




ထို့နောက် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဌဒေါက်တာမျိုးသက်မှလည်း အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာန သတင်းအချက်အလက်နည်းပညာဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဝင်းမှ online အသုံးပြု လျှောက်ထားနိုင်သည့် ပို့ကုန်သွင်းကုန် လိုင်စင်စနစ်အား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ မေးမြန်းဆွေးနွေးမှုများအပြီးတွင် စီးပွားကူးသန်းဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး မွန်းလွဲ ၁၁:၃၀ တွင် အလုပ်ရုံဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။



Fully Online Licensing System အသုံးပြု၍ လိုင်စင်လျှောက်ထားခြင်း လုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်ကို သိရှိစေရန် Fully Online Licensing System Guide Book အောက်တွင် Download ရယူ၍ လေ့လာနိုင်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်
No comments:
Post a Comment