Wednesday, September 5, 2012

ရွှေတိဂုံ စေတီတော်သို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်လာရောက် ဖူးမျှော်ခဲ့


နှစ်ပေါင်း ၂၀ ကျော် ကာလ အတွင်းမှာ အမေရိကန် နိုင်ငံရဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် စတင်
တာဝန် ထမ်းဆောင်ပြီ ဖြစ်တဲ့ ဒဲရစ်မစ်ချယ်ဟာ ဇူလိုင်လ ၁၆ ရက်နေ့က ရွှေတိဂုံ စေတီတော်သို့ လာရောက် ဖူးမျှော် ခဲ့ပါတယ်။ ဒဲရစ်မစ်ချယ်ဟာ နှစ်နိုင်ငံ အစိုးရရဲ့ ခွင့်ပြုမှုနဲ့ ယခုလ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံ အမတ်ကြီး အဖြစ် တာဝန်စတင် ထမ်းဆောင် ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် အဖြစ် တာဝန် ထမ်းဆောင်မှု စတင်ပြီးနောက် ပထမဦးဆုံး အကြိမ်အဖြစ် ရွှေတိဂုံ စေတီတော်အား လာရောက် ဖူးမျှော်မှုကို ဇူလိုင်လ ၁၆ ရက်နေ့၊ ညနေ ၅ နာရီအချိန်က လာရောက် ဖူးမျှော်ခဲ့တာ ဖြစ်ပါတယ်။  သံအမတ်ဟာ အဲ့ဒီလို လာရောက် ဖူးမျှော်ရာမှာ ရွှေတိဂုံ စေတီတော်မှာ ဧည့်သည်တော် မှတ်တမ်း ရေးထိုးခြင်းများနဲ့ ရွှေတိဂုံ စေတီတော်ရှိ ကျောက်စိမ်း ရုပ်ပွားတော် များအား လေ့လာ ဖူးမျှော်ခြင်း၊ သံအမတ်ကြီးရဲ့ မွေးနေ့ နံထောင့်ဖြစ်တဲ့ ရာဟုထောင့်မှာ ဘုရားအား ရေသပ္ပါယ်ခြင်းများ ပြုလုပ်ခဲ့ ပါတယ်။

ဒါ့အပြင်  သံအမတ်ကြီးရဲ့ ဇနီး မစ်ဒဲရစ်မစ်ချယ် ကလည်း ၎င်းရဲ့မွေးနေ့ နံထောင့် ဖြစ်တဲ့ တနင်္ဂနွေ ထောင့်မှာ ရေသပ္ပါယ်ခြင်းနဲ့ ဆီမီး ပူဇော်ခြင်းများ ပြုလုပ်ခဲ့ ပါတယ်။ အဲ့ဒီလို သံအမတ်ကြီးမှ ရွှေတိဂုံ စေတီတော်သို့ လာရောက် ဖူးမျှော်မှု ကိုတော့ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ တာဝန်ရှိ သူများမှ ရွှေတိဂုံ စေတီတ်ာကြီးရဲ့ နောက်ခံ သမိုင်းများနဲ့ အံ့ဖွယ် ထူးခြားမှု အကြောင်းအရာ များကို လိုက်လံ ရှင်းလင်းပြသ ခဲ့ပါတယ်။ အမေရိကန်သံရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ် မစ်ချယ်ဟာ ဗုဒ္ဓဘာသာဝင် တစ်ဦး မဟုတ်ပေမယ့် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလ အတွင်းမှာ ရွှေတိဂုံ စေတီတော် မြတ်ကြီးရဲ့ ထူးခြားမှုများနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး အရ ရွှေတိဂုံ စေတီတော်သို့ ယခုလို လာရောက် ဖူးဖျှော်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန် နိုင်ငံဟာ မြန်မာနိုင်ငံမှာ သံအမတ်ကြီး အဆင့် ထားရှိမှုကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ၀န်းကျင်ကတည်းက ရုပ်သိမ်းခဲ့ပြီး ယခုအခါ မှသာ မြန်မာနိုင်ငံရဲ့ ပြောင်းလဲ လာမှုတွေကြောင့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးကို ပြန်လည် ထားရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် စတင်တာဝန် ထမ်းဆောင်တဲ့ အချိန်မှာပဲ အမေရိကန် နိုင်ငံက ကန့်သတ် ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု အချို့ကို ဖြေလျှော့ ပေးခဲ့ပြီး ၎င်းတို့နိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နိုင်ဖို့ အတွက် ကိုလည်း ပြန်လည် ခွင့်ပြုပေး ခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment