Wednesday, September 5, 2012

5GB အခမဲ့ သိုလှောင်နိုင်ပြီး 16 TB အထိ သိုလှောင် နိုင်မည့် Google Drive ကို မိတ်ဆက်

ds_illustration_safe_440x420a
13
0

မဲပေးပါ

အင်တာနက် ရှာဖွေ ရေး အင်ဂျင် နှင့် ၀န်ဆောင်မှု လုပ်ငန်း တွင်  ကျော်ကြား လှသည့် ဂူဂယ်
ကုမ္ပဏီ က Google Drive အမည် ရှိ အွန်လိုင်း အချက် အလက် သိုလှောက် မှု စနစ် ကိုယ
နေ့  မိတ်ဆက် လိုက်သည်။
ဓာတ်ပုံ ၊ ဗီဒီယို အပါ အ၀င် မိမိ ၏ မှတ်တမ်း များ ကို 16 Tetrabyte အထိ သိုလှောင် နိုင်မည့်
Google Cloud ၀န်ဆောင်မှု တွင် 5GB အထိ အခမဲ သုံး နိုင်မည် ဖြစ်ပြီး သတ်မှတ် ပဏာမ
ထက် ကျော်လွန် သုံး စွဲ လို ပါက လစဉ် အလိုက် ၀န်ဆောင် ခပေး ရမည် ဟု ဆိုသည်။
နည်းပညာ ကျွမ်းကျင် သူ များ က ဂူဂယ် သည် Storage ၀န်ဆောင်မှု နယ်ပယ် သို့  ၀င်ရောက်
ခြင်း သည် အရမ်း နောက် ကျ သွား ပြီ ဆိုသည်။
နာမည် ကျော် အွန်လိုင်း သိုမှီးမှု ၀န်ဆောင် မှု ပေး သည့် ကုမ္ပဏီ များ ဖြစ်သည့် Dropbox နှင့်
Microsoft Sky Dive တို့ သည် Online Storage နယ်ပယ် တွင် အထင် ကရ ဖြစ်သည်။
Google Chrome နှင့် Blogspot  ၏ ဒုတိယ ဥက္ကဌ ဖြစ်သူ အိန္ဒိယ နိုင်ငံ သား ကွန်Sundar Pichai
က Google Drive မိတ်ဆက် ပွဲ တွင် ” သင် ဘယ်နေ ရာ ပဲ ရောက် နေ ပါစေ သင့် ရဲ့ ပရောဂျက်
တွေ ကို လုပ် ဆောင် နိုင်ပါတယ် ၊ သင့် ရဲ့  မိတ်ဆွေ တွေ နဲ့  သုတွေသန လုပ်ငန်း တွေ ကိုလည်း
ကမ္ဘာ တစ်နေ ရာ စီ က နေ အတူ တကွ လုပ်ဆောင် နိုင်တယ် ဟု ဆိုသည်။
5 GB ထက် ပိုမို သုံးစွဲ လိုလျှင် 25 GB အတွက် လစဉ်  ၂.၄၉ ဒေါ်လာာ ၊  100GB အတွက် လစဉ် ကြေး
၎.၉၉ ဒေါ်လာ ၊ 1 TB အတွက် ၄၉.၉၉ ဒေါ်လာ နှင့် 16TB အတွက် ဒေါ်လာ ၈၀၀ နီးပါးည ကျသင့်မည်
ဖြစ်သည်။
မိုက်ခရို ဆော့ဖ် Sky Drive ၏ ၀န်ဆောင် ခ မှာ မူ တစ်နှစ် တာ 100 GB အသုံးပြု မှု အတွက် ဒေါ်လာ
၅၀ ကျသင့် မည်ဖြစ်သည်။
Google Drive ၏ ၀န်ဆောင်ခ နှုန်းထားများ မှာ Dorpbox ထက် ဈေးနှုန်း သက်သာ သည်။
Google က အသုံးပြု သူ များ ၏ အချက် အလက် များ လုံခြုံ စိတ် ချမှု ရှိ ရမည် ဟု ဆိုသည်။
Google Drive  ကို Window နှင့် Mac ကွန်ပျုတာ များ တွင် သုံး နိုင် ပြီး iPhone နှင့် iPad
တွင် လည်း မကြာခင် အသုံး ပြု နိုင် မည် ဟု ဆိုသည်။
Google သည် Gmail, Gtalk , Earth, Google + , Docu နှင့် အခြား အင်တာနက်  ၀န်ဆောင်
မှု ပေါင်း ၁၀၀ ကျော် ကို စီမံ ခန့် ခွဲ နေသည့် ကုမ္ပဏီ ဖြစ်သည်။
Dubbed Google Drive

No comments:

Post a Comment