ကျောင်းသားစစ်သည်ဟောင်းများ
Thursday, May 9, 2013
{{ ကုလားဖြူနယ်ချဲ့ဝါဒီ တို့ ဖန်တီး ခဲ့သော မြန်မာ့ သမိုင်းကြောင်းအမွေဆိုး }}
ရှင်မွေ့နွန်း ( ရှင်မွေ့ လွန်း )နှင့် မင်းနန္ဒာ ဆိုတဲ့ ကြေကွဲဖွယ်
အချစ်ဇာတ်လမ်းလေး ကို သိကြမှာပါ။မြန်မာ တို့၏ဒဏ္ဍာရီ သမိုင်း ပုံပြင်လည်းဖြစ်
မြန်မာ့ ရိုမီယို နှင့် ဂျုးလီးယက် ပမာ
နက်နဲသော ခက်ခဲသော အချစ် ဖြင့် ချစ်သူနှစ်ဦး ရဲ့အချစ်ဇာတ်လမ်း မှတ်ကျောက်ကား မည်သည့်ကာလကပေါ်ပေါက်ခဲ့သည် မသိနိုင် ။ ယခုတိုင် အချစ် သစ္စာ
ပေးဆပ်ခြင်း လွမ်းဆွတ်ခြင်း ဝမ်းနည်းမှု တုန်လှုပ်ခြင်း ယူကျုံးမရစေခြင်း
ဟူသော ရသ မျိုးစုံဖြင့် ကျမတို့ ၏ စိတ်ထဲတွင်စွဲမြဲနေသော အချစ်ပုံပြင်
လေးတစ်ပုဒ်ဖြစ်ပါသည်။ ယခုတိုင် ဒီပုံပြင်လေးနားထောင်မိလျှင် ကျမ မျက်ဝန်းထဲ
ချောင်းကမ်းပါး လေးမှ ရှင်မွေ့နန်း ရဲ့ ချစ်သူကို မျှော်နေဟန် လေး ရယ်
ချစ်သူ နှစ်ဦးရဲ့ သင်္ဂြိုလ်ရာ မီးပုံများ ဆီ မှ မီးခိုးငွေ့
လေးများပေါင်းဆုံသွားပုံ ကို မြင်ယောင်မိပါတော့တယ်။
ဒီနေရာမှာ အတွေးနယ်ချဲ့ရရင်တော့ ဒီ ဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန်လား ပုံပြင်လား တခြားနိုင်ငံ၏ ယဉ်ကျေးမှုကိုများ မှီငြမ်းခဲ့သလား ပေါ့။
ဖြစ်ရပ်မှန် သာဆိုရင်တော့ သန်လျင် ( ခ) တညင် မှာဇာတ်အိမ်တည်ထားခြင်း ငမိုးရိပ်မိချောင်း ခိုအောင်းရာ ချောင်းလက်တက် ကလေး ကို ငမိုးရိပ် ချောင်းဟုခေါ်တွင်နေခြင်း မင်းနန္ဒာ ရေကန် သက်သေရှိနေခြင်း ရှင်မွေ့နွန်း ဘုရား စေတီ ရှိနေခြင်း တို့ ကသက်သေတည်နေပါသည်။ သို့သော် မိချောင်းစီးလာခြင်း ကြိမ်နှင့် ရိုက်ခေါ်ပါက ရောက်လာခြင်း ငမိုးရိပ်၏ ပါးစပ်ထဲမင်းနန္ဒာအား ငုံ၍ မလက်တို မိချောင်းမနဲ့ တိုက်ခိုက်ခြင်း စသည့် ဒဏ္ဍာရီဖြစ်ရပ်များ က ဖြစ်ရပ်မှန်မှ သွေဖီသွားစေပြန်ပါသည်။
*ဤဇာတ်လမ်း ကဖြစ်ရပ်မှန်ပဲ ဖြစ်စေ ဒဏ္ဍာရီပဲဖြစ်စေ သေချာတာ တစ်ခုကတော့ ကျမတို့ မြန်မာတွေ စိတ်ကူး ယဉ်လွန်းသည်။ အံ့ဖွယ်သရဲ ဖြစ်စဉ်များ ကိုအသက်သွင်းလွန်းသည်။ သမိုင်းဝင် ဖြစ်ရပ်များ ကို ဒဏ္ဍာရီ နှင့် ရောထွေး လိုက်ခြင်းဖြင့် သမိုင်းစဉ်ကို ရှုပ်ထွေးစေသည်။ တနည်း တိကျခိုင်မာခြင်းကို လျော့ပါးသွားစေသည်။ အထောက်အထားကောင်းများကို ပျက်စီးစေသည်။ အဓိက ဖြစ်သော အချက်အလက်များထက် သာမညဖြစ်သော ဒဏ္ဍာရီများကို တပါးသူတို့ ထောက်ပြစရာဖြစ်နေသည် မဟုတ်ပါလား။
သမိုင်းဖြစ်ရပ်များကို ဒဏ္ဍာရီနှင့် ရောထွေးတတ်ခြင်း အလေ့အထ ကြောင့် မြန်မာတို့ သူ့ကျွန်ဘဝ သို့ ကျရောက်ခဲ့ချိန်တွင် ရှေးမင်း အဆက်ဆက် လက်ထက်ကတည်း ကပြုစုလာသော အထင်ကရ သမိုင်းမှတ်တမ်းများ ရှိနေပါလျက်နဲ့ နယ်ချဲ့တို့အလိုကျ မြန်မာတို့၏ သမိုင်း မှတ်တမ်းကို အထောက်အထား ပေတံနှင့် တိုင်း၍ ပြဌာန်းစာအုပ်များ ထဲတွင်ထည့်ကာ သင်ရိုးညွန်းတန်း ပြုခဲ့ ကြသည်။ဤသည် မှာ နယ်ချဲ့တို့ ၏ ကျွန်ပညာရေးဆိုသည်ပင်ဖြစ်သည်။ မြန်မာတွေ နာလိုခံခက် အမျက်ထွက်၍ မည်မျှ ခံပြင်းကြမည် ကိုတွေးကြည့်ကြပါကုန်လေ ။ငယ်စဉ်က သင်ကြားဖူးခဲ့သော ဆဌမတန်း မြန်မာ့ သမိုင်း စာအုပ်ပါ သင်ခန်းစာတစ်ခုမှ ကိုလိုနီခေတ် တွင် ကိုလိုနီ ပညာရေးကို ကျောင်းသားထုမှ သပိတ်မှောက်ခဲ့ကြသည်ဟု သင်ခဲ့ဖူးကြောင်း အမှတ်ရမိပါသည် ။ ထိုစဉ်က စဉ်းစားမိသည်မှာ မည်သို့သော ပညာရေး မျိုးမို့ ဤမျှမခံမရပ်နိုင် ဖြစ်ကြသနည်း။ အင်္ဂလိပ်အုပ်ချုပ်ရေး မို့ အင်္ဂလိပ်စာ အတွက် တော့အကျိုး ရှိမည် ထင်ပါသည်။ ဝိတိုရိယ ဘုရင်မကြီး၏ ဘုန်းတော်ဖွဲ့တွေများ သင်နေရလို့ပေလား ။ ဒါကတော့ မကောင်းပြီ ပဲ။ ဒီနိုင်ငံမှာ လေ့လာစရာ သမိုင်းကြောင်းတွေများ ဒုနဲ့ဒေး ။ မြန်မာတို့ ၏ ပညာရေးကို မည်သို့ စွက်ဖက်၍ မည်သည့် သမိုင်းအထောက်အထားကို ကိုလိုနီနယ် ချဲ့ တို့ စိတ်တိုင်းကျ မည်မျှ ပြုပြင်ခဲ့ သနည်း။ ဆိုလျှင် လက်လှမ်းမီသလောက် လေ့လာ မိသည်မှာ
(၁) ။တကောင်းရာဇဝင်ကိုပယ်၍ ပုဂံမင်းဆက်မှ စ၍ အတည်ပြုခြင်း
(၂)။မြန်မာအစ ကျောက်ဆည် က ဟု ပြုပြင် ၍ မြန်မာ့ တို့ ၏သမိုင်းကြောင်း ခိုင်မာမှု နှစ်ကာလကို လျော့ချခြင်း
(၃)။ အလောင်းမင်းတရား၏ ကုန်းဘောင်မင်းဆက်ကို ရေးသားရာတွင် နှစ်ပေါင်း ၁၅၀ အတွင်း နန်းလုပွဲ လူသတ်ပွဲ မတရားနှိပ်စက်မှု များဖြင့် သွေးချောင်းစီး နေခဲ့ဟန် ဖန်တီး ရေးသားခဲ့ ခြင်း
(၄)။ မြန်မာ ဘုရင်များ၏ပုံရိပ်ကို ခမ်းနားထည်ဝါ မှုမရှိပဲ အာဏာ တည်မြဲရေး နှင့် အပျော်အပါး များတွင်သာ သာယာနေပုံ မှတ်တမ်း တင်မှုများကြောင့် နှောင်းလူတို့ စိတ်ထဲ တွင် မိမိ ဘုရင် များအပေါ် အထင်အမြင်သေးစိတ်များ ဝင်လာအောင်ဖန်တီးထားခြင်း
(၅)။ ဗမာ ဟူသောလူမျိုးကို သီးခြားခွဲခြားလိုက်ခြင်းအားဖြင့် တကောင်းမှ အစပြု လိုက်သော ပြည်ထောင်စု သားတို့ ၏ မူလဗီဇ ကို ဖျောက်ဖျက်ရန် ကြံစည်ခြင်း
ဟူ၍ ကျမ ဥာဏ်မီ သလောက် သုံးသပ်မိပါသည်။
မည်သို့ ကြောင့် ဤလုပ်ရပ်များ ကိုကျုးလွန်ခဲ့ ရပါသနည်းဟုအမေး ရှိလာသော်
-အုပ်ချုပ်ခံ ပြည်သူပြည်သား များ၏ စိတ်ဓါတ် ပျက်ပြားစေလို၍
-အစဉ်အလာကြီးမားခဲ့သော ဇာတိသွေး ဇာတိမာန် ချိုးနှိမ်လို၍
-မြန်မာတို့၏ အစဉ်အမြဲ အညွန့် တလူလူ ရှိနေသော မျိုးချစ်စိတ်ကို နှိပ်ကွပ်လို၍
-နယ်မြေအတွင်းအတူတကွ မှီတင်းနေထိုင် ခဲ့ကြသော မျိုးနွယ်စုတူ သွေးချင်း များ သွေးကွဲ ၍ ညီညွတ်မှုကို ဖော်ဆောင်မရ နိုင် ခြင်းကို အလိုရှိနေ၍
- နယ်ချဲ့၏ ဓလေ့ ထုံးစံများတွင် သာယာနေပြီး တော်လှန်တိုက်ခိုက်လိုစိတ်များ ပျောက်ကွယ်နေစေလို၍
ဟူသော အချက်များ ထွက်လာပါ သည်။
ထို့ပြင် နယ်ချဲ့အင်္ဂလိပ်တို့ စွတ်စွဲ ထားသလို ဦးကုလား ၏ရာဇဝင်တော်ကြီးနှင့် မှန်နန်း ရာဇဝင်တော်ကြီးတို့သည် မင်းလိုလိုက် မင်းကြိုက်ဆောင် ၍ ရေးသားထားသော ဘုန်းတော်ဖွဲ့ သီးသန့် မဟုတ်ပါ။ ဘဝရှင် မင်းတရားများကိုဆုံးမထားသော ဆုံးမစာ များသာဖြစ်ပါသည်။ထို့ပြင် မြန်မာ့ သမိုင်း အထောက်အထား ကိုမြန်မာ့ မြေပေါ်မှ ရှာဖွေ အတည်ပြု ရမည့် အစား ခေတ်ပြိုင် တရုတ်မှတ်တမ်း ၊အိန္ဒိယမှတ်တမ်း၊ယိုးဒယားမှတ်တမ်း၊ဥရောပတိုက်သားတို့၏ မှတ်တမ်း များနှင့် တိုက်ဆိုင်စေခြင်း ထိုမှတ်တမ်း များသည် တဆင့် စကားပဲဖြစ်စေကာမူ ကိုက်ညီခြင်းမရှိပါက မြန်မာ့ အယူကိုတချက်တည်းနှင်ပစ်ပယ်ခြင်း စသည်ဖြင့် လိုသလိုဖန်တီးခဲ့ကြပါသည်။
နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာ့မြေကို နယ်ချဲ့ ရန်အကြံအစည် ရှိပြီးဖြစ်၍ မြန်မာတို့၏စိတ်ဓါတ်၊ အမူအကျင့်၊ နောက်ခံသမိုင်းကြောင်း၊ ဗီဇ အစဉ်အလာ ၊သတ္တိနှင့် စွမ်းရည် ၊ လူမျိုးရေး ပဋိပက္ခ စသဖြင့် အားနည်းချက် ၊အားသာချက်များကို ရှေးဦး မဆွ ကပင် လေ့လာ ပြီးဖြစ်လေသည်။ထို့ကြောင့် အားနည်းချက် ကိုဆုပ်ကိုင်၍ အားသာချက်ကို ဖိနှိပ် ခြင်း ဖြင့် ထိရောက်သော စိတ်ဓါတ် စစ်ဆင်ရေးကို အသုံးချပြီး နည်းလမ်း မျိုးစုံ ဖြင့် အညွန့်ချိုး ဖိနှိပ် အုပ်ချုပ်ခဲ့လေသည်။ ဤသို့ သောနည်းလမ်းများတွင် သမိုင်းဖြစ်ရပ် မှန်ကို ပြုပြင်၍ ဇာတိဂုဏ်မှေးမှိန် စေခြင်းသည်လည်း တစ်ခုအပါ အဝင် ဖြစ်လေသည်။
နယ်ချဲ့ သမိုင်းရေးဆရာများ ၏ ရည်ရွယ်ချက်ရှိရှိ သမိုင်းပြင်ဆင် မှု များသည် ယနေ့တိုင် အငြင်းပွားဆဲ ပြဿနာ တရပ်အဖြစ် သန္ဓေတည် လျက်ရှိနေပါသည်။ အထင်ကရ မြန်မာ့သမိုင်းရေး ဆရာ များမှလည်း မြန်မာ အစမြန်မာ က ဟူသော ယူဆချက် ကို အသက်သွင်း ရန် အပင်ပမ်း ခံ၍ အားထုတ်လျက်ရှိပါသည်။ ဖြစ်ရပ်မှန်များ ကို ဒဏ္ဍာရီ အံ့ဖွယ်သရဲ များနှင့် ရောထွေး၍ ပစပ်ရာဇဝင် ပုံစံမှတ်တမ်း တင်ပြီး အိပ်ယာဝင်ပုံပြင် သဏ္ဍာန် လက်ဆင့်ကမ်း တတ်သော မြန်မာ တို့၏ အလေ့ကို သိရှိနားလည်သော နယ်ချဲ့တို့ မျိုးစေ့ချခဲ့သော အဆိပ်ပင် ကို ရေလောင်း ပေါင်းသင်ပေး ၍အသက်သွင်းနေသော သူများ ယနေ့တိုင် ရှိနေဆဲ ဆိုတာ လူအများ သိရှိပြီးဖြစ်လေသည်။
***ယနေ့တွင်ကြုံတွေ့နေရသော နယ်မြေ အငြင်းပွားမှုများ လူမျိုးစု အငြင်းပွားမှုများ နိုင်ငံသားအငြင်းပွားမှုများမှာ ရာပြည့်သက်တမ်း မတိုင်သေးသော လွပ်လပ်ရေး အတွက်အဖျက်အငြောက် သဖွယ် နယ်ချဲ့တို့ ချန်ထားခဲ့သော လက်ကိုင်တုတ် လက်ပါးစေတို့ ၏ အကွက်ချ လုပ်ကြံမှုပင်ဖြစ်ပေသည်မဟုတ်ပါလား***
(၉၊၂၊၂၀၁၃)
-- သျှင်လေညင်း--

Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
မြန်မာ သက္ကရာဇ် ၁၃၇၅ ခုနှစ် ပြာသို လဆန်း ၃ ရက်
- “ဘယ်သူ့လက်ထဲမှာလဲ”(0 Replys)
- မင်္ဂလာပါ ၂၀၁၄ ။(0 Replys)
- နှစ်သစ်အတွေး(0 Replys)
- “Building Social Capital"(0 Replys)
မှတ်တမ်းလေးအဖြစ် ရှိစေချင်တာပါ။
Search
Popular Posts
-
သစ်ထူးလွင် ဗေဒင်ဆရာမတစ်ဦး ဆွဲကြိုးချ၍ မိမိကိုယ်ကို အဆုံးစီရင် မလေးရောက် 6P မြန်မာများကို တရားဝင်နေထိုင်ခွင့် ထပ်လုပ်ပေးမည် သူရိယအလင...
-
Min Thant Syn created the doc: မြန်မာနိုင်ငံ အမျိုးသမီးရေးရာ ကော်မတီကနေ ထိုင်း - မြန်မာနယ်စပ်ကို အလုပ် လာလုပ်ကြတဲ့ အမျိုးသမီးလေးတွေနဲ...
-
Lay Lay Ko shared Infinity Power 's photo . 17 hours ago သူတို့ အဖွဲ့ ပြောနေတဲ့စကားတွေက ဘယ်တော့မှ ဒေါ်လာ ငါးသန်းအောက်မရ...
-
Myanmar Journal Blue Peace အဘိုးကြီးမိသားစု စီးပွားရေး သောင်းကျန်းတာကတော့ မျောက်လောင်း ဖို့လပြည့်တောင် မကျန်ဘူးလို့ ပြောရမှာပဲ .....
-
Hawdeka Khalaylay နေပြည်တော်သတင်းရပ်ကွက်မှ အရေးကြီးသတင်းတစ်ခု ပို့လာပါသည် ၊ ဦးသန်းရွှေ တစ်ယောက် ညဘက် သန်းခေါင်ကျော် အချိန်လောက်ဆို ...
-
Mgye Yint shared ရွာလည်က သီဟ လူချော 's photo . မတ်လ ၃ ၂၀၀၈ ရက်နေ့က အမှတ် ၁၂၆၊ စိမ်းလဲ့ကန်သာလမ်း၊ ကမာရွတ်မြို့နယ်တွင် မိ...
-
အိ မ် December 14, 2013 at 6:22am ရှေးခေတ် ဗမာ့ တော်ဝင် ဘုရင့် တပ်မတော် ဖွဲ့စည်းပုံကို ခိုင်မာသော မှတ်တမ်းအဖြစ် ခရစ် သက္ကရာဇ် ၈၄၅...
-
သစ်ထူးလွင် နေပြည်တော်ကျောက်မျက်ပွဲ ရတနာအချို့ ပျောက် ကျောင်းခေါ်ချိန် မပြည့်သည့် ကျောင်းသားကို စာမေးပွဲ ဖြေခွင့်ပေးသည့် ဆရာ၊ ...
-
Htun Aung Gyaw December 21, 2013 at 1:55am စက်တင်ဘာလ ၅ ရက်နေ့ထုတ် ယူကေမှ Telegraph (တယ်လီဂရပ်) အွန်လိုင်းသတင်းစာက “မြန်မာ မိန်းက...
-
Bo K Nyein December 31, 2013 at 5:43pm ဒေါ်စု နဲ့ Aljazeera Interview ကိုကြည့်လိုက်ရတော့….ဒေါ်စုကို လေးစားမိတာရှိတယ်…. ဒေါ်စု ဟ...
ကဏ္ဍအလိုက်
- ကဗျာ (155)
- ကိုယ်တွေ့ မှတ်တမ်း (152)
- ခံစားမှုရသ (156)
- စာအုပ်များ (61)
- ဗီဒီယို (4)
- မှတ်တမ်း (151)
- လှုပ်ရှားမှုပုံရိပ်များ (5)
- သတင်း (1180)
- သိမှတ်ဖွယ်ရာများ (297)
- အင်တာဗျူး (163)
- အတ္တုပ္ပတ္တိ (75)
- အမှတ်တရ (24)
- ဆောင်းပါး (1701)
- ပေးစာ (80)
- ဟောပြောပွဲ (27)
- ကြေငြာချက် (35)
- ၀တ္ထု (11)
- နိုင်ငံရေး (143)
လေ့လာစရာ ဘလော့များ
- မြန်မာ့ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်မှု
- မြန်မာနိုင်ငံ တရားဥပဒေ စိုးမိုးရေး
- ဗကသများအဖွဲ့ချုပ်
- မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
- မြန်မာနိုင်ငံ ရှေ့နေများကောင်စီ
- HRDPB
- လူဗိုလ်ဟူသည်
- ငယ်နိုင်
- ထက်အောင်ကျော်
- စကားဝါမြေ
- datacarrier
- ငုရင်ပြင်
- ယောဟန်အောင်
- အခြေခံဒီမိုကရေစီသင်တန်း
- လူသားအရင်းအမြစ် ဖွဲ့ဖြိုးတိုးတက်ရေး အစီအစဉ်
- ခင်မမမျိုး
- စကားဝါမြေ
No comments:
Post a Comment