Thursday, September 27, 2012

မြန်မာ့ နိုင်ငံရေး နှင့် အလုပ်မဖြစ်သော အမေရိကန် မူဝါဒ


 
10
 
0
 
မဲပေးပါ

တင်ကျော်ကျော်စိုး
မြန်မာ စစ်အစိုးရသည် ကျွဲပါးစောင်းတီး ၊  နွားပလာတာကျွေးဆိုသည့် အစိုးရ မျိုးမှန်းယခု အချိန် အလောက်ဆိုလျှင် သက်တမ်း ၁၆ လရှိပြီ ဖြစ်သည့် အမေရိကန် သမ္မတ အိုဘာမားတစ်ယောက် သဘောပေါက်မိလောက်ပြီ ထင်သည်။
သမ္မတ ရာထူးလက္ခံ ပြီးနောက် နှစ်လ မပြည့်ခင်မှာ ပင် ယခင်သမ္မတ ဟောင်းလက်ထက်က ဆေးဖော်ကြောဖက် မလုပ်ခဲ့သည့် နိုင်ငံများ ကို သူက မူဝါဒ ရေးရာ အပြောင်းအလဲ များ လုပ်မည် ဟု ကြေညာခဲ့သည်။
သူ၏ မူဝါဒရေးရာ ပြန်လည် သုံးသပ်မည့် နိုင်ငံများ တွင်  မြန်မာ နိုင်ငံသည် လည်း တစ်နိုင်ငံအဖြစ်  ပါဝင်ခဲ့သည်။
ကတ်ကမ်းဘဲလ် ထွက်ခွားသွားပြီးနောက် ၄၈  နာရီ မပြည့်ခင်မှာပင် စစ်အစိုးရ ၏ ရွေးကောက်ပွဲ ကော်
မရှင် ဥက္ကဌ ဆိုသူက ရွေးကောက်ပွဲ အား စောင့်ကြည့် မည့် နိုင်ငံတကာ လေ့လာရေး အဖွဲ့ များ မလိုအပ်
ဟု ပြောင်ပြောင်း တင်းတင်း ပင်ငြင်းဆို လိုက်သည်။
ကုလ အထွေထွေ ညီလာခံ တွင် မြန်မာ ၀န်ကြီးချုပ် အား ပြည်ဝင်ခွင့် ပေးခဲ့ပြီး နောက် မြန်မာ ၀န်ကြီးချုပ် အား သွားလာခွင့် ပြုသည့် နေရာထက် ပင် ပို၍ သူ့ အားသွားခွင့် ပြုခဲ့သည်။စစ်အစိုးရ ၀န်ကြီးချုပ်နှင့် အတူ လိုက်ပါလာသည့်အဖွဲ့ ကိုလည်းအထက်လွှတ်တော်အမတ်ဂျင်ဝဘ်မှနယူးယောက်တွင်သွားရောက်တွေ့ ဆုံခြင်းဖြစ် ၁၄ နှစ်ကျော်ကြာ မြန်မာ စစ်ခေါင်းဆောင်များ နှင့် တွေ့ ဆုံမှု မရှိခြင်း ကို အမေရိကန်က ပြန်လည်စတင်ခဲ့သည်။
နောက် နှစ်လ အကြာတွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကတ်ကမ်းဘဲလ် နှင့် အဖွဲ့ ဝင်များ သည် မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အား အိမ်တိုင်ရာ ရောက် လာရောက်တွေ့ ဆုံခဲ့သည်။
ထိုသို့ တွေ့ ဆုံရာတွင် အမေရိကန် က မြန်မာ စစ်အစိုးရ အား ဒေါ်အောင်ဆန်းစုကြည် အား ပြန်လည်လွှတ်ပေးရေး ၊ တွေ့ ဆုံဆွေးနွေးရေး နှင့် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှ တမှု ရှိရေး တို့ ကို တောင်းဆိုခဲ့သော် လည်း မြန်မာ စစ်အစိုးရသည် ဘာတစ်ခု မျှ ကို လုပ်မပေးခဲ့ သည့် အပြင် ၎င်း တို့ စိတ်ကြိုက်ရေးဆွဲထားသည့် ရွေးကောက် ပွဲ ဥပဒေဖြင့်  အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ကိုပါ
တရားဝင် ရပ်တည် နိုင်ခြင်း မရှိအောင် ပြုလုပ်ခဲ့သည်။
နေပြည်တော် မှ ရုပ်သေး စစ် ဗိုလ်ချုပ် တစ်ချို့ ဖြင့် တွေ့ ဆုံခဲ့သည့် ကတ်ကမ်းဘဲလ် သည်  အပြန်တွင်
တရုတ် နိုင်ငံသို့ ဝင်ရောက်ခဲ့သည်။တရုတ် အရာရှိ တစ်ချို့ နှင့် တွေ့ ဆုံချိန် တွင် မြန်မာ့ အရေး  ထည့်သွင်း
ဆွေးနွေးလိမ့်မည် ဟု လည်း သံတမန် များ နှင့် အကဲခတ်များက သုံးသပ်ကြသည်။
ဒီမိုကရေစီဖြစ်ထွန်း ရေး အတွက် စိတ်လိုလက်ရ လုံးဝမရှိသော မြန်မာ စစ်ဗိုလ်ချုပ် များ ကို အမေရိကန် အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန က စေ့စပ် ညှို နှိုင်း မှု များ ပြီးဆုံးသွား မည် မဟုတ် ဟု ကြေညာချက် ထုတ်
ကာ သူ၏ Soft Power ခေါ်သည့် သံခင်းတမန်ခင်းဖြစ် ချဉ်းကပ်သည့် နည်းလမ်း မှ ရာနှုန်းပြည့် ဖယ်ခွာမည်
မဟုတ် ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ၏ မြန်မာ ပြည်ခရီးစဉ် ကို အကောင်းမြင်သူ ဦးရေထက် သူ၏ ဒုတိယ
မြောက် ခရီးစဉ် နှင့် ပတ်သက် ပြီး အဆိုးမြင် သူ က ပို များနေ သည်။ ထိုအထဲ တွင် ဘန်ကောက် အခြေစိုက်
မြန်မာ့ အရေး လေ့လာသူ ဦးကျော်လင်းဦးက သူ၏  အမြင် ကို ယခုလိုပြောသည်..
အခု လာတဲ့ ကာ့ ကမ်ဘဲလ် ရဲ့ ခရီးစဉ်က အချက်အလက်ရှာတဲ့ ခရီးစဉ်တစ်ခုအဖြစ်ပဲမြင်တယ်။ နအဖက ဥာဏ်ဝင်း၊ ကျော်ဆန်း အစရှိတဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့သွားတယ်။ သူတို့ပြောတာ နားထောင်သွားတယ်။ ပြီးတော့ NLD က ဦးတင်ဦးခေါင်းဆောင်တဲ့ အလုပ်အမှုဆောင်အဖွဲ့နဲ့တွေ့တယ်။ နောက် မှတ်ပုံတင် ပြီးသား ပါတီတွေနဲ့တွေ့တယ်။ သူတို့ပြောတာ နားထောင်သွားတယ်။ ဒါပါပဲ။ အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ ပြန်လည်ဆက်ဆံရေးပဲ လုပ်လုပ်၊ မဆက်ဆံပဲ နဲ့ အယင်လို ပစ်ထားထား မြန်မာ့နိုင်ငံရေးအပေါ် သိပ်ပြီး သက်ရောက်လိမ့်မယ် မထင်ပါဘူး။ အခု ကာ့ ကမ်းဘဲလ် ရဲ့ ခရီးစဉ် အယင် ကုလသမဂ္ဂက လွှတ်တဲ့ အထူးကိုယ်စာလှယ်တွေလိုပဲ၊ လာလိမ့်၊ မြန်မာဘက်က အဖွဲ့စည်းပေါင်းစုံက ရှုထောင့်ပေါင်းစုံနဲ့ပြောတာကို နားထောင်လိုက်၊ ပြီး စေ့စပ်ဆွေးနွေးဖို့တိုက်တွန်း လိုက် နဲ့ပဲ ပြီးသွားမယ့် ကိစ္စပါ။ သိပ်ပြီး မျှော်လင့်ချက်မထားတာ ပိုကောင်းပါတယ်။
ကတ်ကမ်ဘဲလ် သည် မြန်မာ့  နိုင်ငံရေး ၏ ကီးပလေယာ များ ကို ယခု ဒုတိယ အခေါက်ထက် ပထမ အခေါက်
တွင် ပိုမို တွေ့ နိုင်ခဲ့သည်။ သို့ သော် လည်း သူ လာရောက် လည်ပတ်မှု ကြောင့် မြန်မာ့ နိုင်ငံရေး ဆံချဉ်မျှင် တစ်စေ့မျှ တိုးတက် ဖြစ်ထွန်းသော အပြောင်းအလဲ မဖြစ်ခဲ့…ချေ။
မြန်မာ နိုင်ငံ မှ ဒီမိုကရေစီ အင်အားစုများက ကတ်ကမ်းဘဲလ် အား အမှာတော် ပါးလိုက်သည် များကို လည်း
အမေရိကန် အစိုးရ အဖွဲ့ က အကောင်အထည် ဖော် နိုင် မဖော် နိုင် စောင့်ကြည့်ရမည်သာရှိသည်။
ကတ်ကမ်းဘဲလ် ၏ ခရီးစဉ် နှင့် ပတ်သက်ပြီး အကောင်းမြင်သူ များက မူ ‘တရားဝင် မဟုတ် တော့ တဲ့ NLD
ပါတီ ကခေါင်းဆောင် တွေ ကို တောင် လေးလေးစားစား လာတွေ့ တာဘဲ ဟု ဆိုကြသည်။
သို့ ဆိုလျှင် NLD ခေါင်းဆောင် များ အား မတွေ့ လျှင် မည့် သူ့ အား တွေ့ မည် နည်း။သူကတော့ NLD
ခေါင်းဆောင် များ သာ မဟုတ် တော်တော် များများ ကို  တွေ့ ဆုံသွားသည်။တွေ့ ရုံ နှင့် ထူးသည် မဟုတ်
မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ထပ်မံတွေ့ ဆုံမည့် အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်
တစ်ဦးမှာ ဂျင်ဝဘ် ဖြစ်နိုင်ပြီး သူသည် မကြာခင် မြန်မာ နိုင်ငံသို့ သူ၏ သံတမန် ခရီးစဉ် ကို စနိုင်သည် ဟု ရန်ကုန် အခြေစိုက် ဥရောပ သံတမန် တစ်ဦး က Freedom News Group သို့ ပြောသည်။
ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ပီယာရို ဖက်ဆီနို (Pierro Fassino)
ကလည်း ရွေးကောက်ပွဲတွေမှာ နိုင်ငံတကာ လေ့လာသူ တွေ လက်ခံဖို့ မြန်မာ စစ်ခေါင်းဆောင်
ကိုတိုက်တွန်း မည် ဟု ဆိုသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် တစ်စုကျော်ဆီက မြန်မာ့ နိုင်ငံရေးသည် အမေရိကန် မှ မကယ်လျှင် သေဖွယ်ရာသာ
ရှိသည် ဟု မြင်ကြသူများ မှာ လည်း ယခု တော့ အသံတိတ်သွားချေလေပြီ။
ကတ်ကမ်းဘဲလ် က တရားဝင် မဟုတ်တော့ သည့် NLD ပါတီ ကို အမေရိကန် အနေဖြင့် ဆက်လက်ထောက်ခံမည်
ဟု အစိုးရ ၏ အမှာ စကား ကို ပါးခဲ့သည်။ သေချာသည် ကတော့ ကမ္ဘာ့ နိုင်ငံရေး တွင် ထောက်ခံသည် ၊မထောက်ခံဘူး
ဆိုသည့် စကားများမှာ ရွှေ ဖြစ် သည့် ကိစ္စမျိုး မဟုတ်ပါ။
ထောက်ခံသည် ဆိုရုံဖြင့် အားရတင်းတိမ် ကျေနပ် သူများတော့ ရှိပေလိမ့်မည်။
သို့ သော် မြန်မာ ပြည်သူ များက ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ကိုမဲပေးထားသည် မှာ အမေရိကန် ၏
ထောက်ခံမှု ကို မည်သည့် အချိန်တွင် မဆို ရနေဖို့ မဟုတ်သည်ကတော့ သေချာသည်။
NLD အနေဖြင့် ဘာဆက်လုပ်မည်လဲ။ ခွဲထွက် သွားသူများ အား ဝေဖန်နေရုံမျှဖြင့် ပြီးမည် မဟုတ်။
အမေရိကန် အစိုးရ အနေဖြင့် လည်း ဘာဆက်လုပ်မည်လဲ ။ ကြိုးပေးခံရပြီးဖြစ်သည့် အီရတ် အာဏာရှင် ဆက်ဒမ်ဟူစိန်
လိုပင် ခေါင်းမာ ဟန် ရှိသော မြန်မာ စစ်အစိုးရ အနေဖြင့် အမေရိကန် ၏ သံခင်းတမန်ခင်းများ က သူတို့ အဖို့ 
ဘုရားပွဲဈေးတန်းက ဇာတ်ရုံ အစောင့် လိုပင် “အထဲမှာ ပြနေပြီ …ပြနေပြီ “ဟုလူခေါ်ရင်း
မည်သူ ၀င်လာမှန်း ၊မည်သူ ထွက်သွားမှန်း သတိတောင်ထား နိုင်တော့မည်
မဟုတ် ။
သိထားရန် အချက်တစ်ခုမှာ  အမေရိကန် အစိုးရ အနေဖြင့် မြန်မာစစ်ခေါင်းဆောင် များ ပလွေမှုတ်၍ ပချုပ်ထဲ ၀င်
ခိုင်းသည် ထက် ချွန်းအုပ် ၍ ကျူံးသွင်း မှ သာ ပိုပြီး သင့် လျှော် မည် ထင်သည်။

No comments:

Post a Comment