Monday, January 6, 2014

မွန်ပြည်နယ် သတင်းနှင့် မီဒီယာ ကွန်ယက် ဖွဲ့စည်းရေး ညှိနှိုင်းချက်



မွန်ပြည်နယ် သတင်းနှင့် မီဒီယာ ကွန်ယက် ဖွဲ့စည်းရေး ညှိနှိုင်းချက်

မွန်ပြည်နယ် သတင်းနှင့် မီဒီယာ ကွန်ယက် ဖွဲ့စည်းရေး ညှိနှိုင်းချက်
မွန်ပြည်နယ်မှ အဖြစ်အပျက်များကို အချိန်နှင့် တပြေးညီ သတင်းများ တင်ပြနိုင်ရန် ရည်စူးပြီး ပြည်နယ်သတင်းနှင့် မီဒီယာ ကွန်ယက် အဖွဲ့ ဖွဲ့စည်းသွားရန် ပြည်နယ် အခြေစိုက် သတင်းထောက်များနှင့် မီဒီယာ အဖွဲ့များကပီးခဲ့သည့် ဇွန်လ () ရက်နေ့၌ သဘော တူခဲ့ကြောင်း သံလွင်တိုင်းမ် ဂျာနယ် အယ်ဒီတာာ တစ်ဦးဖြစ်သည့် ကိုကြည်ဇော်လွင်က ဆိုပါသည်။
တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ သတင်းသမားတွေ အချင်းချင်း အချိတ်အဆက် တစ်ခုဖြစ်အောင်လို့ပါ၊ ပြည်နယ် အခြေစိုက် သတင်းသမားတွေရဲ့ စုရပ်နေရာ တစ်ခုလည်း မမှားဘူးပေါ့၊ တစ်ပြည်နယ်လုံး အတိုင်းအတာ အရ ကြည့်ရင်  သတင်းဘက်မှာတော့ အတော်လေး အားနည်းနေတယ်။ ဒါက ပဏာမ အကြို ညှိနှိုင်းဆွေးနွေးခဲ့တာပါဟုဆိုပါ သည်။
လောလောဆယ် ညှိနှိုင်းထားသည်မှာ ဤကွန်ယက်သည်  () သတင်း ယူခြင်း ကိစ္စ ရင်ဆိုင် ရသည့် အခက်အခဲ များကို အချင်းချင်း ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးနိုင်ရန်၊ () သတင်း ဌာနများနှင့် အလွယ်တကူ ချိတ်ဆက်နိုင်ရန် နှင့် () သတင်း သင်တန်းများ ကျင်းပနိုင်ရန်တို့ ဖြစ်ကြောင်း ဆိုပါသည်။
ထို့အပြင် ပြည်နယ် မီဒီယာ အားကောင်း လာစေရေး၊ ပြည်နယ် အစိုးရနှင့် ဌာန ဆိုင်ရာများ၏ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် အများပြည်သူ သိသင့်သိထိုက်သည့် သတင်းများ ထုတ်ပြန်နိုင်ရေး စသည့် အချက်များလည်း သဘော တူခဲ့ကြသည်။
ထို့အပြင် မွန်ပြည်နယ် သတင်းနှင့် မီဒီယာ ကွန်ယက် (နာမည်ရွေးချယ် အတည်ပြုရေး) ရုံးခန်း ဖွင့်လှစ် ထားရှိနိုင်ရေးနှင့် အွန်လိုင်း မီဒီယာ တစ်ခုဖြစ်ပေါ်လာရေးအတွက် လာမည့် ဇူလိုင်လ () ရက်နေ့တွင် ပြည်နယ် အခြေစိုက် မီဒီယာ အားလုံး ပါဝင် တက်ရောက်သည့် သဘောထား ဆန္ဒ ခံယူပွဲကို ထပ်မံ ကျင်းပရန် ရှိပါသည်။
ပြည်နယ် သတင်းနှင့် မီဒီယာ ကွက်ယက် ဖွဲ့စည်းရေး အကြို ညှိနှိုင်းပွဲကို မော်လမြိုင်မြို့ဈေးကြိုရပ်ကွက်၊ ဓါတုမာလာကျောင်းရှိ (Millennium Centre) တွင် ကျင်းပခဲ့ပြီး ပြည်နယ် အခြေစိုက် ရေးတော်ဝင်၊ လမိုင်းအသံ၊ သံလွင်တိုင်းမ်၊ မော်လမြိုင်တိုင်းမ်၊ ရန်ကုန် အခြေစိုက် The Voice Eleven Hot NewsDVB မှ သတင်းထောက်များနှင့် မီဒီယာ လုပ်ငန်း စိတ်ပါ ၀င်စားသူများ စုစုပေါင်း ကိုယ်စားလှယ် (၁၃) ဦး တက်ရောက် ခဲ့ကြောင်း ဆိုပါသည်။
Last modified onWednesday, 05 June 201

No comments:

Post a Comment