Monday, January 6, 2014

သုတအဖြာဖြာ / အမျိုးသမီးကဏ္ဍ


သုတအဖြာဖြာ / အမျိုးသမီးကဏ္ဍ

ကုန်လွန်ခဲ့တဲ့နှစ်တနှစ်အတွင်း အမျိုးသမီးတွေရဲ့ အတွေ့အကြုံတွေအပေါ် ပြန်ပြောင်းပြောပြချက်များ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာအမျိုးသမီးကိုယ်စားလှယ်အဖွဲ့
TEXT SIZE
03.01.2014
"ကျမတို့နိုင်ငံမှာ အပစ်အခတ်ရပ်စဲဖို့အတွက် ဆောင် ရွက်နေတဲ့အချိန်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ရယ်၊ လက်ရှိ အပစ်အခတ်ရပ်စဲမှုကို စောင့်ကြည့်လေ့လာဖို့ အပိုင်းတွေမှာရယ် နိုင်ငံရေးဦးဆောင်မှုအပိုင်းမှာ ပိုပြီး ပါဝင်လာဖို့အပိုင်းမှာတော့ ကျမတို့ တော်တော်လေး အားနည်းနေပါသေးတယ်" အပြည့်အစုံ

အသံ ၂၀၁၃ ခုနှစ်ဟာ အိန္ဒိယအမျိုးသမီးတွေအတွက် ဘယ်လိုနှစ်တနှစ်အဖြစ် သတ်မှတ်နိုင်မလဲ

"အမျိုးသမီးတွေဟာ ပိုပြီးတော့ ပြောရဲဆိုရဲရှိလာကြတဲ့အချက်ပါပဲ။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရရင် ထုတ်မပြောရဲကြဘူး။ နာမည်ပျက်မှာ အထင်သေးခံရမှာကို စိုးရိမ်တဲ့စိတ် ဖြစ်တဲ့အကြောက်တရားကို သူတို့ ကျော်လွှားနိုင်ခဲ့ကြတာဖြစ်ပါတယ်။"

အသံ ထိုင်းနိုင်ငံမှာ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှုအခြေအနေ

"အမျိုးသမီးတွေ အိမ်တွင်းရေးအကြမ်းဖက်မှုနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အမျိုးသမီးအများစုက ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားတာ မတွေ့ရပါဘူး။ သားသမီးရှိတယ်ဆိုရင်ပဲ သူတို့က စိုးရိမ်ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေအရ ဘယ်လိုအရေးယူနိုင်သလဲ။ သူတို့ကို ဘယ်လိုအကူအညီပေးနိုင်သလဲဆိုတာကို အမျိုးသမီးအများစုက မသိကြပါဘူး"

အသံ အမေရိကန်ရောက် မြန်မာအမျိုးသမီးဒုက္ခသည်တွေရဲ့ အခြေချနေထိုင်မှုဘဝ

"လူတွေအားလုံးကို အမေရိကန်ပြည်ထောင်စုကို အားကိုးတကြီးနဲ့ ကြည့်နေကြတာပါ။ ဒါကြောင့်လည်း ဒီနိုင်ငံရဲ့ မွန်မြတ်လှတဲ့ စေတနာ တစိတ်တပိုင်းအဖြစ် ဒုက္ခသည်များ ကို အမေရိကန်ဆိပ်ကမ်းတွေ၊ တံခါးတွေ ဖွင့်ခဲ့ပေးပြီး လာရောက်အခြေချ နေထိုင်ခွင့်ပြုခဲ့ တာလည်း ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ အများစုဟာ တချိန်တခါမှာ ကမ္ဘာ့တနေရာရာ ကနေ လာရောက် အခြေချနေကြသူတွေ ဖြစ်ကြပါတယ်။" - နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ က ပြောကြားခဲ့

အသံ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် အမည်တင်သွင်းခံရသူ Dr. Janet Yellen

"တကယ်လို့သာ Yellen ကို ဗဟိုဘဏ်ဥက္ကဌအဖြစ် ခန့်အပ်ခဲ့မယ်ဆိုရင်တော့ ဒါဟာ နှစ်ပေါင်း ၁၀၀ အတွင်း ဗဟိုဘဏ်ရဲ့ ပထမဆုံး အမျိုးသမီးဥက္ကဌ ဖြစ်လာမှာလည်း ဖြစ်ပါတယ်"

အသံ ဒေါ်နွယ်နွယ်ဦးနဲ့ ဗွီအိုအေဆက်သွယ်မေးမြန်းချက်

"သမ္မတနဲ့တွေ့တာ ၁ ခါ ၂ ခါတော့ရှိပါပြီ။ ဒါပေမဲ့ အခုလို အနီးကပ်တွေ့ရတာ ဒါ ပထမဦးဆုံးပေါ့နော်။ အမေရိကန်နိုင်ငံကြီးထဲမှာ ဒီလို ခေါင်းဆောင်တွေနဲ့တွေ့ပြီး မြန်မာပြည်သား ပဲဖြစ်စေ၊ ရခိုင်ပြည်သားပဲဖြစ်စေ၊ အဲ့လို သိပ်မရှိခဲ့ ဘူးပေါ့နော်။ အဲ့တော့ ဂုဏ်ယူပါတယ်။ ရခိုင်တစ်ယောက်ဖြစ်ပြီး သမ္မတအိုဘားမားဘေးမှာရပ်နေရတာ။"

အသံ သမ္မတရဲ့လွတ်မြောက်မှုဆုရရှိသူ ပထမဆုံးအမေရိကန်အမျိုးသမီးအာကာသယာဉ်မှူး

"သိပ္ပံနဲ့နည်းပညာဟာ အမေရိကန်စီးပွားရေးကို လည်ပတ်နေတဲ့ စက်ကြီးတွေလို့ ဆိုရမှာပါ။ ဒါကြောင့် ကမ္ဘာပေါ်မှာ ထိပ်ကနေ ယှဉ်ပြိုင်နိုင်အောင် မျိုးဆက်သစ်တွေအနေနဲ့ စမ်းသပ်တီထွင်နိုင်အောင် အင်ဂျင်နီယာတွေ၊ သိပ္ပံပညာရှင်တွေ အများကြီးဖြစ်ဖို့ လိုအပ်ပါတယ်...."

အသံ ဆစ်ဒနီ ငြိမ်းချမ်းရေးဆုရှင် ဒေါက်တာ စင်သီယာမောင်နဲ့ မေးမြန်းချက်

"မြန်မာပြည် ပြုပြင်ပြောင်းလဲမှု အခြေအနေကြောင့် ရန်ပုံငွေရပ်ဆိုင်းသွားခြင်းဟာ နယ်စပ်ဒေသက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အထူးသဖြင့် စစ်ဒဏ်ကြောင့် လက်လှမ်းမမှီတဲ့ နယ်စပ်ဒေသ ကျန်းမာရေးလုပ်ငန်းတွေ အားလုံးကိုလည်း ထိခိုက်နစ်နာမှုတွေ ဖြစ်စေနိုင်ပါတယ်။"

အသံ Dr. စင်သီယာမောင် ၂၀၁၃ Sydney ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရ

"တိုင်းပြည်အခြေအနေကောင်းသွားလို့ မိဘတွေ ပြန်ရွှေ့ပြောင်းကြမယ်ဆိုရင် ဒီကလေးတွေဟာ ကိုယ့်နိုင်ငံထဲမှာ နိုင်ငံ သားဖြစ်ရေး ဆောင်ရွက်နိုင်ဖို့အတွက်ကို အခုတည်းကစပြီး အချက်အလက်တွေ ယူဖို့လိုအပ်တယ်။ ယခင်က မွေးခဲ့တဲ့ကလေးတွေဟာ ဒီလိုမရှိတဲ့အတွက်ကြောင့် တနေရာကနေ တနေရာကို မသွားနိုင်တာ၊ လူကုန်ကူးမှုတွေ ခံစားရတာတို့"

အသံ အင်းလေး Princess ဟိုတယ်လုပ်ငန်းရှင် မယဉ်မျိုးစုနဲ့ တွေ့ဆုံမေးမြန်းခန်း

"ကျမတို့သည် အင်းသားလူမျိုးဖြစ်သည်။ ဒီမှာလည်းနေတယ်။ ဒီမှာလည်းကြီးတယ်။ ဒီမှာပဲမွေးတယ်။ ဒီမှာပဲ သေမယ့်လူတွေလည်းဖြစ်တယ် ဆိုတဲ့အခါကျတော့ ကိုယ့်နေရာ၊ ကိုယ့်ဒေသမှာ ကိုယ်က တာဝန်မယူလို့ရှိရင် ရှက်စရာလည်းကောင်းပါတယ်။"

အသံ အမျိုးသမီးအရေး KWAG အဖွဲ့ရဲ့ ဆောင်ရွက်ချက်များ

"ထူးထူးခြားခြားအနေနဲ့ နာဂစ်မှာ လူကုန်ကူးမှုဖြစ်အောင် ရောင်းချတဲ့အဖွဲ့တွေလည်း အများကြီး တွေ့ရတယ်။ ရွာတွေကိုဆင်းတဲ့အခါ မိသားစုဝင်တွေ ပျောက်ဆုံးတဲ့ ကျောင်းတွေပေါ့နော်။ နာဂစ်တုန်းကတော့ အသက်ရှင်ကျန်ရစ်တယ်။ သို့သော်လည်း မြို့ပေါ် တက်သွားပြီးတော့ ပြန်မလာဘူး"

အသံ သတ္တိရှင်မလေး Malala အကြောင်း သိကောင်းစရာ

"မိန်းကလေးတွေ ယောကျာ်းလေးတွေ ဘာကြောင့် ကျောင်းမသွားနိုင်ကြသလဲဆိုတဲ့ အခြေခံ အကြောင်းရင်းကို လေ့လာတဲ့အခါ အဓိက ဆင်းရဲမွဲတေမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဆင်းရဲမှုကြောင့် ကလေးတွေ အလုပ်ထွက်လုပ်ကြရပါတယ်။ ကလေးတွေ လူကုန်ကူး ခံကြရတယ်။ သူတို့မိသားစု ၀မ်းစာရေးအတွက်..."

အသံ UNHCR အမြင့်ဆုံးဆုဖြစ်တဲ့ Nansen ဆုကို Angelique Namaika ရရှိ

"Sister Angelique Namaika ကို ကွန်ဂိုနိုင်ငံမှာ စစ်ဘေးဒဏ်သင့်ခဲ့တဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ဘ၀ ပြန်လည် ထူထောင်ရေးအတွက် စွမ်းဆောင်ပေးခဲ့သူတယောက်အနေနဲ့ ချီးမြှင့်ခဲ့တာပါ။"

အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်သူ မခင်လေးနဲ့ တွေ့ဆုံမေးမြန်းချက်

"နိုင်ငံတနိုင်ငံ တိုးတက်ဖို့အတွက်ဆိုရင် အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ် ဘက်ပေါင်းစုံက ညီညီညာညာလေးနဲ့ တိုးတက်မှုရှိမှသာ တိုင်းပြည်တိုးတက်နိုင်မယ်။ အမျိုးသားတွေကြီး တိုးတက်နေယုံ၊ ထောင့်တထောင့်က အရမ်းကြီးနေရင်၊ နောက် ထောင့်တထောင့်က အရမ်းသေးနေရင် ကျမတို့ Triangle က လှလည်းမလှဘူး။ Triangle ဆိုတာလည်း ဖြစ်မလာနိုင်ဘူး။ ကျမတို့ အချိုးညီညီနဲ့ အရွယ်အစား ၃ မျိုးစလုံး တိုးတက်ဖို့ လိုတယ်ဆိုတဲ့ နိမိတ်ကလေးနဲ့ ကျမ အဲ့ဒီနာမည်ကို ပေးထားတာပါ။"

အသံ ၂၀၁၄ အမေရိကန်မယ် Miss Nina Davulari ရဲ့ ပြောကြားချက်များ

"မျှော်လင့်ချက်အပြင် အားကျစေတဲ့ စိတ်ဓာတ်မျိုးကို ကိုယ်စားပြုမယ့် ကျမအနေနဲ့ သာမန်မိန်းကလေးတဦးအနေနဲ့ အမြဲတမ်းရှိသွားမှာပါ။ ဒါပေမဲ့လည်း အဲ့ဒီသာမန်မိန်းကလေးဟာ အမေရိကန်နိုင်ငံမှာ လူမျိုးပေါင်းစုံ နေထိုင်မှုဘ၀ တိုးမြှင့်လာသလို၊ သူ့ရဲ့ဘ၀ နေထိုင်မှုကလည်း လိုက်ပြီးတော့ ပြောင်းလဲသွားမှာဖြစ်ပါတယ်။ အဲ့ဒီသာမန်မိန်းကလေးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကနဲ့ တူမှာမဟုတ်သလို၊ နောက် ၁၀ နှစ်မှာလည်း ခေတ်နဲ့အတူ လိုက်ပြီးတော့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒီအချက်ကို ဒီနှစ် ကျမ မီးမောင်းထိုးပြသွားရာမှာ မိန်းကလေးတွေအနေနဲ့ လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး ကိုယ့်ဘ၀မှာ ကြိုးစားရင် ကိုယ်ဖြစ်ချင်တာ ဖြစ်လာနိုင်တယ်ဆိုတဲ့ အချက်ပါ။"

အသံ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်အကြောင်း တစေ့တစောင်း

"သတင်းစာဆရာတွေအနေနဲ့ ပြည်သူ့အကျိုး ရှးရှုပြီး ဘယ်လိုတင်ပြသင့်သလဲဆိုတာကို နှစ် ၄၀ ကြာ သတင်းလောကမှာ ရပ်တည်ခဲ့တဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ် က...."

အသံ Ramon Magsaysay ဆု ရရှိသူ ကချင်တိုင်းရင်းသူ Lahpai Seng Raw နဲ့ မေးမြန်းချက်

"အစိုးရရဲ့ ဖွဲ့စည်းပုံပေါ့နော် တိုင်းရင်းသား ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံအရ အားဖြင့်ရော အမျိုးသမီးများကို သူတို့ နေရာပေးပြီးတော့ သူတို့ရဲ့ ဦးဆောင်ဦးရွက်ပြုမှုကို ကျမတို့က အလေးထားပြီးတော့ တန်ဖိုးထားဖို့ အချိန်တန်ပြီလို့ ကျမပြောချင်ပါတယ်။"

အသံ တန်းတူအခွင့်အရေးရဖို့ အမေရိကန်အမျိုးသမီးတွေရဲ့ ကြိုးပမ်းမှုများ

"မတရားတဲ့ဥပဒေတွေ၊ ဘာသာရေးနဲ့ လူမှုရေး ဖိနှိပ်ခံဘ၀ကို မကျေနပ်ကြတဲ့ နိုင်ငံ့ရဲ့ လူဦးရေတ၀က်ရှိတဲ့ အမျိုးသမီးတွေအနေနဲ့ မွေးရာပါ အခွင့်အရေး ငြင်းပယ်ခံကြရတယ်လို့ ယူဆကြတဲ့အတွက် အမေရိကန်နိုင်ငံသားတွေအားလုံး ရပိုင်ခွင့်တွေ ခံစားခွင့်တွေကို ချက်ခြင်းပေးကြဖို့ တောင်းဆိုတဲ့အကြောင်း စသဖြင့်တို့...."

အသံ ဒီိမိုကရက်တစ်ပါတီ (မြန်မာ) CEC အဖွဲ့ဝင် ဒေါ်မီနီသင်းကျော်နဲ့ မေးမြန်းချက်

"ကျမတို့ အမျိုးသမီးတွေ အရည်အချင်းတွေ၊ အရည်အသွေးတွေ မြင့်တက်လာအောင်လို့ ကျမတို့က နိုင်ငံရေးသင်တန်းတွေကို အခုအချိန်မှာတော့ အထူးသဖြင့် အမျိုးသမီးတွေကို လွှတ်ပြီးတော့ ပို့ချတယ်။ လူမှုရေးလုပ်ငန်းတွေမှာလည်း အမျိုးသမီးတွေက ၀င်ရောက်ပြီးတော့ စည်းရုံးရင်း အလုပ်လုပ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျမတို့ ၀င်ရောက်ပြီးတော့ လုပ်ကိုင်နေပါတယ်"

အမေရိကန်အမျိုးသမီးတွေ သိပ္ပံကို ပိုပြီး စိတ်ဝင်စားလာအောင် ကြိုးပမ်းချက်

နာဆာက အမျိုးသမီး အာကာသယာဉ်မှူးဟောင်း ဆယ်လီ ရိုက်စ် ဟာ ၁၉၈၃ ခုနှစ်မှာ အာကာသထဲ ပထမဆုံး လိုက်ပါခွင့် ရခဲ့သူ.....

No comments:

Post a Comment