Monday, January 6, 2014

သက်ကြီးစကားအစီအစဉ်

သက်ကြီးစကားအစီအစဉ်မှ မြန်မာ့ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ ထုံတမ်းများ နှင့် ဗဟုသုတ သိမှတ်ဖွယ်ရာများကို အပတ်စဉ် တနင်္ဂနွေနေ့ ညပိုင်း ၉း၀၀-၁၀း၀၀ နာရီတွင် ရုပ်ရှင်ဒါရိုက်တာ စာရေးဆရာ ဦးဝင်းဖေ နဲ့ ဝေဖန်ရေးဆရာ ကဗျာဆရာကြီး ဦးစွမ်းရည် တို့ က တပတ်ခြား တင်ဆက်ပေးသွားပါမည်။

လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး နယ်ပယ် အသီးသီးက လူအမျိုးမျိုးတို့ရဲ့  ယုံကြည်ရာတွေကို “သူယုံကြည်ရာ” အစီအစဉ်မှာ တင်ပြပေးနေပါတယ်။ သောတရှင်တို့လဲ မိမိတို့ ယုံကြည်ရာတွေကို ပါဝင်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။ ပါဝင်ဆွေးနွေးလိုပါက burmese@voanews.com ကို အီးမေလ်ပို့၍ (Subject နေရာမှာ Attn: TIB) လို့ ရေးဖြည့်ကာ တယ်လီဖုန်းနံပါတ်နဲ့ မိမိတို့ ပြောလိုတာကို ပေးပို့ပေးပါ။ ပြန်လည်ဆက်သွယ်ပါမယ်။
အမှားမများစေဖို့
ဇန်နဝါရီ ၅၊ ၂၀၁၄ - ဒီတပါတ်သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ အမှားတစ်ခုကနေ အမှားတွေ ထပ်မတိုးအောင် စိတ်ရဲ့ အရေးပါပုံနဲ့ ပတ်သက်လို့ ဆရာ ဦးဝင်းဖေ က တင်ပြထားပါတယ်။

ရခိုင်ကဗျာစာအုပ် မိတ်ဆက်
ဒီဇင်ဘာ ၂၂၊ ၂၀၁၃ - ဒီတပတ်သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ နယူးယောက်ပြည်နယ်နေ့ ရခိုင်လူမျိုး ခိုင်အောင်ကျော်ရဲ့  ရွှေပြည်တော်မျှော်တိုင်းဝေးလျင် ကဗျာစာအုပ်နဲ့အကြောင်း ဆရာမောင်စွမ်းရည် က ဝေဖန်သုံးသပ် တင်ပြထားပါတယ်။

စိတ်နဲ့ရုပ် ဘယ်ဟာအရေးကြီး
ဒီဇင်ဘာ ၁၅၊ ၂၀၁၃ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ စိတ်နဲ့ရုပ် သဘောတရား ကွဲလွဲမှုနဲ့ ဘယ်ဟာအရေးကြီးသလဲဆိုတာကို ဆရာဦးဝင်းဖေ က သူ့အမြင်သူ့အတွေး၊ အတွေ့အကြုံတွေကို မျှဝေပြောပြထားပါတယ်။

မြန်မာ့အမျိုးသားနေ့
ဒီဇင်ဘာ ၈၊ ၂၀၁၃ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ မြန်မာနိုင်ငံ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းနောက်ခံ၊ အမျိုးသားအောင်ပွဲနေ့ ကျင်းပပြုလုပ်ပုံအကြောင်းကို ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။

စိတ်နှလုံးသား
ဒီဇင်ဘာ ၀၂၊ ၂၀၁၃ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ ဦးနှောက်နဲ့ ဆင်ခြင်ပြီး နှလုံးသားနဲ့ ဆုံးဖြတ်တယ်ဆိုတဲ့အမြင်နဲ့ ပတ်သက်လို့ ဆရာဦးဝင်းဖေ က တင်ပြထားပါတယ်။

အမှတ်တရ ဗိုလ်မှူးချုပ်ကျော်ဇော
နိုဝင်ဘာ ၂၄၊ ၂၀၁၃ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ကွယ်လွန်သွားပြီဖြစ်သော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော တနှစ်ပြည့် အမှတ်တရထုတ်ဝေလိုက်တဲ့ ဗိုလ်မှူးချုပ်ကျော်ဇော စာအုပ်အကြောင်း ဆရာဦးစွမ်းရည် က တင်ပြထားပါတယ်။

ဦးနှောက် နဲ့ နှလုံးသား
နိုဝင်ဘာ ၁၇၊ ၂၀၁၃ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ မြန်မာမိသားစု စကားဝိုင်းတခုရဲ့  အိမ်ထောင်ရေး နဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ ဆုံးဖြတ်ချက်စတဲ့ စိတ်ဝင်စားစရာ ကိုယ်တွေ့ကြုံအကြောင်းတခုကို ဆရာဦးဝင်းဖေ က မျှဝေတင်ပြထားပါတယ်။
ဆရာ၊ ဆရာမကောင်းများ ရှိဖို့လို
ဒီဇင်ဘာ ၁၇၊ ၂၀၁၃ - ဒီတပတ်အစီအစဉ်မှာ Fulbright ပညာသင်ဆုနဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံတကာဖွံ့ဖြိုးရေးနဲ့ နှိုင်းယှဉ်ပညာရေး လေ့လာမှုဆိုင်ရာမဟာဘွဲ့ သင်ခဲ့ပြီး၊ မြန်မာနိုင်ငံမှာ ပညာရေးနဲ့ဆိုင်တဲ့ အလုပ်တွေလုပ်ဆောင်နေတဲ့ ဒေါ်ခင်သန်းနွယ်စိုးရဲ့ ယုံကြည်ရာကို နားဆင်ကြရပါမယ်။

အာစရိယာ မေတ္တာ၊ စေတနာ
ဒီဇင်ဘာ ၃၊ ၂၀၁၃ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ ပညာရေး တိုးတက်အောင်လုပ်ရာမှာ ဆရာ၊ ဆရာမတွေရဲ့ မေတ္တာတရား၊ စေတနာဟာ အထူးအရေးကြီးကြောင်း ပညာရေး စိတ်ပညာဌာနက အငြိမ်းစားပါမောက္ခ ဒေါက်တာနုနုဝင်းရဲ့ ယုံကြည်ရာကို နားဆင်ကြရပါမယ်။

မေတ္တာစက်ဝန်းဆိုတာ
နိုဝင်ဘာ ၂၆၊ ၂၀၁၃ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ ဘဝမှာ တိုးတက်အောင်မြင်မှုအတွက် ဘာတွေလိုက်နာ ယုံကြည်လုပ်ဆောင်သင့်သလဲ စင်္ကာပူနိုင်ငံမှာ ကွန်ပျူတာပညာရှင်အဖြစ် အလုပ်လုပ်ကိုင်နေတဲ့ မအေးသက်မွန်ရဲ့ယုံကြည်ရာကို နားဆင်ကြရပါမယ်။

ကိုယ်ချင်စာ နားလည်းမှုနဲ့
နိုဝင်ဘာ ၇၊ ၂၀၁၃ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ အသင်းအဖွဲ့အစည်းနဲ့ အလုပ်လုပ်တာကို တန်ဖိုးထားတဲ့ ကိုဝင်းကိုကို ဘာကို ယုံကြည်တာလဲဆိုတာကို နားဆင်ကြရမှာပါ။

စာပေတန်းဖိုး အကျိုးကျေးဇူး
အောက်တိုဘာလ ၂၇၊ ၂၀၁၃ - အခုတပတ် သူယုံကြည်ရာအစီအစဉ်မှာ စာပေနယ်မြေမှ ရရှိတဲ့ အကျိုးကျေးဇူးများက သူ့အတွက် ထူးခြားပါတယ်ဆိုတဲ့ စာရေးဆရာမ မိုးမိုး (အင်းလျား) ရဲ့  သမီး စာရေးဆရာမ မသွယ်သွယ်မျိုးညွန့် ဘာကို ယုံကြည်လဲဆိုတာကို နားဆင်ကြရမှာပါ။

ကိုယ့်အရည်အချင်းကို သိဖို့လို
အောက်တိုဘာ ၂၀၊ ၂၀၁၃ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ အမေရိကန်နိုင်ငံ မြောက်ပိုင်း ဒါကိုတာ (North Dakota) ပြည်နယ် တက္ကသိုလ်မှာ စိုက်ပျိုးရေး နဲ့ အသုံးချဘောဂဗေဒ ဘာသာရပ် မဟာသိပ္ပံဘွဲ့ တက်ရောက်သင်ကြားယူနေတဲ့ ကိုအာကာကျော်မင်းမော် ဘာကို ယုံကြည်တာလဲဆိုတာကို နားဆင်ကြရမှာပါ။

တန်ဖိုးရှိရှိ အသုံးချဖို့
အောက်တိုဘာ ၁၃၊ ၂၀၁၃ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ အချိန်ကို တန်ဖိုးရှိရှိ အသုံးချပြီး ကောင်းမွန်စွာ အသက်ရှင်ကြဖို့ တိုက်တွန်းထားတဲ့ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ စိုက်ပျိုးရေးတက္ကသိုလ်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာကြီးဒေါက်တာဆလိုင်းထွန်းသန်းရဲ့ ယုံကြည်ရာကို နားဆင်ကြရမှာပါ။

No comments:

Post a Comment