Wednesday, September 5, 2012

Apple ရဲ့  နည်းပညာသစ် မိတ်ဆက်


thegateway_hero
 
13
 
0
 
မဲပေးပါ

Apple ကုမ္ပဏီ က ဦးစီးပြီး ဆန်ဖရန် စစ္စကို မှာ ကျင်း ပတဲ့ ကမ္ဘာ တစ်လွှား က ကွန်ပျူတာ နဲ့ 
အင်တာနက် နည်း ပညာကျွမ်း ကျင် သူတွေ နှီး နှော ဖလှယ် ပွဲ မှာ Apple ကွန်ပျူတာ ကုမ္ပဏီက
မကြာခင် ဖြန့် ချိ မယ့် Mountain Lion (Cougar) မှ ပါဝင်မယ့် Operating System နဲ့ 
iOS 6 ကို မိတ် ဆက် ပြ သခဲ့ ပါတယ်။
iOS 6 မှာ ကဏ္ဍ ၂၀၀ ကျော် မှာ ပါဝင် မှာ ဖြစ် ပြီး GPS စနစ် မှာတော့ အရင် အသုံး ပြု ခဲ့ တဲ့ Google
map ကို အသုံး ပြု မှာ မဟုတ် တော့ ပဲ 3D ရုပ်ကြွ စနစ် ပါဝင် တဲ့ Apple ရဲ့  မြေပုံ စနစ် သစ် ကို
အသုံးပြု မှာ ဖြစ်ပါတယ်။ iOS6 ဟာ Facebook , Twitter စတဲ့ လူမှု မီဒီယာ တွေ ကို အလွယ်
တကူ ချိတ်ဆက် ဆက်သွယ် နိုင်မယ့် အစီအစဉ် တွေ လဲ ပါဝင် ပါတယ်။

စက်တင်ဘာ လဆန်း မှာ ထုတ်ဝေမယ့် Mac Book Pro နဲ့ Mac Book Air ဟာ ယခင် ထွက်ရှိ ပြီး
Mac Book  တွေ ထက် ပိုမို ပေါ့ ပါး သေးငယ် မှာ ဖြစ်ပြီး Mac Book Pro ဟာ တစ်လက္ခမ  ၄ ပုံ
၃ ပုံ နီးပါး ပဲ ထူမှာ ဖြစ်ပါတယ်။
iPad 3 နဲ့  iPhone နောက်လာမယ့် မျိုးဆက် တွေ မှာ အသံ နဲ့  အမိန့် ပေး လို့  ရပြီး နေရာ နဲ့  မှတ်တမ်း
ရှာဖွေ မှု တွေ မှာအကောင်း ဆုံး အာရုံခံ လုပ်ဆောင် မှု ဖြစ်တဲ့ Siri Voice Command စနစ် ပါရှိ
လာမှာ ဖြစ်ပါတယ်။ Siri ဟာ iPhone 4 မှာ စတင် ပါရှိ ခဲ့ ပြီး လူကြိုက် များ တဲ့ ဖန် ရှင် တစ်ခု ဖြစ်ခဲ့ ပါတယ်။
ဇူလိုင် လ မှာ Mountain Lion စီမံ ခန့် ခွဲ မှု စနစ် ထွက် ရှိလာ ခဲ့ ရင် ယခင် OS စနစ်ဟောင်း တွေ
ဖြစ်တဲ့ OSX Lion နဲ့  Snow Leopard စတဲ့ OS စနစ်တွေ ဟာ အခမဲ့ အဆင့် မြှင့် တင်မှု ပြု လုပ်
နိုင်မှာ ဖြစ်ပါတယ်။
Mac Book Pro ဟာ ဒေါ်လာ ၁၂၉၉ ကျသင့် မှာ ဖြစ်ပါတယ်။ Apple က သူ့  ရဲ့  နည်းပညာသစ်တွေ
နဲ့  ပတ်သက် ပြီး သတင်းထုတ် ပြန် ခဲ့ ပေမယ့် iPhone 5 နဲ့  ပတ် သက် ပြီး ထည့်သွင်း ပြောကြားခြင်း
မရှိ ခဲ့ ပါဘူး။

No comments:

Post a Comment