Thursday, September 27, 2012

သမ္မတကြီး၏ ဆင်းရဲသား ပပျောက်ရေးကို ဆန့်ကျင်နေသော မြ၀တီမှ အကောက်ခွန်ဝန်ထမ်းများ စီးပွားရှာနေပုံ အပိုင်း (၂)

9/13/2012 12:27:00 PM | Labels:

  
နိုင်ငံတော်သမ္မတကြီး တာဝန်ယူပြောဆိုထားသော Clean and good government ဆိုတဲ့ တန်ဖိုးရှိတဲ့စကားတစ်ခွန်းရဲ့ အနှစ်သာရတွေပြည့်ဝဖို့ဆိုတာ နိုင်ငံဝန်ထမ်းတွေရဲ့ အရည်အချင်း၊ အရည်အသွေး၊ နိုင်ငံအပေါ်ထားရှိတဲ့ စိတ်ထားတွေ ကောင်းမွန်ဖို့လိုအပ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ တတိုင်းပြည်လုံးရှိ အစိုးရဌာနအသီးသီးမှာ ဆောင်ရွက်နေတဲ့ ၀န်ထမ်းတွေကလည်း ၀န်ထမ်းကောင်းအရည်အချင်းတွေနဲ့ ပြည့်ဖို့လည်း အထူးလိုအပ်ပါတယ်…

              
  နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မူကိုတိုင်းတာရာမှာ အစိုးရအောက်ခြေက ၀န်ထမ်းတွေရဲ့ လုပ်ရပ်ကို အဓိကထားသုံးသပ်တာပါ… ၈.၈.၈၈ ခုနစ်မှာ တစ်နိုင်ငံလုံးအုံကြွမူကြီးဖြစ်ပေါ်တဲ့နေရာမှာ ၂၅% ကတော့ နိုင်ငံရေးကြောင့်ချည်းပဲမဟုတ်ပါ… အကောက်ခွန်ဌာန၀န်ထမ်းများ၏ ပြည်သူတွေရဲ့ပစ္စည်းတွေကို မတော်မတရား မှောင်ခိုပစ္စည်းဟုအမည်တပ်ပြီးအတင်းအဓ္ဓမသိမ်းယူခြင်း၊ ပုဒ်မ (၅၁) (၅၃) တွေတပ်ကာ ရဲစခန်းများမှတဆင့်တရားရုံးသို့ပို့ကာ ဒဏ်ငွေဆောင်စေခြင်း၊ ထောင်ဒဏ်ကျခံစေခြင်း စသည်တို့သည် မဆလ တစ်ပါတီစနစ်၏ အဓိက လုပ်ဆောင်ချက်ဖြစ်သောလည်းပဲအကောက်ခွန်ဝန်ထမ်းများအဖို့ကတော့ ကာမပျော်မြူးရန်၊ ကြီးပွားတိုးတက်ရန်၊ ဌာနဆိုင်ရာအချင်းချင်း အားကျလေးစားယုံကြည်ရန်၊ တစ်မြို့လုံးတစ်ခရိုင်လုံးတွင် ပြည်သူများ ကြောက်ရွံလေးစားစေရန်နှင့် ဥပဒေနှင့်လုပ်ပိုင်ခွင့်အပေါ်မှာ ထင်တိုင်း မိုက်ရိုင်းစော်ကားပြီး နိုင်ငံတော်အကျိုးစီးပွားအတွက်ဟု အသံကောင်းဟစ်ပြီး ကိုယ်ကျိုးအတ္တကြီးပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသည့် စိတ်ဓာတ်မျိုးထားပြီး တစ်နည်းပြောရရင် အကောက်ခွန်ဌာနက ၀န်ထမ်းတွေကတော့ ဒီလိုတွေကွ ဟု အာဏာတည်ဆောက်နေခြင်းသာဖြစ်ပေသည်။ 



          အကောက်ခွန်ဌာနမှ ဗိုလ်ကြီး မြင့်ဇော် (ယခု ကရင်ပြည်နယ် ဒုပြည်နယ်မှူး) နှင့်  မျိုးကျော်ထွန်း (ဦးစီး / ရှိ ) နှင့် အဖွဲ့ဝင်များသည် နိုင်ငံတော် ဘဏ္ဍာငွေကို ကိုယ်ငွေပမာ ဖားဆီးငါးဆီး အေးဂျင့်ကိုယ်စားလှယ်များနှင့်ပေါင်းကာ စီးပွားရှာနေပုံကတော့ ………….. ဟိုင်းလတ်ယာဉ်ငယ်တစ်စီးလျှင် တစ်သိန်း မှ သုံးသိန်း အထိ အခွန်ဆောင်စေ၍ ယာဉ်ထွက်ခွာခွင့် နှင့် ကုန်ပစ္စည်းကြေငြာလွှာပုံစံတွင် ပစ္စည်းအမည် နှင့်အရေအတွက် ရေးသွင်းပြီးစာရွက်ပေါ်တွင် ငွေ မည်မျှကျသည်ကိုတော့ ရေးမသွင်းဘဲ ငွေကိုစိတ်ကြိုက်တောင်းယူပါတော့သည်။
ထိုအကောက်ခွန်ဝန်ထမ်းစိတ်ကြိုက်တောင်းထားပြီး ဖြတ်ထားသော ချလံစာရွက်သည် တံတားကျိုးဂိတ်တွင်သာ အသုံးဝင်ပြီး ကော့ကရိတ်၊ ဂျိုင်းတံတားတွင်တော့ အကောက်ခွန်ဌာနမှ ၀န်ထမ်းများကိုလည်း ညှိုနှိုင်းကာ ငွေထပ်ပေးရပါသည်။ ဇာသပြင်တံတားမှ အကောက်ခွန်ဝန်ထမ်းကတော့ မည်သို့မျှအညှိမခံဘဲ နူတ်ထွက်ကြေး တောင်းရင် တောင်းသလောက် ထပ်ပေးရပါသည်။ မပေးလျှင်ဖြစ်ဖြစ်၊ ကုန်သည်ဘက်က စောဒက တက်လျှင်ပဲဖြစ်ဖြစ် ကြီးစွာဒုက္ခပေးပြီး ကြေငြာလွှာတွင်ပါသော ပစ္စည်းသာယူသွားခွင့်ပြုပြီး ကျန်တာထားခဲ့ဆိုတော့ တောင်းသလောက်သာ ပေးရပြန်ပါတော့သည်။

               အဲဒီလို ကရင်ပြည်နယ်လမ်း အဆင့်ဆင့်တွင် အမဲဖျက်သလို၊ အေးဓါးပြတိုက်သလို၊ ပြည်သူပစ္စည်းကို မတရားသိမ်းယူချင်သော ၀န်ထမ်းတွေထဲမှာ စစ်သားမပါ၊ ရဲမပါ၊ လ၀က မပါ၊ တခြားအစိုးရဌာနတွေမပါ တစ်ပါးသူပစ္စည်းကို  မတရားသက်သက်ကိုယူသော ၀န်ထမ်းသည် အကောက်ခွန်ဌာနက ၀န်ထမ်းဖြစ်နေခြင်းသည် ထူးဆန်းစရာတော့ အတော်ကိုကောင်းနေပါတော့သည်။

 အောက်ပါဖော်ပြပါစာရင်းများသည် အကောက်ခွန်ဌာန၀န်ထမ်း၊ ၀န်ထမ်းမများ ၏ အိတ်ကပ်ထဲသို့ အစိုးရဘဏ္ဍာပိုင် ငွေကြေးများ နှင့် ပြည်သူ့သွေး၊ ချွေးပိုင် ငွေကြေးများ တစ်ရက်ကို မည်၍ မည်မျှစီးဆင်းနေသည်ကို ကရင်ပြည်နယ် ၀န်ကြီးချူပ် ဦးဇော်မင်းနှင့် တကွ သန့်ရှင်းသည့်အစိုးရဖြစ်ချင်သူ သမ္မတကြီး သိစေရန် တင်ပြအပ်ပါသည်။
           
 မြ၀တီကုန်သွယ်ရေးဇုံ ကနေ စကာ…မှန်လုံ၊ ခြောက်ဘီး၊ ဆယ်ဘီး၊ ဆယ့်နှစ်ဘီးကားများကိုကောက်ခံတဲ့ အကောက်ခွန် ငွေကြေးများကတော့…
-     
        -  မှန်လုံကြီးကို တစ်စီးကို ၅ သိန်း ( ဒုပြည်နယ်မှူး နှင့် ဦးစီးအရာရှိအတွက် နှစ်သိန်း)
-         -  ခြောက်ဘီးကား တစ်စီးကို လေးသိန်း ခွဲ ( အဖွဲ့အတွက်  နှစ်သိန်း)
-         -   ဆယ်ဘီးကား တစ်စီးကို ခြောက်သိန်း ( အဖွဲ့အတွက် နှစ်သိန်းခွဲ)
-         - ဆယ့်နှစ်ဘီးကား တစ်စီးကို ရှစ်သိန်း (အဖွဲ့အတွက် သုံးသိန်း) 

စသည့်ငွေများကို ဦးစီး အရာရှိ မျိုးကျော်ထွန်းလတ်မှတ်မထိုးမှီကားအလှည့်ရောက်သည် နှင့် အေးဂျင့်မှတဆင့် ပေးရပါသည်။ မည်သို့ပေးပေး ဘာအခွန်ဆောင်ခ လတ်မှတ်မှမရသော မှန်လုံ၊ ခြောက်ဘီး၊ ဆယ်ဘီး၊ ဆယ့်နှစ်ဘီးကားများကိုတော့ တံတားကျိုးအကောက်ခွန်စခန်းတွင် ကားနံပါတ်များပေးထားကာ ဇုန်ကားများနှင့် အတူရော၍ တပေါင်းတည်း ဆင်းရပါသည်…

 ရှေ့ဆက်ပြီး လည်း အကောက်ခွန်ဝန်ထမ်းများ ၏ မိုက်ရိုင်းပုံ၊ ညစ်ပုံညစ်နည်းများနှင့် အာဏာဘယ်လိုတည်ဆောက်သွားသလဲဆိုတာ ထပ်မံ၍ တင်ပြပါမည်။


No comments:

Post a Comment