Sunday, February 2, 2014

ဂျပန်ကဒေါ်လာ သန်း ၁၀၀ မြန်မာကို ထောက် ပံ့ ကူ ညီ မယ်

By burmamuslim on

မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့နဲ့ ပဋိပက္ခဒဏ် ခံစားနေရတဲ့ တိုင်းရင်းသား လူမျိုးစုတွေကို ကူညီဖို့အတွက် လာမယ့် ငါးနှစ်အတွင်း ဂျပန် ယန်း ၁၀ ဘီလီယံ (ဒေါ်လာ သန်း ၁၀၀) ထောက်ပံ့ ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီးက ဒီကနေ့ ပြောကြား လိုက်ပါတယ်။ အခုလို ကူညီမယ့် ဂျပန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဆာဆာကာဝါနဲ့ ဂျပန် သံ အမတ်ကြီး အီနာမာတာ တို့က ဒီကနေ့ ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေ ကို ပြော ခဲ့တာ ဖြစ်ပါတယ်။ ဒီငွေတွေကို မြန်မာအစိုးရနဲ့ ညှိနှိုင်းပြီး ဂျပန် INGO တွေက တဆင့် ပေးအပ်မှာ ဖြစ်တယ်လို့ ပြောပေမယ့် ဘယ်တော့ စပေးမယ် ဆိုတာကိုတော့ တိတိ ကျကျ ပြောဆိုခြင်း မရှိပါဘူး။ ဒါပေမယ့် ၅ နှစ်အတွင်းမှာ ညှိနှိုင်းပြီး အမြန်ဆုံး ပေးသွားမယ် ဆိုတာကိုတော့ ဂျပန် သံအမတ်ကြီး မစ္စတာ အီနာ မာတာ က ပြောသွားခဲ့ပါတယ်။
ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ ဂျပန်က မြန်မာကို ယန်း ၁၅၀ ဘီလီယံ (ဒေါ်လာသန်း တစ် ထောင် ၄ ရာ ဝန်းကျင်) အကူ အညီ ပေးမယ်လို့ ကတိပေးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ မြန်မာ သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့တဲ့ တိုကျိုမြို့က ဂျပန် မြန်မာ ထိပ်သီး   ဆွေးနွေး ပွဲမှာတော့ အသေးစိတ် ဆွေးနွေးပြီး ဂျပန်အစိုးရက အခုလို ဆုံးဖြတ်ခဲ့တာပါ။
ဒီ အကူညီပေးရေး အစီစဉ်ဟာ မြန်မာနိုင်ငံက တိုင်းရင်းသား ဒေသတွေမှာ ဖွံ့ဖြိုးရေးတွေ လုပ်မှာ ဖြစ်ပေမယ့် မြန်မာအစိုးရနဲ့ ညှိနှိုင်းပြီး လုပ်မှာ   ဖြစ်ကြောင်း၊ အစိုးရနဲ့ တိုင်းရင်းသားတွေကပါ လက်ခံတဲ့ ဂျပန် အန်ဂျီအိုတွေကနေ တစ်ဆင့် ပေးအပ်မှာ ဖြစ်ကြောင်း၊ ဂျပန်အစိုးရဟာ အခု အထောက်အပံ့ကို သုံးပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အားပေး ကူညီဖို့ ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံ အမတ်ကြီး အီနာမာတာက သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
About these ads

No comments:

Post a Comment