Wednesday, September 5, 2012

FBI ကွန်ပျုတာ ထဲ မှာ Apple သုံးစွဲ သူ တို့  ၏ ID သန်း ကျော် ကို ဟက်ကာ တွေ ရရှိ

AntiSec-hackers
 
1
 
0
 
မဲပေးပါ

Anti Sec နှင့် Anonymous အုပ်စု များ မှ FBI ကွန်ပျုတာ များ တွင် မွှေနှောက် ရာ Apple
ထုတ်ကုန် များ ဖြစ်သည့် iPhone ၊ iPad , iPod နှင့် iTunes တို့  ကို အသုံး  ပြု သည့် လှို့ 
ဝှက် စာ ဖြစ်သည့် Apple ID ၁၂ သန်း ကို ရရှိ ခဲ့ ပြီး ပထမ တစ်သန်း ကို ယနေ့  ထုတ် ပြန်သည်။
FBI က ဟက်ကာ များ သည် ၎င်း တို့  ၏ ကွန် ပျုတာ အတွင်း သို့  ၀င်ရောက် ခဲ့ သည့် ခြေရာ
လက် ရာ တစ်စုံ တစ်ရာ မရှိ ဘဲ အခြေ အမြစ် မရှိ လျှောက် ပြောနေသည် ဟု ဆိုသည်။
၎င်း တို့  ၏ ဧဂျင့် လပ်တောပ် ထဲ မှာ ဒေတာ ၁၂ သန်း ကျော် ကို ဟက်ကာတို့  ရရှိ ခဲ့ သည် ဆို
ခြင်း နှင့် ပတ်သက် ပြီး FBI က မည်သည့် Apple ID မျှ  ရယူ ထား ခြင်း မရှိ ဟု ငြင်း ဆို ခဲ့ သည်။
Operation Anti-Security သည် အစိုးရ များ ၏ တရား မ၀င် စုံ စမ်း ထောက် လှမ်း သတင်း
ရယူ မှု များ ကို ၂၀၁၀ ခု နှစ် မှ စတင် ဖော် ထုတ် ခဲ့ သည်။ Anti Sec သည် Anonymous
လှုပ်ရှား မှု ၏ အစိတ် အပိုင်း ဖြစ်သည်။
Apple ကွန်ပျုတာ ကုမ္ပဏီ က မူ ထို သတင်း နှင့် ပတ်သက် ပြီး တစ်စုံ တစ်ရာ မှတ် ချက် ပေး
ပြော ဆို ခြင်း မရှိ သေးချေ။
ဟက်ကာ များ မှ ပထမ အသုတ်  ထုတ်ပြန်ထား သည့် Apple ID စာရင်း တစ်သန်း အနက် အချို့ 
ကို ကြည့် ရှု ရ နိုင်သည့် ဆိုတ် များ အနက်
ကို ကလစ် နှပ်ပါ
ထပ်မံ  ကြည့် ရှု နိုင်သည့် ဆိုတ်များ ကို မကြာခင် ဆက်လက် ဖော်ပြ ပေး ပါမည်။

No comments:

Post a Comment