Sunday, February 2, 2014

ကုလငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ မြန် မာ စစ် တပ် ပူး ပေါင်း ဆောင် ရွက် မည်

By burmamuslim on



မြန်မာ့တပ်မတော် အနေနဲ့ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းချက်ကို လက်ခံတဲ့အကြောင်း မြန်မာ့တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေးနမ်ဘီယားနဲ့ နေပြည်တော်မှာ   တွေ့ဆုံ ရာမှာ   မြန်မာ   စစ်တပ်အကြီးအကဲက ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာမှာ တာဝန်သိတဲ့ နိုင်ငံအနေနဲ့ တာဝန်ထမ်းဆောင်လိုတဲ့အကြောင်း ငြိမ်းချမ်းရေးကိုလည်း လိုလားတဲ့အကြောင်းနဲ့   ပြည် သူ လူ ထုရဲ့ လူမှုဘ၀လုံခြုံရေးအတွက် ကုလမသဂ္ဂ အဖွဲ့အစည်းနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်   က ကုလသမဂ္ဂ ကိုယ်စားလှယ်ကို ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်သ တင်းစာတွေမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့မှာ ဘယ်လို ပူးပေါင်းပါဝင်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ကုလသမဂ္ဂအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် နိုင်ငံတကာက စစ်သည်တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေကို ပြည်တွင်းစစ်နဲ့ ပဋိပက္ခဖြစ် ပွားနေ တဲ့ တိုင်းပြည်တွေကို စေလွှတ်ထားတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ


No comments:

Post a Comment