အထူးသဖြင့် လူငယ်များ အတွက် ပေါ်ပြူလာဖြစ်ကြောင်း သုတေသနက ဖော်ပြသည်။သည့်အတွက်ကြောင့်    ကောလိပ်များနှင့်တက္ကသိုလ်များသည် လေ့လာဆည်းပူး မှုအကျိုး အမြတ်များကို အသိအမှတ်ပြုထားသည်။ ယင်း တို့ကို ၀က်ဘ်ဆိုက် အခြေပြု အဖွဲ့ အစည်းဆိုင်ရာ နည်း ပညာဖြင့် ပြုလုပ်နိုင်သည်။ ဥပမာအားဖြင့် ဗာဂျီးနီးယား ပြည်နယ်၊ ဖဲ(ရ်)ဖက်(စ်)ရှိဂျော့မေဆန်တက္ကသိုလ်သည် ယင်း၏ ပါမောက္ခ များကို အဖွဲ့အစည်းဆိုင်ရာ နည်းပညာ သင်တန်းကိုပေးစွမ်းသည်။ ဂျော့မေဆန်တက္ကသိုလ် (GMU) ဆရာများသည် သူတို့၏စာသင်ခန်းများတိုးတက် ရန် နောက်ဆုံးပေါ် Web ကိရိယာများကို မည်သို့အသုံးပြု ရမည်ကိုလေ့လာနိုင်သည်။
ရစ်ခ်ျရီယို (Rick Reo)သည် ယင်းတက္ကသိုလ်ရှိ အဖွဲ့အစည်းဆိုင်ရာ ဒီဇိုင်းပညာရှင်တစ်ဦးဖြစ်သည်။ ပညာရေးအသက်မွေးမှုသည် Web 2.0 Period တွင်ဝင် ထားသည်ဟုသူက ဆိုသည်။ Web 2.0 သည် ၂၁ ရာစု အစပိုင်းကတည်းက Web ကိုအသစ်ပြန်လည်ပြုလုပ်ရန် အဓိပ္ပါယ်သတ်မှတ်သော မားကတ်တင်းအခေါ်အဝေါ် တစ်ခုဖြစ်သည်။ Web-driver ကိရိယာတစ်မျိုးသည် စိတ် ၀င်စားဖွယ်ကောင်းသည်။ အသုံးဝင်ပြီးလေ့လာရန်လွယ် ကူသည်။ အခမဲ့သုံး၍ရသည်။ ယင်းသည် Web 2.0 ဖြစ် သည်ဟုသူကဆိုသည်။
ယင်းသို့သောကိရိယာတစ်မျိုးသည် လူမှုရေး ကွန်ရက်ဆောင်ရွက်သော ၀န်ဆောင်မှုလုပ်ငန်းဖြစ်သည်။ ယင်းသည် လူတွေကိုကူညီသော ၀က်ဘ်ဆိုက်ဖြစ်သည်။ ယင်းသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်ပိုင်လက္ခဏာကိုဖန် တီးပေးသည်။ အရင်းအမြစ်များကို ဖလှယ်သည်။ ပြီး တော့အတူတကွ အလုပ်လုပ်သည်။ Facebook နှင့် My Space သည် လူမှုရေးဆိုင်ရာကွန်ရက်နှစ်ခုဖြစ်သည်။ ယင်းတို့သည် အမေရိကန်နှင့်ကမ္ဘာအနှံ့အပြားတွင် ပေါ် ပြူလာဖြစ်သော ၀က်ဘ်ဆိုက်များဖြစ်ကြသည်။
        Educause သည် ပညာရေးတွင် သတင်းအချက် အလက်နည်းပညာအသုံးပြုမှုကို ကူညီပံ့ပိုးသော အကျိုး အမြတ်မယူသောအဖွဲ့အစည်းဖြစ်သည်။ အမေရိကန် ကောလိပ်ကျောင်းသားများ၏ ၉၀ ရာခိုင်နှုန်းသည် face book ၀က်ဘ်ဆိုက်များကို ဖန်တီးခဲ့ကြောင်း၊ ယင်းအုပ်စု ကဆိုသည်။ လူမှုရေးဆိုင်ရာ ကွန်ရက်ဝက်ဘ်ဆိုက်များ သည်လည်း စာသင်ခန်းပြင်ပရှိ သူတို့၏ကျောင်းသားများ ထံသို့ရောက်ရှိရန် နည်းလမ်းတစ်ခုကို ဆရာများအားကူ ညီပံ့ပိုးသည်။ Rick Reo ကကျောင်းသားများသည် သူတို့၏ တက္ကသိုလ် E-mail ကို စစ်ဆေးကြည့်ရှုသောအခါ face book (သို့မဟုတ်) My Space ကို အသုံးပြုကြသည်။
Book marking သည်နောက်ထပ် web 2.0 နည်းပညာ ဖြစ်သည်။ ယင်းအတွင်း ပညာရေးဆိုင်ရာ အသုံးပြုမှုများစွာရှိသည်။ ပါမောက္ခများသည် တစ်ဦးချင်း သုတေသနပြုလုပ်သောအခါ ယင်းကိရိယာကိုအသုံးပြု နိုင်သည်။ ယင်းသည် စာသင်ခန်းလေ့လာမှုကို ဖြည့်စွက် ပေးနိုင်သည်။ သင်သည် Web Site လိပ်စာကို Save လုပ် သောအခါ သင်သည် bookmarking ပြုလုပ်ရသည်။ Social  bookmarking ၀က်ဘ်ဆိုက်များသည် လူများကို bookmark အစုအဝေးများသိမ်းဆည်းခွင့်ပေးသည်။ သူတို့ သည် အခြားလူများနှင့် မျှဝေသုံးနိုင်သည်။ (သို့မဟုတ်) တစ်ဦးချင်းအတွက် သုံးနိုင်သည်။
သင့်အနေဖြင့် Website ကို bookmark လုပ် သောအခါ ဖော်ပြထားသော စကားလုံးများပါရှိသည့် ၀က်ဘ်ဆိုက်ကိုရယူရသည်။ ဥပမာသင်သည် Voaspecial  english ကိုရယူနိုင်သည်။ စကားလုံးများပါသော Com Website ကိုရယူနိုင်သည်။ ယင်းတွင် အင်္ဂလိပ်စာသင် ကြားမှုလေ့လာဆည်းပူးမှုသတင်းနှင့်အချက်အလက်များ ပါဝင်သည်။ Tag များသည်အသုံးပြုသူများကို သူတို့၏ bookmarks များစုစည်းရန်ကူညီပေးသည်။ အခြားလူတွေ က Tag ကိုဘယ်လောက်များများအသုံးပြုမလဲကို အသုံး ပြုသူများကကြည့်နိုင်သည်။ Tag ကိုပေးသောအရင်း အမြစ်များအားလုံးကို သူတို့ရှာဖွေနိုင်သည်။

No comments:

Post a Comment