Sunday, February 2, 2014

၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ ၀ှက် ချက် များ အက် ဥပဒေ

By burmamuslim on

ပုဒ်မ ၃ မှ ကောက်နူတ်ချက်
၁။ မည်သူမဆို နိုင်ငံတော်၏ လုံခြုံရေးကို ဖြစ်စေ ၊နိုင်ငံတော်၏ အကျိုးစီးပွားကို ဖြစ်စေ နစ်နာရန် အလို့ ဌာ -
(ကက) ပိတ်ပင်ထားသောနေရာကို ချဉ်းကပ်လျှင်သော်လည်းကောင်း ၊ဖြတ်ကျော်လျှင်သော် လည်းကောင်း ၊ထိုအရပ် အနီးအနားတွင် ရှိနေ လျှင်သော် လည်းကောင်း ၊ထိုအရပ်ကို ၀င်ရောက်လျှင်သော် လည်းကောင်း ။
(ခခ) ရန်သူတစ်ဦးအား တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်၍ ဖြစ်စေ ၊အသုံးကျစေလိုသည့် ၊အသုံးကျစေမည့် ၊ အသုံးကျစေရန် ကြံရွယ်၍ ၊ရုပ်ပုံ ၊ နယ်ပုံ ၊ မှတ်စု တစ်ခုခုကို ပြုလျှင်သော် လည်းကောင်း ။
(ဂဂ) ) ရန်သူတစ်ဦးအား တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်၍ ဖြစ်စေ ၊အသုံးကျစေလိုသည့် ၊အသုံးကျစေမည့် ၊ အသုံးကျစေရန် ကြံရွယ်၍ ၊လျှို့ ဝှက်သော အမှုထမ်းသုံး ၊ အရာထမ်းသုံး စကားကို ဖြစ်စေ ၊စကားဝှက်ကို ဖြစ်စေ ၊ရုပ်ပုံ ၊ နယ်ပုံ ရေးသားချက် ၊မှတ်စု ၊ အခြားစာတမ်း အမှတ်အသား သတင်း တစ်ခုခုကို ဖြစ်စေရယူလျှင်သော် လည်းကောင်း ၊ စုဆောင်းလျှင်သော် လည်းကောင်း ၊ပုံနှိပ် ထုတ်ဝေလျှင်သော် လည်းကောင်း ၊အခြားသူ တစ်ဦးဦး အား သတင်းပေးလျှင်သော် လည်းကောင်း ၊ထိုသူအား ထောင် ၃ နှစ်အထိ ချမှတ်နိုင်သည် ။
ထို့ ပြင် ခုခံတိုက်ခိုက်ရန် ပြုလုပ်ထားသော လက်နက်တိုက် ၊(ကြည်း)(ရေ)(လေ) တပ်တစ်ခုခုကို ထားရာဒေသ ၊၎င်း တပ်တစ်ခုခု၏ တပ်နယ် တစ်ခုခု ၊
မိုင်း၊ မိုင်းများပြုလုပ်ရာဒေသ ၊ စက်ရုံ ၊ သင်္ဘောကျင်း ၊စစ်စခန်းသင်္ဘော ၊ လေယာဉ်ပျံတစ်စီးစီး နှင့် စပ်လျဉ်း ၍ထိုပြစ်မှုကို ကျူးလွန်လျှင်သော် လည်းကောင်း ၊
(ကြည်း)(ရေ)(လေ) တပ် ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း ၍အခြားနည်းဖြင့် ကျူးလွန်လျှင်သော် လည်းကောင်း ၊လျှို့ ဝှက်သော အမှုထမ်းသုံး ၊ အရာ ထမ်း သုံး စကား တစ်ခုခုနှင့် စပ်လျဉ်း ၍ကျူးလွန်လျှင်သော် လည်းကောင်း ၊ထိုသူအား ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည် ။
( နိုင်ငံတော် ၏ လျှို့ ဝှက်ချက် နှင့်အစိုးရ အဖွဲ့ ဝင်များ ၏ လျှို့ ဝှက်ချက် …မကွဲပြားသေးသော မီဒီယာ သမား များသို့  ရည်ညွှန်းပါသည် )
ကိုရဲမိုး

No comments:

Post a Comment