Sunday, January 5, 2014

Sunday, September 2, 2012

(၅၀၀၀) ကျပ်တန် ငွေအတု ၁၅ သန်းကျော် ဖမ်းမိ


ရေးသားသူ © ဇော်ကြီး
သတင်းနှင့် မီဒီယာကွန်ယက် 

မြန်မာကျပ်ငွေ (၅၀၀၀) တန် အတု (၁၅) သန်းကျော် သယ်ဆောင်လာသူ အမျိုးသမီး တဦးအား ရှမ်းပြည်တောင်ပိုင်း ဟိုမိန်း မြို့နယ်ခွဲအခြေစိုက် ပြည်သူ့စစ် တပ်ဖွဲ့က ဖမ်းဆီး လိုက်သည်။

ထိုင်းနိုင်
ငံဖက်ခြမ်းမှ သယ်ဆောင် လာခြင်းဖြစ်ပြီး အက်စ်သုံးလုံး (SSS) ခေါ် မဟာကြာ ဦးဆောင်သည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ တာဝန်ယူထားသည့် ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေးဂိတ်တွင် ယခုလ (၂၄) ရက်နေ့က ဖမ်းမိခဲ့ခြင်း ဖြစ်သည်။




ဟိုမိန်း ဒေသတ၀ှိုက်တွင် (၅၀၀၀) ကျပ်ငွေအတုများ အသုံးပြုနေသည်ကို မကြာခန တွေ့ရှိရသည့်အပေါ် အက်စ်သုံးလုံး (SSS) တပ်ဖွဲ့မှ သင်္ကာမကင်းဖြစ်ပြီး စုံစမ်းရာမှ အသက် (၄၀) ကျော် အရွယ် နန်းဘောက်ထံမှ ၀ယ်ယူ သုံးစွဲကြကြောင်း သိရပြီး ဖမ်းဆီး နိုင်ခြင်း ဖြစ် သည်ဟု ပြည်သူ့စစ်တပ်ဖွဲ့နှင့် နီးစပ်သူ တဦးက အခုလို ပြောသည်။

“ကိုယ့်ဖက်က လာတဲ့ ပိုက်ဆံနဲ့ ဒီထိုင်းဖက်က၀င်လာတဲ့ ငွေကို ကြည့်လိုက်တဲ့အခါ အတုနဲ့ အစစ်က တအားကွာနေတယ်လေ။ အဲဒီမှာ ခါတိုင်း သူလှဲပေးနေတဲ့ သူကတဆင့် ဗမာငွေ ထပ်လို ချင်တယ်လို့ ဖုန်းဆက်ပြောတော့ သူယူလာတဲ့ အချိန် နားမွန်း ဂိတ်မှာ ဖမ်းလိုက် တာ။ အားလုံး ၁၅ သန်းကျော် ဖမ်းမိတယ်။”

ယင်းဒေသသည် ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း တခုဖြစ်၍ ထိုင်း ဘတ်ငွေနှင့် မြန်မာကျပ်ငွေ နှစ်မျိုးစလုံး အသုံးပြုကြသည်။ ထို့အပြင် (၅၀၀၀) ကျပ်တန် ငွေတုများအား ကာလပေါက်ဈေးထက် ဈေးနှုန်း ချိုသာစွာ ရောင်းချပေးသည့်အတွက် ဒေသခံများက ၀ယ်ယူ သုံးစွဲခြင်း ဖြစ်ကြောင်း သိရသည်။

အဖမ်းခံရသည့် အမျိုးသမီးသည် တရားမ၀င် လူကုန်ကူးလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပြင် ငွေတု တင်သွင်းမှု နှစ်ကြိမ်ခန့် ပြုလုပ်ဖူးကြောင်း အဆိုပါ နီးစပ်သူက ဆက်လက် ပြောဆိုသည်။

“အဲဒီအဖမ်းမခံရခင်က နှစ်ခေါက် လှဲပြီးပြီလို့ ပြောတယ်။ ပထမအခေါက်က လေးသိန်း ငါးသောင်း၊ ဒုတိယ အခေါက်ကျတော့ သိန်း(၅၀) ယူလာပြီး လှဲပေးတယ်တဲ့။ အဲဒီပိုက်ဆံ တွေက ဟိုမိန်း ဒေသထဲမှာ ပြန့်နေတော့ ဈေးဝယ်တဲ့သူတွေဆီကနေ တဆင့် ဒီငွေတွေ ဘယ်ကနေလာလဲဆိုတာ စုံစမ်းပြီးတော့ သူ့ကို ဖမ်းမိတာပေါ့။”

လောလောဆယ် နန်းဘောက်အား ဟိုမိန်းရဲစခန်းသို့ လွဲအပ်ထားကြောင်း သိရပြီး လင်းခေး ခရိုင်သို့ သွားရောက်ပို့ဆောင်နေကြောင်း အမည်မဖော်လိုသည့် ဟိုမိန်းဒေသခံ အခြားတယောက်က ပြောဆိုသည်။

အလားတူ ယခုလ (၁၄) ရက်နေ့က ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်အနီး မဟာချိုင်မြို့ရှိ မိန်းမိုင်ဈေး အတွင်း မြန်မာငွေ (၅၀၀၀) ကျပ်တန် အတု သိန်း (၁၅၀) ခန့် ဖမ်းမိခဲ့ကြောင်း မဟာချိုင်ရောက် မြန်မာနိုင်ငံသား မျက်မြင် တဦးက ပြောဆိုသည်။

ထို့အပြင် “ဒီငွေတုတွေက တနေ့ကျရင် မြန်မာပြည်သားတွေဘဲ ဒုက္ခရောက်မယ်။ မရှိဆင်းရဲ သားတွေ၊ တနေ့လုပ်မှ တနေ့စားနေရတဲ့သူတွေ၊ အဲလို လူမျိုးတွေတင်မကပါဘူး စီးပွားရေး သမားတွေလည်း ဒုက္ခရောက်ကြမှာပဲလေ။” ဟု အဆိုပါ မျက်မြင်က ပြောသည်။

ငွေတု သယ်ဆောင်လာသူ မြန်မာပြည်သား သုံးဦးနှင့် ငွေတုများအားထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မည်သို့ ဆောင်ရွက်ခဲ့သည်ကို မသိသော်လည်း နောက်ပိုင်းတွင် အဖမ်းခံရ သူများ ပြန်လည်လွတ်မြောက်လာသည်ကို တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာငွေ (၅၀၀၀) ကျပ်တန် အတုများအား မဟာချိုင် ရဲများက ဖမ်းဆီးမိခဲ့သော်လည်း ပတ်သက်သူများအား ဘတ်ငွေ (၂) သိန်းယူ၍ ပြန်လွတ်ပေးလိုက် ကြောင်း ဒေသခံ မျက်မြင် တဦးက ပြောသည်ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT က လစဉ် ထုတ်ဝေသည့် ရွှေလုပ်သားဂျာနယ် အွန်လိုင်းတွင် ဖော်ပြထား သည်။

ယင်းကိစ္စ ဟုတ်မှန်ကြောင်း MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက အတည်ပြုပြောဆို ခဲ့သော်လည်း ထိုင်းရဲတပ်ဖွဲ့ထံမှ သီးခြားအ တည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

No comments:

Popular Posts

Blog Archive

No comments:

Post a Comment