Sunday, February 2, 2014

ကမ္ဘာကျော် မင်းသားကြီး Liam Neeson အစ္စလာမ် ကို လက် ခံ လိုက် ပြီ

By burmamuslim on



Liam Neeson: I may become a Muslim အစ္စလာမ်ကို လက်ခံလိုက်ပြီဖြစ်တဲ့  ကမ္ဘာကျော် မင်းသားကြီး Liam Neeson. ကမ္ဘာပေါ်မှာ အစ္စလာမ်ကို မုန်းတီး ပါတဲ့ ဆိုတဲ့ အထဲမှာ ဥရောပ နဲ့ အမေရိက က အများဆုံးပါ။ ဒါပေမယ့် လက်ရှိမှာတော့ အဲဒီ အမုန်းဆုံးပါတဲ့ အစ္စလာမ်ကို စော်ကားခဲ့ တဲ့  မုန်းနေ တဲ့ သူတွေကပဲ တဖြည်းဖြည်းလက်ခံကုန်ကြပါပြီ။ ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီးဖြစ်တဲ့ Liam Neeson ဟာ ကနေ့ မှာတော့ အစ္စလာမ် သာသနာ ကို လက်ခံခဲ့ပါပြီ။(Allah Hu Akbar) Mashallah. ပြောရရင် သူလည်း အစ္စလာမ် မုန်းတီးတဲ့ သူတယောက်ပါ။ Taken ဇာတ် ကားဖြင့်   အောင်မြင်ကျော်ကြားလူကြိုက်များခဲ့ ပြီး Taken 2 ဇာတ်ကားမှာလည်း မွတ်စလင်မ် တွေကို ဗီလိန် နေရာ သူ့ သမီးနဲ့ ဇနီး ကို ပြန်ပေး ဆွဲတဲ့  နေရာ ပါ တွေ့ ခဲ့ ရပါတယ်။ အဆိုပါ ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတော်တော်များများကိုလည်း တူရကီနိုင်ငံမှာ ရိုက်ကူးခဲ့ ပါတယ်။ အဲဒီ Taken 2 ဇာတ် ကား ဟာလည်း Box Office မှာ နံပါတ် ၁ နေရာမှာချိတ်ခဲ့ ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အမြတ်အစွန်းရခဲ့ ပါတယ်။

အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့  Liam Neesom ဟာအရင်က ကက်သလစ်(ခရစ်ယာန်)ဘာသာဝင်တစ်ဦးဖြစ်ခဲ့ ပြီး တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့ ကို ရုပ်ရှင် ဇာတ် ကားသစ်ရိုက်ကူးဖို့  သွားရောက်ရင်းနဲ့  အစ္စလာမ် ဘာသာကို ကူးပြောင်းခဲ့ တယ်လို့  ကမ္ဘာကျော် website တခုဖြစ်တဲ့  The Sun မှာဖော်ပြ ခဲ့ ပါတယ်။ မူရင်းလင့်ခ်ကတော့ ဒီမှာပါ။

http://www.thesun.co.uk/sol/homepage/news/4083596/Liam-Neeson-news-Liam-Neeson-is-thinking-about-becoming-a-Muslim.html နောက်ထပ် နာမည်ကြီး Web တခုဖြစ်တဲ့ Daily Mail ကလည်း ဖော်ပြခဲ့ ပါတယ်။


ကဲ ကျနော်လည်း တတ်သလောက်မှတ်သလောက်ရှာဖွေ့ပြီး မူရင်းလင့်ခ်နဲ့ တကွ တင်ထားတာနော်။ လွတ်လွတ်လပ်လပ် Share နိုင်ပါကြောင်း။ Salim Khan

No comments:

Post a Comment