Wednesday, September 5, 2012

ကမ္ဘာ့ ဘဏ် မြန်မာ နိုင်ငံ မှာ ရုံးခွဲ ဖွင့် မည်

worldbank
 
17
 
0
 
မဲပေးပါ

သီရီထက် ၊       ကမ္ဘာ့ ဘဏ်မှာ တင်ရှိ နေတဲ့ မြန်မာ နိုင်ငံ က အကြွးတွေ ပြန်ဆပ် နိုင် ဖို့  ၊
နိုင်ငံ ရေး ၊ စီးပွားရေး နဲ့  ပတ်သက် ပြီးသိသာထင်ရှားတဲ့ အပြောင်းအလဲ တွေ ကို ဖော် ဆောင်
မှုတွေ ကို လေ့လာ စောင့် ကြည့် ဖို့  ကမ္ဘာ့ 
ဘဏ် ရုံး ခွဲ ကိုမြန်မာ နိုင်ငံ မှာ လာရောက် ဖွင့်လှစ် တော့ မယ် လို့  ကမ္ဘာ့ ဘဏ် ဒုတိယ ဥက္ကဌ
ပမ်မလာ ကောက်(စ)က ဒီ နေ့  ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
လာမယ့်ဇွန်လ ထဲ မြန်မာ နိုင်ငံ မှာ ကမ္ဘာ့  ဘဏ် ရုံးခွဲ ဖွင့် လှစ် ပွဲ ကို ပမ်မလာ ကောက်(စ) အပါအ၀င်
World Bank အကြီး အကဲ တွေ လည်း လာရောက် မယ် လို့  သတင်း တွေ မှာ ဖော်ပြထား ပါတယ်။
ကမ္ဘာ့ ဘဏ် ဟာ မြန်မာ အစိုးရရဲ့  ငွေကြေး နဲ့  ဘဏ္ဍာ ရေး လုပ်ငန်း တွေ မှာ နည်းပညာ ပိုင်းနဲ့  အကြံ
ဥာဏ်တွေ ကို ၀င်ရောက် ဆောင် ရွက် ပေး မှာ ဖြစ်ပြီး လက်ရှိ အစိုးရ ရဲ့  ပြုပြောင်းလဲ မှု တွေ ဟာ လက်
တွေ အကျိုးခံ စားရတယ် ဆိုတာ ပြတဲ့ အနေနဲ့  နိုင်ငံရေး စီးပွားရေး တိုးတက် ဖွဲ့  ဖြို့  မှု တွေ ကို
တွန်းအား ပေးမှာ ဖြစ်ပါတယ်။
မြန်မာ နိုင်ငံ ဟာ ကမ္ဘာ့ ဘဏ် ကို အကြွေး ဒေါ်လာ သန်း ပေါင်း ၃၉၃ သန်း ပြန်လည် ပေးဆပ် ရမှာ
ဖြစ်ပါတယ်။
ကမ္ဘာ့  ဘဏ် ရဲ့  အသုံး အနှုံး တစ်ခု ဖြစ်တဲ့ စီပွားရေး ပိုက်ဆက် ပြုပြင် အညစ်အကြေး ရှင်း နည်း
(Economic Plumbing) နဲ့ မြန်မာ့  စီးပွားရေး မှာ လက်ရှိ ဖြစ်ပေါ် နေတဲ့ ငွေ ကြေး ယိုစိမ့်မှု ၊
စီမံ ခန့် ခွဲ မှု အားနည်း ခြင်း တို့  ကို  ကမ္ဘာ့  ဘဏ်က ကူညီဖြေရှင်းမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ ဘဏ် ရဲ့ ဒီနည်း နဲ့ ဓာတ်ကြမ်း တိုက်ခံ ရ တာ ကို ကြုံခဲ့ ရတဲ့ ဖွံ့ ဖြိုးဆဲ နိုင်ငံ အချို့  က
ရွံ မုန်း လွန်းတာ ကြောင့် ဆေး ခါး ကြီး သတ်မှတ် ခေါ်ဝေါ်ကြ ပါတယ်။

World Bank, Burma, Loan, Debt, Pamela Cox

No comments:

Post a Comment