By
on
“အကြမ်းဖက်မှုတွေကို
ကျနော်တို့ လျစ်လျှူရှုထားမှာ မဟုတ်ပါဘူး၊ နောက် အစိုးရအနေနဲ့လည်း ဒီကိစ္စ
စုံစမ်းစစ်ဆေးရေးအတွက် အတတ်နိုင်ဆုံး နည်း လမ်းပေါင်းစုံ
အသုံးပြုဆောင်ရွက်ပြီး သင့်လျော်တဲ့နည်းလမ်းနဲ့
တုံ့ပြန်ဆောင်ရွက်လိမ့်မယ်လို့ ကျနော်တို့မျှော်လင့်တဲ့အကြောင်း” – ကမ္ဘာ့
ဘဏ် ဥက္ကဋ္ဌ Jim Yong Kim က ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့
သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။ ဒီလ အစော ပိုင်းတုန်းကပဲ
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာက ဒေသခံ ရိုဟင်ဂျာ
မွတ်ဆလင်အနည်းဆုံး (၄၀) လောက် သတ်ဖြတ် ခံရတယ်ဆိုပြီး ကုလသမဂ္ဂနဲ့
လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုခဲ့ကြတာပါ။
ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ
ဂျင်ယုံကမ်ဟာ နေပြည်တော်မှာ ပြုလုပ်သွားတဲ့ ဒုတိယအကြိမ်
ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ဖော်ရမ်မှာလည်း မိန့် ခွန်းပြော
ခဲ့ပြီး မနေ့က ညနေပိုင်းမှာတော့ နေပြည်တော် နိုင်ငံတကာ လေဆိပ်က တဆင့်
မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။ မြန်မာပြည် ခရီးစဉ် အတွင်းမှာ
ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကမ်ဟာ သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် နာယက
သူရဦးရွှေမန်းတို့အပြင် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်း
၂၀၃၀ ခုနှစ်မှာ ပြည်သူအားလုံး လျှပ်စစ်မီးရရှိရေးနဲ့ အရည်အသွေးပြည့်မီတဲ့
ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးဆိုတဲ့ မြန်မာ အစိုး ရရဲ့
ရည်မှန်းချက်အတွက် ကမ္ဘာ့ဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာ သန်း (၂,၀၀၀) ပမာဏရှိတဲ့
နှစ်ရှည်ဖွံ့ဖြိုးရေး အစီအစဉ် ဆောင်ရွက် သွား မယ် လို့ နေပြည်တော် မှာ
ပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာဘဏ် ဥက္ကဋ္ဌ ပြောကြားခဲ့ကြောင်းကို
ဗီအိုအေရဲ့ သတင်းမှာ ဖော်ပြထား ပါတယ်။
ဗီအိုအေ မြန်မာပိုင်းတွင်ဖော်ပြထားသည့် သတင်းမှ ကောက်နှုတ်ဖော်ပြပါသည်။
No comments:
Post a Comment