Sunday, February 2, 2014

စတိတ်ရှိုးပွဲတွင် တင်ပါးကိုင်သည့်အတွက် စိုင်းစိုင်းနှင့် သက်မွန်မြင့်၏ ချစ်သူတို့ ပြဿနာ ဖြစ်ပွား

မကြာသေးမီက ကျင်းပခဲ့သော စိုင်းစိုင်း မွေးနေ့ စတိတ်ရှိုးတွင် စိုင်းစိုင်းခမ်းလှိုင်က သက်မွန်မြင့်အား ပွေ့ချီနေသည့်ပုံများ အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်ကို တွေ့ရသည်။
ယင်းပုံနှင့်ပတ်သက်၍ သက်မွန်မြင့်၏ ချစ်သူဖြစ်သူ ကိုမျိုးအောင်သန်းက Fuji House အမည်ရှိ ကော်ဖီဆိုင်တွင် ၁၁.၄.၂၀၁၃ နေ့က စိုင်းစိုင်းနှင့်ဆုံမိစဉ် မကျေမနပ်ပြောကြားရာမှ အချေအတင် စကားများခဲ့ကြကြောင်း သိရသည်။
ထို့နေ့က မျက်မြင်တွေ့သူများက ပြောကြားရာတွင်
ကိုမျိုးအောင်သန်းမှာ အနည်းငယ် မူးယစ်နေခဲ့ကြောင်း စိုင်းစိုင်းအားတွေ့သည်နှင့် အပြေးလျှောက်သွားကာ မကျေမနပ်ပြောခဲ့ကြောင်း ၄င်း၏အသွင်မှာ ရန်ပြုမည့် အသွင်မျိုးဖြစ်နေ၍ ဘေးလူများက ၀ိုင်းဝန်းဆွဲကြရာမှ အနည်းငယ်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရကြောင်း သိရသည်။
ပြဿနာမှ အကျယ်အပြန့်ဖြစ်ပွားခြင်းမရှိသော်လည်း သိရှိလိုက်ရသူများအဖို့ ဟာသသဖွယ် ပြောစရာတစ်ရပ် ဖြစ်သွားခဲ့လေသည်။
Credit to:Myanmar News

No comments:

Post a Comment