Tuesday, September 25, 2012

မြန်မာပြည် နဲ့ ဖုန်း အခမဲ့ ပြော လို့ ရပါပြီ


ရန်ကုန် နဲ့  အခ မဲ့ ဖုန်း ပြော နိုင် တာ ကို သိနေ တာ ကြာ ပါ ပြီ။ သုံး နေ တာ လည်း ကြာ ပါ ပြီ။ ကိုယ် အခ မဲ့ သုံး နေ ပြော နေ သလို ရန်ကုန် နဲ့ နိုင်ငံ ရပ်ခြားရောက် မြန်မာ တော် တော် များများ သိ နေကြမယ် ထင် ပြီး  ကိုယ် သိထား တာ ကို ပို့စ် မှာ ရှယ် မလုပ် မိ တာပါ။

 တနေ့ က ကျွန်တော်  internet သုံး နေ တုံး ရန်ကုန် က ငယ် သူငယ် ချင်း တ ယောက် က gtalk မှာ လာ စကား ပြော ပါ တယ်။ သူ က Canada  မှာ နေ တဲ့ သား ကို Gtalk ပြော တုံး ကျွန်တော် ကို online တွေ့ လို့ စကားပြော ဖြစ် ပါတယ်။  သူ ကို  အခ မဲ့ ဖုန်း ခေါ် လို့ ရ တဲ့ အကြောင်း သိ သလား  မေး တော့ သူ မသိ ပါ။  သူ လို ပဲ ရန်ကုန် က  မသိ သေး သူ များ ရှိ နိုင် တာ မို့ ကျွန်တော် သိ တာ လေး ကို  အများ သိ အောင် ပို့စ် တင် လိုက် ပါ တယ်။

 အမှန်တော့ ကျွန်တော် Gtalk ကို မသုံး ဖြစ် တာ ကြာ ပါ ပြီ။  ကျွန်တော် ရန်ကုန် ကို အခမဲ့ ဖုန်း ခေါ် နိုင် တဲ့ နည်း လမ်း ကို သိ ကထည်းက မသုံး ဖြစ် တာ ပါ။

 မသိ သေး တဲ့ သူတွေ  ဖုန်း ဘိုး သက် သာ အောင် ရယ် ၊ ခေါ် ရ တာ အ ရမ်း ကို အဆင်ပြော ချောမွေ့ တာ မို့   ကျွန်တော် သိ တာ ကို ဒီ ပို့စ် က နေ ရှယ် လိုက် ပါတယ်။ သုံး ကြည့် ပါ။  အ ရမ်းကို သဘော ကျ သွားမှာ ပါ။


                                             Viber App


Viber Apps              photo internet


ကျွန်တော် သိ တဲ့ အခ မဲ့ ဖုန်း ခေါ် တဲ့ နည်းက viber  သို့ မဟုတ်   whatsapp ဆို တဲ့ Applications တွေ ကို မိမိ ရဲ့ Smart ဖုန်း ထဲ ကို ဒေါင်း လုပ် လုပ် ပြီး အခမဲ့ ပြော လို့ ရ ပါ ပြီ။

အခမဲ့ ဖုန်းပြော နိုင် ဘို့ အတွက်

၁.  ဖုန်းပြော မဲ့ လူ ၂ ဘက် လုံး မှာ Viber သို့  Whatsapp  Applications တွေ သွင်း ထား တဲ့  internet သုံး  smart ဖုန်း များ  ရှိ ရ ပါမယ်။
(နိုင်ငံ ခြားမှ Smart ဖုန်း သုံး သူ တွေ အတွက် က တော့ ဘာ အခက် အ ခဲ မှာ မရှိ ပဲ  online က နေ
 Viber သို့  Whatsapp  Applications တွေ ကို ဒေါင်း လုပ် နိုင် ပေ မဲ့ ရန်ကုန် က လူ များ အတွက် တော့ internet connection အခက် အ ခဲ ကြောင့် ရယ်၊  ကျွမ်းကျင် မှု မရှိ တာ   တွေ ကြောင့် နဲ့ မို့ ၊ လို အပ် တဲ့ Applications တွေ ကို မိမိ ဘာ သာ ဒေါင်း လုပ် လုပ် ရင် အခက် အ ခဲ နည်းနည်း တွေ့  နိင် တာ မို့ အကောင်းဆုံး က တော့ မိုဘိုင်း ဖုန်း ဆိုင် တွေ ကို သွား ပြီး လို အပ်တဲ့ apps တွေ ကို ၀ယ် ယူ ရင် ပို အဆင် ပြေ ပါ လိမ့် မယ်။ ကျွန်တော် သိ တာ က တော့ apps တခု ကို 2000 ကျပ် ပေး ရ တယ် ပြော ပါတယ်။ ဈေး နုံးက တော့ တဆိုင် နဲ့ တဆိုင် မ တူ ပါ။ ရန်ကုန် က  မိုဘိုင်း ဖုန်း ဆိုင် တိုင်း လို   software နဲ့ apps များ ဒေါင်း လုပ် ပေး နိုင် ပါ တယ်။)


                                                Whatsapp                  


Whatsapp          photo  Internet


၂.   ရန်ကုန် မှာ internet သုံး ဖုန်း တွေ (IPhone, Android , Black Berry ဖုန်းများ )  အလွယ် တကူ ၀ယ် လို့ ရ နေ ပါ ပြီ။ ဈေး နုံး က တော့  ၂ သိန်း က နေ ၅ သိန်း ကျော် ထိ ရှိပါတယ်။ တရုပ် လုပ် ဖုန်း များ ပေ မဲ့ ဈေး နုံး အ နည်း အများ အ လိုက် သုံး ရ တာ အဆင် ပြေ မှု လွယ် ကူ မှု တွေ ကွာ ခြား ပါတယ်တဲ့၊၊  ဆို လို တာ က ဈေး နည်း နည်း ပို ရင်  သုံး ရ တာ ပိုပြီး connection ကောင်း ပြီး အဆင် ပြေ တယ် ပြော ပါ တယ်။

၃. ရန်ကုန် က internet ဖုန်း တွေ က prepaid card ၀ယ် ပြီး သုံး တဲ့ စနစ် ပါ။ internet card ၀ယ် ပြီး မိမိ ဖုန်း ထဲ သွင်း ပြီး  ပြော ရင် ၊ တ မိနစ် ကို မြန်မာ ကျပ် ငွေ  ၄ ကျပ် ပေး ရ ပါတယ်။

 တနာ ရီ ကို ၂၄၀ ကျပ် သာ ကုန် ကျ ပြီး  ကြိုက် သလောက် ပြော ၊ ကြိုက် တဲ့ နေ ရာ က တကမ္ဘာ လုံး ကို ၁၀၀% အခ မဲ့  ခေါ် နိုင် ပါ တယ်။   Viber သို့  Whatsapp  Applications တွေ သုံး ပြီး ခေါ် တာ မို့ လို့   ၁၀၀ % အခ မဲ့ ပါ။
မိမိ ဖုန်း က  internet သုံး ခ  တ နာရီ ကို ကျပ် ၂၄၀ သာ ပေး ရ ပြီး ဖုန်း ခေါ်ဆို ခ လုံး ၀ မပေး ရ ပါ။ 

ရန်ကုန် က ကျွန်တော် ဆွေမျိုး များနဲ့ လက် တွေ့ သုံး နေ တာ ပါ။ အခု ဆို ရင်  ဖုန်း ကို အချိန် ရွှေး   အ ခ မဲ့ ခေါ် နိုင် တာ မို့ ရန် ကုန် က ကျွန်တော် မိသားစု များ က အမေရိကား က အချိန် ကို သေချာ မ စမ်း စစ် ပဲ  ခေါ် ချင် တဲ့ အချိန် ခေါ် နေ တော့ ကျွန်တော် တော် တော် အိပ် ရေး ပျက် နေ ပါ တယ်။

Viber သုံး နိုင် တဲ့ ဖုန်း တွေ က တော့   Iphone, Android, Blackberry , Windows phone တွေ မှာ အသုံး ပြု နိုင် ပါ တယ်။ ( ကျွန်တော် အိမ် က တော့ IPhone သုံး ပါ တယ်။  )
Whatsapp သုံး နိုင် တဲ့ ဖုန်းတွေ  က တော့  Iphone, Android, Blackberry , နဲ့ Nokia Smart ဖုန်းတွေ ဖြစ် ပါ တယ်။
 အခုပြော တဲ့ Apps  ၂ မျိုး လုံး ကို သုံး ပြီး  အခ မဲ့ ဖုန်း ပြော နိုင် သလို ၊ အခမဲ့ Text ပို့ ခြင်း ၊ အခမဲ့ ဓါတ် ပုံ နဲ့ ဖိုင် များ ကို အလျှင် အမြန် ပို့ နိင် ပါ တယ်။
ဓါတ်ပုံ တွေ ပို့ ရင် Whatsapps သုံး ရင် အ ရမ်း ကို မြန် ပါ တယ်၊ သုံး ကြည့် ပါ။

အခု ပြော တဲ့ apps တွေ နဲ့  တကမ္ဘာ လုံး မှာ ရှိ တဲ့ ၊ နိုင် ငံ ခြား တိုင်းပြည် အား လုံးက မိမိ ဆွေ မျိုး သားချင်းတွေ ကို အချိန် မရွေး နေ ရာ မ ရွေး အခ မဲ့ ခေါ်ဆို နိုင် တာ မို့  အခု ဆို ရင်  ကမ္ဘာ ကြီး က ကျဉ်းကျဉ်း လေး ပါ လို့ ပြော နိုင် ပါ တယ်။

 ဒီ အပြင် နိုင်ငံ ရပ် ခြား က လူ  တွေ ရော မြန်မာ ပြည် က လူ တွေ ရော ဖုန်း ဘိုး တော် တော် သက် သာ သွား ပါ ပြီ။

ရန်ကုန် က internet ဖုန်း သုံး သူ များ က တော့  အခကြေး ငွေ သက် သာ အောင် လို့   internet ကို အမြဲ online လုပ် မထား ပဲ ၊  မိမိ  နိုင် ငံ ခြား ကို ခေါ် ချင် မှာ သာ online ၀င် တာ မို့  နိုင်ငံ ခြား မှ ခေါ် သူ များ က  မိမိ အိမ် နဲ့ ဖုန်း အခ မဲ့ ပြော ချင် ရင်   ရန်ကုန် ကို  ရိုးရိုး ဖုန်း က နေ  ဖုန်း အရင် ခေါ် ပြီး  internet ဖွင့် ခိုင်း ပြီး  viber သို့ Whatsapp က နေ ပြန်ခေါ် ခိုင်း ပါ တယ်။

ကဲ စာ ဖတ် သူ လည်း မိမိ ဆွေ မျိုး များ ၊ ချစ် သူ များ နဲ့ အခမဲ့ ဖုန်း ပြော နိုင် ဖို့ လို အပ် တဲ့ Apps တွေ ဒေါင်း လုပ် လုပ် ပါ လား။

အား လုံး အဆင် ပြေ ကြ ပါ စေ။






3 comments:

  1. ဒါနာ့ကိုစောင်းပြောတာဖဲ (
    ၊ အချိန်မကြည့်ဘဲဆက်တယ်ဆိုတာ)
    Reply
  2. သတင်းကောင်းလေးပဲရှင်
    Reply
  3. ခုမှဘဲသိတော့တယ်
    သတင်းကောင်းလေးအတွက် ကျေးဇူး..
    Reply

No comments:

Post a Comment