Thursday, September 27, 2012

ဆားရောဂါကဲ့သို့ ပဟေဠိဆန်သောဗိုင်းရပ်စ်ပိုး အသစ်တမျိုးကြောင့် ဖျားနာ၍ (၂)ဦးသေဆုံး


by FNG on September 25, 2012

2900668056922_high
 
3
 
0
 
မဲပေးပါ

အောင်ပန်၊     ၊အသက် (၄၉) နှစ်အရွယ်ရှိ အမျိုးသားတဦးသည် ရက်သတ္တပါအနည်းငယ်က
ဆော်ဒီအာရေဗီးယားနိုင်ငံ၊Riyadh ပြည်နယ်အတွင်းသို့အလည်အပါတ်သွား ခဲ့ရမှာ  ဗိုင်းရပ်(စ)
တမျိုးကူးစက်ခဲ့ပြီး အသက်ရူခက်ခဲစေသောဖျားနာမှုကြောင့် ကာတာနိုင်ငံမှတဆင့် အထူးဆေး
ကုသလေယာဉ်ဖြင့် လန်ဒန်ရှိဆေးရုံသို့ ဆေးကုသခံရန်ရောက်ရှိလာခဲ့သည်။အသက်ရှုရန်ခက်ခဲပြီး
ဖျားနာနေသောဝေဒနာရှင်အားစစ်ဆေးရာတွင်အမျိုးအမည် မသိရသောဗိုင်းရပ်စ်ရောဂါ
ပိုးကြောင့်ဝေဒနာခံစားနေရမှုကို ကြိုးစားကုသနေရသည်။
တချိန်တည်းမှာပင် အဆိုပါ ပဟေဠိဆန်သောဗိုင်းရပ်စ်ပိုးကြောင့်ဆော်ဒီအာရေဗီယားနိုင်ငံတွင်
လူ (၂)ဦးသေဆုံးခဲ့သည်။
ကျမ္မာရေးကာကွယ်ရေးအေဂျင်စီ(HPA) အဆိုပါ  ပဟေဠိဆန်သောဗိုင်းရပ်စ်သည် လူသားမျိုးနွယ်များ
တွင် ဖြစ်ပွားခဲ့ဘူးသော မည်သည့်ဗိုင်းရပ်စ်ရောဂါပိုးမျိုးများနှင့်တူညီမှုမရှိဘဲ အသစ်တွေ့ရှိသော
ဗိုင်းရပ်စ်ရောဂါပိုးအသစ်တခုဖြစ်နေကြောင်းကြေညာလိုက်သည်။
HPA မှပရော်ဖက်ဆာ John Watson က ပဟေဠိဆန်သောဗိုင်းရပ်စ်ပိုးကြောင့် အရှေ့အလယ်ပိုင်း
တွင် လူ(၂)ဦးသေဆုံးသွားခဲ့သည်မှာ မှန်ကန်ကြောင်းအတည်ပြုပြောဆိုခဲ့ပြီး လန်ဒန်တွင်ဆေး
ကုသခံနေသူနှင့်ဆက်နွယ်သူများကိုစစ်ဆေးခဲ့ပြီးကြောင်း ပြောဆိုခဲ့သည်။
HPA ဌာနမှ ကမ္ဘာကျမ္မာရေးအဖွဲ့(WHO) သို့ အဆိုပါ ဗိုင်းရပ်စ်အားကမ္ဘာ့သို့ပျံနှံမှုမဖြစ်ပွားစေရန်
WHO နှင့် ဥရောပနိုင်ငံမှ ထိမ်းချုပ်နိုင်ရေးအတွက် တပ်လှန်ကထားခဲ့သည်။
ပဟေဠိဆန်သောဗိုင်းရပ်စ်ပိုးကို ၂၀၀၂ ခုနှစ်၊ဂျူလိုင်လကဖြစ်ပွား ဆားရောဂါကဲ့သို့ အခြားနိုင်ငံများ
သို့ ကူးစက်မသွားစေရန်အတွက် အထူးထိမ်းချုပ်မှုလိုအပ်ကြောင်းပြောဆိုလိုက်သည်။ ဆားရောကို
အာရှတိုက်ရှိ ဟောင်ကောင်မှ စတင်ဖြစ်ပွားခဲ့သည်ဟု ယူဆရကာ နိုင်ငံပေါင်း (၄၂)နိုင်ငံသို့ကူး
စက်ပြန့့် နှံခဲ့သည်။
ဆားရောဂါကို လူနာပေါင်း (၈၄၂၂) ယောက်ရောဂါဝေဒနာခံစားခဲ့ရပြီး (၉၁၆)ဦးသေဆုံးခဲ့ရသည်။
SARS

No comments:

Post a Comment