Thursday, September 27, 2012

ဘဏ္ဍာရေးဝန်ကြီး (ဗိုလ်ချူပ်) နှစ်ဦး၏ နိုင်ငံခြား ကြွေးမြီစာရင်းကွဲလွဲချက် (ပေးစာ)


သို့
အယ်ဒီတာခင်ဗျာ …

-    - မြန်မာနိုင်ငံမှာ နိုင်ငံခြား ကြွေးမြီဒေါ်လာသန်းပေါင်း (၁၁၀၁၃ ဒသမ ၂၉၈၁၁) ဘီလီယံ ကျာ်ရှိကြောင်း၊ ၁၉၈၈ နောက်ပိုင်း ချေးငွေ ဒေါ်လာသန်းပေါင်း ၂၆၀၀ ကျော်ဖြစ်ကြောင်း သိရှိရပါသည်။ ( The Voice Weekly Vol.8/No.8 ညွှန်း)

-        -  အတိအကျကတော့ ၁၉၈၈ မတိုင်မီ ချေးငွေ ၈၄၀၈ ဒသမ ၃၄၈ သန်းဖြစ်ပြီး ၁၉၈၈ နောက်ပိုင်းချေးငွေ ၂၆၁၄ ဒသမ ၉၅ သန်းဖြစ်ပြီး စုစုပေါင်း ၁၁၀၂၃ ဒသမ ၂၉၈ သန်းဖြစ်ကြောင်း သိရပါတယ်။ (7 Day News Vol.10/ No.47 ညွှန်း)
-      
          - ဒါက ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်တတိယအစည်းအဝေး ၃၁-၁-၂၀၁၂ ရက်နေ့မှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း (ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တပ်မတော်အစိုးရ) ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဗိုလ်ချူပ်လှထွန်း ) ဖတ်ကြား တင်ပြချက်ဖြစ်ပါတယ်။


          -   နိုင်ငံတော်ငြိမ်ဝပ်ပိပြားမူတည်ဆောက်ရေးအဖွဲ့ (တပ်မတော်အစိုးရ) သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့       ၅-၁၀-၉၀ ရက်နေ့ (၁၀၅) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ   ဘဏ္ဍာရေးဝန်ကြီးနှင့်ကုန်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချူပ်အေဘလ်က မိမိတို့နိုင်ငံမှာနိုင်ငံခြား ကြွေးမြီ 
      ၄ ဒသမ ၂ ဘီလီယံ (၄၂၀၀ သန်းကျော်) သာရှိကြောင်းတင်ပြခဲ့တဲ့အပြင် (၁၀၂) ကြိမ်မြောက်     သတင်းစာရှင်းလင်းပွဲမှာ အသေးစိတ်ဖော်ပြထားရာမှာ ၃၁-၃-၈၈ နေ့ထိရှိတဲ့ နိုင်ငံခြားကြွေးမြီ 
       ၅ ဒသမ ၈၇၈ ဘီလီယံမှာ အသုံးမပြုရသေးတဲ့ကြွေးမြီ ၁ ဒသမ ၆၉၃ ဘီလီယံရှိတဲ့အတွက်          အသုံးပြုပြီး ကြွေးမြီ ၄ ဒသမ ၁၈၅ ဘီလီယံ (သန်းပေါင်း ၄၂၀၀ ကျော်) ရှိကြောင်း၊  

      - ၁၉၈၉ မတ်လမှာ အသုံးမပြုရသေးတဲ့ကြွေးမြီ ၁ ဒသမ ၄၄၆ ဘီလီယံ နဲ့ အသုံးပြုပြီး ကြွေးမြီ ၄ ဒသမ ၂၃၃ ဘီလီယံ ရှိတဲ့အတွက်  စုစုပေါင်း ၅ ဒသမ  ၆၇၉ ဘီလီယံရှိကြောင်း၊ 

       - ၁၉၉၀ မတ်လမှာ အသုံးမပြုရသေးတဲ့ကြွေးမြီ ၁ ဒသမ ၁၃၃ ဘီလီယံရှိပြီး အသုံးပြုပြီး ကြွေးမြီ 
      ၄ ဒသမ ၁၀၅ ဘီလီယံရှိတဲ့အတွက် စုစုပေါင်း နိုင်ငံခြားကြွေးမြီ ၅ ဒသမ ၂၃၈ ဘီလီယံ သာရှိကြောင်း ဖော်ပြထားပါတယ်။
-      
            - ဒါကြောင့် ယခုပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ရဲ့နိုင်ငံခြား ကြွေးမြီစာရင်းဟာ ဗိုလ်မှူးချူပ်အေဘလ်ပြောတာထက် နှစ်ဆတောင်ဖြစ်နေပါတယ်။
-    
             - ဗိုလ်မှူးချူပ်အေဘလ်လည်း သက်ရှိထင်ရှားရှိနေသေးတာမို့ ဘယ်သူရဲ့စာရင်းက အမှန်လဲဆိုတာ ရှင်းလင်းသင့်ပါတယ်ခင်ဗျာ….

                                                             ပြည်သူ့တပ်မတော်သား (အငြိမ်းစား) တစ်ဦး

No comments:

Post a Comment