Thursday, July 25, 2013

ပါကစ္စတန် ဈေးတစ်ခုတွင် ဗုံးဖောက်ခွဲမှု နှစ်ခုကြောင့် လူ ၃၀ ကျော် သေဆုံး

View previous topic View next topic Go down







ပါကစ္စတန် ဈေးတစ်ခုတွင် ဗုံးဖောက်ခွဲမှု နှစ်ခုကြောင့် လူ ၃၀ ကျော် သေဆုံး

Post  Admin on Mon Jun 13, 2011 4:50 pm


ပါကစ္စတန်နိုင်ငံ၊ ပက်ရှ်ဝါမြို့ရှိ ဈေးတစ်ခုတွင် ဗုံးဖောက်ခွဲမှု နှစ်ခုကြောင့် အနည်းဆုံး လူ ၃၄ ဦး သေဆုံးပြီး ၉၄ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ဇွန် ၁၂ ရက် အစောပိုင်းတွင် ပြောကြားသည်။

လူစည်ကားသော ခိုင်ဘာဈေးကြီးရှိ စားသောက်ဆိုင်တစ်ခု၏ သန့်စင်ခန်းတွင် ပထမဦးစွာ ပေါက်ကွဲမှု အသေးစား ဖြစ်ခဲ့ကြောင်း ခိုင်ဘာပက်ရှ်ထန်ခ၀ါ ပြည်နယ်မှ ဗုံးရှင်းလင်းရေး အဖွဲ့ ခေါင်းဆောင် ရှာဖတ်မာလစ်ခ်က
ပြောကြားသည်။ ယင်းဖြစ်ပွားရာ နေရာသို့ လူများ စုဝေးကြည့်ရှုနေစဉ် မိနစ်ပိုင်း အကြာတွင် စားသောက်ဆိုင်သို့ ဆိုင်ကယ်တစ်စီးဖြင့် အသေခံ ဗုံးခွဲသမား တစ်ဦး ရောက်လာပြီး ထပ်မံ ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း မာလစ်ခ်က ပြောကြားသည်။ ဒုတိယအကြိမ် ဖောက်ခွဲမှုတွင် ဖောက်ခွဲရေးပစ္စည်း ၁၀ ကီလိုဂရမ်ခန့်ကို အသုံးပြုခဲ့ကြောင်း ပက်ရှ်ဝါမြို့၏ အကြီးတန်း ရဲအရာရှိ မူဟာမက်ဒ်အီဂျတ်ဇ်ခန်းက ပြောကြားသည်။

ယင်းဈေးတစ်ဝိုက်သည် ဆရာများ၊ ကျောင်းသားကျောင်းသူများ နေထိုင်သောနေရာ ဖြစ်ကာ ဟိုတယ်များ၊ ဈေးဆိုင်များဖြင့် စည်ကားပြီး မီဒီယာ ရုံးခန်းများလည်း ရှိကြောင်း သိရသည်။ ဗုံးဖောက်ခွဲမှု အတွင်း သတင်းထောက် တစ်ဦး သေဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရခဲ့ကြောင်း ပက်ရှ်ဝါရှိ သတင်းထောက်များ ကလပ်မှ ဥက္ကဋ္ဌ ဆာအိအူအစ္စလာမ်ဆာဖီက ပြောကြားသည်။ ပြည်နယ်ဝန်ကြီး တစ်ဦးကမူ သတင်းထောက် နှစ်ဦး သေဆုံးခဲ့သည်ဟု ပြောကြားသည်။

ပက်ရှ်ဝါမြို့နှင့် အနီးအနား ဒေသများတွင် မကြာသေးမီ လများအတွင်းက အကြမ်းဖက် တိုက်ခိုက်မှုများစွာ ကြုံတွေ့ခဲ့ရပြီး ယခု နောက်ဆုံးအကြိမ် ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများနှင့် ပတ်သက်၍ ၎င်းတို့ လက်ချက် မဟုတ်ကြောင်း တာလီဘန်တို့က ငြင်းဆိုထားသည်။ ဇွန် ၅ ရက်နေ့ကလည်း ပက်ရှ်ဝါမြို့ အရှေ့ဘက် ၂၆ မိုင် အကွာရှိ နောင်ရှီရာမြို့ ပေါင်မုန့်ဆိုင် တစ်ခု၌ ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့သည်။

မေ ၂၅ ရက်တွင် ပက်ရှ်ဝါမြို့ရှိ ရဲစခန်းတစ်ခုကို အသေခံ ဗုံးခွဲသမား တစ်ဦးက ၀င်ရောက် ဖောက်ခွဲမှုကြောင့် အနည်းဆုံး ရဲခုနစ်ဦး သေဆုံးခဲ့ပြီး အလေးချိန် ၃၀၀ ကီလိုဂရမ် (ပေါင် ၆၆၀) ရှိသော ဖောက်ခွဲရေး ပစ္စည်းများကို
မီနီထရပ်ကားဖြင့် တင်ဆောင်လာကာ ဖောက်ခွဲခြင်း ဖြစ်သည်။ မေ ၁၈ ရက်ကလည်း ပက်ရှ်ဝါမြို့ရှိ စစ်ဆေးရေးဂိတ် တစ်ခုကို စစ်သွေးကြွ ၆၀ ကျော်က ၀င်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၁၀ ဦးနှင့် လုံခြုံရေးအဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သည်။


ELEVEN MEDIA GROUP မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment